
ကရင်လူမျိုးတို.၏ ရိုးရာပွဲတော်များ (Click Here)
ကရင်လူမျိုးတို.၏ ကိုးကွယ်ယုံကြည်မူများ ( Click Here)
ကရင်လူမျိုးတို.၏ ရှေးရိုးစဉ်လာ ပုံပြင်၊ဓလေ့များ
( စကော ကရင်စာဖြင့် Click Here)
ကရင်လူမျိုးတို.၏ ရိုးရာအ၀တ်စားများ
( စကော ကရင်စာဖြင့် Click Here)
အပြည့်အစုံသိရှိလိုက(ဒီမှာနှိပ်ပြီးကြည့်ပါ)
ထာဝရတည်စေ ကော်သူးလေး
2750 Karen New Years In Korea
ကရင်ဘလော့ဂ်များ
My Blog List
-
ဒြပ်မဲ့ပုံတူ12 years ago
-
နားလည်ကြဖို့အချိန်တန်ပြီး12 years ago
-
အှ်လာအေဃှူ့ ๏ိုဝ်
ကရင်ဝက်ဆိုဒ်များ
Monday, August 31, 2009
ကရင်လူမျိုးတို.၏ ရိုးရာပွဲတော်များ
Sunday, August 30, 2009
KNU တပ်မဟာ (၇) မှ DKBA ကို လယ်ပယ်ဟယ်ဂွင်တွင် ပြောက်ကျားစစ်ဆင် တိုက်ခိုက်
KNU တပ်မဟာ (၇) မှ DKBA ကို လယ်ပယ်ဟယ်ဂွင်တွင် ပြောက်ကျားစစ်ဆင် တိုက်ခိုက်
KNU တပ်မဟာ (၇) မှ DKBA ကို လယ်ပယ်ဟယ်ဂွင်တွင် ၂၀၀၉ ခုနှစ် သြဂုတ်လ၊ ၂၈ ရက်နေ့ နံနက် ၉ နာရီမှာ ပြောက်ကျားစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။
တိုက်ပွဲဖြစ်တာ ၁၅ မိနစ်လောက်ကြာပါတယ်။ DKBA ၉၉၉ ဘက်မှ ၅ ယောက်ကျဆုံးပြီး ၁၅ ယောက် ဒဏ်ရာရခဲ့ပါတယ်။ KNU ဘက်ကတော့ ဘယ်သူ့မှတော့ ထိတယ်ဆိုတဲ့ အသံ မကြားရဘူး။ ထိုင်းနယ်မြေထဲကို လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။
အခုတိုက်ပွဲဖြစ်တဲ့နေရာက အရင်လွန်ခဲ့တဲ့ ၃ လလောက်ကတည်းက DKBA နဲ့ နအဖတို့က သိမ်းထားတဲ့နေရာဖြစ်ပါတယ်။ ယခုအချိန်ထိ အဲဒီနေရာတွေမှာ DKBA တွေဟာ နေ့စဉ် KNU မှ ပြောက်ကျားပစ်တာကို ခံနေရပြီး နေ့တိုင်း တရက်ကို အနည်းဆုံး ၁ ယောက် ၂ ယောက်က ဒဏ်ရာရနေပါတယ်။ ထိုင်းမြေထဲကို DKBA ဘက် မှပစ်ခတ်တဲ့ လက်နက်ကြီးကျည်ဆံတွေ ကျရောက်ပေါက်ကွဲတာကြောင့် ထိုင်းရွာသား တွေဟာ အထူးစိုးရိမ်နေကြပါတယ်။
တိုက်ပွဲဖြစ်ပွားတဲ့နေရာအနီးက ရွာသားတဦးပြောပြတာက …
“တိုက်ပွဲဟာ ၁၅ မိနစ်လောက်ကြာတယ်လေ။ တိုက်ပွဲဖြစ်ပြီး DKBA ဘက်မှ ထိုင်းနယ်မြေထဲကို လက်နက်ကြီးနဲ့ ၃ ချက်လှမ်းပစ်ခဲ့ပါ တယ်။ DKBA ၉၉၉ ဘက်မှ ၅ ယောက်ကျတယ် ၁၅ ယောက် ဒဏ်ရာရတယ်။ KNU ဘက်ကတော့ ဘယ်သူ့မှတော့ ထိတယ်ဆိုတဲ့အသံ မကြားရဘူး” လို့ ပြောပြပါတယ်။
အခုတိုက်ပွဲဖြစ်ပွားတဲ့ နေရာဟာ လွန်ခဲ့တဲ့ ဇွန်လ (၂) ရက်နေ့က စတင်ပြီးတော့ နအဖနှင့် DKBA ပူးပေါင်းတပ်ဖွဲ့တွေ KNU တပ်မဟာ (၇) ဘားအံခရိုင်ဒေသကို အလုံးအရင်းနဲ့ တလနီးပါးခန့် ထိုးစစ်ဆင်ခဲ့ပါတယ်။ အဲဒီစစ်ဆင်ရေး ၁ လအကြာ ဇူလိုင်လလည်လောက်မှာ KNU က စခန်းကို ဆုတ်ခွာပေးခဲ့ပါတယ်။ ဒီတိုက်ပွဲဟာ ပြီးခဲ့တဲ့ ဇွန်လ နအဖနဲ့ DKBA တလကြာ ပူးပေါင်းစစ်ဆင်ရေးအပြီး KNU ဘက်ကနေ စခန်းကို ရှောင်ထွက်ပေးပြီးတော့မှ ပြန်ဖြစ်တဲ့ ပထမဦးအကြိမ် တိုက်ပွဲပါ။
နေ့သစ်မီဒီယာ
post by Saturday, August 29, 2009
Saturday, August 29, 2009
The Karen bronze drums of Burma
Friday, August 28, 2009
ကေအန်ယူ တပ်မဟာ (၆) ကို ထိုးစစ်ဆင်မည့်သတင်း

နအဖစစ်တပ်နှင့် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) တို့က ကရင်ပြည်နယ်၊ ဘုရားသုံးဆူဒေသရှိ ကေအန်ယူ တပ်မဟာ (၆) နယ်မြေအား လာမည့်စက်တင်ဘာလဆန်းတွင် စတင်ထိုးစစ်ဆင်တော့မည် ဖြစ်ကြောင်း ဘုရားသုံးဆူနယ်စပ်ရှိ ကရင်ငြိမ်းချမ်းရေး ကေပီအက်ဖ်အဖွဲ့က ပြောသည်။
လာမည့် ထိုးစစ်ဆင်မှုတွင် ဒီကေဘီအေတပ်ဖွဲ့မှ စစ်ကြောင်း (၃) ကြောင်းအနက် လွန်ခဲ့သည့် (၄) လခန့်က ကေအန်ယူမှ ခွဲထွက်သွားပြီး ဒီကေဘီအေထံ ရောက်ရှိနေသည့် တပ်ခွဲမှူးအဆင့်ရှိ ဘိုဘိုထွန်းက စစ်ကြောင်းတကြောင်းကို ဦးဆောင်မည်ဟု ကေပီအက်ဖ် ထိပ်ပိုင်းအရာရှိတဦးက ပြောသည်။
၎င်းက “ဘိုဘိုထွန်းက ဒီတပ်မဟာ (၆) နယ်မြေကို ကျွမ်းကျင်တယ်လို့တော့ သိရတယ်။ အခု ဘုရားသုံးဆူကို ရောက်နေပြီ။ ဒီစစ်ဆင်ရေးမှာလည်း နအဖတပ်တွေက နောက်ကနေ လိုက်ဖြည့်တာလောက်ပဲ ပါမယ်။ ဒီစစ်ကြောင်း (၃) ကြောင်းစလုံးကို ဒီကေဘီအေက ဗိုလ်နှုတ်ခမ်းမွှေးက ဗျူဟာမှူးအနေနဲ့ ကိုင်တွယ်မယ်။ အရင်ဆုံး ဘုရားသုံးဆူနဲ့ (၂၄) မိုင်လောက်မှာရှိနေတဲ့ မဲကသာရွာကို ရဖို့ လုပ်ကြလိမ့်မယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။
ဘုရားသုံးဆူဒေသ တောတွင်းမှ သစ်များအား သြဂုတ်လကုန်ပိုင်းတွင် အပြီးထုတ်ယူထားကြရန် ဒီကေဘီအေက ညွှန်ကြားထားသည်ဟုလည်း ၎င်းအဖွဲ့နှင့် ပူးပေါင်းလုပ်ကိုင်နေသူ စီးပွားရေသမားများက ပြောသည်။
ယခုစစ်ဆင်ရေးတွင် ဒီကေဘီအေ၏ ရှေ့တန်းစစ်ကြောင်း (၁) တပ်ခွဲမှူး ဘိုဘိုထွန်းအဖွဲ့က ဘုရားသုံးဆူ၊ ကျောက်ဖလူး၊ မအူ၊ တောင်ပေါက်၊ ကြာအင်းဆိပ်ကြီးသို့ ထိုးဖောက်မည်ဖြစ်ပြီး ဒီကေဘီအေတပ်ရင်း (၉၀၇) အား ဦးဆောင်မည့် တပ်ရင်းမှူး နော်တရာ၏ စစ်ကြောင်း (၂) က ကျွန်းချောင်း၊ မဲကသာ၊ တောင်လပ၊ ကြိုက်ဒုန်လမ်းကြောင်းတွင် တာဝန်ယူမည်ဖြစ်ကာ ဘုရားသုံးဆူ၊ ဝဲကနိုင်၊ ဖားပြ၊ ကျုံခဝန်၊ တခွန်တိုင်လမ်းကြောင်းအား ဒီကေဘီအေတပ်ရင်း (၉၀၆) က ဗိုလ်ကျော်ကျော်က ဦးစီးမည်ဟု ကေအန်ယူ တပ်မဟာ (၆) တပ်ရင်း (၁၆) မှ အရာရှိတဦးက အတည်ပြုပြောဆိုသည်။
ယင်းအရာရှိက “နအဖတပ်ရင်းတွေကိုတော့ ကျနော်တို့မသိသေးဘူး။ ဒီကေဘီအေတွေကပဲ ရှေ့တန်းက ပါမယ်ဆိုရင်တော့ တိုက်ပွဲက အကြီးအကျယ် ဖြစ်ဖို့မရှိဘူး ခင်ဗျ။ ဒီနယ်မြေမှာ ကျနော်တို့က ခံစစ်အသေချထားတဲ့စခန်းတွေ မရှိဘူးလေ။ ကျနော်တို့ကတော့ အဓိကရန်သူ နအဖကိုပဲ ပြောက်ကျားစစ်ဆင်ရေးနဲ့ တိုက်မှာပါ” ဟု ပြောသည်။
ထိုသို့ ထိုးစစ်ဆင်ချိန်တွင် ဘုရားသုံးဆူမြို့အား ကေအန်ယူမှ ဝင်ရောက်စီးနှင်းမည်ဟု သတင်းများထွက်ပေါ်နေပြီး ဘုရားသုံးဆူမြို့ပေါ် စခန်းများအား ကာကွယ်ရန် ဒု -ဗိုလ်မှူးကြီး မြတ်ထွန်းအေး ဦးစီးသည့် ခမရ (၂၈၃) အပြင် လှေဆိပ်ဂိတ် ကျွန်းချောင်းတွင် တပ်စွဲထားသည့် အင်အား (၄၀) ကျော်ရှိ ၎င်းလက်အောက်ခံတပ်ကိုလည်း ဘုရားသုံးဆူမြို့သို့ ပြောင်းရွှေ့ထားကြောင်း သိရသည်။
Thursday, August 27, 2009
The loyal Karens of Burma Book and The Karen People of Burma Book
The loyal Karens of Burma Book
The loyal Karens of Burma Book(Click Here)
The Karen People of Burma Book
The Karen People of Burma Book(Click Here)
Wednesday, August 26, 2009
ကရင်နှင့်ကရင့်ရိုးရာဝတ်စားဆင်ယင်မှုများ

ကရင်နှင့်ကရင့်ရိုးရာဝတ်စားဆင်ယင်မှုများ
ကရင်လူမျိုးများသည် မြန်မာနိုင်ငံတွင် လူဦးရေအားဖြင့် (၄) သန်းကျော်ရှိနေကြပြီး နေရာဒေသကြီး (၃) ခုတွင်နေထိုင်ကြသည်။ ၄င်းတို့မှာ (၁) ဧရာဝတီမြစ်ဝှမ်း၊ စစ်တောင်းမြစ်ဝှမ်း၊ သံလွင်မြစ်ဝှမ်းနှင့် တနင်္သသာရီကမ်းရိုးတန်းဒေသ (၂) ဧရာဝတီမြစ်ဝှမ်းနှင့် စစ်တောင်းမြစ်ကြားရှိ ပဲခူးရိုးမတောင်တန်းများနှင့် ချိုင့်ဝှမ်းဒေသများ (၃) ရှမ်းကုန်းပြင်မြင့်တောင်ပိုင်းမှ ကယားပြည်နယ်၊ ကရင်ပြည်နယ်၏ချိုင့်ဝှမ်းနှင့် လွင်ပြင်များအပါအ၀င် ကျယ်ပြန့်သော ရှမ်းကုန်းပြင်မြင့်ဒေသများပင်ဖြစ်သည်။
မြန်မာနိုင်ငံတွင်နေထိုင်ကြသော ကရင်များသည် ဘာသာစကားအားဖြင့် (၁၆) မျိုးခန့်ကွဲပြားခြားနားကြပြီး ယင်းတို့ကိုအဓိကအားဖြင့် အုပ်စုကြီးနှစ်ခုဖြစ်သော စကော-ဘွဲအုပ်စု (Sgaw-Bghai) နှင့်ပိုးအုပ်စု (Pow) တို့ပင်ဖြစ်သည်။ စကောသည် စကော-ဘွဲအုပ်စုတွင် အကျယ်ပြန့်ဆုံး အသုံးပြုသောစကား ဖြစ်သကဲ့သို့ ပိုးစကားသည်လည်း ပိုးအုပ်စုတွင် အကျယ်ပြန့်ဆုံး ပြောသောစကားဖြစ်သည်။ တစ်ခါတစ်ရံ ကရင်များကိုနေရာဒေသလိုက်၍ မြောက်ပိုင်းကရင်၊ တောင်ပိုင်းကရင် ဟူ၍ခွဲထားပြန်သည်။ မြောက်ပိုင်းကရင်များတွင် ကယားများပါဝင်ပြီး တောင်ပိုင်းကရင်များတွင် စကောနှင့်ပိုးတို့ပါဝင်သည်။ ထိုသို့ ကွဲပြားနေခြင်းသည် ကွဲပြားခြားနားသော ပြင်ပရိုးရာယဉ်ကျေးမှုများ၏ လွှမ်းမိုးမှုကြောင့်ဖြစ်သည်ကို ဖော်ပြနေပါသည်။ မြောက်ပိုင်းကရင်များသည် ထိုင်းစကားကိုပြောသော ရှမ်းတို့နှင့်နီးစပ်မှု၊ လွှမ်းမိုးမှုကိုခံရသကဲ့သို့ တောင်ပိုင်းကရင်များတွင် မွန်၊ ဗမာတို့၏ လွှမ်းမိုးမှုရှိနေသည်။ မြေပြန့်တွင်နေသောကရင်များနှင့် တောင်ကုန်းတောင်တန်းတွင်နေထိုင်ကြသော ကရင်များဟူ၍ ကွဲပြားကြပြန်သည်။ အထူးသဖြင့် ပိုးကရင်များသည် မြေပြန့်တွင်နေထိုင်ကြသူများဖြစ်ကြသည်။ ထိုသို့ ပိုးကရင်များ မြေပြန့်သို့ရောက်ရှိသွားရသည်မှာ စကောကရင်များ၏ တွန်းပို့မှုကြောင့်ဖြစ်ရသည်ဟု ပိုးကရင်ဒဏ္ဍရီတွင်ဆိုထားသည်။ တစ်ဖန်မြေပြန့်တွင် နေထိုင်ကြသောပိုးကရင်များသည် လယ်ယာစိုက်ပျိုးကြသည်။ တောင်ပေါ်တွင်နေထိုင်ကြသောကရင်များမှာ အများအားဖြင့် တောင်ယာလုပ်ငန်းများကို လုပ်ကိုင်ကြသည်။ ရက်ကန်းလုပ်ငန်းလုပ်ဆောင်ရာတွင် တောင်ပေါ်သားများသည် သားရေတပ်ရက်ကန်းစင်များဖြင့် ပြုလုပ်ကြသော်လည်း မြေပြန့်သားများသည် ဗမာများကဲ့သို့ သစ်သားဘောင်တပ်ရက်ကန်းစင်များဖြင့် ပြုလုပ်ကြသည်။ တောင်ပေါ်သားများသည် ၀ါဂွမ်းများက်ုစိုက်ပျိုးကြသော အလေ့အထရှိပြီး ယင်းဝါဂွမ်းထည်များကို မြေပြန့်တွင်နေထိုင်ကြသော ဗမာ၊ မွန်တို့ထံရာင်းချကြသည်။
ဘာသာတရားနှင့် ယုံကြည်ကိုးကွယ်မှုအပေါ်အခြေခံလျက် ကရင်များသည် ကွဲပြားကြပြန်သည်။ ကရင်တို့၏မိရိုးဖလာယုံကြည်မှုမှာ နတ် သို့မဟုတ် နာမ်ဝိညာဉ်များပင်ဖြစ်သည်။ မိရိုးဖလာယုံကြည်မှုကို ဦးဆောင်ကြသူများသည် ကျေးရွာလူကြီးသူမများဖြစ်ကြသည်။ ဦးဆောင်သူရွာသူကြီးများသည် မိရိုးဖလာပွဲကျင်းပရာအခမ်းအနားများကို စီစဉ်ဦးဆောင်ကြပြီး ကျေးရွာရှိအမျိုးသမီးကြီးများမှာ ကွယ်လွန်သူဘိုးဘွားများအား ကန်တော့ခြငိး၊ ရောဂါဝေဒနာစွဲကပ်သူများအား ကုသပေးခြင်း စသည့်အလုပ်များကို လုပ်ဆောင်ရန်တာဝန်ယူကြသည်။ မွန်၊ ဗမာ၊ ရှမ်းတို့၏လွှမ်းမိုးမှုကြောင့် ကရင်အတော်များများသည် ဗုဒ္ဓဘာသာဝင်များဖြစ်လာကြသည်။ ဗုဒ္ဓဘာသာနှင့် မိရိုးဖလာယုံကြည်မှုတို့၏ ရောနှောယှက်နွယ်မှုပင်ဖြစ်သည်။ ၁၉ရာစုတွင် ခရစ်ယာန်သာသနာပြုများရောက်ရှိလာသာအခါ သူတို့၏ယုံကြည်မှုအစဉ်အလာသည် ပို၍ရှုပ်ထွေးသွားသည်။ ထိုခရစ်ယာန်သာသနာပြုများသည် ၁၈၂၅ ခုနှစ်လောက်တွင် တနင်္သာရီဒေသရှိ ကရင်များကြားတွင် သာသနာပြူလုပ်ငန်းစတင်ခဲ့ကြသည်။ ခရစ်ယာန်သာသနာ၏လွှမ်းမိုးမှုကြောင့် လူမူရေး။ ဘာသာရေးလှုပ်ရှားမှုများလည်း များစွာပေါ်ထွက်လာခဲ့ကြသည်။ ခရစ်ယာန်သာသနာပြုများသည် သာသနာ့စာသင်ကျောင်းများကို ဖွင့်လှစ်ခဲ့ကြသည်။ ကရင်စာများကိုလည်းတီထွင်ရေးသားဖြန့်ဝေလာကြသည်။ ကရင်များကိုလည်း သာသနာအမှုတော်ဆောင်များ၊ကျောင်းဆရာများ၊ ဆရာဝန်များ၊ အစိုးရ၀န်ထမ်းများ ဖြစ်လာရန် လေ့ကျင့်ပျိုးထောင်ပေးခဲ့ကြသည်။ ၁၉၃၁ ခုနှစ် သန်းခေါင်စာရင်းစစ်တန်းအရ ကရင်မျိုးနွယ်စုများတွင် ဘာသာရေးယုံကြည်မှုကွဲပြားခြားနားမူကို အောက်ပါအတိုင်း ဖော်ပြထားသည်ကိုတွေ့ရသည်။ စကောမှာ ၆၇% ဗုဒ္ဓဘာသာ၊ ၂၅% ခရစ်ယာန်(နှစ်ခြင်း)၊ ၈% မိရိုးဖလာ၊ ပိုးမှာ ၉၃% ဗုဒ္ဓဘာသာ၊ ပအို့မှာ ၁၀၀% ဗုဒ္ဓဘာသာ၊ ကယားမှာ အများပိုင်းမိရိုးဖလာ၊ အခြားသောတောင်ပေါ်ကရင်အနည်းစုသည် နှစ်ခြင်း၊ ကက်သလစ်၊ အင်္ဂလီကန်များဖြစ်လာကြသည်။
တောင်ပိုင်းကရင်များသည် ရိုးရာအစဉ်အအလာအရ ကျေးရွာအုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးခဲ့ကြသည်။ ကျေးရွာသူကြီးသည် သြဇာအာဏာရှိသူဖြစ်ပြီး ရွာသူရွာသားများအား တရားမျှတစွာ အုပ်ချုပ်သူဖြစ်သည်။ ရှမ်းတို့လွှမ်းမိုးသော မြောက်ပိုင်းကရင်များတွင် ထက်အောက်ဆင့်ကဲအုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးကြသော်လည်း ဒေသတစ်ခုနှင့်တစ်ခု မိမိတို့ကွန်ဖယ်ဒရေးရှင်း( confederation)အသွင်ကို ကရင်နီတို့ဒေသဖြစ်သော ကန္တာရ၀တီ၊ ဘောလခဲ၊ ကြက်ဖိုးကြီး၊ နမ့်မယ်ခုံတို့တွင်တွေ့ရသည်။
