Showing posts with label ဓာတ်ပုံ. Show all posts
Showing posts with label ဓာတ်ပုံ. Show all posts

Monday, December 26, 2011

တောင်ကိုရီးယားနိုင်ငံတွင် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကျင်းပပြီးစီး


(ဆက်ဖတ်ရန်...................)

Thursday, February 3, 2011

စတုတ္ထအကြိမ်မြောက် ကရင်လူငယ်အစည်း အရုံး(KYO) ညီလာခံ မှတ်တမ်းဓာတ်ပုံများ


ပေးပို.လာသော နောင့်နန်းဖော့ဂေ (ကေအိုင်စီ) အားအထူးကျေးဇူးတင်ရှိပါသည်။

(ဆက်ဖတ်ရန်...................)

Monday, August 23, 2010

ကရင့်ရိုးရာ ချည်ဖြူဖွဲ.မင်္ဂလာ ဓာတ်ပုံများ

(ဆက်ဖတ်ရန်...................)

Tuesday, May 25, 2010

(၇)ကြိမ်မြောက် ကရင်အမျိုးသား စည်းလုံး ညီညွှတ်ရေး နှီးနှောဖလှယ်ပွဲမှတ်တမ်းပုံများ



ကေအိုင်စီမှကူးယူဖော်ပြသည်။

(ဆက်ဖတ်ရန်...................)

Monday, March 15, 2010

တောင်ကိုရီးယားနိုင်ငံ၌ လူ့အခွင့်အရေးနေ့ နှစ်ပတ်လည် သတင်းစာရှင်းလင်းပွဲကျင်းပ

၂၀၁၀ခုနှစ် မတ်လ ၁၄ရက် တနင်္ဂနွေနေ့ နံနက် ၁၁နာရီမှ ၁၂နာရီအထိ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ (ဆောအုလ်) ရှိ နအဖလက်အောက်ခံ သံရုံးရှေ့၌အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ကိုရီးယားဌာနခွဲကဦးစီး၍ (၂၂)နှစ်မြောက် မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့နှစ်ပတ်လည် သတင်းစာရှင်းလင်းပွဲကို ကျင်းပကြပါသည်။



အခမ်းအနား အစီအစဉ်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုရီးယားဌာနခွဲ ဥက္ကဌ ဦးနေထွန်းနိုင်က အဖွင့်အမှာစကားပြောကြားပြီး မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ (ကိုရီးယား) ဥက္ကဌ ဦးသူရ၊
ကရင် လူငယ်အစည်းအရုံး (ကိုရီးယားဌာနခွဲ) ဒုဥက္ကဌ စောဝင်းအောင် တို.က တိုင်းရင်းသား ပြည်သူတရပ်လုံး လူ.အခွင့်အရေးဆုံးရှုံးမှု.နှင့် နအဖ စစ်အစိုးရ၏ တဖက်သတ်ရေးဆွဲထားသော ၂၀၁၀ရွေးကောက်ပွဲအား ဆန်.ကျင်ကြ၇န်နှင့် စည်လုံး၊ညီညာစွာ စစ်အစိုးရပြုတ်ကျရေအားတိုက်ပွဲဝင်ကြရန် ပြောကြားခဲ့ပါသည်။

အဲဒီနောက် ဦးတင်ထွန်းအောင်က ကိုရီးယားဘာသာဖြင့် ယနေ့ပြုလုပ်ရခြင်း အကြောင်းကို ရှင်းလင်းပြောပြီး သတင်းစာရှင်းလင်းပွဲကို ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ ချက်ခြင်း လွတ်၊ ၁၉၉၀ပြည့်နှစ် ရွေးကောက်ပွဲ ရလဒ်အား အသိအမှတ်ပြု၊ လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ စစ်အာဏာရှင် စနစ် ကျဆုံးရမည်၊ စစ်အာဏာရှင်စနစ် အလိုမရှိ၊ဒီမိုကရေစီအရေးတော်ပုံ အောင်ရမည်။ ကြွေးကြော်သံများ ကြွေးကြော်၍ ရုပ်သိမ်းလိုက်ပါသည်။

