Friday, June 27, 2014
ကရင်လူငယ်အစည်းအရုံး(ကိုရီးယားဌာနခွဲ)မှ အဖူးစောတာမလာဘော ကွယ်လွန်ခြင်းအတွက် မိသားစုဝင်များနှင့်အတူ ထပ်တူထပ်မျှ ၀မ်းနည်းကြေကွဲရပါကြောင်း
ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) ဥက္ကဌဟောင်း
ဗိုလ်ချုပ်ကြီးစောတာမလာဘော ၉၄နှစ်သည် ဇွန်လ ၂၆ရက်နေ့
ထိုင်းစံတော်ချိန် ည ၉နာရီခွဲခန့်တွင် ထိုင်းနိုင်ငံ၊ မဲ့ဟောင်ဆောင်ခရိုင်
 မဲ့စရင်းမြို့ရှိ နေအိမ်၌ လူကြီးရောဂါဖြင့် ကွယ်လွန်သွားခဲ့ခြင်းအတွက်
 ကိုရီးယားရောက် ကရင်လူငယ်အစည်းအရုံး(ကိုရီးယားဌာနခွဲ)မှ
  များစွာယူကျူံးမရဖြစ်မိပါတယ် မိသားစုဝင်များနှင့်အတူ ထပ်တူထပ်မျှပူဆွေး
အဖူးစောတာမလာဘောဟာ ကရင်အမျိုးသားများအတွက် တာဝန်ကြေခဲ့သလို ကရင်အမျိုးသားများအတွက် လက်ဆင့်ကမ်းသမိုင်းပေးတာဝန်များကို
တာဝန်ကြေပြွန်စွာပခုံးပြောင်းလွဲခဲ့သူလဲဖြစ်ပါတယ်
အဖူးကောင်းရာသုဂတိလားပါစေလို.ဆုတောင်းပေးလိုက်ပါတယ်။
(ဆက်ဖတ်ရန်...................)
Tuesday, August 13, 2013
စတုတ္ထအကြိမ်မြောက် ကရင့်ရိုးရာချည်ဖြူဖွဲ.မင်္ဂလာပွဲ တော်မှ ဖိတ်ကြားအပ်ပါသည်။
တောင်ကိုရီးယားနိုင်ငံရောက် တိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့် အဖွဲ.စည်းအသီးသီးမှ လူကြီးမင်းများခင်ဗျား
ကရင်သက္ကရာဇ် ၂၇၅၂ခုနှစ်တွင် ကရင်လူငယ်အစည်းအရုံး(ကိုရီးယားဌာနခွဲ)မှ
ဦးစီးကျင်းပပြီး ကျတော်များတောင်ကိုရီးယားနိုင်ငံရောက် ကရင်အမျိုးသားများမှ
စတုတ္ထအကြိမ်မြောက် ကရင့်ရိုးရာချည်ဖြူဖွဲ.မင်္ဂလာပွဲတော်ကြီးအား (၁၈.၈.၂၀၁၃)
တနင်္ဂနွေနေ.တွင် ဓမ္မဒူတ(ကိုရီးယား)ကျောင်းတော် (စကားဝါစတိုးဆိုင်)အပေါ်ထက်တွင်
ကရင်လူမျိုးတို.၏ကရင့်ရိုးရာချည်ဖြူဖွဲ.မင်္ဂလာပွဲတော်ကိုစည်းကားသိုက်မြိုက်စွာ
ကျင်းပမည်ဖြစ်ပါသောကြောင့် တောင်ကိုရိးယားနိုင်ငံတွင်ရောက်ရှိနေကြသော
မြန်မာတိုင်းရင်းသား ညီအစ်ကို မောင်နှမများမှတက်ရောက်အားပေးချီးမြင့်ပေးပါရန်
လေးစားစွာ ဖိတ်ကြားအပ်ပါတယ်ခင်ဗျာ။
နေ.ရက် - ၁၈-၈-၂၀၁၃
အချိန်- နေ.လည် ၁၁း၃၀ နာရီမှ မွန်းလွဲ ၃း၀၀ နာရီအထိ
နေရာ - ဓမ္မဒူတ(ကိုရီးယား)ကျောင်းတော် (စကားဝါစတိုးဆိုင်)အပေါ်ထပ်
ဆက်သွယ်ရန်ဖုံး - မန်းတင်ရင်( ၀၁၀-၂၂၇၁-၈၃၃၃) စောလှိုင်မျိုးသိန်း ( ၀၁၀-၆၈၄၉-၃၀၆၁)
(ဆက်ဖတ်ရန်...................)