အမေရိကန်နှစ်ခြင်းသာသနာပြုဆရာ Rev. Harry Ignatius Marshall သည် ၁၉၂၂ ခုနှစ်တွင် The Karen စာအုပ်ကို ရေးသားထုတ်ဝေခဲ့သည်။ မြန်မာနိုင်ငံတွင်နေထိုင်ကြသော ကရင်များတို့၏ ၀တ်စားဆင်ယင်မှုများအကြောင်းကို သူ၏စာအုပ်ထဲတွင် အသေးစိပ်ဖော်ပြထားသည်။ ကရင်တို့၏ ၀တ်စားဆင်ယင်မှုနှင့်ပတ်သက်သော ရေးသားဖော်ပြချက်များသည် အခြားစာအုပ်များနှင့် နှိုင်းယှဉ်လျှင်ပိုမိုအသေးစိတ်ကျကာ ပိုမိုပြည့်စုံသည်ဆိုသော်လည်း အားလုံး ပြီးပြည့်စုံသည်ဟုမဆိုလိုပါ။ ကရင်တို့၏၀တ်စားဆင်ယင်မှုနှင့်ပတ်သက်၍ရေးသားထားသော အခန်း၏နိဒါန်းမှာပင် သူကဆိုထားသည်မှာ "ကရင်မျိုးနွယ်စုအားလုံး၏ ၀တ်စားဆင်ယင်မှုကို အသေးစိတ်ဖော်ပြရပါလျှင် စကော့တလန်ပြည်လုပ် သက္ကလပ်အ၀တ်စအမျှင်များကို ထုတ်ယူဖော်ပြသကဲ့သို့ စာအုပ်တစ်အုပ်လုံးမှာ ထိုအကြောင်းအရာများနှင့်သာ ပြည့်သွားပေလိမ့်မည် ဟုဆိုခဲ့သည်" မည်သို့ပင်ဖြစ်စေ Marshall ဖော်ပြခဲ့သော ကရင်တို့၏၀တ်စားဆင်ယင်မှုများမှာ အပြည့်စုံဆုံးသောအချက်အလက်များဟု မှတ်တမ်းတင်ရပေမည်။
ကရင်ရိုးရာဝတ်စုံများသည် အများအားဖြင့် ဆင်တူကြပါသည်။ ကရင်အများဝတ်ကြသည့် ရိုးရာဝတ်စုံမှာ ကရင်သင်တိုင်းပင်ဖြစ်သည်။ ထိုသင်တိုင်း၏အရှည်နှင့် အရောင်အသွေးချယ်သမူမှာမူ နေရာဒေသအလိုက် အလွန်ပင်ကွဲပြားကြပါသည်။ သင်တိုင်းများကို အမျိုးသားရော အမျိုးသမီးများပါ ၀တ်ဆင်ကြသည်။ အမျိုးသမီးများသည် ထမီကိုလည်း ၀တ်ဆင်ကြသည်။ ထမီတွင်လည်းအဆင်အမျိုးမျိုး ကွဲပြားကြသည်။
ရှေးယခင်ကဆိုရင် သွားလာမှုခက်ခဲသော အရပ်ဒေသတွင်နေထိုင်ကြသော ကရင်အမျိုးသားများသည် Loincloth ခေါ်ဘောင်းဘီတိုများကိုသာ ၀တ်ကြသည်။ သို့သော် ၂၀ ရာစုအစပိုင်းရောက်သောအခါ အမျိုးမျိုးသောဘောင်းဘီရှည်များကို ၀တ်ဆင်လာကြသည်ကိုတွေ့ရသည်။ Spearman (1880, II:228) ကဘောင်းဘီရှည်ဝတ်ခြင်းသည်မြောက်ပိုင်းဒေသတွင် နေထိုင်ကြသူများတွင် ပိုမိုတွေ့ရပြီး သင်တိုင်များကို တောင်ပိုင်းဒေသနေ ကရင်များတွင်ပိုမိုဝတ်ဆင်ကြသည်ကိုတွေ့ရကြောင်း ဖော်ပြခဲ့သည်။ အခြားဝတ်စားဆင်ယင်မှုတစ်ခုမှာ အများစုသုံးစွဲကြသည့် ကရင်လွယ်အိတ်များပင်ဖြစ်သည်။ အများပိုင်းမှာ အဆင်မပါ ပြောင်ချောကရင်လွယ်အိတ်များဖြစ်သည်။ ကရင်အများစုသည် ခြုံစောင်ကိုလည်းယက်လုပ်ကြသည်။
Marshall (1922:37) သည် ကရင်တို့၏ ၀တ်စားဆင်ယင်မှု ဖြစ်ပေါ်ပြောင်းလဲမှုများကို ၁၉၂၀ ခုနှစ်များ အစမှာကတည်းကပင် များစွာလေ့လာခဲ့သည်။ သူ၏လေ့လာချက်အရ မြန်မာနိုင်ငံအောက်ပိုင်း မြစ်ဝကျွန်းပေါ်ဒေသနှင့် မြေပြန့်တွင်နေထိုင်ကြသော ကရင်များသည် ဗမာများကဲ့သို့ဝတ်စားဆင်ယင်ကြသည်။ ပွဲတော်အချိန်များတွင်သာ ကရင်ရိုးယာဝတ်စုံများကို ၀တ်ဆင်ကြသည်။ မြောက်ပိုင်းနှင့် အရှေ့ပိုင်းနေကရင်များမှာ ရှမ်းအ၀တ်အစားများကို ၀တ်ဆင်ကြတတ်သည်။ အမျိုးသမီးများမှာ အမျိုးသားများထက် ရိုးယာဝတ်စုံများကိုဝတ်ဆင်ကြသည်။ ကျေးရွာတွင် အမျိုးသားများသည် ဗမာအ၀တ်အစားများကို ၀တ်ဆင်ကြသောအခါသာလျှင် ကရင်အမျိုးသမီးကြီးများသည် မိမိတို့၏အနက်ရောင်သင်တိုင်းကို ဗမာအကျလုံချည်ဖုံးကာ ၀တ်ဆင်ကြသည်ဟု Marshall (1922:38) ကဆိုထားသည်။
လွန်ခဲ့သောနှစ်ကာလအတွင်း ကရင်ရိုးယာဝတ်စုံအကြောင်းကို မြန်မာနိုင်ငံတွင် လေ့လာရန်မလွယ်ကူသဖြင့် ထိုင်း-မြန်မာနယ်စပ်ရှိ စကောနှင့်ပိုးကရင်များထံမှ အချက်အလက်အချို့ကို ကောက်ယူနိုင်ခဲ့ပါသည်။ ပအို့၊ ကယားနှင့် ဘွဲများလည်း နယ်စပ်ဒေသတွင်ရှိကြပါသည်။ သို့သော်ထိုင်းနိုင်ငံရှိ ကရင်အကြောင်းရေးသားရာတွင် ထိုသူတို့အကြောင်းကို ထည့်သွင်းဖော်ပြထားခြင်းမရှိချေ။ ထိုင်းနိုင်ငံမြောက်ပိုင်းနှင့် မြန်မာနိုင်ငံရှိတောင်ပေါ်ဒေသတွင် သာသနာပြုများအဖြစ် နှစ်များစွာနေထိုင်ခဲ့ကြသော Paul နှင့် Elaine တို့ရေးသားသော Peoples of the Golden Triangle (1984:68-99) ပါအခန်းတစ်ခန်းနှင့် E.M.Hinton (1974) ရေးသားခဲ့သော The Journal of the Siam ပါဆောင်းပါးတစ်ပုဒ် အခြေခံထားလျက်ဖော်ပြလိုပါသည်။ စကောနှင့် ပိုးကရင်ဝတ်စုံအကြောင်းကို ရေးသားထားသော Lewis တို့စာတွင် ''ကရင်" ဆိုသောစကားသည် "ရက်ကန်းယက်"သူများနှင့် ထပ်တူတွေ့မြင်နိုင်သည်ဟုဆိုထားသည်။ လို့ကြောင့် ကရင်တို့ယက်ကန်းမှထွက်ပေါ်လာသော ထုတ်ကုန်ပစ္စည်း များသည်နာမည်ကြီးလှပါသည်။ Hinton ၏သုတေသနလုပ်ငန်းမှာ ၁၉၆၈-၆၉ ခုနှစ်အတွင်း မြန်မာနယ်စပ်တစ်နေရာရှိ ပိုးကရင်ရွာတစ်ရွာတွင် တွေ့မြင်လေ့လာခဲ့သမျှကို တင်ပြထားခြင်းဖြစ်သည်။ ရှာဖွေတွေ့ရှိချက်နှစ်ရပ်စလုံးမှာ များစွာပုံဖော်မှုများကို ပြုလုပ်နိုင်သည်။
စကော-ဘွဲကရင်
(The Sgaw-Bghai Karen)
စကော-ဘွဲအုပ်စုကို တစ်ဖန် ဘာသာစကားအရ စကော၊ ဘွဲ၊ ကယား၊ ပရဲ့ စသည်ဖြင့် ခွဲနိုင်သေးသည်။ စကောစကားသည် စကောနှင့် ပကူးစကားနှစ်မျိုးစလုံး ပါဝင်သည်။ ဘွဲစကားတွင် ဘွဲ၊ ဂေဘား၊ ဂေခို၊ ပထါ၊ ပဒေါင်၊ ပါဝင်သည်။ ပရဲ့စကားတွင် ပရဲ့များသာပါဝင်သည်။
စကော (Sgaw)
မြန်မာနိုင်ငံတွင် စကောကရင် (၂) သန်းဝန်းကျင်နေထိုင်ကြပြီး ထိုင်းနိုင်ငံတွင် သုံးသိန်းခန့်ရှိသည်။ အများစုမှာ ဧရာဝတီမြစ်ဝှမ်းနှင့် စစ်တောင်းမြစ်ကြားရှိ ပဲခူးရိုးမတွင်လည်း နေထိုင်ကြသည်။ Spearman (1888,II:628) ကသူတို့ကို ''ငြိမ်းချမ်းခြင်းကိုအမြတ်နိုးဆုံးသောကရင်မျိုးနွယ်စု'' ဟူ၍ပင်တင်စားခေါ်ဝေါ်ခဲ့သည်။ ပိုးကရင်တို့နှင့် ပိုးကရင်တို့နှင့် ရန်ဘက်ဖြစ်ခဲ့ဖူးသည်ဟု ဖော်ပြခဲ့သည်။ သူကဆက်လက်၍ "မြိတ်ဒေသရှိပိုးကရင်များကို တစ်စိတ်တစ်ဒေသအားဖြင့် ချေမှုန်းခဲ့သည်ကိုလည်ကောင်း၊ အင်္ဂလိပ်တို့ တနင်္သာရီကိုသိမ်းပိုက်စဉ်က ပိုးကရင်တို့ကိုဝင်ရောက်တိုက်ခိုက်ရာတွင် ပါဝင်ခဲ့မှုများရှိကြောင်း" ကို ဖော်ပြခဲ့သည်။
Spearman (1888,II:628) က ကရင်ရိုးရာစတ်စုံအကြောင်းဖော်ပြရာတွင် "ကရင်ရိုးရာဝတ်စုံသည် အဖြူရောင်သင်တိုင်းတွင် အနီရောင်အစင်းလေးများဖြင့် ယက်က်ထားသည်"ဟုဖော်ပြသည်။ Marshall က ကရင်ဝတ်စုံအကြောင်းပိုမိုစုံလင်စွာ ဖော်ပြထားသည်။ တောင်ပေါ်နေသူများသည် ပခုံးမှခြေသလုံးသားအထိကျသောသင်တိုင်းကို ၀တ်ဆင်ကြသည်။ ပဲခိုးရိုးမတွင် စကောများသည်အပေါ်ပိုင်းတွင် အဖြူရောင်ရှိပြီး အနီရောင်စင်းကြောင်းပါလျက် အောက်ခြေ၌လည်းအနီရောင်ဖြင့်ရက်ထားသောသင်တိုင်းကို ၀တ်ကြသည်။ အရောင်နှစ်ခုကြားတွင် ဇာထိုးပန်းထိုးများရှိသေးသည်။ မော်လမြိုင်၊ ဖာပွန်ဒေသများနှင့် အရှေ့ဘက်ပိုင်းဒေသများတွင် သင်တိုင်းကို အဖြူရောင် အနီရောင်အစင်းနှစ်ကြောင်းကို ထက်အောက်ယှက်နွယ်ထားလျက် ယက်လုပ်ကြသည်။
အမျိုးသမီးငယ်များသည် ခြေကျင်းဝတ်အထိကျသော ကရင်သင်တိုင်းများကို ၀တ်ထားကြသည်ဟုလည်း ဖော်ပြထားသည်။ အပျိုဖော်ဝင်လာသော အမျိုးသမီးတိုင်းသည် သင်တိုင်းနှင့်စကပ်များကိုဝတ်ကြသည်။ ဆက်လက်၍ Marshall (1922:28) က အချို့ရွာများတွင် ကရင်အမျိုးသမီးများသည် အဖြူရောင်သင်တိုင်းများကိုဝတ်ဆင်ကြသည်။ အချို့ရွာများတွင် တစ်ဖန် ကရင်အမျိုးသမီးများသည် အနက်ရောင်သင်တိုင်းများကို ၀တ်ကြပြန်သည်။ ထိုသင်တိုင်းတွင် လည်ပင်းနှင့် လက်ဝလောက်တွင် အရောင်များကွန့်ထားသည်။ အချို့ဒေသများတွင် အိမ်ထောင်မကျမီအထိ အပျိုများသည်ခြေကျဉ်းဝတ်အထိကျသော အဖြူရောင်သင်တိုင်းများကို ၀တ်ဆင်ကြသည်။ သို့သော်ထမီစကပ်ကိုအများပိုင်း ၀တ်ဆင်ကြသည်။ အရွယ်ရောက်သည့်အချိန်အထိ သင်တိုင်းတိုများကိုလည်း ၀တ်ဆင်ကြသည်။
စကောကရင်အမျိုးသမီးများ၏ ၀တ်စားဆင်ယင်မှုပုံစံ၊ ဒီဇိုင်းနှင့် ပတ်သက်၍လည်း Marshall (1922:38) က ထိုအစဉ်အလာသည် စပါးကြီးမြွေဒဏ္ဍရီမှဆင်းသက်လာသည်ဟုဆိုသည်။ ဒဏ္ဍရီအရ နော်မူအိုင်ကို စပါးကြီးမြွေဖြူတစ်ကောင်က ခိုးယူသွားခဲ့ပြီ တွင်းထဲတွင်ဝှက်ထားသည်။ မြွေတွင်းထဲတွင် ရောက်နေသောနော်မူအိုင်ကို ယောက်ျားဖြစ်သူကအသက်ပေး၍ ကယ်ယူခဲ့သည်။ထိုသို့ဖြင့် အမျိုးသမီးမှာ လွတ်မြောက်သွားပြီး မြေပ်ါသို့ပြန်တက်လာနိုင်တော့သည်။
လိုဒဏ္ဍရီအပေါ်အခြေပြုလျက် အမျိုးမျိုးအဓိပ္ပာယ်ဖော်ခဲ့ကြသည့် အနက်တစ်ခုမှာ "စပါးကြီးမြွေသည် မိမိအရေခွံအတိုင်း အမျိုးသမီးအားသင်တိုင်းကို ယက်ရန်ခိုင်းစေသကဲ့သို့ အမျိုးသမီးဘက်မှလည်း စပါကြီးမြွေပါးစပ်မှ လွတ်မြောက်ခြင်းအတွက် ကျေးဇူးတုန့်ပြန်သောအားဖြင့် စပါကြီးအရေခွံအတိုင်း အ၀တ်ယက်လုပ်ခြင်းဖြစ်သည်။ " Gotegorg တွင် ဖွင့်လှစ်ပြထားသော Ethnographcam Museum ပြတိုက်တစ်ခုတွင် စကောကရင်လုံချည်သုံးမျိုးကို ဖော်ပြထားသည်ဟု Hansan (1960) က ဆိုခဲ့ဖူးသည်။ ထိုသုံးမျိုးမှာ (၁) တောက်ပသော အနီရောင်ချည်ထည် လက်လက်ပေါ်တွင် အထည်အောက်အစိမ်းရောင် အစင်းကြောင်းများပါရှိသည့် လူံချည် (AC#35.39.715)၊ (၂) အထက်ပိုင်းတွင် အနီရောင်ချည်ထည်ဖြင့် ယက်လုပ်ထားပြီး အောက်ပိုင်းတွင် အနီရောင်လက်နေသော ချည်ထည်ဖြင့် ယက်လုပ်သည့်လုံချည် (AC#35.39.801)၊ (၃) အနက်၊ အဖြူရောင်နှင့် အနီရောင်ပါရှိသော အမျိုးသားဝတ်လုံချည် (AC#35.39.710) ထိုပြတိုက်ထဲတွင် ကရင်ခေါင်းပေါင်းကိုလည်း တွေ့ရသည်။ ကရင်ခေါင်းပေါင်းသည် အဖြူရောင်ချည်ထည်ပေါ်တွင် အ၀ါ၊ အစိမ်းရောင် ကန့်လန့်ဖြတ်ပါဝင်ပြီး အနီရောင်မှာ အထက်အောက်အစင်းဖြစ်သည်။
ပကူး (Paku)
တောင်ငူအရှေ့တောင်တန်းရှိ ကယားပြည်နယ်တွင် ပကူးကရင် (၅၀၀၀) ခန့် နေထိုင်ကြသည်။ Spearman (1888,II:471) က ဖော်ပြသည်မှာ ပကူးကရင်များသည် ကရင်နီများ၏ ရုတ်တရက်ဝင်ရောက်တိုက်ခိုက်ခြင်းကို အကြီးအကျယ်ခံခဲ့ရသည်။ ပကူးကရင်ရွာများလည်း ပျက်စီးခဲ့ရသည်။ Spearman က ဤကြောင်းအရာများကို ရေးသားသောအချိန်တွင် ပကူးကရင် (၂၀၀၀) ခန့်သည် ခရစ်ယာန်ဘာသာသို့ ကူးပြောင်းလျက်ရှိနေပြီ်ဟု သိရသည်။ ပကူးကရင်များ၏ အ၀တ်အစားနှင့်ပတ်သက်၍ Spearman (1888,II:167) က ဖော်ပြရာတွင် "အဖြူရောင်သင်တိုင်းတွင် အစင်းမရှိ ၊ဇာထိုးပန်းထိုးပါသော ကျဉ်းမြောင်းသောအောက်ခြေတွင် အနားသပ်ကို ယက်ထားသည် တစ်ရွာနှင့့််တစ်ရွာ ပုံစံမတူကြချေ။" Marshall(1922:35) ကလည်း အလားတူဆိုထားသည်မှာ "ပကူးအမျိုးသားများသည် အဖြူရောင်သင်တိုင်းကိုဝတ်ကြသည်။ ထိုသင်တိုင်း၏အောက်ခြေတွင် ကျဉ်းမြောင်းသော အနီရောင်အနားသပ်များရှိသည်။ ကျေးရွာတစ်ရွာနှင့်တစ်ရွာ သီးခြားအမှတ်အသားများ ရှိသည်။"
ဘွဲ (Bwe)
ဘွဲကို ဘဂဲ (Bghai) ကရင်များဟုလည်းခေါ်ကြသည်။ ဘွဲ (၁၆၀၀၀) ခန့်သည် တောင်ငူဝန်းကျင်ရှိ တောင်တန်းများနှင့် ကယားပြည်နယ် အနောက်တောင်ဘက် ကျေးဘော်ကြီးဒေသများတွင် နေထိုင်ကြသည်။ ထိုင်းနိုင်ငံတွင်လည်း အနည်းစုနေထိုင်ကြသည်။
၁၈၆၀ ခုနှစ်များအတွင်း တောင်ငူခရိုင်တွင် အုပ်ချုပ်ရေးမှူးအဖြစ် အမှုထမ်းဆောင်ခဲ့သော A.R.McMahon ဆိုသူသည်ဘွဲတို့၏ ၀တ်စုံနှင့်ပတ်သက်၍ ပထမဦးဆုံးဖော်ပြခဲ့သည်။ A.RMcMahon (1876:300-301) အဆိုအရ "ဘွဲတို့သည် စစ်တောင်းမြစ်ကမ်းတွင် နေထိုင်ကြသည်။ ကေခိုများကဲ့သို့ ၀တ်စုံများကိုဝတ်ကြသည် သူတို့အ၀တ်အောက်ခြေပိုင်းတွင် အနီရောင်အစင်းများယက်ထားသည်။ သူတို့နှင့်တောင်ဘက်ပိုင်းတွင် နေကြသူများသည် လက်မပါသော သင်တိုင်းများကိုဝတ်ကြသည်။" သူကဆက်လက်၍ ဆိုထားသည်မှာ "သာသနာပြုများသည် သူတို့၏အ၀တ်ပေါ်မူတည်၍ ဘောင်းဘီရှည်ဝတ် ဘွဲ "(Pant Bhai) နှင့် သင်တိုင်းဝတ် (Tunic Bghai) ဟူ၍ ခွဲခြားသိမြင်ကြသည်။" တစ်ဖန် Spearman (1888,I:167) က ခရစ်ယာန်သာသနာပြု ဒေါက်တာ Manson Mopgha ၏ဖော်ပြချက်ကိုအခြေပြုကာ မို့ပါ Mopha တို့၏ ၀တ်စားဆင်ယင်မှုနှင့်ပတ်သက်၍ ဖော်ပြပြန်သည်မှာ "မို့ပါတို့သည် ခရစ်ယာန်ညာသာသို့ အဦးဆုံးဝင်လာသောအဖွဲ့ဖြစ်ပ့သည်။ သူတို့သည် သင်တိုင်းဝတ် ဘွဲ (Tunic Bghai) အဖွဲ့ဖြစ်သည်။ အဖြူရောင်သင်တိုင်းတွင် အနီရောင်အစင်းကြောင်းrများပါဝင်သည်။"
