Sunday, August 16, 2009

ဒေါ်အောင်ဆန်းစုကြည်အား မတရားစီရင်ချက်အပေါ် ပြင်းပြင်းထန်ထန် ကန်.ကွက်ရှုံ.ချခြင်း

KAREN YOUTH ORGANIZATION(KAW THOO LAE)Korea Branch

117-126(202)Wonmin 2 Dong,Wonmiku.
puocheon shl.Kyoungkl Do.(402-112)
Republic Of Korea

http://www.kyokorea.blogspot.com E-mail:Kyokoreabranch@Gmail.Com



ဒေါ်အောင်ဆန်းစုကြည်အား မတရားစီရင်ချက်အပေါ် ပြင်းပြင်းထန်ထန် ကန်.ကွက်ရှုံ.ချခြင်း

၂၀၀၉ခ ခုနှစ် သြဂုတ်လ ၁၁ရက် အင်္ဂါနေ.တွင် နအဖ စစ်အစိုးရလက်အောက်ခံအင်းစိန်အထူးတရားရုံးကပြည်သူ.
ခေါင်းဆောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်အထွေထွေအတွင်းရေးမှူး
ဒေါ်အောင်ဆန်.စုကြည်အားအလုပ်ကြမ်းနှင့် ထောင်ဒဏ်၃နှစ် ချမှတ်
လိုက်သည့်အပေါ်တွင် ပြင်းပြင်းထန်ထန် ကန်.ကွက်ရုံ.ချလိုက်သည်။
အဆိုပါတရားစီရင်ချမှတ်လိုက်ခြင်းသည် မြန်မာနိုင်ငံအတွင်း တရားမျှတမူ.
နှင့် ဒီမိုကရေစီလူ.အခွင့်ရေးများဆုံးရှုံးနေကြောင်း ပြတ်ပြတ်သားသား ပေါ်ပေါ်ထင်ထင်မြင်တွေ.လိုက်ရခြင်းဖြစ်သည့်အတွက် နအဖ စစ်အစိုးရတည်ရှိ
နေသ၍ကာလပတ်လုံး ဒီမိုကရေစီလူ.အခွင့်ရေးတို.နှင့်ပြည့်စုံသော ဖယ်ဒရယ်ပြည်ထောင်စုတိုင်းရင်းသား လူ.အခွင့်ရေးများလုံးဝဆိတ်သုဉ်း ပျက်စီးနေအုံးမည်ဖြစ်သဖြင့် ဒေါ်အောင်ဆန်းစုကြည်အား ချွင်းချက်မရှိ အမြန်ဆုံးလွတ်ပေးပြီး ပြည်သူ.အာဏကို ပြည်သူထံသို.ပေးအပ်ရန်ကို တောင်းဆိုလိုက်သည်။


အလုပ်အမူ.ဆောင်အဖွဲ.
ကရင်လူငယ် အစည်းအရုံး(ကိုရီးယားဌာနခွဲ)ယာယီ
၂၀၀၉ ခုနှစ် သြဂုတ်လ ၁၅ ရက် စနေနေ.

တောင်ကိုရီးယား နိုင်ငံတွင်ဒေါ်အောင်ဆန်းစုကြည်အား မတရားစီရင်ချက်အပေါ်ကန်.ကွက်ဆန္ဒပြမြင်ကွင်း

0 comments:

Post a Comment