
ကရင်လူမျိုးတို.၏ ရိုးရာပွဲတော်များ (Click Here)
ကရင်လူမျိုးတို.၏ ကိုးကွယ်ယုံကြည်မူများ ( Click Here)
ကရင်လူမျိုးတို.၏ ရှေးရိုးစဉ်လာ ပုံပြင်၊ဓလေ့များ
( စကော ကရင်စာဖြင့် Click Here)
ကရင်လူမျိုးတို.၏ ရိုးရာအ၀တ်စားများ
( စကော ကရင်စာဖြင့် Click Here)
အပြည့်အစုံသိရှိလိုက(ဒီမှာနှိပ်ပြီးကြည့်ပါ)
ထာဝရတည်စေ ကော်သူးလေး
2750 Karen New Years In Korea
ကရင်ဘလော့ဂ်များ
My Blog List
-
ဒြပ်မဲ့ပုံတူ12 years ago
-
နားလည်ကြဖို့အချိန်တန်ပြီး12 years ago
-
အှ်လာအေဃှူ့ ๏ိုဝ်
ကရင်ဝက်ဆိုဒ်များ
Monday, August 31, 2009
ကရင်လူမျိုးတို.၏ ရိုးရာပွဲတော်များ
Saturday, August 1, 2009
လာခုဂ်ခါင်စူး

လာခုဂ်ခါင်စူး
ဖေါဟ်ဍီပီုး ဍောဟ်ထင်းလင်ခါင့်
ဆိုဒ်ဆး၊ ဆ်ုဃှီ့ ပ်ုကုံထာင်
ပီပါ၊ ဖံင်ဍွာအင်းဃှူ့ထာင်
ဍေခွေ၊ ဍေထး စူး๏းခါင်
လိက်ဖုံဏှ်ေ๏လ်ုလင်๏ါင်
မာလေါဟ်လာ. ကိုဝ်ဟှာဍေဆာ်/
လါခုဂ်အေထံင် ဖုံယှင်သီး
ဟှယ့်ထါင်ပ်ုကုံ စူးဏင်ထီး
လူး၀၀်၊ လူးအွာ ๏းခါင်ထင်း
သီ.ယာ့သာ ဖုံဖေါဟ်သာ๏င်း
ထုင်းလီတုင် ဍေဆ်ုအါင်လင်
๏းမာဏေ၀်ထါင် အေဃှူ့ဃှင်
ပ်ုအေဃှူ့ဃှင်ေ๏့မေ၀်ဍူး
ဟှယ့်ထါင်အှ်ကုံ မ်ုခါင်စူး
(* နန်း*)
ချည်ဖြူဖွဲ့မင်္ဂလာပွဲတော် ဗွီဒီယိုမှတ်တမ်းများ(နေ.သစ်)မှရှာဖွေတင်ဆက်သည်။
ကရင်ရိုးရာ ခြည်ဖြူဖွဲ့မင်္ဂလာ
ကရင်လူမျိုးတို့ အမြတ်တနိုး ထိန်းသိမ်းသော ရိုးရာဓလေ့အနက် ခြည်ဖြူဖွဲ့မင်္ဂလာပြုခြင်းသည် တစ်ရပ်အပါအ၀င်ဖြစ်သည်။ အရှေ့ပိုးကရင် ဗုဒ္ဓဘာသာအနွယ်ဝင်တို့သည် ခြည်ဖြူဖွဲ့မင်္ဂလာပြုခြင်း ကျင်းပခြင်းကို အစဉ်အလာတစ်ရပ်အဖြစ် ပြုမြဲရှိကြသည်။
ကရင်လူမျိုးတို့သည် တိဗက်ကုန်းပြင်မြင့်မှ ဆင်းသက်လာရာတွင် ရေကြည်ရာမြက်နုရာ အရပ်ဒေသသို့ ရှာဖွေရာ၌ အစဦးတွင် တစ်အုပ်စုတည်း ဆင်းသက်လာသူတို့က နောင်အခါတွင် အုပ်စုများ ခွဲထွက်ကြလေသည်။ ထိုသို့ အုပ်စုများခွဲထွက်ရာတွင် နောင်အခါ ပြန်လည်တွေ့ဆုံသည့်အခါသော်လည်ကောင်း၊ တစ်အုပ်စုနှင့်တစ်အုပ်စု ဆုံတွေ့ကြ၍လည်ကောင်း အချင်းချင်းသိရှိမှတ်သားနိုင်ရန် လက်တွင် ခြည်ဖြူများဖြင့် အမှတ်အသား ချည်နှောင်ထားကြသည်။ ထိုသို့ လက်တွင် ခြည်ဖြူဖြင့် အမှတ်အသား ချည်နှောင်ထားရာမှ မျက်မှောက်တွင် လက်ချည်မင်္ဂလာပြုခြင်း တည်ရှိလာခဲ့ကြသည်ဟု အဆိုရှိကြသည်။