ထိုနောက် ညနေပိုင်း ၃နာ၇ီမှ ၆နာရီအထိ ဆိုးလ်မြို. ဟဲဝါ ပန်းခြံတွင် ဓါတ်ပုံ ကင်ပိန်းများကို မြန်မာအရေးလှုပ်ရှားမူ.(ကိုရီးယား) အဖွဲ.မှ ကြီးမှူးကျင်းပ၍ ကရင်လူငယ်အစည်းအရုံး(ကိုရီးယား)မှ
ပူးပေါင်းပါဝင်ကာ စစ်အစိုးရ၏ လူ.အခွင့်အရေးချိုးဖောက်မူ. နှင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး
အတွက် လက်ကမ်းစာစောင်များ ပေးဝေ၊ရှင်းပြခဲ့ကြောင်း သတင်းရရှိပါသည်။

(ဆက်ဖတ်ရန်...................)

Tuesday, February 16, 2010

အမျိုးသားချင်း ဂုတ်သွေးစုပ်သူများ

(ဆက်ဖတ်ရန်...................)

Monday, September 28, 2009

ရွှေဝါရောင်နှစ်ပတ်လည်နေ့ ဆန္ဒပြပွဲ တောင်ကိုရီးယားတွင် ကျင်းပ


၂၀၀၉ ခုနှစ် စက်တင်ဘာလ ၂၇ ရက် တနင်္ဂနွေနေ့ နံနက် ၁၁နာရီအချိန်မှ ၁၂ နာရီအချိန်ထိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုရီးယားဌာနခွဲက ဦးစီး၍ နှစ်နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည်နေ့ သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ပါသည်။


အခမ်းအနားမှူးအဖြစ် ဦးဇော်မိုေးအာင် (တွဲဘက်အတွင်းရေးမှူး ၂၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုရီးယားဌာနခွဲ)ဆောင်ရွက်ပြီး အဆိုပါ သတင်းစာရှင်းလင်းပွဲံသို့ မြန်မာအရေးလှုပ်ရှားမှု (ကိုရီးယား)၊ ကရင် လူငယ်အစည်းအရုံး (ကိုရီးယားဌာနခွဲ)နှင့် ချင်းတိုင်းရင်းသား အဖွဲ့အစည်း(ကိုရီးယား)တို.နှင့်တကွ မြန်မာနိုင်ငံသားများ ပူးပေါင်း ဆောင်ရွက်ကြပါသည်။

ထိုနောက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ကိုရီးယားဌာနခွဲ ဦးအောင်မြင့်ဆွေ ဥက္ကဌမှ အဖွင့်အမှာစကားပြောကြားပြီးနောက် ကြွေးကြော်သံများ ကြွေးကြော်ခြင်း၊ ဦးသူရ ဥက္ကဌ၊ မြန်မာအရေး လှုပ်ရှားမှု (ကိုရီးယား)၊စောလှိုင်မျိုးသိမ်း ( ဥက္ကဌ၊ ကရင် လူငယ်အစည်းအရုံး (ကိုရီးယားဌာနခွဲ)၊ဆလိုင်းကျော်ကျော် ( ဥက္ကဌ၊ ချင်းတိုင်းရင်းသား အဖွဲ့အစည်း (ကိုးရီးယား)၊ဦးသက်နိုင် (သုတေသနမှူး၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ကိုရီးယားဌာနခွဲ)၊စောကျော်သက်ထွန်း (ရုံးတာဝန်ခံ၊ ကရင် လူငယ်အစည်းအရုံး (ကိုရီးယားဌာနခွဲ)၊


