Showing posts with label ဖိတ်ကြားလွှာ. Show all posts
Showing posts with label ဖိတ်ကြားလွှာ. Show all posts

Tuesday, August 13, 2013

စတုတ္ထအကြိမ်မြောက် ကရင့်ရိုးရာချည်ဖြူဖွဲ.မင်္ဂလာပွဲ တော်မှ ဖိတ်ကြားအပ်ပါသည်။



တောင်ကိုရီးယားနိုင်ငံရောက် တိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့် အဖွဲ.စည်းအသီးသီးမှ လူကြီးမင်းများခင်ဗျား

ကရင်သက္ကရာဇ် ၂၇၅၂ခုနှစ်တွင် ကရင်လူငယ်အစည်းအရုံး(ကိုရီးယားဌာနခွဲ)မှ
ဦးစီးကျင်းပပြီး ကျတော်များတောင်ကိုရီးယားနိုင်ငံရောက် ကရင်အမျိုးသားများမှ
စတုတ္ထအကြိမ်မြောက် ကရင့်ရိုးရာချည်ဖြူဖွဲ.မင်္ဂလာပွဲတော်ကြီးအား (၁၈.၈.၂၀၁၃)
တနင်္ဂနွေနေ.တွင် ဓမ္မဒူတ(ကိုရီးယား)ကျောင်းတော် (စကားဝါစတိုးဆိုင်)အပေါ်ထက်တွင်

ကရင်လူမျိုးတို.၏ကရင့်ရိုးရာချည်ဖြူဖွဲ.မင်္ဂလာပွဲတော်ကိုစည်းကားသိုက်မြိုက်စွာ
ကျင်းပမည်ဖြစ်ပါသောကြောင့် တောင်ကိုရိးယားနိုင်ငံတွင်ရောက်ရှိနေကြသော
မြန်မာတိုင်းရင်းသား ညီအစ်ကို မောင်နှမများမှတက်ရောက်အားပေးချီးမြင့်ပေးပါရန်
လေးစားစွာ ဖိတ်ကြားအပ်ပါတယ်ခင်ဗျာ။

နေ.ရက် - ၁၈-၈-၂၀၁၃
အချိန်- နေ.လည် ၁၁း၃၀ နာရီမှ မွန်းလွဲ ၃း၀၀ နာရီအထိ
နေရာ - ဓမ္မဒူတ(ကိုရီးယား)ကျောင်းတော် (စကားဝါစတိုးဆိုင်)အပေါ်ထပ်
ဆက်သွယ်ရန်ဖုံး - မန်းတင်ရင်( ၀၁၀-၂၂၇၁-၈၃၃၃) စောလှိုင်မျိုးသိန်း ( ၀၁၀-၆၈၄၉-၃၀၆၁)

(ဆက်ဖတ်ရန်...................)

Friday, December 28, 2012

ကရင်သက္ကရာဇ် ၂၇၅၂ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်သို. ဖိတ်ကြားအပ်ပါသည်

တောင်ကိုရိးယားနိုင်ငံတွင်ရောက်ရှိနေကြသော မြန်မာတိုင်းရင်းသား ညီအစ်ကို
 မောင်နှမများခင်ဗျား။

ကရင်သက္ကရာဇ် ၂၇၅၂ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို မြန်မာအသင်းခန်းမ၊ဖူချွန်းမြို.တော်တွင် ၆ ရက် ၁ လပိုင်း ၂၀၁၃ ခုနှစ်
(တနင်္ဂနွေနေ.)နေ.လည် ၁ နာရီမှ ညနေ ၄ နာရီအချိန်အထိ စည်ကားသိုက်မြိုက်
စွာကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် ကြွရောက်အားပေးချီးမြင့်ကြပါရန်
လေးစားစွာဖိတ်ကြားအပ်ပါသည်။

ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်သို. ကြွရောက်လာသောဧည့်ပရိတ်သတ်များကို
ပျော်ပျော်ရွင်ရွင် စည်ကားသိုက်မြိုက်စွာဖြင့် ကျတော်များ ကရင်အမျိုးသားနှစ်သစ်ကူး
ပွဲတော် ကျင်းပရေးကော်မတီမှ စီစဉ်ထားသော ကောက်ညုင်းပေါင်းနှင့်အာဗြဲခြောက်၊ ကရင်သက္ကရာဇ်၂၇၅၂ခုနှစ် နှစ်သစ်တွင်ကံကောင်းခြင်းများလက်ဆောင်အဖြစ်
ကံစမ်းမဲများဖောက်ပေးခြင်း၊ တေးဂီတများဖြင့် ဖျော်ဖြေတင်ဆက်ခြင်းတို.နှင့်အတူ


တက်ရောက်လာကြသော ဧည့်သည်တော်များအား ငါးသားလောက်ပေါင်း၊  ၀က်သားချိုချက်၊ကရင်လူမျိုးတို.၏ရိုးရာတာလပေါဟင်းတို.ဖြင့် တည်ခင်းဧည့်ခံမည်ဖြစ် ပါသောကြောင့် ပျော်ရွင်စွာ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်သို.ကြွရောက်အားပေးကြပါ
ရန်လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

ဧည့်လမ်းညွှန်။ ။ ရထားဖြင့်စီးလာပါက လိုင်းနံပတ် ၁ မှစီးပြီး 부천역 ဖူချွန်းဘူဒါတွင်ဆင်း၍ တက္ကဆီဖြင့်စီးလာပါက လိပ်စာမှာ အောက်ပါအတိုင်းပြောပြီးစီးလာနိုင်ပါတယ်။

우 420 - 850 부천시 원미구 중2동 1093-1 근로자종합지관 3F

 ဆက်သွယ်ရန်ဖုံး ။ ။ မန်းတင်ယဉ် - 010 2271 8333
                          စကက်နက်မိုး - 010 8714 7019
                          စောထွန်းလင်း- 010 7515 1317

(ဆက်ဖတ်ရန်...................)