ကရင်လူမျိုးများသည် ရေကြည်ရာ၊ မြက်နုရာ မြန်မာပြည်သို့  ဆင်းသက်ထွက်ခွာ လာကြသည့်အခါ အုပ်စုခွဲ၍ မောဝ်-ထါ်(အမိဘက်)၊ ဖါ-ထါ်(အဖဘက်)အုပ်စုနှစ်စု ဖြစ်ပေါ်ခဲ့ကြသည်။ ထို့ သို့  အုပ်စုမကွဲမှီကတည်းက ကရင်အမျိုးသားတို့ သည် တစ်ဦးနှင့်တစ်ဦး ပြန်လည်မှတ်မိစေရန်နှင့် အချင်းချင်းအသိ အမှတ်ပြု စောင့်ရှောက်နိုင်ရေးကို ရည်ရွယ်ပြီး (၁) ဖူ့ထိုဝ်မဲပါ၊ (၂) ဖူ့က်ုဆင့်မဲပါ၊ (၃) ဖူ့ဒေတ်၊ (၄) ဖူ့ကျာပံင်၊ (၅) ဖူ့လေံင်.ဃှယ့်၊ (၆) ဖူ့မါန်ထ၀့်၊ (၇) ဖူ့ဖါ့သိင်း၊ (၈) ဖူ့တ်ုကုံ့၊ (၉) ဖူ့ဖုးသူရေင့် စသည့် ကိုးယောက်သောခေါင်းဆောင်များက မိမိတို့ ၏ လက်ကောက်ဝတ်အသီးသီးတွင် အမှတ်အသားဖြင့် ချည်ဖွဲ့ နှောင်ပေးခဲ့ကြသည်။
ရှေးအခါက ကရင်လူမျိုးတို့သည် တောင်ယာနှင့်လယ်ယာကို အဓိကထား၍ အသက်မွေးဝမ်းကျောင်းပြုကြသည်။ မိုးဦးကျ၍ တောင်ယာနှင့်လယ်လုပ်ငန်းကို သူသူငါငါ လုံးပန်းနေချိန်တွင် တစ်ဦးနှင့်တစ်ဦး အိမ်ထောင်စုတစ်ခုနှင့်တစ်ခု တစ်ရွာနှင့်တစ်ရွာ တွေ့ဆုံနိုင်ရန် မလွယ်ကူတော့ချေ။ လယ်များကို ထွန်ယက်ပြီး စိုက်ပျိုးပြီးသည့် ၀ါခေါင်လတွင် ခေတ္တ အားလပ်ကြ၍ အချင်းချင်းတွေ့ဆုံနိုင်ကြရန် အကောင်းဆုံးအချိန်ဖြစ်သည်။ သို့ကြောင့်ပင် စုပေါင်းမင်္ဂလာလက်ချည်ချင်းကို ၀ါခေါင်လတွင်ရွေးချယ်၍ ခင်းကျင်းကြလေသည်။ ၀ါခေါင်လ လက်ချည်ခြင်းကို ရှေးကရင်လူကြီးများက ကြီးမားသောရည်ရွယ်ချက်များ ထားရှိပေသည်။ ၀ါခေါင်လရောက်လျှင် ကွဲကွာနေသော ဆွေမျိုးစုများ ပြန်လည်တွေ့ဆုံရေး၊ မိသားစုများပြန်လည်စုစည်းရေး၊ အချင်းချင်း ချစ်ကြည်သွေးစည်းမှု ခိုင်မြဲရေး၊ လူငယ်လူရွယ်များကို လူကြီးသူမများက ဆိုဆုံးမစကား ပြုနိုင်ရေးကို အဓိကရည်ရွယ်၍ စုပေါင်းလက်ချည်မင်္ဂလာပြုကြလေသည်။ ကရင်လူမျိုးတို့သည် စုပေါင်းနေထိုင်ခြင်း၊ စုပေါင်း၍လုပ်ကိုင်ခြင်းစားသောက်နှင့် ကြုံတွေ့ရသောဘေးအန္တရာယ်ကို စုပေါင်း၍တွန်းလှန်ကာကွယ်လေ့ရှိသလို ၀ါခေါလရောက်လျှင် ကရင်လူမျိုး အိမ်ထောင်စုတိုင်း ၀တ္တရားမပျက်လက်ချည်ကြသည်။ ၀ါခေါလတွင် တစ်ရွာလုံး၊ တစ်နယ်လုံးစုပေါင်း၍ လက်ချည်ခြင်းဖြစ်ရာ ၀ါခေါင်လလက်ချည်ခြင်းဟူ၍ ခေါ်ဝေါ်သမုတ်ကြသည်။
ဝါဆိုလလွန်၍ ၀ါခေါင်လရောက်လာလျှင် စားသုံးရန်ရိက္ခာများ လျော့နည်းလာ၏။ အိမ်ထောင်စုအလိုက်၊ ရွာအလိုက် တောင်ယာလယ်ခင်းမှ သီးနှံများမပေါ်မီအထိ ရိက္ခာများမပြတ်စေရန် လိုအပ်လာသည်။ ထိုသို့ရိက္ခာများချွေတာ စားသောက်ရေးကို လူကြီးများကသတိပေးကြသည်။ ထိုအတူ ၀ါခေါင်လသည် မိုးသည်းထန်စွာ ရွာသွန်း၍ အအေးဓါတ်လည်းလွန်ကဲနေသည်။ ချောင်းရေ၊ မြစ်ရေများလျှံ၍ ရေကြီးတတ်သည်။ ထိုအခါ ရောဂါများထူပြော၍ မမာမကျန်းဖြစ်လာတတ်ပေသည်။ အချို့က ၀ါခေါင်လသည် အေးသောရာသီဖြစ်၍ ပတ်ဝန်းကျင်တွင်အေးပြီး အတွင်းဝမ်းမီးတောက်၍ စားသမျှအဟာရကြေလွယ်ပြီး ခံတွင်းမြိန်စားသောက်ကောင်းခြင်းကို ဘီလူး သဘက်များဝင်စားသည်ဟု ထင်ရလောက်အောင် အစားအစာကုန်ခြင်းကို "လာဖူ့၊ လာဏား" မကောင်းဆိုးဝါးလဟူ၍ မှတ်ယူကြသည်။ အမှန်မှာမကောင်းဆိုးဝါးလ မဟုတ်ချေ။ ၀ါခေါင်လတွင် ခံတွင်းမြိန် စားသောက်၍၀င် အာဟာရ တွေ့သောလသာဖြစ်သည်။
ကရင်ရိုးရာ လက်ခြည်ခြင်းကို အရှေ့ပိုးကရင်အခေါ်အားဖြင့် "ခိုင်စူး" ဟူ၍ခေါ်ကြသည်။ "ခိုင်" မှာမင်္ဂလာပြုသောခြည် ဖွဲ့နှောင်ခြင်းဖြစ်ပြီး "စူး" မှာလက်ကိုခေါ်ခြင်းဖြစ်သည်။ အဓိပ္ပါယ်မှာခြည်ဖြူဖြင့် လက်ကိုရစ်ပတ်ချည်နှောင်ပြီး မင်္ဂလာပြုခြင်းဖြစ်သည်။ မင်္ဂလာပြုခြင်းအဖြစ် လက်ချည်ခြင်းရှိသလို ရိုးရာကုထုံးများအဖြစ် လက်ချည်ခြင်းလည်းရှိသည်။ ယခုအခါ ရိုးရာကုထုံးအဖြစ်လက်ချည်ခြင်းသည် တဖြည်းဖြည်း တိမ်ကောမှေးမှိန်လာလျက်ရှိသည်။ ကရင်ရိုးရာလက်ခြည်ခြင်းသည် ယေဘုယျအားဖြင့် သုံးမျိုးသုံးစားရှိသည်။ ထိုသုံးမျိုးသုံးစားသည် အခြေအနေ အချိန်အခါကိုလိုက်၍ ပြုလုပ်လေ့ရှိသည်။ ယင်းတို့မှာ...