Sunday, September 6, 2009

K.Y.O(Korea Branch)မှ န.အ.ဖ သံရုံးရှေ.သွား ရောက်ဆန္ဒပြ


စက်တင်ဘာ ၆ရက်။ ။ဆုတောင်း (K.Y.O.Korea Branch)

န.အ.ဖ စစ်အစိုးရ၏ သွေးထိုးလှုံ.ဆော်မူ.ကြောင့် မြန်မာနိုင်ငံရှိတိုင်းရင်းသားဒေသ အသီးသီးတွင်
လူမျိုးစုမျိုးနွယ်တူအချင်းချင်း စိတ်ဝမ်းကွဲ၍ အပြန်အလှန်ထိုးစစ်ဆင်တိုက်ခိုက် သတ်ဖြတ်နေကြရသည်။

ထိုသို.သောကိစ္စရပ်များတွင် တော်လှန်ရေးအစဉ်လာကြီးမားသော ကရင်လူမျိုးစုများမှာလည်းသွေးခွဲသပ်လျှိုခြင်းခံရကာ အပြန်အလှန် ထိုးစစ်ဆင်နေသည့်အနေထားကြောင့်ကရင်လူမျိုးဒုက္ခသည်အများစု
မှာနိုင်ငံတကာ၊နေရာဒေသအသီးသီးသို.မျက်နှာငယ်စွာဒုက္ခသည် အဖြစ်သို.ပျံ.နှံ.ရောက်ရှိနေကြသည်။ဤသို.ဖြစ်ရခြင်း၏ အကြောင်းရင်းတရားခံမှာ ကိုယ်ကျိုးအတ္တ အတွက်ဆိုလျှင်ဇာတ်တူသားပင် မချန်တတ်သော န.အ.ဖ စစ်အုပ်စု၏ သွေးခွဲကြံစည် မူများကြောင့်ဆိုသည်မှာအားလုံးအသိပြီးဖြစ်ပါသည်။

ထိုအတွက်ကြောင့် ကရင်လူငယ်အစည်းအရုံး(ကိုရီးယားဌာနခွဲ)မှ ကရင်အချင်းချင်း သတ်ဖြတ်ရန် န.အ.ဖ စစ်အုပ်စု၏ သွေးထိုးလှုံ.ဆော်မူ.တွေ ချက်ခြင်းရပ်ဖို. ကိုရီးယားနိုင်ငံ ဆိုးလ်မြို. ဟန်နန်းဒုံရှိ မြန်မာန.အ.ဖ စစ်သံရုံးရှေ.တွင် သွားရောက်ဆန္ဒပြသခဲ့သည်။

0 comments:

Post a Comment