Friday, December 28, 2012
ကရင်သက္ကရာဇ် ၂၇၅၂ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်သို. ဖိတ်ကြားအပ်ပါသည်
တောင်ကိုရိးယားနိုင်ငံတွင်ရောက်ရှိနေကြသော မြန်မာတိုင်းရင်းသား ညီအစ်ကို
 မောင်နှမများခင်ဗျား။
ကရင်သက္ကရာဇ် ၂၇၅၂ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို မြန်မာအသင်းခန်းမ၊ဖူချွန်းမြို.တော်တွင် ၆ ရက် ၁ လပိုင်း ၂၀၁၃ ခုနှစ်
(တနင်္ဂနွေနေ.)နေ.လည် ၁ နာရီမှ ညနေ ၄ နာရီအချိန်အထိ စည်ကားသိုက်မြိုက်
စွာကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် ကြွရောက်အားပေးချီးမြင့်ကြပါရန်
လေးစားစွာဖိတ်ကြားအပ်ပါသည်။
ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်သို. ကြွရောက်လာသောဧည့်ပရိတ်သတ်များကို
ပျော်ပျော်ရွင်ရွင် စည်ကားသိုက်မြိုက်စွာဖြင့် ကျတော်များ ကရင်အမျိုးသားနှစ်သစ်ကူး
ပွဲတော် ကျင်းပရေးကော်မတီမှ စီစဉ်ထားသော ကောက်ညုင်းပေါင်းနှင့်အာဗြဲခြောက်၊ ကရင်သက္ကရာဇ်၂၇၅၂ခုနှစ် နှစ်သစ်တွင်ကံကောင်းခြင်းများလက်ဆောင်အဖြစ်
ကံစမ်းမဲများဖောက်ပေးခြင်း၊ တေးဂီတများဖြင့် ဖျော်ဖြေတင်ဆက်ခြင်းတို.နှင့်အတူ
တက်ရောက်လာကြသော ဧည့်သည်တော်များအား ငါးသားလောက်ပေါင်း၊  ၀က်သားချိုချက်၊ကရင်လူမျိုးတို.၏ရိုးရာတာလပေါဟင်းတို.ဖြင့် တည်ခင်းဧည့်ခံမည်ဖြစ် ပါသောကြောင့် ပျော်ရွင်စွာ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်သို.ကြွရောက်အားပေးကြပါ
ရန်လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
ဧည့်လမ်းညွှန်။ ။ ရထားဖြင့်စီးလာပါက လိုင်းနံပတ် ၁ မှစီးပြီး 부천역 ဖူချွန်းဘူဒါတွင်ဆင်း၍ တက္ကဆီဖြင့်စီးလာပါက လိပ်စာမှာ အောက်ပါအတိုင်းပြောပြီးစီးလာနိုင်ပါတယ်။
우 420 - 850 부천시 원미구 중2동 1093-1 근로자종합지관 3F
 ဆက်သွယ်ရန်ဖုံး ။ ။ မန်းတင်ယဉ် - 010 2271 8333
                          စကက်နက်မိုး - 010 8714 7019
                          စောထွန်းလင်း- 010 7515 1317
(ဆက်ဖတ်ရန်...................)
Tuesday, December 25, 2012
ဗိုလ်မှူးချုပ်ဂျော်နီကို ကေအဲန် အယ်လ်အေ စစ်ဦးစီးချုပ်ခန့်အပ်
ဒီဇင်ဘာလ ၂၄ရက်၊ ၂၀၁၂ခုနှစ်။ နန်းဖော့ဂေ (ကေအိုင်စီ) မပြီးဆုံးသေးသည့် ကရင်အမျိုးသားအစည်းအရုံး (KNU)၏ ၁၅ကြိမ်မြောက် ကွန်ဂရက်(ညီလာခံ)တွင်
တပ်မဟာ(၇)မှူး ဗိုလ်မှူး ချုပ်ဂျော်နီကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့(KNLA) စစ်ဦးစီးချုပ်အဖြစ် ယနေ့ ရွေးချယ်ခန့်အပ်လိုက်ပြီဖြစ်သည်။
                            ၎င်းစစ်ဦးစီးချုပ်အပြင် ဒုစစ်ဦးစီးချုပ်အဖြစ် တပ်မဟာ(၅)မှူး