(၁) လိပ်ပြာခေါ်လက်ခြည်ခြင်း (လာဟှာခါင်စူး)၊ ထိမ်းမြားမင်္ဂလာ လက်ခြည်ခြင်း (အှ်ဃှုက်တာင်ဃှေဝ် ဆ်ုခါင်စူး)၊ (၃) ၀ါခေါင်လ လက်ခြည်ခြင်း (လာခုဂ်ခါင်စူး) ဟူ၍ဖြစ်သည်။ လက်ချည်ခြင်းပြုရာတွင် ဒေသကိုလိုက်၍သော်လည်ကောင်း၊ ပတ်ဝန်းကျင်ထိတွေ့မူအရ နွယ်စပ်လာ၍သော်လည်ကောင်း၊ လုပ်နည်းလုပ်ဟန်များ၊ အယူအဆများ အနည်းအကျဉ်း ကွဲလွဲနေတတ်သည်ရှိသော်လည်း လက်ချည်ခြင်းရည်ရွယ်ချက်မှာ အတူတူပင်ဖြစ်သည်။ အနှစ်သာရအားဖြင့် တူညီလျက်ရှိသည်။
ခြည်ဖြူဖွဲ့မင်္ဂလာ အဆောင်အယောင်ပစ္စည်းမှာ (၉) မျိုးရှိ၍ ၄င်းတို့၏ အဓိပ္ပါယ်မှာ (၁) ဆန်ကော၊ (၂) ယောက်မ၊ (၃) ချည်ဖြူ၊ (၄) ကြံ၊ (၅) ငှက်ပျောသီး၊ (၆) ထမင်းဆုပ်၊ (၇) ကောက်ညှင်းထုပ်ဖင်ချွန်၊ (၈) နတ်ပန်းညို(ဖ၀့်ဝီ)၊ (၉) ရေ စသည်တို့ ဖြစ်ပါသည်။
ဤဓာတ်ပုံကို ဖားစည်သံ ဘလော့ဂ်မှကူးယူသည်။
(၁) ဆန်ကော
ဆန်ကောသည် ၀ါးနှင့်ယက်လုပ်ထားခြင်းဖြစ်သည်။ ရှေးအခါက ကရင်လူမျိုးတို့သည် အိုးအိမ်ကိုဝါးဖြင့် ဆောက်လုပ်ကြသည်။ အိမ်သုံးပစ္စည်းကို သဘာ၀၀ါးပင်နှင့်ယက်လုပ်၍ အသုံးပြုကြသည်။ ထို့ကြောင့် ယက်လုပ်ခြင်း လက်မူအတတ်ပညာကို လက်ဆင့်ကမ်းပြီး ထိန်းသိမ်းရမည်ဟူ၍ဖြစ်သည်။
(၂) ယောက်မ
အချို့သော လူငယ်လူရွယ်တို့သည် စိတ်မြန်၊ လက်မြန်ရှိကြပြီး ဓါး၊ လှံစသည်တို့ကိုထုတ်ပြီး တစ်ယောက်နှင့်တစ်ယောက် စိတ်လွဲမှားမူမျိုးမရှိရအောင် အေးချမ်းစွာ ညှိနှိုင်းတိုင်ပင်ပြီး ပြောဆိုရမည်ကို ယောက်မနှင့်ခေါက်၍ နှိုင်းပြထားခြင်းဖြစ်သည်။ ယောက်မသည် ပူလောင်ခြင်းကိုဒဏ်ကိုခံရည်ရှိရာ ထမင်းဟင်းလျာများချက်ရာတွင် လိုသလိုမွှေပြီး အသုံးပြုခြင်းဖြစ်သည်။
(၃) ခြည်ဖြူ
ဝါဂွမ်းစေ့ကို တစ်လုံးချင်းစုစည်းပြီး မြဲသောလက်ဖြင့် ဂွမ်းကိုကျစ်ပြီး လူမျိုးအားလုံးသည်လည်း ခြည်ဖြူကဲ့သို့ ကျစ်လျစ်ခိုင်မြဲရမည်ဟူ၍ဖြစ်သည်။ အဖြူသည် စင်ကြယ်သန့် ရှင်းသည့် သရုပ်ကိုဆောင်သည်။ သားသမီးမြေးမြစ်များ၏ ကံကြမ္မာဆိုးများ ကျရောက်ခြင်းများ ဖြစ်ရှိလျှင်ကာကွယ် ပြေပျောက်စေရန် အတွက်ဖြစ်သည်။
(၄) ကြံ
