Showing posts with label ကရင်နှစ်သစ်ကူးနေ.. Show all posts
Showing posts with label ကရင်နှစ်သစ်ကူးနေ.. Show all posts

Monday, January 3, 2011

ကရင်သက္ကရာဇ်၂၇၅၀ ပြည့်နှစ်ကိုရီးယားနိုင်ငံတွင် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကျင်းပ




တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော် ဂါဆန် KOREA MIGRANTS CENTER အလုပ်သမားစင်တာ ခန်းမ၌ ကရင်လူငယ်အစည်းအရုံး(ကိုရီးယားဌာနခွဲ)မှ ကြီးမှူး၍ ၂၇၅၀ ခုနှစ် ပြာသိုလဆန်း(၁)ရက်နေ. ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် အခမ်းအနား တခုကို ၂၀၁၁ ခုနှစ်၊ဇန်န၀ါရီလ (၂) ရက်နေ့၊ နံနက် ၁နာရီမှ နေ့လည် ၅နာရီအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ တောင်ကိုရီးယားနိုင်ငံတွင် ရောက်ရှိနေကြသော ကရင်အမျိုးသားများ၊ မြန်မာနိုင်ငံမှ တိုင်းရင်းသားညီအကိုမောင်နှမများနှင့် မြန်မာအရေး လှုပ်ရှားမူ.အဖွဲ.အစည်းများနှင့်အတူ တောင်ကိုရီးယားလူမျိုးများ အပါအ၀င်တက်ရောက်ခဲ့ပါသည်။

အခမ်းအနားမှူးအဖြစ် မန်းကက်နက်မိုးနှင့်နော်ဖောခူသေးတို.ကဆောင်ရွက်ခဲ.ပါသည်။ အခမ်းအနား အစီစဉ်ကို ကရင်အမျိုးသားအလံတော်အားသယ်ဆောင်ခြင်း၊ကရင်အမျိုးသားအလံအားအလေးပြုခြင်း၊ ကျဆုံးသွားတဲ့ ကရင်အာဇာနည်ဆောင်ဆောင်များအား အလေးပြုခြင်းဖြင့် အခမ်းအနားမှူးကို စတင်ဖွင့်လှစ်ပြီး ပထမဦးစွာ ကရင်လူငယ်အစည်းအရုံး(ကိုရီးယားဌာနခွဲ) ဥက္ကဌစောလှိုင်မျိုးသိမ်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

အဖွင့်အမှာစကား ပြောကြားရာ၌ ဥက္ကဌ စောလှိုင်မျိုးသိမ်းမှ ကရင်လူမျိုးများ၏ မြန်မာနိုင်ငံတွင် ပြန့်နှံ့နေထိုင်ပုံနှင့် မိမိတို့ ကရင်အမျိုးသားများ အနေဖြင့် ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ မတိမ်ကော၊မပပျောက်စေရန် ရောက်ရာအရပ်၌ မိမိလူမျိုးများ၏ ထိန်းသိမ်းသင့်သော ယဉ်ကျေးမှုများနှင့် သမိုင်းပေးတာဝန်ကို ထိန်းသိမ်းစောက်ရှောက်သွားရန်လိုအပ်ကြောင်းပြောကြားသွားခဲ့ပါသည်။
ဆက်လက်ပြီးကရင်အမျိုးသားနှစ်သစ်ကူးနေ. တရားဝင်ဖြစ်ပေါ်လာသည့် နောက်ခံသမိုင်းကြောင်းကို ကရင်လူငယ်အစည်းအရုံး(ကိုရီးယားဌာနခွဲ) ဥက္ကဌ ဦးစောလှိုင်မျိုးသိမ်းက ပြောကြားရှင်းပြခဲ့ပါသည်။

ဖိတ်ကြားထားသောအမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်လွတ်မြောက်နယ်မြေ(ကိုရီးယားဌာနခွဲ)၊မြန်မာအရေးလှုပ်ရှားမူ.(ကိုရီးယား)၊ အမျိုးသားမြင့်တင်ရေးလှုပ်ရှားမူ.ကော်မတီ ၊မြန်မာအသင်း(ကိုးရီးယား) ၊ ကဗျာဆရာ မွန်ချမ်းဂီလ်တို.က ကရင်အမျိုးသားနှစ်သစ်ကူးနေ.အား ဂုဏ်ပြုသ၀ဏ်လွှာဖတ်ကြား ပေးအပ်ခဲ့ကြပါသည်။