 ဗိုလ်မှူးချုပ်ဘောကျော်ဟဲကိုပါ KNU ဗဟိုထိပ် ပိုင်းခေါင်းဆောင် ၅ဦး နှင့် တပ်မဟာမှူး ၇ဦးတို့က တိုင်ပင်ညှိနှိုင်းကာ ကွန်ဂရက်ခမ်းမဆောင်၌ ယနေ့မနက်ပိုင်းက ရွေးချယ်လိုက်ခြင်းဖြစ်သည်။ ယနေ့ ဆက်လက် ပြုလုပ်သည့် ကွန်ဂရက် အစည်းအဝေးတွင် ရွေးကောက်တင်မြှောက်ထားသည့် ထိပ်ပိုင်းခေါင်းဆောင်ငါးဦး နှင့် ဗဟိုကော်မတီဝင်များက ကျန်ရှိနေသေးသည့် ဗဟိုအလုပ်အမှုဆောင်များကို ဆက်လက် ရွေးချယ်ရာ စစ်ဦးစီးချုပ်၊ ဒုစစ်ဦး စီးချုပ်၊ ပဒိုစောရောဂျာခင်၊ ပဒိုစောသမိန်ထွန်း၊ ပဒိုမန်းငြိမ်းမောင်နှင့် ပဒိုတာဒို့မူးတို့အား အတည်ပြု သတ်မှတ်လိုက်သည်။ ထို့အပြင် ဌာနဆိုင်ရာ တာဝန်ခံများကိုလည်း ရွေးချယ်သတ်မှတ်ခဲ့ရာ ပဒိုမန်းဘထွန်း – သစ်တောဌာန ပဒိုကော်ကဆာစောနေစိုး – လမ်းပန်းဆက်သွယ်ရေးဌာန ပဒိုစောအဲ့ကလူရွှေဦး – ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန ပဒိုစောလှထွန်း – စည်းရုံးရေးနှင့် ပြန်ကြားရေးဌာန ပဒိုစောလားစေး – ပညာရေးနှင့် ယဉ်ကျေးမှုဌာန ပဒိုစောမြမောင်` – မွေးမြူရေးနှင့် ရေလုပ်ငန်းဌာန ပဒိုစောရောဂျာခင် – ကာကွယ်ရေးဌာန ပဒိုစောကဲလဲ – သတ္တုနှင့် မိုင်းဌာန ပဒိုစောအဲ့ကလူစေး – တရားရေးဌာန ပဒိုစောဒေးဗစ်သကဘော – မဟာမိတ်ဆက်ဆံရေးဌာန ပဒိုစောအောင်ဝင်းရွှေ – နိုင်ငံခြားရေးဌာန ပဒိုစောအားတိုး – ပြည်ထဲရေးနှင့် သာသနာရေးဌာန ပဒိုစောဟေးစယ် – ဘဏ္ဍာရေးဌာန တို့ဖြစ်ကြသည်။ သို့သော် ယနေ့ အစည်းအဝေးသို့ မတက်ရောက်သူများရှိသလို လက်ရှိ ရွေးချယ်လိုက်သည့် ခေါင်းဆောင်များနှင့် တာဝန်ခံများ ကို ဒီဇင်ဘာလ ၂၆ရက်နေ့တွင် အခြားညီလာခံကိုယ်စားလှယ်များ ပါဝင်သည့် ကွန်ဂရက်ကို ပြန်လည်တင်ပြပြီး ထပ်မံ အတည် ပြုကာ ခေါင်းဆောင်များမှ ကျမ်းသစ္စာကျိန်ဆို၍ ကွန်ဂရက်ကို အဆုံးသတ်သွားမည်ဖြစ်သည်။ နိုဝင်ဘာလ ၂၆ရက်နေ့က KNU တပ်မဟာ(၇)နယ်မြေ လေးဝါးစခန်း၌ စတင် ကျင်းပခဲ့သည့် ၎င်းကွန်ဂရက်မှာ ရက်သတ္တ၄ပတ် ကြာမြင့်ခဲ့ပြီးနောက် ဒီဇင်ဘာလ ၂၀ရက်နေ့မှသာ ရွေးကောက်ပွဲကို စတင်ခဲ့ပြီး ဗဟိုအမြဲတမ်းကော်မတီဝင် ၄၅ဦးကို လျှို့ဝှက်မဲ စနစ်ဖြင့် နှစ်ဆင့် ရွေးချယ်ခဲ့ကြသည်။ ဒီဇင်ဘာလ ၂၁ရက်နေ့တွင် ခရိုင်ဥက္ကဌနှင့် တပ်မဟာမှူးအားလုံး ပါဝင်သည့် ဗဟိုအမြဲတမ်းကော်မတီများထဲမှ KNU ဥက္ကဌအ ဖြစ် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး၊ ဒုဥက္ကဌအဖြစ် ပဒိုနော်စီဖိုးရာစိန်၊ အထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် ပဒိုစောကွယ်ထူးဝင်း၊ တွဲဖက် အတွင်းရေးမှူး(၁)အဖြစ် ပဒိုစောသောသီဘွဲနှင့် တွဲဖက်အတွင်းရေးမှူး(၂)အဖြစ် ပဒိုမန်းမန်းမန်းတို့အား လျှို့ဝှက်မဲစနစ် ဖြင့်ပင် ရွေးကောက်ခဲ့ကြသည်။ ထိုနေ့တွင်ပင် ကွန်ဂရက်ကိုယ်စားလှယ်များက တရားသူကြီးချုပ်ကို လျှို့ဝှက်မဲအများဆုံးရရှိသူ ပဒိုစောအားတိုးအား ရွေး ကောက်ခဲ့သော်လည်း သက်ဆိုင်သူမှ ငြင်းပယ်ခဲ့သည့်အတွက် ဒုတိယ မဲအများဆုံးရရှိသူ ပဒိုစောဒေါ့လေးမူအား တရားသူကြီး ချုပ်အဖြစ် ယနေ့ ပြောင်းလဲသတ်မှတ်လိုက်သည်။ http://www.kicnews.org/?p=14892
(ဆက်ဖတ်ရန်...................)