ကြံသည် ထူးခြားသည့်ဝိသေသ ရှိပါသည်။ ကြံအား အပွင့်အသီးမှ စိုက်ပျိုးမျိုးပွားရခြင်း မဟုတ်ဘဲ၊ ၎င်း၏ပင်စည်မှ အမြစ်တွယ်အပင်ပေါက်ပွားများ လာခြင်းဖြစ်သည်။ ကြံပင်အား အရင်းမှ ခုတ်ထစ်ပိုင်းဖြတ် သော်လည်း ကျန်ရစ်သည့် အပင်ငုတ်မှ အပင်သစ်ဖြစ်ကာ ကြီးထားပွားများလာနိုင်ပါသည်။ အဆစ်တိုင်းအဆစ်တိုင်းတွင် အမြစ်ပေါက် စိုက်ပျိုး ကြီးထွားရှင်သန်လာနိုင်ပါသည်။ အခြားသောဝိသေသတစ်ခုမှာလည်း ရာသီဥတုဒဏ်ကို ကြံကြံခံ နိုင်ပြီး နွေ၊မိုး၊ဆောင်း ရာသီစုံ၌ပင် ၎င်းပင်ကိုယ်အရည်အသွေးဖြစ်သော အချိုဓါတ်အရသာမပျက်ဆီးနိုင်ချေ။ အစဉ်ချိုမြိန်သည့်အရသာကို ပေးနိုင်စွမ်းသည်သာ ဖြစ်သည်။
(၅)ငှက်ပျောသီး
ငှက်ပျောသီး၏ ဖြစ်စဉ်ကဲ့သို့  နေထိုင်အားထုတ်ရန် ရည်ရွယ်ပါသည်။ ငှက်ပျောတစ်ပင်ဖြစ်စဉ်ကို ဆန်းစစ် ပါက ပင်စည်အား ထိုးဖေါက်၍ပင်စည်ထိပ်ဖျားမှ ငှက်ပျောဖူး ကျသည်။ ၎င်းအဖူးမှ အဖီး လိုက်ပြူထွက်သည်၊ တစ်ဖီး ခြင်းညီညာစွာ ထွက်ပေါ်ပြီး အဖီးနှင့် အသီးများသည် စည်းကမ်းကျနစွာဖြင့် စီတန်းကြီးရင့်လာကြသည်။ ငှက်ပျောတစ်ခိုင်လုံးအားလည်း အစွယ်တစ်ချောင်းတည်းမှ ဖျာဆင်းပြီး အစွယ်အနေနှင့်လည်း ပင်စည်ကို မှီတွယ်ထားသည်။ ငှက် ပျောတစ်ပင်သည် တစ်ကြိမ်သာသီးသည်။ ဂုဏ်သတ္တိ အားဖြင့်လည်းကောင်း၊ အရင်အထိ ခုတ်ပိုင်းဖျက်ဆီးသော် လည်း အချိန်တန်လျှင် အပင်ငယ်များ ထိုးထွင်း ပေါ်ပေါက်လာသည်။ ဆိုလိုသည်မှာ ငှက်ပျောသီး၏ ထူးခြားသည့် ဂုဏ် ပုဒ်ကဲ့သို့  စုစည်းညီညာပြီး သစ္စာခိုင်မြဲ သော၊ စည်းကမ်းသေသပ်သော၊ သားသမီးမြေးမြစ်များဖြစ်စေရန် ရည်ရွယ်ခြင်း ဖြစ်သည်။
(၆) ထမင်းဆုပ်
ထမင်းဆုပ်ကဲ့သို့  ပေါင်းစည်းညီညွတ်ကြရန်ဖြစ်သည်၊ ထမင်းသည် နဂိုမှုလအတိုင်း ထားရှိခြင်းထက် ကျစ်ကျစ်လှစ်လှစ်ဆုပ်၍ တဆုပ်ခြင်းထားခြင်းက လွယ်လင့်တကူ ပျက်ဆီးခြင်း၊ ပုတ်သိုးခြင်း၊ မဖြစ်ပေါ်နိုင်ချေ။ မပုတ်မသိုး မပျက်စီးရန်အတွက် ထမင်းဆုပ်ကဲ့သို့ ကျစ်လစ်စုစည်းပါရန်ရည်ရွယ်ဖေါ်ပြခြင်း ဖြစ်ပါသည်။
(၇) ကောက်ညှင်းထုပ်ဖင်ချွန်