Marshall (1922:35) မြန်မာနိုင်ငံတွင် သာသနာပြုခဲ့စဉ်က ဘွဲတို့သည်သင်တိုင်းများကိုဝတ်ဆင်ကြကြောင်း သူတို့၏သင်တိုင်းများသည် စကောနှင့် ပိုးတို့ဝတ်သောသင်တိုင်းများထက် ပိုမိုတိုပြီး တင်းကြပ်စွာဝတ်ဆင်ကြကြောင်း ဖော်ပြခဲ့သည်။ "ယခင်က ဘွဲတို့သည် ဘောင်းဘီတိုများကိုဝတ်ကြသော်လည်း ယခုအခါ ဘောင်းဘီရှည်များကို ၀တ်လာကြသည်။" အုပ်စုတစ်စုနှင့်တစ်စု မတူညီခြားနားကြောင်းကိုလည်း သူကဆက်လက်ဖော်ပြထားသည်။ "ဘွဲတို့သည် အထက်အောက် အစင်းလိုက်ပါသောသင်တိုင်းများကို ၀တ်ကြသည်။ သူတို့ထဲ တစ်ချို့ဖြစ်သော မို့ပါတို့သည် အနီရောင် အစင်းပါအ၀တ်များကိုဝတ်ကြသည်။ ဘောင်းဘီရှည်ဝတ်ဘွဲ (Pant Bghai) တို့မှာ သူတို့သင်တိုင်းများ၏ အောက်ခြေတွင် အရောင်တောက်သော အစင်းများကိုဖောထားကြသည်။ Marshall (1922:38-39) က မို့ပါတို့၏ ၀တ်စုံများတွင် အမည်းရောင် အောက်ခံပေါ်တွင် အ၀ါရောင်၊ အစိမ်းရောင်တို့ကို ရောယှက်ထားသည်ကို မိမိစာရေးသည့်အချိန်အထိ တွေ့ရသေးသည်။ သို့သော် နောက်ပိုင်းတွင် အမျိုးသမီးငယ်များမှာ ထိုသို့ယက်လုပ်ဝတ်ဆင်ခြင်း မပြုကြတော့ပေ။ ထိုသို့အခြား ဘွဲအမျိုးသမီးများသည် အမဲရောင်ထမီ သို့မဟုတ် စကပ်များကိုသာ ၀တ်ဆင်လာကြသည်။ ထိုစကပ်များတွင် အနီရောင်ကန့်လန့်စင်းကြောင်းများကိုနှင့် အနီရောင်အစင်းကြောင်းကို အလယ်တွင်ယက်ထားသည်။
Spearman (1888,II:114) သည် ၀တ်စားဆင်ယင်မှုအကြောင်းပြောရာတွင် အသုဘ အခမ်းအနားများနှင့်ဆက်စပ်လျက် ကွဲပြားခြားနားကြပုံ အကြောင်းများကိုဖော်ပြခဲ့သည်။ သေလွန်သူများအတွက် သတိရပြုလုပ်ကျင်းပသော နှစ်ပတ်လည်ပွဲတော်များအကြောင်းကို ဖော်ပြရာတွင် သေလွန်သူတို့အတွက် အောက်မေ့ဖွယ်အခမ်းအနားကို ထိုသူသေလွန်ပြီးသုံးနှစ်အကြာတွင် ပြုလုပ်ကြသည်။ သြဂုတ် သို့မဟုတ် စက်တင်ဘာလဆန်းတွင် ကျင်းပကြသည်။ ၀ါးကိုင်းတစ်ချောင်းကို အိမ်ထောင့်တစ်နေရာတွင် ကန့်လန့်ဖြတ်တန်းထားလိုက်သည်။ ထိုဝါးတန်းပေါ်သို့ အ၀တ်သင်တိုင်းသစ်များ၊ ပုတီးကုံးများကို...ချိတ်ဆွဲထားကြသည်။ သေလွန်သူအားရည်စူးပူဇော်ခြင်းဖြစ်သည်။ ထိုအခမ်းအနားကို ဦးဆောင်သူဘုန်းတော်ကြီးအားလည်း ဇာထိုးပန်းထိုးသင်တိုင်းကို ပေးလှူကြသည်။တစ်ခါတစ်ရံ ထိုသင်တိုင်းများသည် ပိုးထည်များဖြင့်ယက်လုပ်ထားသည်။ အများအားဖြင့် အနီရောင်ပိုးထည်များဖြင့် ရက်လုပ်ထားကြပြီး သာမာန်သင်တိုင်းများထက် ပိုရှည်သည်။ Spearman (1888,II:120)ုံ
ဂေဘား (Geba)
ဂေဘားများကို မယ်ပူ သို့မဟုတ် ကရင်ဖြူဟုလည်းခေါ်ကြသည်။ လူဦးရေအားဖြင့် (၄၀၀၀၀) ခန့်ရှိပြီး ကယားပြည်နယ်မြောက်ဘက်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲဒေသတွင်တွေ့ရသည်။ သူတို့အများပိုင်းသည် ခရစ်ယာန်များဖြစ်ကြသည်။
ဂေခို(Geku)
လူဦးရေအားဖြင့် (၁၀၀၀၀) ခန့်ရှိသော ဂေခိုများသည် ရမည်းသင်းနှင့် တောင်ငူခရိုင်၊ မိုးဗြဲဒေသရှမ်းပြည်တောင်ပိုင်းတွင် နေထိုင်ကြသည်။ Spearmen (1888,II149) သည် ၄င်းတို့အား လူရိုင်းလုကြမ်းအမျိုးဟုခေါ်ထားသည်။ နှစ်ခြင်းခရစ်ယာန်သာသနာများ၏လွမ်းမိုးမှု အများဆုံးခံကြရပြီး ခရစ်ယာန်အများဆုံးဖြစ်လာကြသူများဖြစ်သည်။ ၁၉ ရာစုနောက်ပိုင်းတွင် အင်္ဂလိပ်နစိုးရအုပ်ချုပ်မှုအောက် ရောက်လာကြသည်။
McMahon (1876:306) ၄င်းတို့ကို ဂေခိုဟုခေါ်ကြသည်။ ဂေခိုအမျိုးသားများသည် လက်တိုအင်္ကျီများကိုဝတ်ကြသည်။ ထိုအင်္ကျီအောက်ခြေတွင် အနီရောင်ဇာထိုးပန်းထိုးများရှိသည်။ ဘွဲတို့ဝတ်ဆင်သကဲ့သို့ဖြစ်သည်။ အမျိုးသမီးများမှာ သာမာန်ကုတ်အင်္ကျီများကိုသာဝတ်ဆင်ကြပြီး အနီရောင်၊ အဖြူရောင် အပေါ်ဝတ်ရုံဂျက်ကက်များဖြင့် ထပ်ဝတ်ကြသည်။ Spearman (1888,II:149) က ဂေခိုတို့၏ အ၀တ်အစားနှင့်ပတ်သက်၍ ဖော်ပြရာတွင် ပိုးထည်ဘောင်းဘီရှည်များကို တစ်ခါတစ်ရံ ဇာထိုးပန်းထိုးပြုလုပ်ထားသည်။ အောက်ခြေတွင် အနီရောင်လိုင်းများဖော်ထားသည်။ တက်လာသောနေ ၀န်းနီအသွင်ဆောင်သည်။ ဘွဲတို့သည် ပိုးကောင်များကိုမွေးမြူကြပြီး ပိုးထည်များကို ကိုယ်တိုင်ထုတ်လုပ်ကြသည်။ Marshall (1922:35) ကလည်း ဂေခိုအမျိုးသားများသည် တက်နေ၀န်းအသွင်ရှိတောက်ပသော အစင်းကြောင်းပါ ဇာထိုးပန်းထိုးလုပ်သင်တိုင်းကို ၀တ်ဆင်ကြသည်ဟုဆိုထားသည်။
လထ(Lahta)
မြန်မာနိုင်ငံရှိ ပိုး(Pho) အုပ်စုတွင ပအို့်(Pao)နှင့်ပိုး(Pwo) များပါဝင်သည်။ ထိုင်းနိုင်ငံတွင်အခြား စကားကွဲများစွာများစွာရှိသည်။ ပအို့နှင့် ပိုးနှစ်မျိုးစလုံးသည် တောင်ပိုင်းကရင်များ ပါဝင်ကြသည်။
ပိုး (Pwo)
ပိုးများသည် တစ်ခါတစ်ရံ ပို၊ မနူ သို့မဟုတ် ကရင်ဖြူများဟုခေါ်ကြသည်။ ဧရာဝတီမြစ်ဝကွန်းပေါ်ဒေသတွင် ပိုးကရင် ၁.၂ သန်းကျော်နေထိုင်ကြသည်။ ယခင် အထက်မြန်မာနိုင်ငံ လွိုင်လုံဒေသတောင်တန်းများတွင်လည်း အချို့နေထိုင်ကြသောကြောင့် သူတို့ကို ဗမာများက တလိုင်းကရင်ဟုခေါ်ကြသည်။
Scott and Hardiman (1900,I/II:554) တို့က F.H Gilles ၏ဖော်ပြချက်ကို အဖြေပြုလျက် လွိုင်လုံ၊ ပေါင်းလောင်းဒေသရှိ မနူခေါ်ကရင်ဖြူများတို့၏ ရိုးရာဝတ်စုံများအကြောင်း ဖော်ပြခဲ့ကြသည်။ သူတို့သည် သင်တိုင်းများကိုဝတ်ဆင်ကြသည်။ သင်တိုင်းတစ်မျိုးဖြစ်သည်။ လက်တိုဖြစ်သည်။ ပေါင်းလောင်းဒေသတွင် ပိုးထည်များဖြင့်ယက်ကြသည်။ တစ်ဝက်ဖြူ တစ်ဝက်နီသည်။ ဖြူသောအပိုင်းမှာ အပေါ်ပိုင်းဖြစ်သည်။ ထိုသင်တိုင်းအောက်တွင် စကပ် သို့မဟုတ် အမျိုးသမီးအတွင်းအင်္ကျီကိုလည်း ၀တ်ထားကြသည်။ ခြောက်လက်မအရှည် သို့မဟုတ် ဒူးဆစ်အထိကျသည်။ ချည်ထည်ဖြင့်ပြုလုပ်ထားပြီး အရောင်မှာ အများပိုင်း အနီရောင် အပြာနက်ရောင်ဖြစ်သည်။ တဘက်ဟုခေါ်သောခေါင်းပေါင်းကို ပေါင်းထားသည်။ တောင်ရိုးများပေါင်းသောခေါင်းပေါင်းနှင့် အလွန်တူသည်။ သစ်စေးဖြင့်အရောင်ဆိုးထားသော အ၀တ်ကိုလည်း လက်မပါသောသင်တိုင်းနေရာတွင် ထားကြသည်။ ပွဲလမ်းသဘင်များတွင် အမျိုးသမီးများသည် မိမိတို့ သဘက်ဖူးစောင်များကို ကြက်ငှက်အမွေးအတောင် ရောင်စုံမှန်စများဆင်ယင်လျက် ခေါင်းပေါင်းကြသည်။
အမျိုးသားများလည်း ခါးလောက်ရောက်သည့်သင်တိုင်းများကို ၀တ်ကြသည်။ ဘောင်းဘီရှည်များလည်းဝတ်ကြသည်။ ပလောင်အမျိုးသမီးများကဲ့သို့ ခါးတွင်ချည်သောအရာများကို ပတ်ထားကြသည်။ အနည်းစုသာ ထိုသို့ပြုလုပ်ကြသည်။ ခေါင်းပေါင်းကိုချည်ထည်ဖြင့်ယက်လုပ်သည်။ နဖူးအုပ်လျက် ခေါင်းကိုပတ်ထားကြသည်။
Hinton (1974:27) သည်ထိုင်းနိုင်ငံရှိ ပိုးကရင်များအကြောင်းရေးသားရာတွင် 
အိမ်ထောင်သည်နှင့်လူလွတ်အကြား ကွဲပြားခြားနားသောအမျိုးသမီးအ၀တ်များအကြောင်းကို ဖော်ပြထားသည်။ အိမ်ထောင်မရှိသော အမျိုးသမီးငယ်များသည် အနီရောင်အစင်းပါသော ဘလောက်အင်္ကျီများကိုဝတ်ဆင်ကြသည်။ သူနေထိုင်သောနေရာရှိ အမျိုးသမီးများ၏ အ၀တ်အစားများနှင့် ပတ်သက်၍ ပြောရာတွင် အရောင်များမှာ တောက်ပသည့်အနီရောင် အစိမ်းသို့မဟုတ် အနက်ရောင်ကို ပိုမိုဦးစားပေးကြသည်။ အဆင်အယင်များမှာ သူတို့စိန်ကြိုက်ပြုလုပ်ကြသည်။
အခြားကရင်များ (Other Karens)
အထက်ဖော်ပြပါအုပ်စုခွဲများတွင်မပါသော ကရင်မျိုးနွယ်စုလေးမျိုးလည်း တွေ့ရသေးသည်။ ၄င်းတို့မှာ မနူးမနော၊ ဝေေ၀ါ်၊ ယင်းတလဲ နှင့် ဇာယိန်းဖြစ်သည်။
မနူးမနော (Manumanaw)
ကယားပြည်နယ် ကြက်ဖိုးကြီးအနောက်တွင် မနူးမနောခရစ်ယာန်များ ခန့်မှန်းချေ (၃၀၀၀) ခန့်နေထိုင်ကြသည်။ သူတို့အ၀တ်အစားများအကြောင်းကို မှတ်တမ်းတင်ထားခြင်းမတွေ့ရပေ။
ဝေေ၀ါ် (Wewaw)
ဝေေ၀ါ်အကြောင်းအကျဉ်းမျှကို Spearman (1880,I:166) ၏မှတ်တမ်းများတွင် တွေ့ရသည်။ သူကဝေေ၀ါ်များသည် ယဉ်ကျေးမူအဆင့်နိမ့်သေးသည့်လူများဟု ယူဆသည်။ သူတို့သည် အ၀တ်အစားမျိုးစုံဝတ်သူများ ဖြစ်သည်။ အမျိုးသမီးများမှာ ရက်ကန်းယက်ခြင်း မလုပ်ကြသောကြောင့် အသွင်သဏ္ဍန်ခွဲခြား၍မရသော အ၀တ်အစားများကိုဝတဆင်ကြသည်။
ယင်းတလဲ (Yinale)
ကယားပြည်နယ် ဘောလခဲဒေသ တောင်ဘက်တွင် ဗုဒ္ဓဘာသာဝင် ယင်းတလဲကရင်အနည်းစု နေထိုင်ကြသည်။ သူတို့အ၀တ်အစားများအကြောင်းကို မှတ်တမ်းတင်ထားခြင်း မတွေ့ရပေ။
ဇာယိန်း(Zayein)
ဇာယိန်းကို စွမ်းတောင် သို့မဟုတ် ခေါင်းတိုကရင်များဟုလည်းခေါ်ကြသည်။ ရှမ်းပြည်နယ်တောင်ပိုင်းတွင် နေထိုင်ကြသည်။ အမျိုးသားများသည် နားအပေါ်ဘက်တွင် ဆံပင်တစ်ချို့သာချန်ထားပြီး ခေါင်းတုံးရိတ်ကြသည်ကိုအစွဲပြုလျက် ခေါင်းတိုဟုခေါ်ကြခြင်းဖြစ်သည်။ Scott and Hardiman (1900,I/II:539) က F.H Gilles အဆိုဖြစ်သောဇာယိန်းများသည် မြန်မာနိုင်ငံအောက်ပိုင်း ကျိုက္ခမီဒေသမှ မြန်မာနိုင်ငံအထက်ပိုင်း လွိုင်လောင်နှင့် မိုင်ပိုင်ဒေသသို့ရွေ့သွားကြသည်ကို ထပ်မံဖော်ပြထားသည်။ F.H Gilles က ဇာယိန်းတို့၏၀တ်စားဆင်ယင်မှုနှင့် ပတ်သက်၍ရေးသားသည်မှာ အမျိုးသားများသည် ၁၅ လက်မအရှည်ရှိသော ဘောင်းဘီရှည်များကိုဝတ်ကြသည်။ ခါးတွင်ကြိုးးနှင့်ချည်ထားသည်။ ကုတ်အင်္ကျီရှည်မှာလည်း ဒူးဆစ်အထိရောက်သည်။ လည်ပင်းတွင်ချည်ထားသည် သို့မဟုတ် ဖွင့်ဟထားသည်။ ဘောင်းဘီရှည်ရော ကုတ်အင်္ကျီပါ အဖြူရောင်ဖြစ်သည်။ အမျိုးသမီးများလည်း သင်တိုင်းတိုများကိုဝတ်ကြသည်။ အနက်ရောင်အစင်းသည် လည်ပင်းကိုပတ်လျက် ကျောဘက် ရင်ဘက်ခြမ်းအတိုင်း အောက်သို့သွယ်တန်းသည်။ လက်မောင်းစကိုလည်း ပတ်ထားသည်။ အောက်ဆုံးအနားသတ်မှာ သုံးလက်မခန့် အကျယ်ထားသည်။ ထိုသင်တိုင်းမျိုးသည် ဒူးဆစ်နှင့်ပေါင်ကြားလောက်တွင်ရောက်သည်။ အချို့ကို ခရုခွံများနှင့်ဆင်ယင်ထားသည်။ အတွင်းခံအဖြစ် စကပ်များကိုဝတ်သည်။ စကပ်များသည် ဒူးဆစ်လောက်အထိမရောက်ပါ။ အဖြူရောင်ပေါ်တွင် အနက်ရောင်တင်သည်။ အနီရောင်နှင့် အနက်ရောင်ကိုလည်း အနားသတ်လိုင်းဆွဲထားသည်။ ပထမလိုင်းမှာ လက်မခန့်ကျယ်၍ ဒုတ်ယလိုင်းမှာ လက်မ၀က်ခန့်ကျယ်သည်။ တတိယလိုင်းမှာ သုံးလက်မခန့်ရှိသည်။ အနက်ရောင်ထိုးထားသောချည်ထည်ကို ဒူးဆစ်အောက်ခြေထောက်တွင် ပတ်ထားသည်။ အပြာ သို့မဟုတ် အနီရောင်အ၀တ်စကို ခြေသလုံးတွင်ပတ်ထားသည်။ ကြေးကွင်းများကိုလည်း ခြေထောက်နှစ်ဖက်ရှိ ခြေကျင်းဝတ်တွင် လေးလက်မခန့်အထိ ၀တ်ထားသည်။ ခေါင်းကိုလည်း လိပ်ခုံးပုံမို့မောက်အောင်ဖြီးထားသည်။ မို့မောက်နေသောဆံပင်ပေါ်အောင် ခေါင်းပေါင်းလည်းပေါင်းထားသည်။ ခေါင်းပေါင်းကို အမျိုးမျိုးတန်ဆာဆင်ထားသည်။ အဖြူစနှင့် အနီစရှစ်မျိုးပါရှိသည်။ (၂၀) လက်မရှည်လျားပြီး (၆) လက်မကျယ်သည်။
Lowis (1919:45) ဇာယိန်းတို့၏ အ၀တ်အစားတို့နှင့်ပတ်သက်၍ အတိုချုပ်ဖော်ပြခဲ့သည်။ သင်တိုင်းနှင့်ခြေကျင်းဝတ်ကြေးကွင်းများမှာ မျိုးနွယ်စုတိုင်းရှိ အမျိုးသမီးများ၏ သာမာန်အ၀တ်အစားများဖြစ်သည်။ ဘောင်းဘီတိုမှာ အမျိုးသားများအတွက် ၀တ်ဆင်သောအ၀တ်ဖြစ်သည်။ အချို့နေရာများတွင် အမျိုးသမီးများ၏ ဆံပင်ပုံစံများမှာ ထူးဆန်းသည်။ Goteborg Ethnographical Museum တွင် ဇာယိန်းတို့၏ အ၀တ်အထည်သုံးမျိုးကို ခင်းကျင်းပြသထားသည်။ ပထမတစ်မျိုးမှာ အမျိုးသမီးဝတ်လက်တို ဘလောက်အင်္ကျီ၊ ဆေးဆိုးထားခြင်းမရှိ၊ အဖြူရောင်တန်ဆာဆင်ထားခြင်းမရှိ။ (AC#35.39.740)၊ ဒုတိယတစ်မျိုးမှာ အမျိုးသားဝတ်အင်္ကျီ လက်ပါဂျက်ကက်ဖြစ်သည်။ (AC#35.39.738) တတိယတစ်မျိုးမှာ အမျိုးသားဝတ်ဘောင်းဘီတို ဆေးမဆိုးထားသောချည်ထည်၊ အဖြူရောင်၊ အညိုရောင် အစင်းများရှိသည်။ (AC#35.39.739) ၄င်းအားလုံးကို "၀ါသာ" (Watha) တွင်စုဆောင်းခဲ့သည်။ အမျိုးသားအင်္ကျီပုံများကိုလည်း တွေ့ရသည်။ ဓါတ်ပုံရိုက်ကူးထားခြင်းမတွေ့ရ။