Friday, December 14, 2012
မြ၀တီမြို့တွင် ဒီကေဘီအေ ဆန္ဒပြ
ဒီဇင်ဘာလ ၁၄ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်း ဖြိုခွင်းမှု၌ ဒဏ်ရာရသံဃာများကို တောင်းပန်ရန်နှင့် ကချင်ပြည်နယ်အတွင်း ထိုးစစ်ဆင်မှုများကို ရပ်တန့်ရန် ကရင်ပြည်နယ်၊ မြ၀တီမြို့တွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်-ဒီကေဘီအေ ဦးဆောင်၍ ယနေ့မနက် ၇နာရီကျော်တွင် ဆန္ဒပြခဲ့ကြ သည်။
အဆိုပါ ဆန္ဒပြမှုတွင် ဒီကေဘီအေအပြင် ဗိုလ်မှူးချုပ် စောထိန်မောင်၏ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ တပ်ဖွဲ့များလည်း ပါဝင်ပြီး စစ်ယူနီဖောင်းများနှင့်အတူ ကားအစီး ၁၀စီး၊ လူအင်အား ၈၀ ဖြင့် လက်ပံတောင်း တောင် စီမံကိန်း သပိတ်စခန်း ဖြိုခွင်းမှု၌ ဒဏ်ရာရသံဃာ တော်ပုံများ၊ စာတမ်းများကိုင်ဆောင်ကာ မြ၀တီမြို့ တွင် လှည့်လည်ဆန္ဒပြ ခဲ့ကြခြင်းဖြစ်သည်။
ဆန္ဒပြမှုကို ဒီကေဘီအေ အရာရှိတစ်ဦးဖြစ်သူ ဗိုလ်မှူး စောဆန်းအောင်က “မြန်မာနိုင်ငံမှာ အထူးသဖြင့် လက်ပံတောင်းတောင် စီမံကိန်းမှာ ဒဏ်ရာရ သံဃာတော်တွေကို အစိုးရအနေနဲ့ ပြန်တောင်းပန်ဖို့ပါ။ နောက် ကချင်ဒေသဘက်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကို ရပ်တန့်ပေးဖို့ပေါ့”ဟု ကေအိုင်စီသို့ ပြောသည်။
၎င်းတို့၏ တောင်းဆိုမှုများကို မြ၀တီမြို့နယ်ထဲတွင် လက်ရှိ တာဝန်ထမ်းဆောင် မြန်မာအစိုးရတပ် တပ်မ(၇၇) တပ်မမှူးက လက်ပံတောင်း တောင် စီမံကိန်း၌ ဆန္ဒပြသူများကို အကြမ်းနှိမ်နင်းခဲ့သည့် ရဲများကို အရေးယူ ဆောင် ရွက်ပေးမည်ဟု တုံ့ပြန်သွားသော်လည်း တစုံတရာ မလုပ်ဆောင်ပေးပါက ဒီကေဘီအေ အနေဖြင့် ဆက်လက် ဆန္ဒထုတ်ဖော် သွားမည်ဖြစ်ကြောင်း ဗိုလ်မှူးစော ဆန်းအောင်က ဖြည့်စွက်ပြောဆိုသည်။
ဒီကေဘီအေ ဆန္ဒပြပွဲနှင့် ပတ်သက်၍ မျက်မြင်သက်သေ မြ၀တီမြို့ခံတစ်ဦးက “ဒီမနက် သူတို့ ဆန္ဒပြတာ မြ၀ တီမြို့ ဘုရင့်နောင်ဈေးကနေ ကြခတ်တောရကျောင်းလမ်းဘက်ကို သွားတယ်။ အစိုးရအနေနဲ့ သံဃာတော် များကို ပြည်လည်တောင်းပန်ဖို့ သူတို့တွေ ကြွေးကြော်ခဲ့ကြတယ်။ မြို့ကို လှည့်ပြီး ဆန္ဒပြတာပေါ့။ နောက် ဆုံဆည်းမြိုင်ဘက်ကို သူတို့ ပြန်တက် သွား တယ်”ဟု ပြောသည်။
မြ၀တီမြို့တွင် ဒီကေဘီအေနှင့် KNU/KNLA ငြိမ်းချမ်းရေးကောင်စီ တပ်ဖွဲ့တို့ပူးပေါင်း၍ ယခု ဆန္ဒပြမှုသည် ပထမဦးအကြိမ်ဖြစ်ပြီး ဆန္ဒပြပွဲကို နံနက် ၈ နာရီကျော်တွင် အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၂၉ ရက်နေ့က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြသပိတ်စခန်း ၆ ခုကို မြန်မာအစိုးရအာဏာပိုင်များက အကြမ်းဖက်ဖြိုခွဲခဲ့ရာ သံဃာတော် အပါး ၇၀ ကျော်နှင့် လူထု ၅၀ ကျော် ဒဏ်ရာရရှိခဲ့သည်။
http://www.kicnews.org/?p=14733
(ဆက်ဖတ်ရန်...................)