ကောက်ညှင်းသည် အလွန်တရာမှ စေးကပ်သည့် စားဖွယ်ရာ တစ်ခုဖြစ်သည်။ ဖင်ချွန်ထုပ် စည်းထားသဖြင့် လွန်စွာမှပင် ကျစ်လစ်စေးကပ်စုစည်းနေပြီး ပြုပြင်ထားသည်မှာလည်း သာမန်မဟုတ်ဘဲ အချွန်အထက်အဖြစ် ဖန်တီးထားသည့် ရည်ရွယ်ချက်မှာ ကောက်ညှင်းဖင်ချွန်ကဲ့သို့  ကျစ်လစ်စုစည်း၍ ထက်မြက်ထူး ချွန်သူများ ဖြစ်ရှိအောင် ကျင့်ကြံအားထုတ်ရန်ကို ဆိုလိုပါသည်။
(၈) နတ်ပန်းညို(ဖ၀့်ဝီ)
နတ်ပန်းညိုပန်းအမျိုးအနွယ်သည် အခြားအခြားသော ပန်းမျိုးနွယ်ကဲ့သို့  မဟုတ်ချေ။ ပန်း၏သဘာဝ အရ ပန်းများသည် ရေလောင်းပေးနိုင်ပါက အပင်ရှင်သန်ဖူးပွင့်သော်လည်း အချိန်အခါတန်ပါက အပွင့်ကြွေနွမ်း ခြောက်ရ သည်သာ ဖြစ်သည်။ နတ်ပန်းညိုမှာမှု အမြစ်တွယ်ရာတွင် အပင်ပေါက်၍ ရုံဖွဲ့  မျိုးဆက်ပျံ့ ပွားနိုင်ပြီး အတောသတ်မှု မရှိချေ။ ရေလောင်းပေးနိုင်သရွေ့  နွေ၊ မိုး၊ ဆောင်း ရာသီးပြည့် ရှင်သန်ကြီးထွားမှုရှိသည်။ အထူးသဖြင့် နတ်ပန်ညိုပန်း(ဖ၀့်ဝီ๏)ကဲ့သို့ပင် ကရင်လူမျိုး များသည် မိမိရောက်ရှိသည့် နေရာဒေသတွင် အတည်တကျ နေထိုင်စားသောက်ကြရင်း မိမိအမျိုးသားယဉ် ကျေးမှုများနှင့် ရိုးရာဓလေ့များကို မြှင့်တင်ထိန်းသိမ်းပေးနိုင်ပြီး မျိုးဆက်သစ်များအား မွေးထုတ်ပေးနိုင်ရန် အတွက် ရည်ရွယ်ခြင်းဖြစ်ပါသည်။
(၉) ရေ
ရေကြည်အေးကဲ့သို့  သားသမီးမြေးမြစ်များ အေးမြကြည်လင်ပါစေဟူသော ယုံကြည်ချက်ဖြစ်သည်။ ရေ၏စွမ်းပကားသည် ကြီးမားလှပြီး သက်ရှိ သတ္တ၀ါအပေါင်းမှ မှီခိုအားထားနေရသည့်အရာဖြစ်သည်။ ဟောင်း နွမ်း ညစ်ပေနေသည့်စိတ်ဓါတ်များကို ရေကြည်အေးနှင့် ဆေးကြောသန့် စင်ပြီးဆက်လက်၍ ရေကြည်အား သောက်သုံး ခြင်းဖြင့် ကုန်ခန်းနေသည့် အားအင်များ ပြန်လည်ပြည့်ဝစေခြင်းဖြစ်သည်။
လက်ချည်ရာတွင် ဆန်ကောတစ်ခုခုပေါ်တွင် ယောက်မ၊ ထမင်းခုနှစ်ဆုပ်၊ ကောက်ညှင်းထုပ်ဖင်ချွန် ခုနှစ်ထုပ်၊ ငှက်ပျောသီးမည့်ခုနှစ်လုံး၊ ကြံခုနှစ်စိပ်၊ နတ်ပန်းညို(ဖ၀့်ဝီ) ခုနှစ်ခက်နှင့် ရေကြည်အေးတစ်ခွက်ကို ချထားလေသည်။ ထိုအရာဝတ္ထုပစ္စည်းများပေါ်တွင် အရှည်တစ်တောင်ကျော်ခန့် ခြည်ဖြူများကိုဖြတ်ပြီး ဖြန့်စီထားလေသည်။