Scott and Hardiman (1900,I/II:544) တို့ကလည်း စင်းစင်း (Sin Sin) ဟုခေါ်သော ကရင်မျိုးနွယ်စုအကြောင်းကို ဖော်ပြထားသည်။ ဇာယိန်းနှင့်တစ်မျိုးတည်းဖြစ်သည်။ သို့သော် တောင်သူနှင့်ရှမ်းရွာများတွင် အတူယှဉ်တွဲနေထိုင်ကြသည်။ သူတို့ဘာသာစကားကို ထိန်းသိမ်းကြရန် လိုအပ်လာသည်။ အကြောင်းမှာတောင်သူတို့၏ လွမ်းမိုးမှုကို များစွာခံနေရသည်။ Scott and Hardiman (1900,I/II:545) တို့အဆိုအရ အမျိုးသားများသည် တောင်သူ ဓနုများကဲ့သို့ ၀တ်စားဆင်ယင်လာကြသော်လည်း အမျိုးသမီးများမှာ မိမိတို့ကိုယ်ပိုင်ရိုးရာဝတ်စုံများကို ၀တ်ကြသေးသည်။ အမျိုးသမီးများသည် ဒူးဆစ်အထိရောက်သော သင်တိုင်းများကိုဝတ်ဆင်ကြသည်။ အဖြူရောင်သင်တိုင်းဖြစ်သည်။ အပြာရောင်လိုင်းကိုလည်း လည်ပင်းပတ်လည် နံဘေးပတ်လည် ရင်ဘတ်ကျောဘက်ထက်အောက် ဖော်ထားသည်။ အင်္ကျီလက်များမှာ အပြာ အနီကြိုးများဖြင့် ဖော်ထားပြန်သည်။ အနက်ရောင်ဆိုးထားသောချည်ကိုလည်း ခါးတွင်ပတ်ထားသည်။ အတွင်းဂါဝန်ကိုမ၀တ်ကြ။ တောင်သူအမျိုးသမီးများကဲ့သို့ ခေါင်းပေါင်းကြသည်။ ဆံပင်ပုံမှာလည်း အတူတူပင်ဖြစ်သည်။
အခြားသောကရင်များ၏ အမည်များကို အခြားမှတ်တမ်းစာပေများတွင် တွေ့ရသေးသည်။ ၄င်းတို့သည် အထက်ဖော်ပြပါ ကရင်အုပ်စုခွဲများတွင် အချို့ပါဝင်ကြပြီး အချို့မှာလည်း အခြားအုပ်စုခွဲများ၌ ပါဝင်ကြသည်။
(Michale C.Howard ၏ Texitles of the Hill Tribes မှ "The Karen" ကိုပြန်ဆိုခြင်းဖြစ်သည်။
လပုပ်ပုပ် ဘာသာပြန်ရေးသားသည်။
Sunday, August 23, 2009
ခလရ ၃၂ စစ်ကြောင်းအပစ်ခတ်ခံရပြီး နှစ်ယောက်သေ

Kaowao
သြဂုတ်၂၃ ၊၂၀၀၉။
စံခလပူရီ(သြဂုတ်-၂၃)။ ။ မကြာမီရက်ပိုင်းက ဘုရားသုံးဆူမှပြောင်းရွေ့ထွက်ခွာလာခဲ့သော ခလရ ၃၂ တပ်ရင်း စစ်ကြောင်းမှာ ယမန်နေ့၊ နံနက် ၁၁ ခန့်က တားဒိန်ချောင်းကိုဖြတ်ကျော်ပြီး သက်ကယ်နှင့် အပလုံရွာကြား၌ KNU ပြောက်ကြားများ၏ ပစ်ခတ်ခြင်းခံရ၍ နှစ်ယောက်သေဆုံးကာ ဘုရားသုံးဆူ-အနန်းကွင်း မော်တော်ကားလမ်း ဘေးတွင် ယင်းအလောင်းနှစ်လောင်း မြေမြှုပ်သဂြိုလ်ထားသည်ကို သိရှိရကြောင်း KNU တပ်မဟာ၆ ပြောခွင့်ရ အရာရှိက ပြောကြားခဲ့သည်။
မွန်ပြည်သစ်ပါတီ၊ တားဒိန်ဂိတ်စခန်း တာဝန်ခံကလည်း “မနေ့နေ့လည်လောက်မှာ လက်နက်ကြီးပေါက်ကွဲသံ ၁၂ လုံးလောက် ကျနော်တို့ကြားမိတယ်၊ ၃၂ စစ်ကြောင်းက ၂ ယောက်ကျတယ်လို့ သိရတယ်” ဟု ပြောပြခဲ့သည်။
ထိုသို့အပစ်ခတ်ခံလိုက်ရပြီး လွန်ခဲ့သည့်ညတွင် သက်ကယ်ရွာ၌ ခလရ ၃၂ စစ်ကြောင်းပြန်လည်အိပ်လိုက်ရသည်။
ထို့နောက် ယနေ့နံနက် ၇ နာရီခန့်တွင် အပလုံရွာဖက်သို့ ထိုစစ်ကြောင်း ဆက်လက်ထွက်ခွာသွားနေသည်ဟု KNLA တပ်ရင်း ၁၆ ခွဲ ၂ မှ အရာရှိတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်အရ သိရသည်။
သြဂုတ်လ ၂၀ ရက်နေ့၌ တားဒိန်စခန်းအနီး ညအိပ်ရပ်နားစဉ် တပ်ဖွဲ့ဝင် ၂ ဦးထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး တားဒိန်ချောင်းအဖြတ်တွင် တပ်သားတစ်ဦး လက်နက်တစ်လက်နှင့်အတူ ရေမျောသေဆုံးခဲ့သည်။
ခလရ ၃၂ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးခင်ဇော် ဦးစီးစစ်ကြောင်းမှာ လွန်ခဲ့သည့်သြဂုတ်လ ၁၉ ရက်နေ့တွင်စတင်၍ ဘုရားသုံးဆူနယ်စပ်မြို့မှ မိခင်တပ်ရင်းတည်ရှိသော ကြာအင်းဆိပ်ကြီးမြို့ဆီသို့ ရှေ့တန်းပြန်ခရီး တရွေ့ရွေ့ စတင်လာခဲ့ရာ လက်ရှိအနေအထား၌ စစ်ကူမရှိပဲ KNU ပြောက်ကျားများ အသင့်စောင့်ဆိုင်းနေသော လမ်းကြောင်း အတွင်း ခရီးမတွင်နိုင် ဖြစ်နေရသည်။
ဘုရားသုံးဆူမှ သံဖြူဇရပ်မြို့အနီးသို့ မြေနီလမ်းကြောင်းတောလမ်း အရှည်မိုင်မှာ ၅၈ မိုင်ခန့်ရှိသည်။ ဤလမ်း ကြောင်းတလျှောက်တွင် KNU ပြောက်ကျားများစိုးမိုးနိုင်သော ဧရိယာမှာ ၄၀ မိုင်ခန့်ရှိသည်။ ယခုစစ်ကြောင်းမှာ တစ်နေ့ ၅ မိုင်ခန့်ပင် ခရီးမပေါက်နိုင်သေးသည်ကို သတင်းမှတ်တမ်းများတွင် သိရှိနိုင်သည်။
Saturday, August 22, 2009
Thursday, August 20, 2009
မယ်လအူးစခန်းအတွင်း ကျူရှင်အတန်းများပြားလာ
သြဂုတ်လ ၂၀ရက်။ စောခါးစူးညား (ကေအိုင်စီ)
ထိုင်းနိုင်ငံ မဲဟောင်ဆောင်ခရိုင်ရှိ မယ်လအူး ကရင်ဒုက္ခသည်စခန်းအတွင်း တတိယနိုင်ငံထွက်မည့်သူများအတွက် အင်္ဂလိပ် ကျူရှင် အတန်း (Tuition Class) ဖွင့်လှစ်မှုများ ၂၀၀၉ခုနှစ် အစပိုင်းမှ ယခု သြဂုတ်လအထိ များပြားလာသည်ဟု သိရသည်။
တတိယနိုင်ငံ လျှောက်ထားသူများသည် ၎င်းတို့ သွားရောက်အခြေချမည့် နိုင်ငံတွင် အင်္ဂလိပ်စကားသာပြောကြသောကြောင့် အလုပ် ရရှိရေးအတွက်ဖြစ်စေ၊ ပညာရေးအတွက်ဖြစ်စေ လိုအပ်သည့်အပေါ် ယခုလို သင်တန်းများပြားလာခြင်းဖြစ်သည်ဟု မယ်လ အူးစခန်းမှ ရောင်နီဦးကျောင်းအုပ်ဖြစ်သူ ဦးလှဌေးက ကေအိုင်စီကို ပြောသည်။
“တတိယနိုင်ငံ အခြေချနိုင်နေထိုင်ရေးအစီအစဉ် မရှိစဉ်တုန်းကဆိုရင် ဒီလိုကျူရှင်အတန်းလိုမျိုး ရှိတာ မကြားရပါဘူး။ အခု ဒီနှစ်အ တောအတွင်းမှာ တော်တော်များလာတာကို တွေ့ရတယ်။ စခန်းရပ်ကွက်တိုင်းလိုလိုရှိတယ်။ ကျနော်တိတိကျကျ ထောက်ပြနိုင်တဲ့ ရပ်ကွက်(၁)မှာ ရှိတယ်။ နောက် ဖွေးဘောလူမှာရှိတဲ့ (၂, ၃, ၄, ၆) စတဲ့ရပ်ကွက်ဖြစ်ပါတယ်”ဟု ဆိုသည်။
ကျူရှင်သင်ကြားခြင်းနှင့်ပတ်သက်၍ အကျိုးကျေးဇူး များစွာရှိကြောင်း၊ အတန်း(၁)တန်းတွင် လူဦးရေ ၅၊ ၁၀ မှ ၂၀ ဦးအထိ ရှိ ကြောင်း၊ ကျူရှင်ဆရာက အတန်း(၁)တန်းကို ဘတ်ငွေ ၁,၀၀၀ မှ ၂၀,၀၀၀ အထိ ကောက်ယူကြောင်းနှင့် တက်ရောက်သင်ယူသူ များသည် အသက်ကြီးသူများပါဝင်သော်လည်း အများအားဖြင့် လူငယ်များ ဖြစ်ကြောင်း တက်ရောက်ဖူးသူ စောတောရီးက ပြော သည်။
၎င်းက “တချို့မိသားစုတွေက သင်တန်းဆရာကို ပုတ်ပြတ်ငှားတယ်။ မိသားစု တစုကို တလ ဘတ်ငွေ ၁,၀၀၀ ငှားတာရှိတယ်။ မိသားစု တစုဆိုတော့ လူ ၃, ၄, ၅ယောက်ပေါ့နော်။ နောက် လူ ၂၀ ၀န်းကျင်လောက်ရှိတဲ့ ကျူရှင်ဝိုင်းတွေလည်း ရှိတယ်။ အဲဒီလူ တက်တဲ့ သူတွေကိုကျတော့ တလကို ၁၀၀ လောက် ပေးရတာတွေ ရှိတယ်။ တော်တော်ထိရောက်တာကိုလည်း တွေ့ရတယ်။ ကနေဒါမှာ ရောက်သွားတဲ့ မိသားစုတစုမှ ဆယ်နှစ်ကျော် မိန်းကလေးငယ်တဦးဆိုရင် စခန်းမှာ ဒီလို အင်္ဂလိပ်စာ ကျူရှင်မျိုးတက်ခဲ့ တဲ့အတွက် စာမေးပွဲ ၀င်ခွင့်တခုမှာ အောင်အောင်မြင်မြင် ဖြေဆိုနိုင်ခဲ့တာ ရှိတယ်”ဟု ပြောဆိုသည်။
မယ်လဦးဒုက္ခသည်စခန်း
အင်္ဂလိပ်စာ သင်ကြားရာ၌ ကျူရှင်ဆရာများက အဓိကအားဖြင့် သဒ္ဒါနှင့် စကားပြောခြင်း အပိုင်းတွင် ပို၍ သင်ကြားပို့ချပေးကြောင်း သိရသည်။
၂၀၀၉ခုနှစ် မေလ၌ ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာကူညီစောင့် ရှောက်ရေးအဖွဲ့ (ယူအဲန်အိပ်ခ်ျစီအာရ်)က မယ်လအူး စခန်းကို လာရောက်၍ စခန်းအတွင်းရှိ ၂၀၀၅ခုနှစ်အထိ လူဟောင်းစာရင်းဝင်များအားလုံး အမေရိကန်နိုင်ငံသို့ လျှောက်ထားနိုင် ကြောင်း စာရင်းကောက်ခဲ့သည်။
မယ်လအူး ကရင်ဒုက္ခသည်စခန်းသည် ရပ်ကွက် (၁၃)ခုရှိသည့်အနက် လက်ရှိ လူဦးရေ ၁၀,၀၀၀ ကျော်ရှိပြီး (ယူအဲန်အိပ်ခ်ျစီအာရ်) ၏ အစီအစဉ်ဖြင့် ၂၀၀၈ခုနှစ်အတွင်း ကနေဒါနှင့် သြစတြေးလျားနိုင်ငံသို့ ထွက်သွားသူဦးရေ ၃၀၀ခန့်ရှိပြီဖြစ်သည်။
အိမ် ပြန်ချင်ပြီ
သြဂုတ်လ ၂၀ရက်။ နန်းထူးစံ(ကေအိုင်စီ)
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ရောက်ရှိကာ အိမ်ဖော်အလုပ်ဖြင့် အလုပ်လုပ်ခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း ယခုချိန်အထိ အိမ်ကို မပြန်နိုင်သေးဘဲ ဖြစ်နေပြီး အိမ်တွင် မိသားစုများနှင့် အေးအေးဆေးဆေး ပြန်နေချင်ပြီဟု ဆိုသည့် ကော့ကရိတ်မြို့နယ်၊ ကျိုက်ဒုံတိုက်နယ်သူ နန်းလင်းလင်း(နာမည်ရင်းမဟုတ်)က ဆိုသည်။
သူမက “ထိုင်းနိုင်ငံမှာ ရောက်လာတာ (၄)နှစ်ရှိသွားပြီ၊ သူဌေးအိမ်မှာ သန့်ရှင်းရေး၊ ထမင်းချက် လုပ်ရတာ ဝပြီ၊ တလမှာ ဘတ်(၆,၀၀၀) ရပေမဲ့ အိမ်ကိုပို့လိုက်၊ စားလိုက်နဲ့ ဒီလိုပဲ သံသရာလည်နေတော့ အိမ်ကို ဘယ်တော့ ပြန်ဖြစ်မလဲဆိုတာ မသိတော့ဘူး။ အိမ်ကို အရမ်းပြန်ချင်တယ်” ဟု ရင်ဖွင့်ပြောဆိုလာသည်။
နန်းလင်းလင်းသည် လူငယ်တဦးဖြစ်သည့်အတွက် ပညာဆက်လက်သင်ယူချင်သော်လည်း မိသားစု စားဝတ်နေရေး အခက်အခဲ ကြောင့် ကျောင်းပညာကို (၉)တန်းအထိသာ သင်ယူခဲ့ပြီ်း ထိုင်းနိုင်ငံအတွင်းသို့ သူငယ်ချင်းများနှင့်အတူ လိုက်ပါခဲ့ခြင်းဖြစ်သည်။
အသက် (၂၂)နှစ်အရွယ်ရှိ နန်းလင်းလင်းသည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ၂၀၀၆ ခုနှစ်က စတင်ရောက်ရှိခဲ့ပြီး ထိုင်းသူဌေးမိ သားစု တစု၏အိမ်တွင် အိမ်ဖော်အဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ကာ ရရှိသည့်လုပ်ခ တဝက်ကျော်ကို ရွာတွင်ကျန်ရှိသူ အမေအိုနှင့် ကျောင်းနေ ညီမလေးတို့၏ အိမ်အသုံးစရိတ်၊ ကျောင်းရိတ်အတွက် ပို့ပေးနေရသည်။
ထိုကဲ့သို့ အိမ်ကို လစဉ်ငွေပို့ပေးသော်လည်း မြန်မာနိုင်ငံတွင် ဝယ်ယူစားသုံးရသည့် အခြေခံစားသုံးကုန်၊ အသုံးအဆောင်ပစ္စည်း များ၏ ဈေးနှုန်းများက ကြီးမြင့်၊ ညီမဖြစ်သူ ကျောင်းစရိတ်ကလည်း အကုန်အကျများသည့်အတွက် လုံလောက်မှုမရှိသည့်အပြင် ဒေသတွင်း အုပ်ချုပ်သူ အာဏာပိုင်းများ၏ အခွန်ကောက်ခံမှုကိုလည်း ပေးဆောင်ရသည်ဟု ဆိုသည်။
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ ကျိုက်ဒုံတိုက်နယ်အတွင်း နအဖ တပ်၊ ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့(ကေပီအက်ဖ်)နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(ဒီကေဘီအေ)တပ်ဖွဲ့များက အခြေချ လှုပ်ရှားလျက်ရှိသည်။
အဆိုပါ တပ်များက ၎င်းတို့တပ်ဖွဲ့များ စားသုံးရန် ရိက္ခာ၊ နေထိုင်ရန် စခန်း၊ အဆောက်အအုံများအတွက် ကုန်ကျစရိတ်များကို ရွာသူရွာသားထံတွင် ကောက်ယူခဲ့သည့်အပြင် ၎င်းတို့၏ လုပ်ငန်းလှုပ်ရှားမှုများတွင်လည်း ဒေသခံရွာသားများကို ခေါ်ယူခိုင်းစေခဲ့သည်ဟု သိရသည်။
ထို့အပြင် ရွာသူရွာသားပိုင် လယ်ယာ၊ အိမ်မြေယာနှင့် ခြံများကိုလည်း ဒေသတွင်းရှိ အာဏာပိုင်များအား နှစ်စဉ်အခွန်ဆောင်နေရ သည်။
“ကျမတို့ရွာမှာက အုပ်ချုပ်တဲ့အဖွဲ့တွေက များတော့၊ နအဖ ကလည်း ဘာခွန်ညာခွန်နဲ့ ခဏခဏကောက်တယ်။ ဒီကေဘီအေက လည်း စစ်ကြေးလာ၊ ပေါ်တာကြေးလား ကောက်ပြန်ပြီ။ ကေပီအက်ဖ်လည်း အဲသလိုပဲ သူ့နည်းသူ့ဟန်နဲ့ ကောက်ကြတာ” ဟု နန်းလင်းလင်းက ပြောဆိုကာ “ဒီဝဋ်ကြွေးကနေ ဘယ်တော့ လွတ်မှာလဲဆိုတာ မသိတော့ဘူး”ဟု ငြင်းညူပြောဆိုသွားသည်။
ထိုဒေသရှိ ရွာသူရွာသားများသည် လယ်ယာနှင့် ခြံလုပ်ငန်းများကို အဓိကထား လုပ်ကိုင်စားသောက်ကြပြီး ထိုသို့လုပ်ကိုင်စား သောက်ရာတွင် ယခင်က မိသားစုအတွက် ဖူလုံမှုရှိသော်လည်း ယခုအချိန်တွင် ပြည်တွင်း စီးပွားရေးကျဆင်းမှု၊ ကုန်ဈေးနှုန်း ကြီးမြင့်မှုနှင့် အဘက်ဘက်မှ အကောက်အခွန်များ ပေးဆောင်ရမှုတို့ကြောင့် ယခင်ကလို ဖူလုံမှုမရှိပေ။
စစ်အစိုးရက မြန်မာနိုင်ငံတွင် နေထိုင်ကြသည့် တိုင်းရင်းသားပြည်သူများအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ပေးလျက်ရှိ ကြောင်း ၎င်းတို့ပိုင် သတင်းမီဒီယာများတွင် နေ့စဉ် ထည့်သွင်းပြောဆိုလေ့ရှိသည်။ သို့သော်လည်း နန်းလင်းလင်း နေထိုင်သည့် ဒေသများတွင် အုပ်ချုပ်သူအစိုးရက မည်သည့်ဖွံ့ဖြိုးရေးလုပ်ငန်းမှ လုပ်ဆောင်ပေးခြင်း မရှိဘဲ ရွာသူရွာသားများက မွဲသထက် မွဲလာလေသည်ဟု ဆိုလေသည်။
စီးပွားရေးအခက်အခဲကြောင့် မိသားစု စားဝတ်နေရေး ဖူလုံရန်အတွက် မိဘများ၏အပူမှ သားသမီးများသို့ ကူးဆက်သွားပြီး ကရင် ပြည်နယ်အတွင်းရှိ လူငယ်အမြောက်အများက ပညာကို ဆုံးခန်းတိုင် မသင်ယူနိုင်ဘဲ အိမ်နီးချင်း ထိုင်းနိုင်ငံအတွင်းသို့ ခိုးဝင်လာ ကာ ကြီးမားသည့် မိသားစုတာဝန်ကို ထမ်းဆောင်နေကြရသည်။
တချို့သော မိဘများက အဆိုပါ စားဝတ်နေရေးအခက်အခဲများကို ကိုင်တွယ်ဖြေရှင်းရာမှာ ၎င်းတို့၏ သားသမီးများကို မှီခိုအားထားလာကြပြီး အရွယ်ရောက်လာသည့် သားသမီးများကို ဝင်ငွေအနည်းငယ်ကောင်းသည့် ထိုင်းနိုင်ငံအတွင်း သွားရောက် အလုပ်လုပ်ကိုင်ရန် ဖိအားပေးလာသည်လည်း ရှိသည်။