Tuesday, November 6, 2012
၅၇နှစ်မြောက် ကရင်ပြည်နယ်နေ. နိုဝင်ဘာလ(၇)ရက်
ကရင်ပြည်နယ် (ကော်သူးလေ)နေ့
karen state november 7.GIF
ကရင်ပြည်နယ်နေ့
နိုဝင်ဘာလ (၇)ရက်နေ့သည် ကရင်ပြည်နယ် (ကော်သူးလေ)နေ့ဖြစ်သည်။ ကရင်ပြည်နယ်နေ့ဖြစ်ပေါ်လာပုံမှာ အောက်ပါအတိုင်းဖြစ်လေသည်။
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအပိုဒ် ၁၈၀(၁)အရ သံလွင်ခရိုင်ကို ကရင်ပြည်နယ်အဖြစ် ပထမအဆင့် သတ်မှတ်ခဲ့သည်။ ၁၉၅၄ ခုဇွန်လ (၁)ရက်နေ့သို့ ရောက်ရှိပြန်သောအခါ သံလွင်ခရိုင်နှင့် ဆက်စပ်နေသော ဒေသများဖြစ်သည့် ဘားအံ၊ သံတောင်၊ လှိုင်းဘွဲ့မြို့များနှင့် ၁၉၅၅ ခုနှစ် ဇူလိုင်လ (၁)ရက်နေ့တွင် ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်မြို့နယ်များ ကရင်ပြည်နယ် အကျယ်အ၀န်းနှင့် ကရင်ပြည်နယ် အုပ်ချုပ်မှုအတွင်းသို. ရောက်ရှိလာခဲ့သည်။ ကရင်ပြည်နယ်၏ အကျယ်အ၀န်းမှာ စတုရန်းမိုင်ပေါင်း (၁၁၀၉၁)ဖြစ်သည်။ ကျေးရွာပေါင်း (၄၆၄)ရွာနှင့် လူဦးရေ (၆၀၀၀၀၀) ခြောက်သိန်းခန့်ရှိလေသည်။ ၁၉၅၆ခုနှစ် ဖေဖော်ဝါရီလ (၂၅)၇က်နေ့တွင် ကျင်းပသော (စုဒ္ဒသမ)၁၄-ကြိမ်မြောက် ကရင်ပြည်နယ်ကောင်စီညီလာခံမှ ကရင်ပြည်နယ်နေ့ သတ်မှတ်ရေးအဆိုကို တင်သွင်းရန် သတ်မှတ်ခဲ့လေသည်။
ကရင်ပြည်နယ်နေ့ကို သတ်မှတ်ရာတွင် အောက်ပါအချက်များပေါ်တွင် မူတည်၍ သတ်မှတ်ခဲ့သည်။
(၁) သံလွင်ခရိုင်ကို ကရင်ပြည်နယ် အဖြစ်သတ်မှတ်ပြီး နိုင်ငံတော်သမ္မတက အတည်ပြုလက်မှတ်ထိုးပေးသော နိုဝင်ဘာလ (၇)ရက်နေ့။
(၂) ဘားအံ၊ လှိုင်းဘွဲ့၊ သံတောင် မြို့နယ်များကို ပထမအကြိမ် ကရင်ပြည်နယ်အတွင်း ပေါင်းစည်းခဲ့သည့် ဇွန်လ-၁ရက်နေ့။
(၃) ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ် မြို့နယ်များကို ဒုတိယအကြိမ် ကရင်ပြည်နယ်အတွင်း ပေါင်းစည်းခဲ့သည့်
ဇူလိုင်လ-၁ရက်နေ့။
ဤသုံးရက်နေ့ကို ကရင်ပြည်နယ်နေ့အဖြစ် သတ်မှတ်ရန်စဉ်းစားခဲ့ကြရာ နိုဝင်ဘာလ(၇)ရက်နေ့ကို
ကရင်ပြည်နယ်နေ့အဖြစ် ရွေးချယ်သတ်မှတ်ခဲ့ကြသည်။
(၁) ဇွန်လ-၁ရက်နေ့နှင့် ဇူလိုင်လ-၁ရက်နေ့တို့သည် မိုးများရွာသော မိုးရာသီရက်များ ဖြစ်သောကြောင့် အခမ်းနားကျင်းပရန် မသင့်လျော်။
(၂) နိုဝင်ဘာ-၇ ရက်နေ့သည် ရာသီဥသာယာသော ဆောင်းရာသီနှင့် နွေရာသီဖြစ်သောကြောင့် အခမ်းအနားကျင်းပရန် ကောင်းမွန်သည်။
(၃) ထိုနေ့ (နိုဝင်ဘာ-၇)တွင် ကရင်ပြည်နယ်နေ့အဖြစ် နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးခဲ့သည်။