လက်ချည်ခံမည့်လူသည် လက်နှစ်ဖက်လက်ဝါးကို ဖြန့်ပြီးဆန့်ထားရသည်။ လက်ဝါးပေါ်တွင် ထမင်းတစ်ဆုပ်၊ ကောက်ညှင်းတစ်ထုပ်၊ ငှက်ပျောသီးတစ်လုံး၊ ကြံတစ်စိပ်နှင့် နတ်ပန်းညိုသုံးခက်ကို ကိုင်ထားရသည်။ လက်ချည်ပေးကြမည့် ပုဂ္ဂိုလ်များသည် လက်ချည်ခံသူ၏လက်ကို ညင်သာစွာကိုင်ယူပြီး ခြည်ဖြူတစ်ပင်ကို အလယ်တည့်တည့်တွင် ရေအနည်းငယ်ဆွတ်လိုက်သည်။ ထို့နောက်တွင် မကောင်းသောအရာများ ကျသွားစေရန် လက်ကောက်ဝတ်တွင် ခြည်ဖြူဖြင့် သုံးခါသပ်ချပေးလိုက်သည်။ ထိုသို့ ပြုပြီးနောက်တွင် ခြည်ဖြူဖြင့်လက်ကိုဦးစွာ ညာလက်တွင်ရစ်ပတ်ပြီး အောက်ပါအတိုင်း ဆုတောင်းပေးကြသည်။
ပလူး- "လိပ်ပြာကလေး ပြန်ခဲ့ ပြန်ခဲ့။ မိဘ ညီအစ်ကို မောင်နှမများနှင့် ပျော်ရွှင်ချမ်းမြေ့စွာနေထိုင်ရန် ပြန်ခဲ့။ မနေအပ်သောအရပ်၊ မသွားမလာသင့်သောအရပ်။ သုသာန်တစပြင်နှင့် မကောင်းဆိုးဝါးတို့ ကျက်စားရာနေရာများမှရှောင်ထွက်၍။ မကောင်းသောမိစ္ဆာ၊ မိန်းမပျက်၊ မိန်းမယုတ်တို့၏ ဖျားယောင်းသောစကားကို မယုံကြည်ပါနှင့်။ မိဘနှစ်ပါး၊ အဘိုးအဘွားတို့ကို အလုပ်အကျွေးပြုရန် အဘိုး၏ဖားစည်ကိုတီး၊ အဘွား၏ပလိုင်းကိုလွယ်ရန် ပြန်ခဲ့။ အိမ်ကြီးပေါ်မှာ စံစားနေခြင်းဖြင့် ကျောက်သားအလား မာကျောခြင်း၊ မြှားကဲ့သို့လျှင်မြန်ခြင်း၊ ကျောက်သားကိုချေ သံကိုခွေနိုင်သည့် ခွန်အားတို့ဖြင့် ကျန်းမာစေပြီး၊။ သားသမီးတကျိတ်၊ မြေးတစ်ရာနှင့် မိဘဆွေမျိုးဘက်မှ ညီအစ်ကိုသားချင်းများ တစုတဝေးနေထိုင်၍ ပြန်ခဲ့ပါ။ ပလူး ပြန်လာ ပြန်လာ ပြန်ခဲ့ပါ" ဟူ၍ဆုတောင်းကြသည်။ လက်ချည်ဆုတောင်းခြင်းကို ပြုပြီးသည်နှင့် ချည်ဖြူကိုသပ်ချည်လိုက်ပြီး အစနှစ်ဖက်ကို ဆွဲဖြတ်ယူလိုက်သည်။ ထိုခြည်ဖြူစများနှင့်အတူ ထမင်း၊ ကောက်ညှင်းတို့ကို အနည်းငယ်ဖဲ့ယူပြီး ပန်းတစ်ခက်နှင့် လက်ချည်ခံသူ၏ ငယ်ထိပ်တွင်တင်ပေးလိုက်သည်။ ပြီးနောက်တွင် "ဤခြည်ဖြူကဲ့သို့ ဆံပင်များဖြူဘိအလား အသက်ရှည်စေသား" ဟူ၍ နောက်ဆုံး ဆုတောင်းပေးလေသည်။ (ဆုတောင်းပေးရာတွင် တတ်မြောက်သူတို့က တတ်မြောက်သည့်အလျောက် ဆိုကြသည်။ အချို့ကလည်း လိုရင်းကိုသာ တိုတိုတုတ်တုတ်နှင့် ဆုတောင်းပေးကြသည်)
