Sunday, August 30, 2009

KNU တပ်မဟာ (၇) မှ DKBA ကို လယ်ပယ်ဟယ်ဂွင်တွင် ပြောက်ကျားစစ်ဆင် တိုက်ခိုက်

KNU တပ်မဟာ (၇) မှ DKBA ကို လယ်ပယ်ဟယ်ဂွင်တွင် ပြောက်ကျားစစ်ဆင် တိုက်ခိုက်











KNU တပ်မဟာ (၇) မှ DKBA ကို လယ်ပယ်ဟယ်ဂွင်တွင် ၂၀၀၉ ခုနှစ် သြဂုတ်လ၊ ၂၈ ရက်နေ့ နံနက် ၉ နာရီမှာ ပြောက်ကျားစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။

တိုက်ပွဲဖြစ်တာ ၁၅ မိနစ်လောက်ကြာပါတယ်။ DKBA ၉၉၉ ဘက်မှ ၅ ယောက်ကျဆုံးပြီး ၁၅ ယောက် ဒဏ်ရာရခဲ့ပါတယ်။ KNU ဘက်ကတော့ ဘယ်သူ့မှတော့ ထိတယ်ဆိုတဲ့ အသံ မကြားရဘူး။ ထိုင်းနယ်မြေထဲကို လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

အခုတိုက်ပွဲဖြစ်တဲ့နေရာက အရင်လွန်ခဲ့တဲ့ ၃ လလောက်ကတည်းက DKBA နဲ့ နအဖတို့က သိမ်းထားတဲ့နေရာဖြစ်ပါတယ်။ ယခုအချိန်ထိ အဲဒီနေရာတွေမှာ DKBA တွေဟာ နေ့စဉ် KNU မှ ပြောက်ကျားပစ်တာကို ခံနေရပြီး နေ့တိုင်း တရက်ကို အနည်းဆုံး ၁ ယောက် ၂ ယောက်က ဒဏ်ရာရနေပါတယ်။ ထိုင်းမြေထဲကို DKBA ဘက် မှပစ်ခတ်တဲ့ လက်နက်ကြီးကျည်ဆံတွေ ကျရောက်ပေါက်ကွဲတာကြောင့် ထိုင်းရွာသား တွေဟာ အထူးစိုးရိမ်နေကြပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့နေရာအနီးက ရွာသားတဦးပြောပြတာက …


“တိုက်ပွဲဟာ ၁၅ မိနစ်လောက်ကြာတယ်လေ။ တိုက်ပွဲဖြစ်ပြီး DKBA ဘက်မှ ထိုင်းနယ်မြေထဲကို လက်နက်ကြီးနဲ့ ၃ ချက်လှမ်းပစ်ခဲ့ပါ တယ်။ DKBA ၉၉၉ ဘက်မှ ၅ ယောက်ကျတယ် ၁၅ ယောက် ဒဏ်ရာရတယ်။ KNU ဘက်ကတော့ ဘယ်သူ့မှတော့ ထိတယ်ဆိုတဲ့အသံ မကြားရဘူး” လို့ ပြောပြပါတယ်။

အခုတိုက်ပွဲဖြစ်ပွားတဲ့ နေရာဟာ လွန်ခဲ့တဲ့ ဇွန်လ (၂) ရက်နေ့က စတင်ပြီးတော့ နအဖနှင့် DKBA ပူးပေါင်းတပ်ဖွဲ့တွေ KNU တပ်မဟာ (၇) ဘားအံခရိုင်ဒေသကို အလုံးအရင်းနဲ့ တလနီးပါးခန့် ထိုးစစ်ဆင်ခဲ့ပါတယ်။ အဲဒီစစ်ဆင်ရေး ၁ လအကြာ ဇူလိုင်လလည်လောက်မှာ KNU က စခန်းကို ဆုတ်ခွာပေးခဲ့ပါတယ်။ ဒီတိုက်ပွဲဟာ ပြီးခဲ့တဲ့ ဇွန်လ နအဖနဲ့ DKBA တလကြာ ပူးပေါင်းစစ်ဆင်ရေးအပြီး KNU ဘက်ကနေ စခန်းကို ရှောင်ထွက်ပေးပြီးတော့မှ ပြန်ဖြစ်တဲ့ ပထမဦးအကြိမ် တိုက်ပွဲပါ။

နေ့သစ်မီဒီယာ
post by Saturday, August 29, 2009

0 comments:

Post a Comment