ဤအကြောင်းများကြောင့် နိုဝင်ဘာလ (၇)ရက်နေ့ကို ကရင်ပြည်နယ်နေ့အဖြစ် သတ်မှတ်၍ တရားဝင်
ကျင်းပလာခဲ့ခြင်းဖြစ်သည်။
၁၉၆၄ ခုနှစ် ဧပြီလ (၃) ရက်နေ့တွင် ကရင်ပြည်နယ်ကို ကော်သူးလေ ဟုပြောင်းလဲခေါ်ဆိုခဲ့သည်။ ကော်သူးလေ၏ အကျယ်အ၀န်းမှာ စတုရန်းမိုင်စုစုပေါင်း (၁၁.၀၉၁) တစ်သောင်းတစ်ထောင့်ကိုးဆယ်တစ်မိုင် ရှိသည်။ ကရင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ အရှေ့တောင်ဖျား၊ မြောက်ဘက် လတ္တီကျု. ဒီဂရီ
၁၅.၁၅ (ရေးမြို့နှင့် တတန်းတည်း)နှင့် ဒီဂရီ ၁၉.၁၃(ရေနီမြို့နှင့် တတန်းတည်း)အရှေ့ဘက် လောင်ဂျီတွဒ်ဒီဂရီ ၉၆.၁၅နှင့် ဒီဂရီ ၉၈.၅၅စပ်ကြားတွင် အနောက်မြောက်မှ အရှေ့တောင်ဆီသို့ ခပ်ယွန်းယွန်း ကျဉ်းမြောင်းကွေ့ကောက် ရှည်လျားစွာ တည်ရှိနေသည်။ ကရင်ပြည်နယ်၏ နယ်နိမိတ်မှာ မြောက်ဘက်တွင် ရမည်းသင်းခရိုင်၊ အရှေ့မြောက်ဘက်တွင် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်၊ အရှေ့ဘက်တွင် သံလွင်မြစ်နှင့် ၎င်း၏မြစ်လက်တက် သောင်းရင်းမြစ်တို့အကြားဖြစ်သည့် ယိုးဒယားနိုင်ငံ၊ တောင်ဘက်တွင် ကျိုက္ခမီခရိုင်တွင်ပါ
ဝင်သော ရေးမြို့နယ်၊ အနောက်ဘက်တွင် တောင်ငူခရိုင်တွင်ပါဝင်သော ရေတာရှည်မြို့ နယ်များ၊ သထုံခရိုင်တွင်ပါဝင်သော ဘီးလင်း၊ သထုံနှင့် ပေါင်မြို့နယ်များ၊ ကျိုက္ခမီခရိုင်တွင် ပါဝင်သော ကျိုက်မရော၊ မုဒုံ၊ ကျိုက္ခမီနှင့် ရေးမြို့နယ်များရှိကြသည်။ ပြည်နယ်အတွင်းရှိ ခရိုင်အလိုက်၊ မြို့နယ်အလိုက် အကျယ်အ၀န်းမှာ သံလွင်(၂၆၆၆)၊ လှိုင်းဘွဲ(၁၇၆၄)၊ ဘားအံ(၁၀၀၇)၊ ကော့ကရိတ်(၁၉၆၃)၊ ကြာအင်း(၁၂၃၈)၊ သံတောင်(၇၀၃)စတုန်းရန်းမိုင် အသီးသီးရှိကြသည်။
ကရင်ပြည်နယ်၏မြို့တော်သည် "ဘားအံ" မြို့ဖြစ်သည်။
ကရင်ပြည်နယ်အလံ
(၁) အလံ၏ပုံစံ-ထောင်မှန်စတုဂံပုံ ဖြစ်သည်။
(၂) အလံအရောင်-လက်ဝဲဘက်အပေါ်ဘက်ထောင့် အလံ၏သုံးပုံ
တစ်ပုံနေရာတွင် ကြယ်ဖြူတလုံး၊ ကျန်အပိုင်းတို့တွင် အပြာရောင် အလံ၏
အလယ်တွင် အဖြူရောင်၊ အလံ၏အောက်ဆုံးပိုင်းတွင် အနီရောင်ဖြစ်သည်။
(၃) အလံ ပမာဏ အရွယ်အစား
အလံအကြီးဆုံး ……..အလျား(၉)ပေ၊အနံ(၅)ပေ
အလံအလတ်စား …….အလျား(၆)ပေ(၆)လက်မ
အနံ (၃)ပေ (၄)လက်မ
အလံအငယ်စား ……အလျား(၄)ပေ (၆)လက်မ
အနံ (၂)ပေ (၆)လက်မ၊
။ ။ ။။ အလျား(၃)ပေ
အနံ(၁)ပေ(၈)လက်မ
။ ။ ။။ အလျား(၃)ပေ
အနံ(၁)ပေ(၈)လက်မ