အခမ်းအနားတွင်တက်ရောက်လာသော ပရိတ်သတ်များအား ကရင်ရိုးရာယဉ်ကျေးမှု အကများ ဖြစ်သည့် ကရင်ဒုံးယိမ်းအက ကပြခြင်း ကရင်ရိုးရာ သီချင်းများကို အုပ်စုအလိုက်နှင့် တယောက်ချင်း သီဆိုဖြေဖျော်ခြင်းတို့ကို ကြားအစီစဉ်များတွင် ထည့်သွင်း ဧည့်ခံဖြေဖျော်ခဲ့ပါသည်။ထိုနောက် တက်ရောက်လာသော ပရိတ်သတ်များအား ကံစမ်းမဲများဖောက်ပေးခဲ့ပါသည်။

အခမ်းအနားနောက်ဆုံးပိုင်းတွင် ကရင်လူငယ်အစည်းရုံး(ကို၇ီးယားဌာနခွဲ)မှ အတွင်းရေးမှူး မန်းကက်နက်မိုးက တက်ရောက်လာသော ဧည့်ပရိတ်သတ်များအား ကျေးဇူးတင်စကားနှင့် အပိတ်အမှာစကား ပြောကြားပြီး အခမ်းအနားကို အဆုံးသတ်ခဲ့ပါသည်။တက်ရောက်လာသော ဧည့်ပရိတ်သတ်များနှင့် ကရင်ညီအကို၊မောင်နှမများက ချစ်ခင်ရင်နှီးစွာ ကရင်လူမျိုးများ၏ အသဲစွဲဟင်းဖြစ်သော တာလပေါဟင်းများနှင့်အတူ အရသာရှိသော တခြားဟင်းလျှာများနှင့် ပျော်ရွှင်စွာစားသောက်သုံးဆောင်ပြီး ၂၇၅၀ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပါသည်။

(ဆက်ဖတ်ရန်...................)

Wednesday, December 30, 2009

၂၇၄၉ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်(ကိုရီးယား)



MWTV ကိုရီးယားသတင်းဌာနအားအထူးကျေးဇူးတင်ပါသည်။

(ဆက်ဖတ်ရန်...................)

Monday, December 21, 2009

တောင်ကိုရီးယားနိုင်ငံတွင် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကျင်းပ

သတင်း-ဓာတ်ပုံ(ဆုတောင်း)


တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော် ဂါဆန် KM အလုပ်သမားစင်တာ ခန်းမ၌ ကရင် အမျိုးသားမိတ်သဟာယအဖွဲ့နှင့် ကရင်လူငယ်အစည်းအရုံး(ကိုရီးယားဌာနခွဲ)မှ ကြီးမှူး၍ ၂၇၄၉ ခုနှစ် ပြာသိုလဆန်း(၁)ရက်နေ. ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် အခမ်းအနား တခုကို ၂၀၀၉ ခုနှစ်၊ဒီဇင်ဘာလ (၂၀) ရက်နေ့၊ နံနက် ၁၁နာရီမှ နေ့လည် ၂ နာရီအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ တောင်ကိုရီးယားနိုင်ငံတွင် ရောက်ရှိနေကြသော ကရင်အမျိုးသားများ မြန်မာနိုင်ငံမှ တိုင်းရင်းသားညီအကိုမောင်နှမများနှင့် မြန်မာအရေး လှုပ်ရှားမူ.အဖွဲ.အစည်းများနှင့်အတူ တောင်ကိုရီးယားလူမျိုးများ အပါအ၀င်တက်ရောက်ခဲ့ပါသည်။

