Monday, September 28, 2009

ရွှေဝါရောင်နှစ်ပတ်လည်နေ့ ဆန္ဒပြပွဲ တောင်ကိုရီးယားတွင် ကျင်းပ


၂၀၀၉ ခုနှစ် စက်တင်ဘာလ ၂၇ ရက် တနင်္ဂနွေနေ့ နံနက် ၁၁နာရီအချိန်မှ ၁၂ နာရီအချိန်ထိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုရီးယားဌာနခွဲက ဦးစီး၍ နှစ်နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည်နေ့ သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ပါသည်။


အခမ်းအနားမှူးအဖြစ် ဦးဇော်မိုေးအာင် (တွဲဘက်အတွင်းရေးမှူး ၂၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုရီးယားဌာနခွဲ)ဆောင်ရွက်ပြီး အဆိုပါ သတင်းစာရှင်းလင်းပွဲံသို့ မြန်မာအရေးလှုပ်ရှားမှု (ကိုရီးယား)၊ ကရင် လူငယ်အစည်းအရုံး (ကိုရီးယားဌာနခွဲ)နှင့် ချင်းတိုင်းရင်းသား အဖွဲ့အစည်း(ကိုရီးယား)တို.နှင့်တကွ မြန်မာနိုင်ငံသားများ ပူးပေါင်း ဆောင်ရွက်ကြပါသည်။

ထိုနောက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ကိုရီးယားဌာနခွဲ ဦးအောင်မြင့်ဆွေ ဥက္ကဌမှ အဖွင့်အမှာစကားပြောကြားပြီးနောက် ကြွေးကြော်သံများ ကြွေးကြော်ခြင်း၊ ဦးသူရ ဥက္ကဌ၊ မြန်မာအရေး လှုပ်ရှားမှု (ကိုရီးယား)၊စောလှိုင်မျိုးသိမ်း ( ဥက္ကဌ၊ ကရင် လူငယ်အစည်းအရုံး (ကိုရီးယားဌာနခွဲ)၊ဆလိုင်းကျော်ကျော် ( ဥက္ကဌ၊ ချင်းတိုင်းရင်းသား အဖွဲ့အစည်း (ကိုးရီးယား)၊ဦးသက်နိုင် (သုတေသနမှူး၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ကိုရီးယားဌာနခွဲ)၊စောကျော်သက်ထွန်း (ရုံးတာဝန်ခံ၊ ကရင် လူငယ်အစည်းအရုံး (ကိုရီးယားဌာနခွဲ)၊


ဦးအောင်မျိုးဦး (မြန်မာအရေး လှုပ်ရှားမှု (ကိုရီးယား)၊ ဦးဘိုဘို၊ဦးနေထွန်းနိုင် (အတွင်းရေးမှူး၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ကိုရီးယားဌာနခွဲ)၊ဦးဝင်းမင်း (တွဲဘက်အတွင်းရေးမှူး ၁၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုရီးယားဌာနခွဲ) တို့က ပြောကြားကြပြီး ဦးမောင်ဇန် (ချင်းတိုင်းရင်းသားများ အဖွဲ့အစည်း (ကိုရီးယား)၊ဦးဝင်းလှိုင် ( တွဲဘက် သုတေသနမှူး၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုရီးယားဌာနခွဲ) တို့က ထုတ်ပြန်ကြေညာချက်များကို ဖတ်ကြားကြပြီး သတင်းစာရှင်းလင်းပွဲကို ကြွေးကြော်သံများ ကြွေးကြော်ပြီး ရုပ်သိမ်းလိုက်ပါသည်။

0 comments:

Post a Comment