။ ။ ။။ အလျား(၂)ပေ (၆)လက်မ
အနံ(၁)ပေ (၄)လက်မခွဲ။
။ ။ ။။ အလျား(၂)ပေ
အနံ(၁)ပေ (၁)လက်မ
။ ။ ။။ အလျား(၁)ပေ (၆)လက်မ
အနံ(၁၀)လက်မ
။ ။ ။။ အလျား(၁)ပေ
အနံ(၇)လက်မခွဲ
ဤသည်တို့ကား ကရင်ပြည်နယ် အလံအရွယ်အစားမျိုးစုံဖြစ်ပေသည်။
အဓိပ္ပါယ် အနှစ်သာရ
(၁)အလံ၏ လက်ဝဲဘက် သုံးပုံတစ်ပုံနေရာ တိမ်ထဲမှ ကြယ်ကြီးတစ်လုံးမှာ ပြည်ထောင်စုထဲမှ ပြည်နယ်တစ်ခုဖြစ်ကြောင်း အဓိပ္ပါယ်ဖော်ဆောင်ထားခြင်းဖြစ်သည်။
(၂)အပြာရောင်သဘောမှာ တည်ကြည်၊ နက်နဲ၊ ငြိမ်းချမ်းသော အမှတ်လက္ခဏာ ဖြစ်သည်။
(၃)အဖြူရောင်၏ သဘောမှာ ဖြူစင်ခြင်းနှင့် သန့်ရှင်းစင်ကြယ်ခြင်း၏ လက္ခဏာဖြစ်သည်။
(၄) အနီရောင်၏ သဘောမှာမူ ရဲရင့်ခြင်း၊ သတ္တိရှိခြင်း၊ ဇွဲကောင်းခြင်း၊ သွေးစည်းညီညွတ်ရေး၏ အဓိပ္ပါယ်အနှစ်သာရများကို ဖော်ဆောင်ထားခြင်းဖြစ်သည်။
ဤသည်တို့ကား ကရင်ပြည်နယ်အလံအကြောင်း ဖြစ်သည်။
ကရင်ပြည်နယ်တံဆိပ်
(၁) အလယ်တွင် ဖားစည်မျက်နှာပြင်နှင့် သီလ၊ သမာဓိ၊ သစ္စာ အမှတ်အသား စာလုံးများရေးသားထားသည်။
(၂) လက်ျာဘက်တွင် ဆင်ရုပ်တုတစ်ခု၊။
(၃) လက်ဝဲဘက်တွင် ဆင်ရုပ်တုတစ်ခု၊။
(၄) ဦးထိပ်ဘက်တွင် ခြင်္သေ့ရုပ်တစ်ခု။
ဤအမှတ်သား၊ ဤစာသား၊ ဤအခြင်းအရာများ ပါရှိသောတံဆိပ်သည် ကရင်ပြည်နယ်တံဆိပ် ဖြစ်သည်။
အဓိပ္ပါယ်အနှစ်သာရ
(၁) တံဆိပ်၏အလယ်မှ ဖားစည်မျက်နှာပြင်၏ အဓိပ္ပါယ်မှာ ကရင်အမျိုးသားများ၏ ယဉ်ကျေးမူ့ဘ၀ကို ဖော်ပြထားသော ယဉ်ကျေးမူ့ပစ္စည်းဖြစ်ခြင်း။
(၂) သီလ၊ သမာဓိ၊ သစ္စာ စာလုံးများ၏ အဓိပ္ပါယ်မှာ ကရင်အမျိုးသားများသည် အကျင့်သီလ ပြည့်စုံကောင်းမွန်ခြင်း၊ ဖြောင့်မတ်တည်ကြည်ရိုးသားခြင်း၊ သစ္စာရှိခြင်းစသော အရည်အချင်းကောင်းများကို ဖော်ပြထားခြင်းဖြစ်သည်။
(၃) တံဆိပ်၏ လက်ျာဘက်မှဆင်နှင့် လက်ဝဲဘက်မှ ဆင်ရုပ်တို့မှာ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း ကရင်ပြည်နယ်သည် သစ်များကို ဒုတိယအများဆုံး ထုတ်လုပ်နိုင်ခြင်းကို ဖော်ပြထားသည့် အဓိပ္ပါယ်ဖြစ်သည်။
(၄) တံဆိပ်၏ ဦးထိပ်ပိုင်းမှ ခြင်္သေ့ရုပ်မှာမှု ပြည်ထောင်စုမြန်မာနိုင်ငံ၏ တံဆိပ်တွင် ခြင်္သေ့ရုပ်ပါရှိသည့်အတိုင်း ပြည်ထောင်စုမြန်မာနိုင်ငံ၏ အဖွဲ့ဝင်ပြည်နယ်တစ်ခုဖြစ်ကြောင်း ဖော်ပြထားခြင်းဖြစ်ပေသည်။
(အမျိုးသားစာပေဆုနှင့် လူ့အခွင့်ရေးဆုရ ဖူ့မောင်စင်ကြယ်၏ ကရင့်ဘ၀ဓလေ့စာအုပ်မှ ဖော်ပြပါသည်။)
(ဆက်ဖတ်ရန်...................)