ဦးအောင်မျိုးဦး (မြန်မာအရေး လှုပ်ရှားမှု (ကိုရီးယား)၊ ဦးဘိုဘို၊ဦးနေထွန်းနိုင် (အတွင်းရေးမှူး၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ကိုရီးယားဌာနခွဲ)၊ဦးဝင်းမင်း (တွဲဘက်အတွင်းရေးမှူး ၁၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုရီးယားဌာနခွဲ) တို့က ပြောကြားကြပြီး ဦးမောင်ဇန် (ချင်းတိုင်းရင်းသားများ အဖွဲ့အစည်း (ကိုရီးယား)၊ဦးဝင်းလှိုင် ( တွဲဘက် သုတေသနမှူး၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုရီးယားဌာနခွဲ) တို့က ထုတ်ပြန်ကြေညာချက်များကို ဖတ်ကြားကြပြီး သတင်းစာရှင်းလင်းပွဲကို ကြွေးကြော်သံများ ကြွေးကြော်ပြီး ရုပ်သိမ်းလိုက်ပါသည်။

(ဆက်ဖတ်ရန်...................)

Sunday, September 6, 2009

K.Y.O(Korea Branch)မှ န.အ.ဖ သံရုံးရှေ.သွား ရောက်ဆန္ဒပြ


စက်တင်ဘာ ၆ရက်။ ။ဆုတောင်း (K.Y.O.Korea Branch)

န.အ.ဖ စစ်အစိုးရ၏ သွေးထိုးလှုံ.ဆော်မူ.ကြောင့် မြန်မာနိုင်ငံရှိတိုင်းရင်းသားဒေသ အသီးသီးတွင်
လူမျိုးစုမျိုးနွယ်တူအချင်းချင်း စိတ်ဝမ်းကွဲ၍ အပြန်အလှန်ထိုးစစ်ဆင်တိုက်ခိုက် သတ်ဖြတ်နေကြရသည်။

ထိုသို.သောကိစ္စရပ်များတွင် တော်လှန်ရေးအစဉ်လာကြီးမားသော ကရင်လူမျိုးစုများမှာလည်းသွေးခွဲသပ်လျှိုခြင်းခံရကာ အပြန်အလှန် ထိုးစစ်ဆင်နေသည့်အနေထားကြောင့်ကရင်လူမျိုးဒုက္ခသည်အများစု
မှာနိုင်ငံတကာ၊နေရာဒေသအသီးသီးသို.မျက်နှာငယ်စွာဒုက္ခသည် အဖြစ်သို.ပျံ.နှံ.ရောက်ရှိနေကြသည်။ဤသို.ဖြစ်ရခြင်း၏ အကြောင်းရင်းတရားခံမှာ ကိုယ်ကျိုးအတ္တ အတွက်ဆိုလျှင်ဇာတ်တူသားပင် မချန်တတ်သော န.အ.ဖ စစ်အုပ်စု၏ သွေးခွဲကြံစည် မူများကြောင့်ဆိုသည်မှာအားလုံးအသိပြီးဖြစ်ပါသည်။

ထိုအတွက်ကြောင့် ကရင်လူငယ်အစည်းအရုံး(ကိုရီးယားဌာနခွဲ)မှ ကရင်အချင်းချင်း သတ်ဖြတ်ရန် န.အ.ဖ စစ်အုပ်စု၏ သွေးထိုးလှုံ.ဆော်မူ.တွေ ချက်ခြင်းရပ်ဖို. ကိုရီးယားနိုင်ငံ ဆိုးလ်မြို. ဟန်နန်းဒုံရှိ မြန်မာန.အ.ဖ စစ်သံရုံးရှေ.တွင် သွားရောက်ဆန္ဒပြသခဲ့သည်။

(ဆက်ဖတ်ရန်...................)

Saturday, August 22, 2009

မြန်မာဒီမိုကရေစီအရေးအတွက် တောင်ကိုရီးယားမြန်မာသံရုံးရှေ. ဆန္ဒပြမြင်ကွင်းတချို.

(ဆက်ဖတ်ရန်...................)