Showing posts with label ကရင့်အမျိုးသားအာဇာနည်နေ့. Show all posts
Showing posts with label ကရင့်အမျိုးသားအာဇာနည်နေ့. Show all posts

Thursday, August 11, 2011

ကရင့်အမျိုးသားအာဇာနည်နေ့ သမိုင်းအကျဉ်း


အမျိုးသားအာဇာနည်နေ့ (MARTYRS DAY) သြဂုတ်လ (၁၂)ရက်နေ့
၁၉၅၀ ခုနှစ် သြဂုတ်လ (၁၂)ရက်နေ့သည် ဥက္ကဌ စောဘဦးကြီး၊ ဗိုလ်ချုပ်စိုင်းကေနှင့် အပေါင်းပါတို့သည် တော်လှန်ရေးတာဝန်ထမ်းဆောင်ရင်း ကရင်အမျိုးသားသစ္စာဖေါက် ထီးစွမ်းရွာသား မောင်အဲ၏ သစ္စာဖေါက်မှု ကြောင့် နဘူးမြို့နယ် ထို.ကော်ကိုးကျေးရွာအနီး လယ်တဲတတဲတွင် ရန်သူ၏ ၀ိုင်းရံပစ်ခတ်မှုများခံရရာ အင်အား မမျှသော်လည်း သူကိုယ်တိုင်ချမှတ်သည့် မူ (၄)ချက်အရ ရန်သူကို အရှုံးမပေး လက်မမြှောက်ဘဲ ရှိသည့်လက် နက်များဖြင့် ရဲရင့်ပြတ်သားစွာ ပြန်လှန်ခုခံတိုက်ခိုက်ရင်း ဂုဏ်ပြောင်မြောက်စွာကျဆုံးသောနေ့ဖြစ်သည်။

ထို သြဂုတ်လ (၁၂)ရက်နေ့ကို ကရင့်အမျိုးသားအာဇာနည်နေ့ဟုသတ်မှတ်လျှက် ဥက္ကဌ စောဘဦးကြီးကို ရည် ညွှန်းသည်သက်သက်မဟုတ်ဘဲ ကရင့်လက်နက်ကိုင် တော်လှန်ရေးတွင် ဂုဏ်ပြောင်စွာ အသက်ပေးလှူသွား သူများအားလုံးကို ရည်ညွှန်းချီးကျူးဂုဏ်ပြုသောနေ့ဖြစ်သည်။

ဥက္ကဌစောဘဦးကြီးသည် ၁၉၅၀ ခုနှစ် ဇူလိုင်လ (၁၇)နေ့မှ (၁၉)ရက်နေ့အထိ ဖါပွန်မြို့တွင်ကျင်းပသော အမျိုးသားညီလာခံကို ဦးဆောင်ကျင်းပခဲ့သည်။ ထိုညီလာခံအပြီးတွင် သူ၏ကျော်ကြားသော ဘဦးကြီးမူ (၄) ချက်ကို တရားဝင်ရေးသားပြီး ၎င်းအချိန်မော်ချီးတွင်ရှိသည့် ကော်သူးလေအသံလွှင့်ဌာနတွင် ကြေငြာလေ သည်။

၎င်း၏ မူ (၄)ချက်မှာ…….
၁။ လက်နက်ချစကားအလျဉ်းမပြောရ
၂။ ကရင့်လက်နက်ကရင့်လက်ထဲတွင်ရှိရမည်
၃။ ကရင့်ကံကြမ္မာကရင်ဖန်တီးမည်
၎။ ကရင်ပြည်ကိုအသိအမှတ်ပြုခြင်းပြီးပြည့်စုံစေရမည်

၎င်းကျော်ကြားသော မူ (၄)ချက်ကို ကြေငြာပြီးသည့်နောက် အရေးကြီးကိစ္စအတွက် ကော့ကရိတ်ဘက်ဆင်း သွားသည်။ မိုးသည်းထန်စွာရွာသွန်း၍ ချောင်းရေများလည်းကြီးသည့်အချိန်ဖြစ်သည်။ တာဝန်ကိုလေးစားခြင်း၊ မိမိအမျိုးသားများကို လုံးဝယုံကြည်ခြင်းများကြောင့် တပ်စိတ်တစိတ်နှင့် မိုးထဲရေထဲ ခရီးဆက်ခဲ့သည်။
ထိုအခါနဘူးမြို့နယ်တ၀ိုက် အထူးသဖြင့် ထို.ကော်ကိုးနှင့် အနီးအနားတွင် တာဝန်ကျသော ကရင်တပ်မှ
တပ်ခွဲ မှူးတဦးသည် တော်လှန်ရေးလုပ်သည်မဟုတ်ဘဲ တော်လှန်ရေးဆန့်ကျင်ရေး၊ လူထုဆန့်ကျင်ရေးများစွာလုပ် သည်။အနီးအနားကျေးရွာများလည်းငုံ့ခံကြလေသည်။

ထီးစွမ်းရွာသား မောင်အဲသည်ဥက္ကဌစောဘဦးကြီး ထို.ကော်ကိုးကျေးရွာသို့ရောက်သွားသော်
ကောင်းစွာကြိုဆိုသယောင်နှင့် သတင်းများကို တိကျစွာယူပြီး နဘူးမြို့ရှိ ရန်သူတပ်ကို သွားရောက်သတင်းပေးရာ ရန်သူလည်းညအချိန်တွင် မိုးထဲရေထဲအတင်းချီတက်၍ ဥက္ကဌစောဘ ဦးကြီးနေသည့်တဲကို ၀ိုင်းထားလျှက် နံနက်ဝေလီဝေလင်းအချိန်တွင် အတင်းတိုက်ခိုက်လေတော့သည်။ ဥက္ကဌ စောဘဦးကြီးသည် အင်အားနည်းသော်လည်း အညံ့မခံဘဲ ပြန်လှန်ခုခံတိုက်ခိုက်ရင်း ဂုဏ်ပြောင်စွာ အသက် ပေးလှူရသွားလေသည်။

သစ္စာဖေါက် မောင်အဲအနေနှင့် ဥက္ကဌစောဘဦးကြီးမရှိက ကရင့်တော်လှန်ရေးကျဆုံးမည်ဟုတွက်သည်။ သို့ သော်သူထင်သည့်အတိုင်းမဟုတ်ဘဲ တော်လှန်သည့်သူရဲကောင်းစိတ်ဓါတ်ဖြစ်သည့် တဗိုလ်ကျ တဗိုလ်တက် စိတ်ဓါတ်ဖြင့် တရားမှန်ကန်သော ကရင့်တော်လှန်ရေးသည် ယနေ့ထိတိုင် ရန်သူ့ထံအညံ့မခံ အရှုံးမပေးဘဲ ကြံ့ ကြံ့ခံကာ တော်လှန်ရပ်တည်လျှက်ရှိသည်။





(ဆက်ဖတ်ရန်...................)