အခမ်းအနားမှူးအဖြစ် ဦးဇော်မိုးအောင်ကဆောင်ရွက်ခဲ.ပါသည်။ အခမ်းအနား အစီစဉ်ကို ကရင်အမျိုးသားအလံတော်အားသယ်ဆောင်ခြင်း၊ကရင်အမျိုးသားအလံအားအလေးပြုခြင်း၊ ကျဆုံးသွားတဲ့ ကရင်အာဇာနည်ဆောင်ဆောင်များအား အလေးပြုခြင်းဖြင့် အခမ်းအနားမှူး ဦးဇော်မိုးအောင်က စတင်ဖွင့်လှစ်ပြီး ပထမဦးစွာ ကရင်အမျိုးသားမိတ်သဟာယအဖွဲ. ဥက္ကဌ ဒေါ်နော်အက်စတာဖောမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

အဖွင့်အမှာစကား ပြောကြားရာ၌ ဒေါ်နော်အက်စတာဖောက ကရင်လူမျိုးများ၏ မြန်မာနိုင်တွင် ပြန့်နှံ့နေထိုင်ပုံနှင့် မိမိတို့ ကရင်အမျိုးသားများ အနေဖြင့် ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ မတိမ်ကော၊မပပျောက်စေရန် ရောက်ရာအရပ်၌ မိမိလူမျိုးများ၏ ထိန်းသိမ်းသင့်သော ယဉ်ကျေးမှုများနှင့် သမိုင်းပေးတာဝန်ကို ထိန်းသိမ်းစောက်ရှောက်သွားရန် လိုအပ်ကြောင်း ပြောကြားသွားခဲ့ပါသည်။ထို့နောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ. တရားဝင်ဖြစ်ပေါ်လာသည့် နောက်ခံသမိုင်းကြောင်းကို ကရင်လူငယ်အစည်းအရုံး(ကိုရီးယားဌာနခွဲ) ဥက္ကဌ ဦးစောလှိုင်မျိုးသိမ်းက ပြောကြားရှင်းပြခဲ့ပါသည်။

ဖိတ်ကြားထားသော ဗုဒ္မသာသနာပြုကျောင်းတော်(ကိုရီးယား) ဆရာတော်ဦးသုဝဏ္ဏမှ ဂုဏ်ပြုအမှာ စကားပြော ကြားပြီး ၊အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်လွတ်မြောက်နယ်မြေ(ကိုရီးယားဌာနခွဲ) ဥက္ကဌ ဦးအောင်မြင့်ဆွေ၊မြန်မာအရေးလှုပ်ရှားမူ.(ကိုရီးယား)ဥက္ကဌ ဦးသူရ၊ အမျိုးသားမြင့်တင်ရေးလှုပ်ရှားမူ.ကော်မတီ ဦးဘိုဘို၊မြန်မာအသင်း(ကိုးရီးယား) ဦးစောထွန်းထွန်း၊
ချင်းလူမူ.ရေးအသင်း ဥက္ကဌ ဦးစလိုင်းကျော်ကျော်၊ရှမ်းလူမူ.ရေးအသင်းဥက္ကဌ ဦးစိုင်းမောင်ဝိုင်း၊ရခိုင်လူမူ.ရေးအသင်း ဦးကျော်စွာ စသည့် အဖွဲ.၊အသင်းအသီးသီးမှ ကရင်အမျိုးသားနှစ်သစ်ကူးနေ.အား ဂုဏ်ပြုသ၀ဏ်လွှာဖတ်ကြား ပေးအပ်ခဲ့ကြပါသည်။

ထိုနောက် ဂျပန်နိုင်ငံမှ ရောက်ရှိလာသော ကရင်အမျိုးသားအဖွဲချုပ်(ဂျပန်) ဒုဥက္ကဌ (U SAW ANDREW MYO AUNG)
မှဂုဏ်ပြုအမှာစကားပြောကြားခဲ့ပါသည်။ကရင်လူငယ်အစည်းအရုံး(ဗဟို)မှ ပေးပို.လာသော ကရင်နှစ်သစ်ကူးနေ.
ဂုဏ်ပြုသ၀ဏ်လွှာကို ကရင်လူငယ်အစည်းအရုံး(ကိုရီးယားဌာနခွဲ)စည်းရုံးရေးမှုး မန်းတင်ယဉ်ဖတ်ကြားပြီး ကိုရီးယားကဗျာဆရာ မွန်းချန်းဂီလ်မှသူ၏ ကဗျာဖြင့်ကရင်နှစ်သစ်ကူးနေ. အားဂုဏ်ပြုလက် ဆောင်ရွက်ဆိုပေးခဲ့ပါသည်။