ထိုသို့ ထိုင်းနိုင်ငံအတွင်း ရောက်ရှိလာသည့် လူငယ်များသည် ရရာအလုပ်ကို ဝင်လုပ်ကြရပြီး အမျိုးသားများက ကျပန်း နေ့စားအ လုပ်များ၊ ဆောက်လုပ်ရေးအလုပ်များ၊ သံချက်သည့် အလုပ်များ စသည်ဖြင့် ကြမ်းတမ်းသည့် လုပ်ငန်းများကို လုပ်ကိုင်ကြရကာ၊ အမျိုးသမီးများမှာမူ အိမ်ဖော်၊ ဈေးဆိုင်၊ စားသောက်ဆိုင်၊ စက်ရုံအလုပ်ရုံများတွင် ရှိသည့်အလုပ်များကို လုပ်ကိုင်ကြရင်းဖြင့် ရသည့်လုပ်ခများကို အိမ်မှ မိသားစုများကို ထောက်ပံ့နေကြသည်။
မြန်မာနိုင်ငံတွင် အလုပ်အကိုင်ရှားပါးမှုကြောင့် ထိုင်းနိုင်ငံအတွင်း ဝင်ရောက်ကာ အလုပ်များ ရှာဖွေလုပ်ကိုင်နေသည့် မြန်မာပြည်သား (၄)သန်းခန့် ရှိနေသည်ဟု သိရပြီး ၎င်းတို့အနက် နယ်မြေမကျွမ်းကျင်မှုနှင့် ဘာသာစကားပြဿနာကြောင့် အခက်အခဲအမျိုးမျိုးနှင့် ရင်ဆိုင်ခဲ့ရကာ ဘဝပျက်ခဲ့ရသည့်သူများလည်း ရှိသည်ဟု သိရသည်။
သို့သော်လည်း ရရာအလုပ်ကို လုပ်ရင်းဖြင့် နှစ်ပေါင်းကြာလာသော်လည်း နန်းလင်းလင်းကဲ့သို့ အိမ်ပြန်ရန် အခြေအနေမပေးသည့် သူလည်း အများအပြားရှိနေသည်။
နန်းလင်းလင်းကတော့ အိမ်ကိုလွမ်းရင်းဖြင့် မိသားစု စားဝတ်နေရေး ပြေလည်စေရေးအတွက် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ဆက်လက်ပြီး အလုပ်လုပ်ရဦးမည်ဟု ဆိုသည်၊
Wednesday, August 19, 2009
ကရင်ပြည်နယ်တွင် ထိုးစစ်ဆင်ဦးမည်

ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ၏ ကရင်ပြည်နယ် တောင်ပိုင်းရှိ တပ်မဟာ ၇ နယ်မြေမှ စခန်းများကို တိုက်ခိုက် သိမ်းပိုက်ခဲ့သည့် မြန်မာ့ တပ်မတော်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်ဖွဲ့(DKBA) တို့၏ ပူးပေါင်း တပ်များက ကရင်ပြည်နယ် မြောက်ပိုင်းရှိ KNLA အခြေစိုက် စခန်းများကို လာမည့်လတွင် ထိုးစစ်ဆင်ရန် ပြင်ဆင်နေကြသည်။
ထိုးစစ်ကို ခုခံရန် ပြင်ဆင်နေကြသည့် KNLA တပ်မဟာ ၅ ဒေသမှမှ တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - စောရန်နိုင်/ဧရာဝတီ)
ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင် အနီးရှိ သံလွင်မြစ် တလျှောက်ရှိ KNLA တပ်မဟာ ၅ ဒေသမှ စခန်းများကို ထိုးစစ်ဆင် ကြမည်ဖြစ်ရာ KNLA ကလည်း ၎င်းတို့၏ စခန်းများကို အလွယ်တကူ လက်လွတ် ဆုံးရှုံးခံမည် မဟုတ်ဘဲ ပြန်လည်ခုခံ တိုက်ခိုက်ရန် အသင့်ပြင်ထား ကြသည်ကို တွေ့ရသည်။
စစ်ရိပ်စစ်ငွေ့ သမ်းနေသည့် KNLA ၏ တပ်မဟာ ၅ ဒေသတွင် တပ်မဟာမှူးက ၎င်းတို့၏အစီအစဉ်များနှင့် ပတ်သက်ပြီး ဧရာဝတီကို ရှင်းပြသည်။
မကြာမီ ရောက်လာနိုင်သည့် ထိုးစစ်အတွင်း သူ၏ တပ်ဖွဲ့ဝင်များက နယ်မြေ နှင့် ဒေသခံ ရွာသူရွာသားများကို အကာအကွယ်ပေးရန် အစွမ်းကုန် ကြိုးစားမည်၊ ၎င်းတို့နည်းတူ ကရင် တိုင်းရင်းသားများဖြင့် ဖွဲ့စည်းထားသော DKBA တပ်ဖွဲ့များကိုလည်း ပြန်လည် တိုက်ခိုက်မည်ဟု KNLA ၏ အမှတ် ၅ တပ်မဟာမှူး ဘော်ကျော်က ဆိုသည်။
“DKBA က ရန်သူ့အမိန့်ကို နာခံနေရင်တော့ သူတို့ကလည်း ကျနော်တို့ရဲ့ ရန်သူပဲ” ဟု တပ်မဟာမှူးက ပြောသည်။
DKBA သည် KNLA မှ ခွဲထွက်သွားသည့် အဖွဲ့ ဖြစ်သည်။ ယခင်က မြန်မာ့တပ်မတော်ကို အတူ ရင်ဆိုင်ခဲ့ကြသော်လည်း ၁၉၉၅ ခုနှစ်တွင် ဗုဒ္ဓဘာသာဝင် တပ်သားများက DKBA အဖြစ် ခွဲထွက်ပြီးချိန်မှ စ၍ ရန်ဘက်များ ဖြစ်လာကြသည်။
ကရင်ပြည်နယ် တောင်ပိုင်း တပ်မဟာ ၇ နယ်မြေရှိ KNLA စခန်းများကို ယခင်လအတွင်း ထိုးစစ်ဆင်စဉ် မြန်မာ့တပ်မတော်က နောက်ဘက်မှ လက်နက်ကြီးဖြင့် ပစ်ပြီး၊ DKBA တပ်များက ရှေ့မှ တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။ လာမည့်လအတွက် ထိုးစစ်မှာ ကရင်ပြည်နယ် မြောက်ပိုင်းရှိ တပ်မဟာ ၅ ဒေသကို ဦးတည်နေသည်။
KNLAက အသင့် ပြင်ဆင်ထားသဖြင့် DKBA သည် ၎င်းတို့၏ တပ်သား အများအပြားကို ဆုံးရှုံးပြီးမှသာ တပ်မဟာ ၅ ဒေသကို စိုးမိုးနိုင်မည်ဟု ထိုင်းမြန်မာနယ်စပ် သတင်းရပ်ကွက်များက ခန့်မှန်းကြသည်။
မြန်မာ့တပ်မတော် နှင့် DKBA ပူးပေါင်း တပ်များ ထိုးစစ် ပြင်နေသည်ဟူသော သတင်းကြောင့် ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်းမှ ဒေသခံ ရွာသား အများအပြားမှာ စိုးရိမ်နေကြသည်ဟု အဆိုပါ နယ်စပ်တလျှောက်ရှိ ကရင်ရွာသားများက ပြောပြသည်။
ထိုးစစ်ဆင်မှု အောင်မြင်ပါက တိုက်ပွဲများကို ရှောင်ရှား၍ တောတောင်များအတွင်း ပြေးလွှား ပုန်းအောင်နေရသူ (IDP) အရေ အတွက် ပိုမို များပြားလာဖွယ်ရှိပြီး ယခင်ကနည်းတူ စစ်ပြေး ဒုက္ခသည်များအဖြစ် အိးတူထ (Ei Tu Hta) ဒုက္ခသည်စခန်းမှ တဆင့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ရောက်လာနိုင်သည်ဟု နယ်စပ်မှ ကရင်တိုင်းရင်းသားများက ခန့်မှန်းကြသည်။
“DKBA က နယ်စပ်တလျှောက် နယ်မြေရှင်းလင်းရေး လုပ်ပစ်မှာကို ရွာသားတွေက ကြောက်နေကြတယ်” ဟု အိးတူထ စခန်း ကော်မတီ အတွင်းရေးမှူး ဝါးအယ်ထူးက ဧရာဝတီကို ပြောသည်။
အိးတူထ သည် ကရင်ပြည်နယ်အတွင်း သံလွင်မြစ်ဘေးတွင် တည်ရှိသည့် ဒုက္ခသည်စခန်း ဖြစ်သည်။
“ဒုက္ခသည်တွေ နိုးနိုးကြားကြား နေကြဖို့တော့ ကျနော်တို့ သတိပေးထားတယ်။ အချိန်မရွေး ထပြီး ပြေးလွှားနိုင်အောင်လို့ အစာ စားပြီးတိုင်း အိုးခွက် ပန်းကန် အဝတ်အစားတွေ အသင့်ပြင်ထားဖို့ ပြောထားတယ်” ဟု ဝါးအယ်ထူးက ဧရာဝတီကို ပြောသည်။
ဤအတောအတွင်း ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင် နှင့် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် ကော့လူဒိုးမြို့အတွင်းတွင် ပုန်းအောင်းနေကြရသည့် IDP အရေအတွက် ၁ဝ ဝဝဝ ဝန်းကျင် ရှိပြီး မြန်မာ့တပ်မတော်၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းနေကြသည်ဟု ဒေသခံရွာသားများ၊ အကူအညီပေးရေး ဝန်ထမ်းများက ဧရာဝတီကို ရှင်းပြသည်။
စခန်း တိုက်ခိုက်ခံရပါက အခက်အခဲ များစွာနှင့် ရင်ဆိုင်ရမည်ကို အိသုထ စခန်း အမှတ် ၆ ရပ်ကွက် တာဝန်ခံ စောတခွဲက စိုးရိမ်နေသည်။ သူ ကွပ်ကဲနေရသည့် ရွာသားများက နေရပ်ရင်းသို့ပြန်ရန် မဝံ့ရဲကြကြောင်း၊ ထိုင်းနိုင်ငံဘက်သို့ တိမ်းရှောင်ပါကလည်း ထိုင်းအာဏာပိုင်တို့က ရေရှည် ခိုလှုံခွင့် ပေးမည်မဟုတ်ကြောင်း စောတခွဲက ပြောသည်။
စခန်း တိုက်ခိုက်ခံရလျှင် ရွာသားများသည် ရိက္ခာ၊ ဆေးဝါး အထောက်အပံ့များ ပြတ်တောက်ပြီး၊ ပညာသင်ကြားမှုများလည်း ရပ်ဆိုင်းရမည်ဟု ဆိုသည်။
“ရန်သူက တိုက်ဖို့ ပြင်နေပြီဆိုရင်တော့ ကျနော်တို့တော့ ကြောက်တယ်” ဟု စောထီးကွယ်က ပြောသည်။
ဒေသခံ ရွာသားများ၊ စီးပွားရေးသမားများကလည်း ဒေသအခြေအနေကို စောင့်ကြည့်နေကြသည်။
ထိုးစစ် ပြီးဆုံးပါက DKBA တပ်ဖွဲ့များသည် ထိုင်းမြန်မာနယ်စပ် သံလွင်မြစ်တလျှောက်တွင် အခြေချမည်ဟု DKBA သတင်းရပ်ကွက်တခုထံမှ သိရသည်။
သံလွင်မြစ် နှင့် သောင်ရင်းမြစ် များရှိ သစ်ထုတ်လုပ်ခြင်း၊ အခွန်ကောက်ခြင်း၊ ရေကာတာ တည်ဆောက်ရေး လုပ်ငန်းအပါအဝင် နယ်စပ်ဒေသ ကုန်သွယ်ရေး လုပ်ငန်းများကို DKBA က တာဝန်ယူ ထိန်းချုပ်ပြီး လုံခြုံရေး ယူရမည်ဟု အဆိုပါ DKBA သတင်းရပ်ကွက်က ပြောသည်။
ထိုဒေသသည် DKBA ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားပါက နယ်စပ်ရှိ သံလွင်မြစ်ကို ဖြတ်ပြီး တပ်မဟာ ၅ ဒေသသို့ ကယ်ဆယ်ရေးပစ္စည်းများ ပေးပို့ ဖြန့်ဝေနေသော ကရင် တိုင်းရင်းသား အကူအညီပေးရေးအဖွဲ့တို့၏ လုပ်ငန်းများကို ထိခိုက်စေမည်ဟု နယ်စပ် သတင်းရပ်ကွက်များထံမှ သိရသည်။
DKBAက ဤဒေသကို ထိန်းချုပ်ခဲ့ပါက နယ်စပ် ကုန်သွယ်ရေးတွင် တားမြစ် ကန့်သတ်ချက်အသစ်များ ထုတ်ပြန်မည်ကို ဒေသခံ လုပ်ငန်းရှင်များကလည်း စိုးရိမ်နေသည်။
သံလွင်မြစ်သည် ထိုင်းမြန်မာ နယ်စပ် ကုန်သွယ်ရေးတွင် အဓိကကျသည့် မြစ်တခု ဖြစ်သည်။ ဤဒေသ၏ နယ်စပ် ကုန်သွယ်ရေး လုပ်ငန်းသည် DKBA က KNLA နှင့် ခွဲထွက်ခဲ့သည့် ၁၉၉၅ ခုနှစ် နောက်ပိုင်းတွင် ကျဆင်းသွားရာမှ မကြာသေးမီ နှစ်များအတွင်း ပြန်လည် တိုးတက်လာခဲ့သည်။
ဒီကေဘီအေ ဗိုလ်မှူးကြီးစောချစ်သူ လုပ်ကြံခံရ ရန်ကုန်တွင် ဆေးကုသမှု ခံယူ

တိုးတက်သောဗုဒ္ဒဘာသာကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) ၉၉၉ တပ်မဟာအခြေချ ဗျူဟာမှူး ဗိုလ်မှူးကြီး စောချစ်သူသည် အောက်လက်ငယ်သားများ၏လုပ်ကြံမှုခံရ၍ ရန်ကုန်မြို့တွင် ဆေးကုသမှု ခံယူနေရသည်ဟု ဒီကေဘီအေနှင့် နီးစပ်သည့် ဘာသာရေးခေါင်းဆောင် တဦးက ပြောသည်။
၎င်းက “ပြီးခဲ့တဲ့ တပ်မဟာ(၇) ထိုးစစ်ကအပြန်မှာ ၉၉၉ တပ်ရင်း (၇) က တပ်ရင်းမှူး ဗိုလ်စံပြုံး (ဆန်ပြုတ်) လုပ်ကြံခံရတဲ့ကိစ္စအပါအ၀င် အခြားကိစ္စတွေကြောင့် ဗိုလ်ချစ်သူလုပ်ကြံခံရတယ်လို့ သိရတယ်။ ရန်ကုန်ကနေ နိုင်ငံခြားထိ သွားကုဖို့လုပ်နေကြတယ်။ အခြေအနေအတော်ဆိုးတယ်လို့ သိရတယ်” ဟု ပြောသည်။
ဒီကေဘီအေ ၉၉၉ အခြေချဗျူဟာရုံးစိုက်ရာ မြ၀တီခရိုင် ရွှေကုက္ကိုရွာတွင် နေထိုင်သူတဦးက “ဒီကိစ္စဟုတ်ပါတယ်၊ သတင်းပိတ်ထားတယ်၊ ခရီးသွားတယ်လို့ပြောတယ်၊ ဖြစ်တာ ဗိုလ်ဆန်ပြုတ် အသုဘအပြီး ဇွန်လကုန်လောက်မှာဖြစ်တာ” ဟု ပြောသည်။
ဒီကေဘီအေ ၉၉၉ တပ်ရင်း (၇) မှ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး အဆင့်ရှိသူ ဗိုလ်စံပြုံး (ခေါ်) ဗိုလ်ဆန်ပြုတ်သည် ပြီးခဲ့သည့် ဇွန် (၂၆) ရက်တွင် အမည်မသိအဖွဲ့တဖွဲ့၏ ချုံခိုတိုက်ခိုက်ခံရသဖြင့် ၎င်း၏ရဲဘော်များနှင့်အတူ သောင်ရင်းမြစ်အတွင်း သေဆုံးခဲ့သည်။
ဗိုလ်ဆန်ပြုတ်လုပ်ကြံခံရမှုနှင့် ပတ်သက်၍ လက်အောက်ငယ်သားများ၏ မယုံသင်္ကာဖြစ်မှုခံရပြီး တပ်မဟာ(၇) ထိုးစစ်အတွက် မြန်မာစစ်တပ်မှပေးသည့် သိန်းထောင်ချီသည့်ငွေများနှင့် အခြားစီပွားရေးသမားများ ပေးသည့်ငွေများကို စောချစ်သူက မောင်ပိုင်စီးသည့်အတွက် လုပ်ကြံခံရခြင်းဖြစ်နိုင်သည်ဟု ဒီကေဘီအေနှင့်စီးပွားရေးတွဲလုပ်သူ ကုန်သည်တဦးက ပြောသည်။
ယခုဖြစ်ရပ်နှင့်ပတ်သက်၍ ၉၉၉ အခြေချဗျူဟာသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ကောလာဟလသတင်းများသာဖြစ်သည်ဟု ပြန်လည်ဖြေကြားသည်။
(၉၉၉) အခြေချဗျူဟာမှူးသည် လွန်ခဲ့သည့်ဇွန်လက နအဖ၏အထောက်အပံ့ဖြင့် တလနီးပါးကြာမြင့်ခဲ့သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၇) ဒေသကို ထိုးစစ်ဆင်ရာတွင် အဓိကဦးဆောင်ခဲ့သူဖြစ်သည်ဟု ကရင်အမျိုးသားအစည်းအရုံးက ပြောသည်။
တိုင်းရင်းသားလက်နက်ကိုင်နှင့်ပတ်သက် သည့်စာစောင်ပျံ့နှံ့
Wed 19 Aug 2009, လွတ်လပ်သောမွန်သတင်းအေဂျင်စီ
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနှင့်ပတ်သက်သည့်စာရွက်များ ကရင်ပြည်နယ်အတွင်း ပျံ့နှံ့နေသည်ဟု သိရပါသည်။
၎င်းစာရွက်မှာ ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူနှင့် မွန်ပြည်သစ် ပါတီတို့အကြောင်း ပါဝင်သော်လည်း မွန်ပြည်သစ်ပါတီမှ အထွေထွေအ တွင်းရေးမှူး နိုင်ဟံသာကို အဓိကထားရည်ရွယ်သည်ဟု စာရွက်ကို လက် ဝယ်ရရှိသူတစ်ဦးက ပြောသည်။
“နိုင်ဟံသာ နိုင်ငံခြားသွားပြီး စည်းရုံးရေးဆင်းတဲ့ကြောင်း၊ ပြီးတော့ အ တိုက်ခံအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ကေအန်ယူကနေ သင်တန်းသား ၆၀ နဲ့ဖောက်ခွဲရေးသင်တန်းပေးတဲ့အကြောင်းပါတယ်” ဟု ၄င်းက ပြောသည်။ သို့သော်လည်း ခေါင်းစည်ပိုင်းတွင် နိုင်ဟံသာကို အဓိကအသားပေး ဖော်ပြထားသည်။
လက်နက်ကိုင်အဖွဲ့အစည်းနှင့်ပတ်သက်သည့်၎င်းစာရွက် ပျံ့နှံ့နေသည်မှာ လွန်ခဲ့သည့်တစ်ရက်နှစ်ရက်ခန့်လောက်သာ ရှိပြီး ကော့ဗိန်းကျေးရွာ၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းများပေါ်တွင် အများပျံ့နှံ့သည်ဟု ၄င်းက ပြောသည်။
စာရွက်ပေါ်တွင် မည်သည့်အမှတ်အသား၊ တံဆိပ် တစ်စုံတစ်ရာမပါရှိယုံမျှ မက မည်သည့်အဖွဲ့အစည်းမှ ဖြန့်ဝေသည်ဟုလည်း မပါရှိဟု လက်ခံရရှိ သည့်ကော့ဗိန်းရွာသားတို့က ပြောသည်။ ၄င်းမှာ မြန်မာအာဏာပိုင်တို့မှ ဖြန့်သည်ဟု ဖြစ်နိုင်ကြောင်း ရွာသားတို့က ပြောသည်။