Tuesday, October 23, 2012
ဗဟိုအထူးအရေးပေါ် အစည်းအဝေး ကျင်းပရန် KNU ညှိနှိုင်းဆွေးနွေးပြီးစီး
အောက်တိုဘာလ ၂၃ရက်၊ ၂၀၁၂ခုနှစ်။ (ကေအိုင်စီ)
ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)၏ ကြီး ၅ ကြီးအဖွဲ့နှင့် တဘက်မှ ပဒိုရောဂျာခင် အပါအ၀င် ခရိုင် ခေါင်းဆောင်အချို့တို့သည် ကေအဲန်ယူအတွင်း ဖြစ်ပွားခဲ့သည့် သဘောထားကွဲလွဲမှုများကို နှစ်ရက်ကြာ ညှိနှိုင်းဆွေးနွေးပြီး လာမည့် အောက်တိုဘာလ ၂၅ရက်နေ့တွင်ဗဟိုအထူးအရေးပေါ် အစည်းအဝေးကျင်းပရန် သဘောတူညီမှု ရရှိခဲ့ သည်။ ကေအဲန်ယူ တပ်မဟာ(၇) ဘားအံခရိုင်၊ လေးဝါးတပ်စခန်း၌ ယမန်နေ့ကစတင်၍ နှစ်ရက်ကြာပြုလုပ်သည့် ယင်းဆွေးနွေးပွဲတွင် ကြီး ၅ ကြီးဘက်မှ ကေအဲန်ယူ ဒုဥက္ကဌ ပဒိုဒေးဗစ်သာ့ကပေါ၊ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်၊ တွဲဘက်အတွင်းရေးမှူး(၁) ပဒိုစောလှငွေ၊ တွဲဘက်အတွင်းရေးမှူး(၂)ပဒိုစောဒေါ့လေးမူတို့နှင့် တဘက်မှ ပဒို စောရောဂျာခင်၊ ဒူးပလာယာခရိုင် ဥက္ကဌ ပဒိုစောရွှေမောင်း၊ ဘိတ်/ထားဝယ်ခရိုင် ဥက္ကဌ ပဒိုစော ကွယ်ထူးဝင်း၊ ပဒိုစောလေးလော်ဆော၊ ဗိုလ်မှူးကြီး စောထူးထူးလေးတို့က ညှိနှိုင်းဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ ထို့အပြင် ဆွေးနွေးပွဲတွင် ကြားခံအဖြစ် ကေအဲန်ယူ ဗဟိုတရားသူကြီးချုပ် ပဒိုမန်းရင်စိန်၊ တပ်မဟာ(၇)မှူး ဗိုလ်မှူးချုပ်စောဂျော်နီ၊ တပ်မဟာ(၅) မှူး ဗိုလ်မှူးချုပ် စောဘောကျော်ဟဲနှင့် အရံဗဟိုကော်မတီဝင် စောစေး လယ်တောတို့က တက်ရောက်နားထောင်ခဲ့သည်။ ဆွေးနွေးမှုတွင် ပါဝင်သည့် ကေအဲန်ယူ တွဲဘက်အတွင်းရေးမှူး(၁) ပဒိုစောလှငွေက “ဗဟိုကော်မတီ ပုံမှန် အစည်းအဝေး ကျင်းပဖို့အတွက် အစည်းအဝေးမှာ လူတွေစုံစုံလင်လင်နဲ့။ နောက် ကျင်းပနိုင်အောင်ဆိုလို့ရှိရင် အထူးဗဟိုကော်မတီအစည်းအဝေး ခေါ်မှဖြစ်မယ်ဆိုတာကို Agenda(အစီအစဉ်)ဆွဲပြီး ဆွေးနွေးခဲ့ကြတာပါ”ဟု ကေအိုင်စီသို့ ပြောသည်။ ဆက်လက်၍ ကေအဲန်ယူအတွင်း ဖြစ်ပွားခဲ့သည့် ပြဿနာအပေါ် အားကောင်းချက်၊ အားနည်းချက်များကို အကောင်းဆုံး ဆွေးနွေးအဖြေရှာခဲ့ပြီး အာနည်းချက်များကို သင်ခန်းစာယူရန်နှင့် အားကောင်းချက်များကို ရှေ့ဆက် သယ်ဆောင်သွားကြရန် ဆွေးနွေးခဲ့ကြသည်ဟုလည်း ဗိုလ်မှူးစောလှငွေက ပြောသည်။ ကေအဲန်ယူ ဗဟိုကော်မတီဝင်များက အောက်တိုဘာလ ၂၅ရက်တွင် ပြုလုပ်မည့် အထူးအရေးပေါ်အစည်း အဝေးတွင် မကြာသေးမီက ထုတ်ပယ်ခံရသည့် ထိပ်တန်းခေါင်းဆောင်တို့၏ ကိစ္စနှင့် အဖွဲ့အတွင်း ဖြစ်ပေါ်နေ သည့် အခြေအနေများကို ဆွေးနွေးညှိနှိုင်းကြကာ ထိုမှတဆင့် ၁၄ ကြိမ်မြောက် ညီလာခံသက်တမ်း၏ နောက်ဆုံးဗဟိုကော်မတီအစည်းအဝေးကို ကျင်းပသွားရန် ရှိသည်ဟု သိရသည်။ ၎င်းနောက် ၁၅ ကြိမ်မြောက် ကေအဲန်ယူ ညီလာခံကို ဆက်လက် ကျင်းပပြီး လာမည့်သက်တမ်းအတွက် တာဝန်ယူမည့် ကေအဲန်ယူ ခေါင်းဆောင်သစ်တို့ကို ရွေးချယ်သွားမည်။
(ဆက်ဖတ်ရန်...................)