ထိုအခါ လက်ချည်ခံရသူသည် မိမိခေါင်းပေါ်တွင် လက်ချည်သူ၏ ဆုတောင်းစကားကို ဦးထိပ်ပန်သည့်သဘောဖြင့် ထိုအတိုင်းထားလေသည်။ ယင်းနောက်တွင် လက်ဝါးနှင့်ခံယူပြီး ဆန်ကောပေါ်တွင် ပြန်ချထားလိုက်သည်။ လက်ချည်ပေးခြင်း တစ်ဦးပြီးတစ်ဦး ချည်ပေးပြီးနောက်တွင် လက်ချည်ပွဲအတွက် စီမံပြုလုပ်ထားသော လက်ချည်မင်္ဂလာ ကောက်ညှင်းထုပ်ကို တပျော်တပါး စားသောက်ပြီး ၀ါခေါင်လက်ချည်ပွဲ ပြီးမြောက်သွားလေသည်။ မျက်မှောက်ခေတ်တွင် ၀ါခေါင်လပြည့်နေ့ကြရောက်တိုင်း ပိုးကရင်လူငယ်များ စုစည်းဦးဆောင်၍ စုပေါင်းခြည်ဖြူဖွဲ့မင်္ဂလာပြုပွဲကို အစဉ်အလာမပျက် နှစ်စဉ်ကျင်းပလေ့ရှိပြီး ရိုးရာဓလေ့ကောင်းတစ်ရပ်ကို အမြတ်တနိုး ထိန်းသိမ်းဖော်ထုတ်မြှင့်တင်လျက် ရှိနေပေသည်။
စောဘဦးကြီးမူလေးရပ်
ကရင်နေ.ထူးနေ.ရက်များ
နအဖ တို.ပြောသောစကား
စိတ်ဝင်စားသောဆိုဒ်များ
သတင်းဝက်ဆိုဒ်များ
Category
- ကရင်သတင်း (1)
- ၀မ်းနည်းကြောင်းသ၀ဏ်လွှာ (1)
- ၂၇၄၉ကရင်နှစ်သစ်ကူးနေ. (1)
- IDP(karen internally Displace People) (1)
- ကဗျာ (5)
- ကရင်ပြည်နယ်နေ. (1)
- ကရင့်ယဉ်ကျေးမူ.ှနှင့်ဓလေ့များ (2)
- ကရင့်ရိုးရာ (4)
- ကရင်သတင်း (534)
- ကရင့်သတင်း (285)
- ကရင့်သမိုင်း (6)
- ကရင်သီချင်း (2)
- ကရင့်အမျိုးသားအာဇာနည်နေ့ (1)
- ကရင်နှစ်သစ်ကူး (3)
- ကရင်နှစ်သစ်ကူးနေ. (4)
- ကရင်နှစ်သစ်ကူးနေ. သ၀ဏ်လွှာ (1)
- ကာတွန်း (1)
- ဆက်သွယ်မေးမြန်းခန်း (1)
- ဆုတောင်း (2)
- ထုတ်ပြန်ကြေငြာချက် (6)
- ဓာတ်ပုံ (9)
- ဖိတ်စာ (5)
- ဖိတ်ကြားလွှာ (2)
- ဗွီဒီယို (61)
- ဗွီဒီယို (11)
- ပြည်ပရောက် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် (1)
- မိန်.ခွန်း (2)
- လူငယ်များ၏ စကားလက်ဆောင် (1)
- လူမူရေး (1)
- သ၀ဏ်လွှာ (4)
- သတင်း (2)
- သတင်းအာဘော် (2)
- သဘောထား (1)
- အမြင်သဘောထား (1)
- အာဇာနည်တို.စကား (1)
- ဆောင်းပါး (3)
- တောင်ကိုရီးယားနိုင်ငံ ကရင်ချည်ဖြူဖွဲ.မင်္ဂလာဓာတ်ပုံများ (1)
- ပေးစာ (2)
- ကြော်ငြာ (7)
- ကြော်ငြာချက် (3)