မြန်မာအာဏာပိုင်တို့သည် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တို့၏ လှုပ်ရှား မှုများကိုလည်း အဓိကအာရုံစိုက်ပြီး ၄င်းတို့၏လှုပ်ရှားမှုကိုလည်း အစီရင်ခံ တင်ပြရန် ကရင်ပြည်နယ်အတွင်းရှိ ကျေးရွာဥက္ကဌတို့အား အာဏာပိုင် တို့က တရားဝင် အမိန့်စာဖြင့် ညွန်ကြားထားသည်။
ကျေးရွာဥက္ကဌတို့မှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတို့၏ အဖွဲဝင် များ ရွာအတွင်းသို့ ဝင်ထွက်သွားလာသည်ကို မှတ်သားရုံသာမက မည် သည့်အကြောင်းအရာဖြင့် ဝင်ထွက်သည်ကိုလည်း အစီရင်ခံတင်ပြရသည်။
မွန်ပြည်နယ်ရှိ အချို့မြို့နယ်များတွင်လည်း ၄င်းတိုင်းရင်းသားလက်နက် ကိုင်နှင့်ပတ်သက်သည့်စာများ လက်ခံရရှိရန်အတွက် ကျေးရွာဥက္ကဌ တို့အား မြို့နယ်မယကဥက္ကဌမှ အစည်းအဝေးခေါ်ယူနေကြောင်း ကျေး ရွာဥက္ကဌတစ်ဦးက ပြောသည်။
မုဒုံမြို့နယ်အတွင်ရှိ ကျေးရွာဥက္ကဌတို့အား အစည်းအဝေးခေါ်ယူပြီးသော် လည်း ၄င်းစာကို တစ်ရက်နှစ်ရက်အတွင်း လက်ခံရရှိဖွယ်ရှိကြောင်း ၄င်း ဥက္ကဌက ပြောသည်။
ပါတီအဖွဲ့ဝင်ကဒ်ကိုင်ဆောင်သူများမှ ခရီးသွားလာရာတွင် ၄င်းကဒ်ကို မပြ ဘဲ နိုင်ငံသားမှတ်ပုံတင်ကဒ်ကိုသာ ပြသပါက မြန်မာအာဏာပိုင်တို့ စစ် ဆေးမှု ပို၍နည်းကြောင်း၊ ပါတီကဒ်ကိုပြပါက အစစ်ဆေးများနိုင်ကြောင်း မွန်ပြည်သစ်ပါတီ မော်လမြိုင်မြို့မှ အရာရှိတစ်ဦးက ပြောသည်။
မီးပွိုင့်များ၊ မော်လမြိုင်တက္ကသိုလ်၊ မုတ္တမဆိပ်ကမ်းသို့သွားရာလမ်း၊ ကျိုက် မရောမြို့သို့ သွားလာရာလမ်းအသီးသီးနှင့် လမ်းဆုံများတွင်လည်း အထူး ရဲတပ်ဖွဲ့မှ လုံခြုံရေးစစ်ဆေးနေသည်။ မှတ်တိုင်တစ်တိုင်စီခန့် လုံခြုံရေးချ ထားသည်ဟု မျက်မြင်တွေသူတို့က ပြောသည်။
Monday, August 17, 2009
KNU တပ်မဟာ ၆ က DKBA တပ်ဖွဲ့ဝင်များကိုဖိတ်ခေါ်ကြိုဆိုနေ

Kaowao
သြဂုတ် ၁၇ ၊၂၀၀၉။
စံခလပူရီ(သြဂုတ်- ၁၇)။ ။ DKBA တပ်ဖွဲ့ဝင်များ KNU တပ်မဟာ ၆ သို့ကူးပြောင်းဝင်ရောက်မည်ဆိုလျှင် DKBA ၌ရရှိခဲ့သော အဆင့်ရာထူးအတိုင်း ပြန်လည်သတ်မှတ်ပေးမည်ဖြစ်ကြောင်း ထိပ်ပိုင်းခေါင်းဆောင်များက မိမိကိုပြောဆိုခဲ့သည်ဟု တပ်မဟာ ၆ ပြောခွင့်ရအရာရှိတစ်ဦးက ထုတ်ဖေါ်ပြောကြားခဲ့သည်။
“DKBA အပေါ်သဘောထားကမှာ ကျနော်တို့တပ်မဟာ ၆ က တပ်မဟာ ၇ နဲ့မတူပါဘူး၊ ကျနော်တို့နယ်မြေထဲကို DKBA ဝင်လာတာကိုပြဿာနာမဟုတ်ဘူးယူဆလို့ ကျနော်တို့ထိပ်တိုက်မလုပ်ချင်ဘူး၊ ကရင်အချင်းချင်းသတ်ဖြတ် ကြရတာ မလိုလားဘူး၊ သူတို့တပ်ဖွဲ့ဝင်တွေ ကျနော်တို့ဆီဝင်လာမယ်ဆိုယင်လည်း ဟိုမှာရှိခဲ့တဲ့ရာထူးအတိုင်း ပေးမယ်လို့ ကျနော်တို့ ဗျူဟာမှူးဗိုလ်မှူးချုပ်ဂျိုးစွာရော၊ တပ်ရင်းမှူးဒုဗိုလ်မှူးကြီးတင်လှိုင်ပါ ဘုန်းတော်ကြီးတွေ၊ ရွာလူကြီးတွေကတဆင့် သူတို့ဆီပြောထားပါတယ်” ဟု ဆက်လက်ပြောကြားပါသည်။
ဒီကေဘီအေတပ်ဖွဲ့ဝင်များ ဘုရားသုံးဆူမြို့မြောက်ဖက်ရှိ မဲ့ကသာဒေသကို လာရောက်မည်ဆိုလျှင်လည်းဒေသခံ ကရင်လူမျိုးများ စစ်ဘေးဒဏ်မခံရလေအောင် တပ်မဟာ ၆ မှပစ်ခတ်မည်မဟုတ်ကြောင်း၊ သို့သော် ဒေသခံများ၏ လုံခြုံးရေးကို တာဝန်ယူနိုင်ရမည်ဖြစ်ကြောင်း ထိုအရာရှိက ၄င်းတို့တပ်မဟာ ၆ ၏သဘောထားကို ရှင်းပြပါသည်။
သို့ရာတွင် နအဖစစ်ကြောင်းများကို အလွတ်မပေးစတမ်း တပ်မဟာ ၆ အနေဖြင့် ပြောက်ကျားနည်းဖြင့် ခုခံသွား မည်ဟု ဆိုပါသည်။
ယခုရက်ပိုင်းအတွင်းမှာပင် စကခ ၁၂ လက်အောက်ခံ နအဖစစ်ကြောင်း ခမရ ၂၈၃ နှင့် ခမရ ၃၅၆ တို့ကို KNU တပ်မဟာ ၆ ပြောက်ကျားများက ရှေ့ထွက်မိုင်းများဖြင့် နှစ်ကြိမ်တိုက်ခိုက်ခဲ့ရာ နအဖတပ်ဖွဲ့ဝင်အချို့ ဒဏ်ရာနှင့် ကျဆုံးမှုများ ဖြစ်ပေါ်ခဲ့ရသည်။
ဘုရားသုံးဆူမြို့သို့ မကြာခင်သီတင်းပတ်က ရောက်ရှိလာသော ဒီကေဘီအေ ၉၀၇ စောနော်တယာနှင့်အင်အား ၇၀ ခန့်တို့မှာ ဘုရားသုံးဆူမြို့ပြင်ပ မဲကသာသွားရာလမ်းရှိ ဒီကေဘီအေမှ စောအေဝမ်း၏ရာဘာခြံ၌ စခန်းချ နေသည်။
ဒီကေဘီအေ ၉၀၁ ၊ တပ်ခွဲ ၂ မှဗိုလ်ကြီးစောအေဝမ်းတပ်ခွဲမှာ ထိုင်းနိုင်ငံဖက်သို့ထွက်ပြေးသူ၊ KNU ထံသို့ဝင် ရောက်သူ အများအပြားရှိခဲ့သဖြင့် ယခုအခါအင်အား ၁၄ ဦးသာကျန်ရှိတော့သည်ဟု နီးစပ်သူတစ်ဦးက ပြောပြ ခဲ့သည်။
လွန်ခဲ့သောဇူလိုင်လ ပထမပတ်၌ ဒီကေဘီအေ ၉၀၁ တပ်ရင်းမှ ဇမိမြစ်အတွင်းဖွင့်လှစ် ထားရှိသောလှေဂိတ်တစ်ခု ကို KNU တို့ဝင်ရောက်လာစဉ် ဗိုလ်ကြီးစောအေဝမ်းမှာ လက်နက်များ အပ်နှံလိုက်ရသော်လည်း KNU ထဲဝင်ရောက် လိုခြင်းမရှိသောကြောင့် ပြန်လွှတ်ပေးခဲ့သည်။
ထို့အတူ KPF အမှတ်(၃)တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောလေးဝါး(ခ) မန်းလေးဝါးသည်လည်း ထိုစဉ်လာလက KNU တပ်မဟာ ၆ မှဖမ်းဆီးမိခဲ့ပြီး KNU ထံတာဝန်မထမ်းဆောင်နိုင်သဖြင့် သေနတ်များကိုသာသိမ်းဆည်းခဲ့ပြီး ၄င်းကို ပြန်လွှတ်ပေးခဲ့သည်ကို သတင်းများတွင် ဖေါ်ပြခဲ့ပြီးဖြစ်သည်။
KNU တပ်မဟာ ၆ ၏သဘောထားမှာ DKBA သည် KNU မှခွဲထွက်ခဲ့သောရဲဘော်ဟောင်းများသာဖြစ်သောကြောင့် မည်သည့်အချိန်ကာလမျိုးတွင်မဆို မိမိတို့ထံပြန်လည်ဝင်ရောက်လာလျှင် မည်သို့မျှပြဿနာမရှိနိုင်ကြောင်း
အဆိုပါ KNU အရာရှိက ထောက်ပြပြောဆိုခဲ့သည်။
ဒုက္ခသည်များ နေရပ်ပြန်ရန် ထိုင်းအာဏာပိုင်နှင့်ဒီကေဘီအေ ပူးပေါင်းစီစဉ်

သြဂုတ်လ ၁၇။ နန်းထူးစံ (ကေအိုင်စီ)
မကြာသေးခင်က တိုက်ပွဲကြောင့် ထိုင်းနိုင်ငံအတွင်း ထွက်ပြေးရောက်ရှိလာသည့် မြန်မာ ပြည်တွင်းဒုက္ခသည်များ ကို နေရပ်သို့ ပြန်လည်ပို့ဆောင်ရန် ယခုရက်ပိုင်းတွင် ထိုင်းအာဏာပိုင်များနှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသားတပ်မတော် (ဒီကေဘီအေ)အဖွဲ့မှ တာဝန်ရှိသူများက ပူးပေါင်းစီစဉ်နေကြသည်ဟု သိရသည်။
ထိုင်းနိုင်ငံ ထာ့ဆောင်ယန်းမြို့နယ်ရှိ မဲ့သရီ၊ သရေထာ့။ မဲ့သဝေါ်၊ အူသူးထာ့ဒေသများအတွင်း ရောက်ရှိခိုလှုံ နေထိုင်ကြသည့် ဒုက္ခသည်များကို သက်ဆိုင်ရာ ထိုင်းအာဏာပိုင်နှင့် ဒီကေဘီအေ တာဝန်ရှိသူတို့က ယမန်နေ့၌ သွားရောက်တွေ့ဆုံခဲ့ကာ လာမည့် သြဂုတ်လ (၂၄)ရက်နေ့တွင် ဒုက္ခသည်များ နေရပ်သို့ ပြန်နေထိုင်ရန် စီစဉ်ပေး မည်ဟု ပြောဆိုသွားကြောင်း ဒေသခံများ၏ သတင်းပေးချက်အရ သိရသည်။
“မနေ့က ဒီကေဘီအေနဲ့ ထိုင်းအာဏာပိုင်တွေက မဲ့သရီ၊ သရေထာ့မှာရှိတဲ့ ဒုက္ခသည်တွေကို သွားတွေ့တယ်၊ ကိုယ့်အိမ်ကိုယ့်ရွာ မှာ ပြန်နေထိုင်လို့ရပြီ။ တိုက်ပွဲတွေ မရှိတော့ဘူး၊ အဆင်သင့်လုပ်ထား လာမည့် (၂၄)ရက်နေ့ ကျရင် ပြန်ပို့မယ်လို့ ဒုက္ခသည်တွေကို အဲလိုမျိုး ပြောတယ်”ဟု ထိုဒေသရှိ မဲ့အူဆူရွာသား စောဆါ့ကလိုက ကေအိုင်စီကို ပြောဆိုသွားသည်။
သို့သော်လည်း အဆိုပါဒုက္ခသည်များကိစ္စကို ထိုင်းအာဏာပိုင်များနှင့် ပူးပေါင်းစီစဉ်သူ ဒီကေဘီအေ (၉၉၉) တပ်မဟာ၊ တပ်ရင်း(၅)မှူး ဒုဗိုလ်မှူးကြီး စောဖိုးကလိက “မနေ့က ကျနော်တို့ သွားရောက် ဆွေးနွေးတာက အဲဒီရွာသားတွေကို အတင်းပြန်ခိုင်းတာတော့ မဟုတ်ဘူး။ ရွာသူရွာသားတွေ ကိုယ့်အိမ် ကိုယ့်ခြံမှာ ပြန်လည် နေထိုင်ပြီးတော့ အေးအေးဆေးဆေး လုပ်ကိုင်စားသောက်လို့ရတယ်၊ သူတို့သဘောပေါ့၊ ပြန်နေချင်တဲ့ ဆန္ဒရှိရင်တော့ ထိုင်းအာဏာပိုင်တွေက စီစဉ်ပေးမယ်။ အဲဒါကို ကျနော်တို့ ဆွေးနွေးပြတာ” ဟု ကေအိုင်စီကို ပြောဆိုသွားသည်။
ယင်းဒုက္ခသည်များ ပြန်လည်ပို့ဆောင်ရေးအစီအစဉ်ကို တိုင်ပင်ဆွေးနွေးရန် ဒီကေဘီအေအဖွဲ့နှင့်ထိုင်းအာဏာပိုင် တို့က သြဂုတ် လ (၁၄)ရက်နေ့၌့ မဲ့သရီတွင်တကြိမ်၊ (၁၅)ရက်နေ့၌် မဲ့သဝေါ်တွင်တကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီး နောက် ထိုကဲ့သို့ ဒုက္ခသည်များကို တရားဝင်အသိပေးခြင်းဖြစ်သည်။
မယ်တရီ ယာယှီဒုက္ခသည်စခန်း (ဓါတ်ပုံ - ကေအိုင်စီ)
ဒီကေဘီအေ တပ်မှူးတပ်ဗိုလ်များကိုယ်တိုင် ယာယီစခန်းအတွင်းသို့ ရောက်ရှိလာပြီး ဒုက္ခသည်များ ပြန်ပို့မည့် အစီအစဉ်ကို ပြောဆိုလာသည့်အပေါ် ယာယီစခန်းအတွင်းရှိ ဒုက္ခသည်များ ထိန့်လန့်နေကြသည်ဟု အဆိုပါ ဒုက္ခသည်များကို အနီးကပ် ကူညီ စောင့်ရှောက်သူ စောတာဆူးညားက ကေအိုင်စီကို ယခုလို ပြောပြသည်။
သူက “ဒီကိစ္စကြောင့် ဒုက္ခသည်တွေက သူတို့ အတင်းပြန်ပို့ခံရမှာကို ကြောက်ကြတယ်။ မပြန်ရဲကြဘူးလေ။ မဲ့သရီမှာရှိတဲ့ ဒုက္ခသည်တွေက တချို့ဆို တောထဲမှာ လိုက်ပုန်းနေကြတယ်။ တချို့ဆိုရင် ထိုင်းက သူတို့ကို တကယ်ပြန်ပို့ရင် ပုန်းအောင်း နေထိုင်နိုင်ဖို့ တောထဲမှာ နေရာလိုက်ရှာနေကြတာလည်း ရှိတယ်” ပြောဆိုသွားသည်။
အဆိုပါ ဒုက္ခသည်များသည် ကရင်ပြည်နယ် ဖားအံခရိုင် ပိုင်ကျုံမြို့နယ်နှင့် လိုင်းဘွဲမြို့နယ်အတွင်းရှိ ရွာသူးရွာသား များဖြစ်ကြပြီး လွန်ခဲ့သည့် ဇွန်လအစောပိုင်းမှ ဒီကေဘီအေ တပ်မဟာ (၉၉၉)၊ (၅၅၅)နှင့် (၃၃၃)တပ်ဖွဲ့တို့က ဒေသတွင်းရှိ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(ကေအဲန်အယ်လ်အေ)ကို အပြင်းအထန် ထိုးစစ်ဆင် ခြင်းကြောင့် ထိုင်းနိုင်ငံ ထာ့ဆောင်ယန်းမြို့နယ် ရှိ မဲ့သရီ၊ သလေထာ့၊ အူးသူးထာ့နှင့် နိုးဘိုးဒေသတွင်းရှိ ယာယီ စခန်းတို့တွင် ရောက်ရှိခိုလှုံခြင်းဖြစ်သည်။ ထိုစခန်းတို့တွင် လက်ရှိ ဒုက္ခသည် (၄၀၀၀)ကျော် နေထိုင်လျှက်ရှိသည်။
ဒီကေဘီအေ တပ်မဟာ (၉၉၉)တပ်ဖွဲ့မှ ဂိတ်အသစ်တခု ထပ်ဖွင့်မည်

သြဂုတ်လ ၁၇ရက်။ စောသိန်းမြင့်(ကေအိုင်စီ)
တိုးတက်သော ဗုဒဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ )တပ်မဟာ (၉၉၉) က မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ တင်ပို့မည့် ကုန်ပစည်းများကို အခွန်ကောက်ခံရန်အတွက် ဂိတ်သစ်တခုထပ်ဖွင့်မည်ဟု သိရသည်။
ဒီကေဘီအေ ထပ်ဖွင့်မည့်ဂိတ်သည် ထိုင်းနိုင်ငံ ထာ့ဆောင်ယန်းမြို့နယ်ရှိ မဲစရိကျေးရွာနှင့် မျက်နှာချင်းဆိုင်မှာရှိပြီး ယခင်ကေအဲန်ယူ တပ်မဟာ (၇)ဌာနချုပ်နှင့် မနီးမဝေးတွင် တည်ရှိသည်။
အဆိုပါ ဂိတ်သည် အဓိကအားဖြင့် မြန်မာပြည်မှ ထိုင်းနိုင်ငံသို့ တင်ပို့ကုန်ကူးမည့် နွား မှောင်ခိုတို့အား အခွန်များ ကောက်ခံရန်အတွက် စီစဉ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း နယ်မြေခံ တဦးက ပြောသည်။
“သူတို့ (ဒီကေဘီအ (၉၉၉) တပ်မဟာ) ဒီဂိတ်ကို ဖွင့်မယ့်ရည်ရွယ်ချက်က မြန်မာပြည်က နေပြီးတော့ ထိုင်းဘက်ကိုပို့မယ့် နွားမှောင်ခိုတွေကို အဓိကထားပြီး အခွန်ကောက်ခံဖို့ ဖြစ်တယ်။ နောက်တခုက ပြည်သူတွေ သွားလာလို့ရှိရင် စစ်ဆေးမှုတွေ လုပ်ဖို့အတွက် ဖြစ်တယ်“ဟု ပြောသည်။
ဂိတ်ကို ဘယ်နေ့ဘယ်ရက်တွင် ဖွင့်လှစ်မည်ကို အတိအကျမသိရသေးသော်လည်း ဒီကေ ဘီအေ တပ်မဟာ (၉၉၉)မှ တပ်ရင်း(၅) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောဖိုးကလိက ဦးဆောင်ဖွင့်လှစ်မည်ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
ဂိတ်ဖွင့်လှစ်မည့် ကိစ္စနှင့်ပတ်သက်၍ ဒီကေဘီအေ တပ်မဟာ(၉၉၉)မှ တပ်ရင်း (၅)တပ် ရင်းမှူး ဒုဗိုလ်မှူးကြီးစောဖိုးကလိက ယခုလို ကေအိုင်စီကို ပြောသည်။
“ကျနော်တို့ အစီအစဉ်တော့ ရှိတယ်ပေါ့နော်။ မိုးတွင်းကာလဖြစ်တော့ ဘာမှလုပ်လို့မ ရသေးဘူး။ ဒီကိစ္စဟာ သွားရေးလာရေးအဆင်ပြေအောင် လမ်းလေးပါလေးဖေါက်ပေးတဲ့ အနေနဲ့ လုပ်ပေးဖို့ပါ“ ဟု ပြောသည်။
တပ်မဟာ (၉၉၉)လက်အောက်ခံ တပ်ရင်း (၅)သည် ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းက ကေအဲန်ယူ (၇)နယ်မြေကို ထိုးစစ်ဆင်သည့် ကာလအတွင်းမှာ ပါဝင်သည့် တပ်ရင်း တရင်းဖြစ်သည်။ လက်ရှိအချိန်တွင် တပ်မဟာ (၇)နယ်မြေ သောင်ရင်းမြစ်ကမ်းတ လျှောက်တွင် ဒီကေဘီအေ တပ်မဟာ(၉၉၉)လက်အောက်ခံတပ်ရင်း (၄)ရင်းနှင့် တပ်မ ဟာ (၅)မှ (၉၀၆)တပ်ရင်း (၁)ရင်း နေရာယူထားသည်။
Sunday, August 16, 2009
ဒေါ်အောင်ဆန်းစုကြည်အား မတရားစီရင်ချက်အပေါ် ပြင်းပြင်းထန်ထန် ကန်.ကွက်ရှုံ.ချခြင်း

117-126(202)Wonmin 2 Dong,Wonmiku.