အခမ်းအနားတွင်တက်ရောက်လာသော ပရိတ်သတ်များအား မငြီးငွေ့စေရန်အတွက် ကရင် ရိုးရာယဉ်ကျေးမှု အကများ ဖြစ်သည့် ကရင်ဒုံးယိမ်းအက ကပြခြင်း ကရင်ရိုးရာ သီချင်းများကို အုပ်စုအလိုက်နှင့် တယောက်ချင်း သီဆိုဖြေဖျော်ခြင်း၊ ကရင်ရိုးရာ အ၀တ်အစားများဖြင့် လူငယ်များမှ သရုပ်ပြခြင်း စသည်တို့ကို ကြားအစီစဉ်များတွင် ထည့်သွင်း ဧည့်ခံဖြေဖျော်ခဲ့ပါသည်။ထို့နောက် ကရင်အမျိုးသားနှစ်သစ်ကူး ပွဲတော် အစီစဉ်ကို စတင်ခဲ့ရာ ဖိတ်ကြားတက်ရောက်လာကြသော ဧည့်သည်တော် ပရိတ်သတ်များထဲမှ စတော့ခရက်ဒေါင်း တေးဂီတအဖွဲ.မှ ကိုစိုးမိုးသူကလဲ တေးသီချင်းနှစ်ပုဒ်ဖြင့် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို ဂုဏ်ပြုဖျော်ဖြေတင်ဆက်ခဲ့ပါသည်။

အခမ်းအနားနောက်ဆုံးပိုင်းတွင် ကရင်အမျိုးသား မိတ်သဟာယ အဖွဲ. အတွင်းရေးမှူး ကိုစကျော်ကျော်ဝင်းက တက်ရောက်လာသော ဧည့်ပရိတ်သတ်များအား ကျေးဇူးတင်စကားနှင့် အပိတ်အမှာစကား ပြောကြားပြီး အခမ်းအနားကို အဆုံးသတ်ခဲ့ပါသည်။ပြီးနောက် တက်ရောက်လာသော ပရိတ်သတ်များအား ကံစမ်းမဲများဖောက်ပေးခြင်း အမှတ်တရလက်ဆောင် အဖြစ် ကရင်မျိုးသားနှစ်သစ်ကူးပွဲတော် မဟာရန်ကုနှ်ဗဟိုမှထုတ်သော ကရင်ပြက္ခဒိန့် များလက်ဆောင်ပေးခြင်း၊အေးမြသောလ ဖြစ်သောဆောင်းရာသီဖြစ်၍ အသားကပ်အင်္ကျီနှင့်မျက်နှာသုပ်ပ၀ါများကို တက်ရောက်လာသောဧည့်ပရိတ်သတ် တဦးခြင်းစီကို ကရင်အမျိုးသားနှစ်သစ်ကူးနေ လက်ဆောင်အဖြစ် ပေးဝေခဲ့ပြီး ကြွရောက်လာကြသော ဧည့်ပရိတ်သတ်များနှင့် ကရင်ညီအကို၊မောင်နှမများက ချစ်ခင်ရင်နှီးစွာ ကရင်လူမျိုးများ၏ အသဲစွဲဟင်းဖြစ်သော တာလပေါဟင်းများနှင့်အတူ အရသာရှိသော တခြားဟင်းလျှာများနှင့် ပျော်ရွှင်စွာစားသောက်သုံးဆောင်ပြီး ၂၇၄၉ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို စည်ကားစွာကျင်းပခဲ့ပါသည်။

(ဆက်ဖတ်ရန်...................)

တောင်ကိုရီးယားနိုင်ငံတွင် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပဓာတ်ပုံများ


ဘလော့ဂ်ပေါ်တင်ရန်ကူညီပေးသော ဦးစိုင်းမောင်ဝိုင်းအားကျေးဇူးအထူးတင်ရှိပါသည်။

(ဆက်ဖတ်ရန်...................)