puocheon shl.Kyoungkl Do.(402-112)
Republic Of Korea
http://www.kyokorea.blogspot.com E-mail:Kyokoreabranch@Gmail.Com
ဒေါ်အောင်ဆန်းစုကြည်အား မတရားစီရင်ချက်အပေါ် ပြင်းပြင်းထန်ထန် ကန်.ကွက်ရှုံ.ချခြင်း
၂၀၀၉ခ ခုနှစ် သြဂုတ်လ ၁၁ရက် အင်္ဂါနေ.တွင် နအဖ စစ်အစိုးရလက်အောက်ခံအင်းစိန်အထူးတရားရုံးကပြည်သူ.
ခေါင်းဆောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်အထွေထွေအတွင်းရေးမှူး
ဒေါ်အောင်ဆန်.စုကြည်အားအလုပ်ကြမ်းနှင့် ထောင်ဒဏ်၃နှစ် ချမှတ်
လိုက်သည့်အပေါ်တွင် ပြင်းပြင်းထန်ထန် ကန်.ကွက်ရုံ.ချလိုက်သည်။
အဆိုပါတရားစီရင်ချမှတ်လိုက်ခြင်းသည် မြန်မာနိုင်ငံအတွင်း တရားမျှတမူ.
နှင့် ဒီမိုကရေစီလူ.အခွင့်ရေးများဆုံးရှုံးနေကြောင်း ပြတ်ပြတ်သားသား ပေါ်ပေါ်ထင်ထင်မြင်တွေ.လိုက်ရခြင်းဖြစ်သည့်အတွက် နအဖ စစ်အစိုးရတည်ရှိ
နေသ၍ကာလပတ်လုံး ဒီမိုကရေစီလူ.အခွင့်ရေးတို.နှင့်ပြည့်စုံသော ဖယ်ဒရယ်ပြည်ထောင်စုတိုင်းရင်းသား လူ.အခွင့်ရေးများလုံးဝဆိတ်သုဉ်း ပျက်စီးနေအုံးမည်ဖြစ်သဖြင့် ဒေါ်အောင်ဆန်းစုကြည်အား ချွင်းချက်မရှိ အမြန်ဆုံးလွတ်ပေးပြီး ပြည်သူ.အာဏကို ပြည်သူထံသို.ပေးအပ်ရန်ကို တောင်းဆိုလိုက်သည်။
အလုပ်အမူ.ဆောင်အဖွဲ.
ကရင်လူငယ် အစည်းအရုံး(ကိုရီးယားဌာနခွဲ)ယာယီ
၂၀၀၉ ခုနှစ် သြဂုတ်လ ၁၅ ရက် စနေနေ.
တောင်ကိုရီးယား နိုင်ငံတွင်ဒေါ်အောင်ဆန်းစုကြည်အား မတရားစီရင်ချက်အပေါ်ကန်.ကွက်ဆန္ဒပြမြင်ကွင်း
Thursday, August 13, 2009
ဘုရားသုံးဆူဒေသ စစ်ရေးလှုပ်ရှားမှု တိုးများ

ထိုင်းမြန်မာ နယ်စပ် ဘုရားသုံးဆူ အနီး တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့(DKBA) က နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများကို ထိန်းချုပ်နိုင်ရန်နှင့် နယ်မြေ စိုးမိုးမှု ရယူနိုင်ရန်အတွက် စခန်းအသစ်များ တည်ဆောက်နေသည်။
ယင်းဒေသရှိ KNU နှင့် နီးစပ်သော အသိုင်းအ၀န်းက “DKBA တပ်မဟာ (၉၀၇) ဗိုလ်မှုး စောနော်တရာ ဦးစီးတဲ့ အင်အား ၇၀ လောက် ရှိတဲ့ တပ်ရောက်လာတယ်၊ မနေ့ကတော့ ကျင်းတွေတူးနေကြတယ်၊ အဓိက ကတော့ နယ်မြေစိုးမိုးရေးပါ”ဟု ဧရာဝတီသို့ ပြောသည်။
DKBA အနေဖြင့်ယခုကဲ့သို့ စခန်းအသစ် ဆောက်နေခြင်းမှာ ကရင်အမျိုးသား အစည်းအရုံး (KNU) ကို တိုက်ရန် အတွက် သာမက နောင်တွင် တင်းမာမှုများရှိလာပါက မွန်ပြည်သစ်ပါတီကိုပါ တိုက်ခိုက်လာနိုင်ကြောင်း သုံးသပ် သူများက ဆိုသည်။
မွန်ပြည်သစ်ပါတီ အဖွဲ့ဝင် နိုင်ချေမွန်က “ဘုရားသုံးဆူ ဂိတ်ကို ချီတက်လာတဲ့ မြန်မာစစ်တပ်တွေကလည်း
အခုဆိုရင် လမ်းတ၀က်ရောက်နေပါပြီ၊ ၁၄နှစ်အတွင်း မြန်မာစစ်သား အမြောက်အမြား ဒီဒေသကို ချီတက် လာတာပါ” ဟုပြောသည်။
ယင်း DKBAတပ်ဖွဲ့များသည် KNU ထိန်းချုပ်ထားသည့် ဘုရားသုံးဆူနှင့် ၂၄မိုင်ခန့် အကွာရှိ မဲ့ကသာရွာကို သိမ်းပိုက်ရန် ကြံစည်နေကြောင်း သိရသည်။
မွန်ပြည်သစ်ပါတီသည်လည်း စစ်အစိုးရက ကမ်းလှမ်းထားသည့် နယ်ခြားစောင့်တပ်ဖွဲ့ အဖြစ်အသွင်ပြောင်းရန် ငြင်းဆန်ထားသည်။
မွန်ပြည်သစ်ပါတီအဖွဲ့ဝင် နိုင်လ၀ီမွန်က “DKBAက ကရင်အချင်းချင်းတောင် တိုက်တာပဲ၊ မွန်ဆိုရင်တော့ ပြောဖို့ မလိုတော့ပါဘူး” ဟုပြောသည်။
ယခင်နှစ်က DKBAနှင့် မွန်ပြည်သစ်ပါတီတို့သည် ဘုရားသုံးဆူဂိတ် အနီး နယ်မြေထိန်းချုပ်ရေးနှင့် ပတ်သက်၍ အငြင်းပွားခဲ့ပြီး ယင်းဒေသ မူးယစ်ဆေးနိုမ်နင်းသည့်ကိစ္စကြောင့် DKBAတပ်ဖွဲ့ဝင် တဦး မွန်ပြည်သစ်ပါတီကြောင့် အသက် ဆုံးရှုံး ခဲ့ဖူးသည်။
၁၉၈၈ ခုနှစ်တွင် ဘုရားသုံးဆူဂိတ် နယ်မြေ အငြင်းပွားမှုကြောင့် KNUနှင့် မွန်ပြည်သစ်ပါတီတို့ အပြန်အလှန် ပစ်ခတ်ခဲ့ရာမှ ၂ ဘက်တပ်ဖွဲ့ဝင်များ ကျဆုံးခဲ့သည်။
KNU တပ်မဟာ ၆ ထိန်းချုပ်ထားသည့် ဘုရားသုံးဆူ ဒေသသည် သဘာဝအရင်း အမြစ် ပေါများပြီး စီးပွားရေး လုပ်ငန်း များစွာ ဆောင်ရွက် နိုင်သည့် နေရာတခုဖြစ်သည်။
ဘားအံခရိုင်အတွင်း မြန်မာစစ်အစိုးရတပ်နှင့် DKBA ပူးပေါင်း တပ်များက ကရင် အမျိုးသား အစည်းအရုံး (KNU) လက်အောက်ခံ KNLA တပ်မဟာ(၇) မှတပ် စခန်းများကို ဇွန် လဆန်းပိုင်းမှ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။
ဇွန်လ ၂၁ ရက်နေ့ ပူးပေါင်းတပ်ဖွဲ့များက KNU ၏ အဓိက တပ်စခန်း ဖြစ်သော တပ်မဟာ(၇) ဌာနချုပ်ကို သိမ်း ပိုက်နိုင်ခဲ့သည်။
KNLA တပ်မဟာ (၇) နယ်မြေအတွင်းရှိ စခန်းများကျဆုံးပြီးနောက်တွင် DKBA နှင့်မြန်မာစစ်တပ်သည် KNLA တပ်မဟာ (၅) နှင့် KNLA တပ်မဟာ (၆) ၏ အခြေစိုက်စခန်းများကို တိုက်ခိုက်ရန် အာရုံစိုက်လာသည်ဟုလည်း ထိုင်း-မြန်မာ နယ်စပ် မှလာသော သတင်းများနှင့် လေ့လာသူများ၏ အဆိုအရ သိရသည်။
KNU သည် မြန်မာအစိုးရကို နှစ်ပေါင်း ၆ဝ ကျော် လက်နက်ကိုင် ဆန့်ကျင်နေသော တိုင်းရင်းသား အဖွဲ့တဖွဲ့ ဖြစ်သည်။
DKBA သည် ၁၉၉၅ တွင် KNU မှ ခွဲထွက်ပြီး မြန်မာစစ်အစိုးရနှင့် ပူးပေါင်းကာ နယ်ခြားစောင့်တပ်ဖွဲ့ အဖြစ် သဘောတူညီထားသည်။
Wednesday, August 12, 2009
KNU President Speech on 59th annivers...
Tuesday, August 11, 2009
ကရင့်အမျိုးသား အာဇာနည်နေ့ သြဂုတ်လ (၁၂)
သြဂုတ်လ ၁၂ရက်နေ့တွင် ကျရောက်မည့် ကရင်အမျိုးသား အာဇာနည်နေ့ ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင့်အာဇာနည်နေ့ ဖြစ်ပေါ်လာရသည့် အကြောင်းကို စာဖတ် သူများအတွက် ဖော်ပြလိုက်ပါသည်။ “ဓါးကိုဖျက်ဝါးမျက်၊ လူကိုဖျက်အရက်၊ အမျိုးသားတော် လှန်ရေးကိုဖျက် အမျိုးသားသစ္စာဖေါက်နှင့် အချောင်သမား“ အောင်ပွဲသည် တိုက်ရဲသူအတွက် ဖြစ်သည်(အာဇာနည်မျိုး သေရိုးမရှိပါ)
ကရင့်အမျိုးသားအာဇာနည်နေ့ (MARTYRS DAY)နေ့ ဖြစ်ပေါ်လာပုံ
၁၉၅၀ ခုနှစ် သြဂုတ်လ (၁၂)ရက်နေ့သည် ဥက္ကဌ စောဘဦး ကြီး၊ ဗိုလ်ချုပ်စိုင်းကေနှင့် အပေါင်းပါတို့သည် တော်လှန်ရေး တာဝန်ထမ်းဆောင်ရင်း ကရင်အမျိုးသားသစ္စာဖေါက် ထီးစွမ်း ရွာသား မောင်အဲ၏သစ္စာဖေါက်မှုကြောင့် နဘူးမြို့နယ် ထို ကော့ကိုးကျေးရွာအနီး လယ်တဲတတဲတွင် ရန်သူ၏ ၀ိုင်းရံပစ် ခတ်မှုများခံရရာ အင်အားမမျှသော်လည်း သူကိုယ်တိုင် ချမှတ်သည့် မူ (၄)ချက်အရ ရန်သူကို အရှုံးမပေး လက်မမြှောက်ဘဲ ရှိသည့်လက်နက်များဖြင့် ရဲရင့်ပြတ် သားစွာ ပြန်လှန်ခုခံတိုက်ခိုက်ရင်း ဂုဏ်ပြောင်မြောက်စွာ ကျဆုံးသောနေ့ဖြစ်သည်။ ထို သြဂုတ်လ (၁၂)ရက်နေ့ကို ကရင့်အမျိုးသား အာဇာနည်နေ့ဟု သတ်မှတ်လျှက် ဥက္ကဌ စောဘဦးကြီးကို ရည် ညွှန်းသည် သက်သက်မဟုတ်ဘဲ ကရင့်လက်နက်ကိုင် တော်လှန်ရေးတွင် ဂုဏ်ပြောင်စွာ အသက်ပေးလှူသွား သူများအားလုံးကို ရည်ညွှန်းချီးကျူး ဂုဏ်ပြုသောနေ့ ဖြစ်သည်။
ဥက္ကဌစောဘဦးကြီးသည် ၁၉၅၀ ခုနှစ် ဇူလိုင်လ (၁၇)နေ့မှ (၁၉)ရက်နေ့အထိ ဖါပွန်မြို့တွင် ကျင်းပသော အမျိုးသားညီလာခံကို ဦးဆောင် ကျင်းပခဲ့သည်။ ထိုညီလာခံအပြီးတွင် သူ၏ ကျော်ကြားသော ဘဦးကြီးမူ (၄) ချက်ကို တရားဝင်ရေးသားပြီး ၎င်းအချိန် မော်ချီးတွင် ရှိသည့် ကော်သူးလေ အသံလွှင့်ဌာနတွင် ကြေငြာလေ သည်။
၎င်း၏ မူ (၄)ချက်မှာ…….
၁။ လက်နက်ချစကားအလျဉ်းမပြောရ
၂။ ကရင့်လက်နက်ကရင့်လက်ထဲတွင်ရှိရမည်
၃။ ကရင့်ကံကြမ္မာကရင်ဖန်တီးမည်
၎။ ကရင်ပြည်ကိုအသိအမှတ်ပြုခြင်းပြီးပြည့်စုံစေရမည်
၎င်းကျော်ကြားသော မူ (၄)ချက်ကို ကြေငြာပြီးသည့်နောက် အရေးကြီးကိစ္စအတွက် ကော့ကရိတ်ဘက်ဆင်း သွားသည်။ မိုးသည်ထန်စွာ ရွာသွန်း၍ ချောင်းရေများလည်းကြီးသည့် အချိန်ဖြစ်သည်။ တာဝန်ကို လေးစားခြင်း၊ မိမိအမျိုးသားများကို လုံးဝယုံကြည်ခြင်းများကြောင့် တပ်စိတ်တစိတ်နှင့် မိုးထဲရေထဲ ခရီးဆက်ခဲ့သည်။
ထိုအခါ နဘူးမြို့နယ်တ၀ိုက် အထူးသဖြင့် ထိုကော့ကိုးနှင့် အနီးအနားတွင် တာဝန်ကျသော ကရင်တပ်မှ တပ်ခွဲ မှူးတဦးသည် တော်လှန်ရေးလုပ်သည်မဟုတ်ဘဲ တော်လှန်ရေးဆန့်ကျင်ရေး၊ လူထုဆန့်ကျင်ရေးများစွာ လုပ် သည်။ အနီးအနားကျေးရွာများလည်း ငုံ့ခံကြလေသည်။ ထီးစွမ်းရွာသား မောင်အဲသည် ဥက္ကဌစောဘဦးကြီး ထို ကော့ကိုးကျေးရွာသို့ ရောက်သွားသော် ကောင်းစွာကြိုဆိုသယောင်နှင့် သတင်းများကို တိကျစွာယူပြီး နဘူးမြို့ရှိ ရန်သူတပ်ကို သွားရောက်သတင်းပေးရာ ရန်သူလည်းညအချိန်တွင် မိုးထဲရေထဲ အတင်းချီတက်၍ ဥက္ကဌစောဘ ဦးကြီးနေသည့် တဲကို ၀ိုင်းထားလျှက် နံနက်ဝေလီဝေလင်းအချိန်တွင် အတင်းတိုက်ခိုက်လေတော့သည်။ ဥက္ကဌ စောဘဦးကြီးသည် အင်အားနည်းသော်လည်း အညံ့မခံဘဲ ပြန်လှန်ခုခံတိုက်ခိုက်ရင်း ဂုဏ်ပြောင်စွာ အသက် ပေးလှူရသွားလေသည်။
သစ္စာဖေါက် မောင်အဲအနေနှင့် ဥက္ကဌစောဘဦးကြီးမရှိက ကရင့်တော်လှန်ရေးကျဆုံးမည်ဟုတွက်သည်။ သို့ သော်သူထင်သည့်အတိုင်း မဟုတ်ဘဲ တော်လှန်သည့် သူရဲကောင်းစိတ်ဓါတ်ဖြစ်သည့် တဗိုလ်ကျ တဗိုလ်တက် စိတ်ဓါတ်ဖြင့် တရားမှန်ကန်သော ကရင့်တော်လှန်ရေးသည် ယနေ့ထိတိုင် ရန်သူ့ထံအညံ့မခံ အရှုံးမပေးဘဲ ကြံ့ ကြံ့ခံကာ တော်လှန်ရပ်တည်လျှက်ရှိသည်။
ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီး စောဘဦးကြီးနှင့်တကွ ကရင့်တော်လှန်ရေး ရဲဘော်အပါင်းကို ဦးညွတ်ဂါရ၀ပြုလျှက်။
အဲခေါင်သောင့် ဘလော့ဂ်မှဖော်ပြသည်။
Monday, August 10, 2009
ဒီကေဘီအေနှင့် နအဖတပ်တို့ ပစ်ခတ်မှုဖြစ်ပွား နအဖဘက်မှ (၃) ဦး သေဆုံး

သြဂုတ်လ ၁၀ရက်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြ၀တီမြို့၌ ယနေ့နံနက် ၂နာရီဝန်းကျင်ခန့်တွင် ဒီကေဘီအေတပ်ဖွဲ့ အချင်းချင်း လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်မှုတခု တနာရီနီးပါးခန့် ဖြစ်ပွားခဲ့ပြီးနောက် စစ်သားနှစ်ဦးနှင့် ရဲတဦး သေဆုံးသွားခဲ့သည်ဟု သိရသည်။
အဆိုပါပစ်ခတ်မှုနှင့် ပတ်သက်၍ ဒီကေဘီအေအဖွဲ့ဝင်တဦးက “ကလိုထူးဘောဗျူဟာ (၉၀၇)တပ်ရင်းက တပ်ဖွဲ့ဝင်တွေ အ ချင်းချင်း ပစ်ခတ်ကြတာပဲ။ ညက ၁၂နာရီကျော်ကျော်မှာ (၉၀၇)တပ်ရင်းမှူး ဗိုလ်မုတ်သုန်ရဲ့ အနီးကပ်လုံခြုံရေးမှူး အရှည် ကြီး ခေါ် စောဖာထောနဲ့ အဖော်တယောက်က မယ်ထော်သလေးက အမှတ်(၁)ဂိတ်မှာရှိတဲ့ ဂိတ်မှူးနဲ့ အခြားသူတွေနဲ့ စကား များကြတယ်။ အဲဒီနောက် မြ၀တီမြို့ထဲက တပ်ရင်းစီးပွားရေးတာဝန်ခံ ဗိုလ်ကြီးအောင်ချစ်အိမ်ရှေ့က ကားသုံးစီးကို ပစ်ခတ်ပြီး ကားလမ်းအတိုင်း ကားနဲ့ ထွက်ပြေးသွားတာကို အမှတ်(၁)ဂိတ်က လက်နက်ကြီးနဲ့ လှမ်းပစ်ခတ်တာပဲ”ဟု အတည်ပြုပြောဆို သည်။
ထွက်ပြေးသွားသူနှစ်ဦးသည် မြ၀တီ-ကော့ကရိတ်ကားလမ်းရှိ တံတားညီနောင်ဂိတ်အရောက်တွင် ၎င်းတို့ကို တားမြစ်မေးမြန်း သည့် နအဖ စကခ(၁၂)မှ ရဲဘော်နှစ်ဦးနှင့် ကြောင်လျှာပင်ဂိတ်မှ ရဲတဦးကိုလည်း ပစ်သတ်သွားခဲ့ပြီး ကော့ကရိတ်ဂွင်ဘက်အ ရောက်တွင် ၎င်းတို့မောင်းနှင်သွားသည့်ကားကို လက်နက်၊ ကျည်ဆံများနှင့်အတူ ကားလမ်းပေါ်တွင် ရပ်တန့်ထားခဲ့သည်ဟု သိရသည်။
ယင်းသို့ဖြစ်ပွားရခြင်းမှာ စီးပွားရေးပဋ္ဋိပက္ခများအပြင် ပြီးခဲ့သည့်လအနည်းငယ်က ကေအဲန်ယူ တပ်မဟာ(၆)နှင့် တပ်မဟာ(၇) ကို ဒီကေဘီအေနှင့် နအဖတပ်များ သွားရောက်တိုက်ခိုက်မှုများအပေါ် ဒီကေဘီအေတပ်ဖွဲ့အတွင်း မကျေနပ်မှုများလည်း ပါ ၀င်သည်ဟု ဒီကေဘီအေနှင့် နီးစပ်သူတဦးက ပြောသည်။
“အခုဖြစ်တာက စီးပွားရေးတခုတည်းတင်မကဘူး။ ကေအဲန်ယူရဲ့ တပ်မဟာ(၆)နဲ့ (၇)ကို သွားတိုက်ခိုက်တာကို မကျေနပ်ကြ တာလည်း ပါတယ်။ အထက်အရာရှိရဲ့ အမိန့်ကို တပ်သားတွေက မကြိုက်ပေမဲ့ မလွန်ဆန်ရဲကြဘူး။ ဒီကေဘီအေထဲမှာ အဲဒီ လို အချင်းချင်း မတည့်ကြတာတွေ၊ အထက်အောက် အဆင်မပြေတာတွေက အများကြီး ရှိတယ်။ အခုဟာက အဲဒီအပေါ်မှာ ပေါက်ကွဲပြီး လုပ်လိုက်တဲ့သဘောမျိုးလို့ ထင်တယ်”ဟု သူက ဆိုသည်။
ဒီကေဘီအေ တပ်ရင်း(၉၀၇)သည် ကလိုထူးဘောဗျူဟာ၏ တပ်ရင်းတရင်းဖြစ်ပြီး ၎င်းတို့အချင်းချင်း ဖြစ်ပွားသည့် ပစ်ခတ်မှု တွင် နအဖတပ်သားနှင့် ရဲသားတဦး အကြောင်းမဲ့ သေဆုံးသွားသည့်အတွက် (၉၀၇)တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးမုတ်သုန်အနေ ဖြင့် ကလိုထူးဘောဗျူဟာ၏ အခြားတပ်ရင်းများဖြစ်သည့် (၉၀၁)၊ (၉၀၇)တပ်ဖွဲ့ဝင်များနှင့်အတူ ထွက်ပြေးသွားသူနှစ်ဦးကို အပူတပြင်း လိုက်လံရှာဖွေလျှက်ရှိသည်ဟု သိရသည်။
Friday, August 7, 2009
ကေအန်ယူကို ထိုးစစ်ဆင်ရန် ဒီကေဘီအေတပ်များ ဘုရားသုံးဆူသို့ ရောက်ရှိ


ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၆) ဒူးပလာယာခရိုင်ဒေသကို ထိုးစစ်ဆင်ရန်အတွက် ဒီကေဘီအေတပ်မဟာ (၅) အဖွဲ့ ယမန်နေ့က ဘုရားသုံးဆူနယ်ခြားမြို့သို့ ရောက်ရှိလာပြီဟု တပ်မှူးတဦးက ခေတ်ပြိုင်သို့ပြောသည်။
တပ်မဟာ (၆) တပ်မှူးတဦးက “မနေ့က ဒီကေဘီအေ တပ်မဟာ (၅) က နှုတ်ခမ်းမွှေးတို့အဖွဲ့ အင်အား (၂၀၀) ကျော် ဘုရားသုံးဆူခွင်ထဲရောက်လာပြီဆိုတော့ အချိန်မရွေးတိုက်ပွဲဖြစ်ဖို့က သေချာနေပြီ” ဟု ပြောသည်။
နအဖ၏မြောက်ထိုးပင့်ကော်လုပ်မှုကို နားမယောင်ဘဲ တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) အနေဖြင့် တပ်မဟာ(၇) ထိုးစစ်ကဲ့သို့ မှားပြီးရင်းထပ်မမှားရအောင် စဉ်းစားတွေးခေါ်ကြရန် ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) က ပြောသည်။
ကေအန်ယူဒု-ဥက္ကဋ္ဌ ပဒိုဒေးဗစ်သာကဘောက “ပြီးခဲ့တဲ့ တပ်မဟာ (၇) ထိုးစစ်မှာ ဒီကေဘီအေက (၁၀၀) ကျော် သေတယ်၊ ဒဏ်ရာရတာလည်း (၁၀၀) ကျော်တယ်။ သေကျေတာက အားလုံးကရင်တွေဖြစ်တယ်။ နအဖကိုဆန့်ကျင်တာ ကေအန်ယူ တဖွဲ့တည်းမဟုတ်ဘူး၊ အားလုံးနီးပါးဆန့်ကျင်နေကြတာ ဖြစ်တယ်။ နအဖဟာ တရားဝင်အစိုးရဖြစ်ဖို့ အရူးအမူး လျှောက်လုပ်နေတာကို သတိထားစေလိုတယ်” ဟု ပြောသည်။
ဒီကေဘီအေတပ်မဟာ (၅) မှ ဗိုလ်ကြီးတဦးက “ကရင်တွေဖြစ်နေကြတဲ့ ပဋိပက္ခမှာ ဘယ်သူမှားလဲ၊ မှန်သလဲဆိုတာ အချိန်တန်ရင် အဖြေထွက်မယ်။ ကိုယ့်အမျိုးကိုယ်ချစ်တာ ပါးစပ်နဲ့မပြောနဲ့ အလုပ်နဲ့သက်သေပြရမယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၇) ဘားအံခရိုင်ဒေသကို ၂၀၁၀ ခုနှစ် မတိုင်မီ တိုက်ခိုက်သိမ်းပိုက်ရန် နအဖက ဒီကေဘီအေ (၉၉၉) တပ်မဟာကို အမိန့်ပေးထားပြီး တပ်မဟာ (၆) ဒူးပလာယာခရိုင်ကို သိမ်းပိုက်ရန် ဒီိကေဘီအေတပ်မဟာ (၅) အဖွဲ့ကို စေခိုင်းထားသည်ဟု ဒီကေဘီအေ စာပေနှင့်ယဉ်ကျေးမှုတာဝန်ရှိသူတဦးက ပြောသည်။
တလကြာဖြစ်ပွားခဲ့သည့် တပ်မဟာ (၇) ဒေသတိုက်ပွဲတွင် တဖက်နှင့်တဖက် အနိုင်အရှုံးမပေါ်ဘဲ ကရင်များသာ သေကျေခဲ့သည့်အတွက် ယခုစတင်မည့် တပ်မဟာ (၆) ဒေသ ထိုးစစ်တွင်လည်း အလားတူအခြေအနေများ ထပ်မံမဖြစ်ပွားရန် တိုက်တွန်းလိုသည်ဟု ကေအန်ယူက ပြောသည်။
Wednesday, August 5, 2009
ကရင်တိုင်းရင်းသား ကိုကဆောဝၝးကို မက်ဆေးဆေးဆု ခဵီးမြှၟင့်
အမေရိကန်နိုင်ငံမှတယ်လီဖုန်းဖြင့်ပြောကြားချက်။
အမေရိကန်ပြည်ထောင်စုအခြေစိုက် EarthRights International ခေၞ ကမႝာမြေအခွင့်အရေး နိုင်ငံတကာလှုပ်ရှားမှူ NGOအဖွဲႚမှာ တာဝန်ထမ်းဆောင်နေတဲ့ ကရင်တိုင်းရင်းသား ကိုကေဆာဝၝးကို အာရွရဲ့ နိုဘယ္လ္ဆုလိုႛ လူသိမဵားတဲ့ Ramon Magsaysay ဆုု ခဵီးမြှၟင့်လိုက်ကြောင်း ဆုရွှေးခဵယ်ရေး ကော်မတီက ဒီကနေႛ သြဂုတ်လ ၃ရက်နေႛမှာ ကြေညာလိုက်ပၝတယ်။
ကိုကဆောဝၝးကို Ramon Magsaysay ဆု ဘာ့ကြောင့် ပေးရတယ်ဆိုတာနဲႛ ပတ်သက်လိုႛ ဆုရွှေးခဵယ်ရေး ကော်မတီရဲ့ သတင်းထုတ်ပြန်ရေးဌာနမှ Ms. Joli က RFA ကို ရှင်းပြပၝတယ်။
ကိုကဆောဝၝးဟာ အကြမ်းမဖက်တဲ့ လှုပ်ရှားမှူတွေနဲႛပတ်သက်္ဘပီး မတွန်ႛမဆုတ် စဉ်ဆက်မပြတ် လုပ်ဆောင်ခဲ့တာကတကြောင်း ၊ လူႛအခွင့်အရေးကို ကာကွယ်စောင်ရှောက်နိုင်ဖိုႛအတွက် လိုအပ်တဲ့ အခြေခံပညာရေးတွေကိုလည်း မျှဝေလုပ်ဆောင်နေတာကြောင့် တကြောင်းတိုႛကြောင့် သူႛကို ရေမွန် မက်ဆေးဆေးဆု ခဵီးမြှၟင့်ရတာပဲ ဖြစ်ေုကာင်း သူက ရှင်းပြသွားပၝတယ်။
အခုလို EarthRights Internationalအဖွဲႚမှာ ဦးဆောင်လှုပ်ရှားသူ တဦးဖြစ်တဲ့ ကိုကဆောဝၝး မက်ဆေးဆေးဆု ရတာနဲႛပတ္သက္လိုႛ EarthRights International ထိုင်းနိုင်ငံ ခဵင်းမိုင်္ဘမိုႚရုံးခွဲမှာ တာဝန်ထမ်းဆောင်နေသူ မခင်နန္ဒာက အခုလို ပြောပြပၝတယ်။
မခင်နန္ဒာ။ ။ “အခု အဲဒီ ကျွှန်မတိုႛရဲ့ ဆရာပေၝ့နော်၊ ဒီ pastor လည်း ဖြစ်တဲ့ အဲဒီသူက နိုဘယ်လ်ဆု ခဵီးမြှၟင့်ခံရတယ်ဆိုတော့ ကၽႊန္မတိုႛအေနနဲႛ ဒၝက ဂုဏ်ယူစရာပေၝ့နော်။ သူကတော့ အမြဲတမ်းပဲ ဦးဆောင် လမ်းပြ ကောင်းတဲ့ လူတယောက် ဖြစ်တယ်ပေၝ့နော်။ သူႛမှာ အားရတာ တခုကတော့ UNOCAl case ပေၝ့နော်၊ ဒီ ပိုက်လိုင်းတလျှောက်မှာ နေနေတဲ့လူတွေက ဘယ်လိုမဵိုး ဒီ စစ်အစိုးရရဲ့ ဒီ human rights ပေၝ့နော်၊ ဒီ လူႛအခြင့္အေရး ခဵိဳးေဖာက္မွု.ေတြကို သူတိုႛ ခံေနရလဲဆိုတဲ့ဟာကို ဒီ ကမႝာ့အနွံ ့အျပားမွာ သိလာအောင် သူကန္ဘေပီးတော့မှ ဦးဆောင်တာပေၝ့နော်။ ကျွှန်မတိုႛ ဒီ staff တွေကတော့ အဲဒီဟာတွေကို အထောက်အပံ့ ပေးတဲ့ လူတွေပေၝ့နော်။”
ဖိလစ်ပိုင်နိုင်ငံက နှစ်စဉ်ဆိုသလို ခဵီးမြှၟင့်လေ့ရှိတဲ့Ramon Magsaysay ဆုက္ဘိုပီးခဲ့တဲ့ ၂၀၀၂ခုနှစ်တုန်းက ထိုင်းမြန်မာနယ်စပ် မဲဆောက်္ဘမိုႚမှာ မြန်မာနိုင်ငံသားတွေကို စေတနာ့ဝန်ထမ်းဆေးကုသပေးနေတဲ့ ဒေၝက်တာစင်သီယာမောင်ကိုလည်း ခဵီးမြှင့်ခဲ့ဘူးကြောင်း သိရပၝတယ် ။
၂၀၀၉ခုနှစ်အတွက် ရေမွန်မက်ဆေးဆေး ဆုကို မြန်မာနိုင်ငံသား ကိုကဆောဝၝး တယောက်တည်းသာမက မြစ်ရေတွေ ပိတ်ဆိုႛ္ဘပီး ရေကာတာတည်ဆောက်မှူကို တားမြစ်ရေးလှူပ်ရှားခဲ့တဲ့ တရုတ်နိုင်ငံသား Mr. Yu Xiaogang ၊ သဘာဝပတ်ဝန်းကဵင် ထိန်းသိမ်းရေးကိစ္စတွေမှာ စည်းမဵဉ်းခဵိုးဖောက်တဲ့ တရုတ်ကုမ္မဏီ တသောင်းစာရင်းကို ပြုစုခဲ့သူ တရုတ်နိုင်ငံသား သတင်းစာဆရာ Mr. Ma Junနဲႛ ဆင်းရဲသားတွေကို အကူအညီပေးရေး လူမှူအဖွဲႚအစည်းကို ထူထောင်လှုပ်ရှားခဲ့တဲ့ အိန္ဒိယနိုင်ငံသား Joshi တိုႛကိုလဲ ခဵီးမြှင့်ခဲ့ပၝတယ်။
ဒၝ့အပြင် သဘာဝ ဝန်းကဵင်ထိန်းသိမ်းရေးသမားနဲႛ ရှေႚနေတဦးဖြစ်သူ Antonio Oposaကို တရားမဝင် ငၝးဖမ်းလှေတွေ စောင့်ကြည့်ရေးလုပ်ငန်းအတွက် ဒီမက်ဆေးဆေးဆု ခဵီးမြှၟင့်လိုက်သလို၊ ထိုင်းနိုင်ငံသား Mr.Krisan Kraisntu ကိုတော့ HIV/ AIDSဆေးတွေ စေဵးသက်သက်သာသာနဲႛ ရအောင် လုပ်ဆောင်ပေးမှူအတွက် ဒီဆုခဵီးမြှင့်ခဲ့ကြောင်း သိရပၝတယ်။
Tuesday, August 4, 2009
စောဘဦးကြီးမူလေးရပ်
ကရင်နေ.ထူးနေ.ရက်များ
နအဖ တို.ပြောသောစကား
စိတ်ဝင်စားသောဆိုဒ်များ
သတင်းဝက်ဆိုဒ်များ
Category
- ကရင်သတင်း (1)
- ၀မ်းနည်းကြောင်းသ၀ဏ်လွှာ (1)
- ၂၇၄၉ကရင်နှစ်သစ်ကူးနေ. (1)
- IDP(karen internally Displace People) (1)
- ကဗျာ (5)
- ကရင်ပြည်နယ်နေ. (1)
- ကရင့်ယဉ်ကျေးမူ.ှနှင့်ဓလေ့များ (2)
- ကရင့်ရိုးရာ (4)
- ကရင်သတင်း (534)
- ကရင့်သတင်း (285)
- ကရင့်သမိုင်း (6)
- ကရင်သီချင်း (2)
- ကရင့်အမျိုးသားအာဇာနည်နေ့ (1)
- ကရင်နှစ်သစ်ကူး (3)
- ကရင်နှစ်သစ်ကူးနေ. (4)
- ကရင်နှစ်သစ်ကူးနေ. သ၀ဏ်လွှာ (1)
- ကာတွန်း (1)
- ဆက်သွယ်မေးမြန်းခန်း (1)
- ဆုတောင်း (2)
- ထုတ်ပြန်ကြေငြာချက် (6)
- ဓာတ်ပုံ (9)
- ဖိတ်စာ (5)
- ဖိတ်ကြားလွှာ (2)
- ဗွီဒီယို (61)
- ဗွီဒီယို (11)
- ပြည်ပရောက် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် (1)
- မိန်.ခွန်း (2)
- လူငယ်များ၏ စကားလက်ဆောင် (1)
- လူမူရေး (1)
- သ၀ဏ်လွှာ (4)
- သတင်း (2)
- သတင်းအာဘော် (2)
- သဘောထား (1)
- အမြင်သဘောထား (1)
- အာဇာနည်တို.စကား (1)
- ဆောင်းပါး (3)
- တောင်ကိုရီးယားနိုင်ငံ ကရင်ချည်ဖြူဖွဲ.မင်္ဂလာဓာတ်ပုံများ (1)
- ပေးစာ (2)
- ကြော်ငြာ (7)
- ကြော်ငြာချက် (3)





(Click Here)


