မော်ခဲရေ ငါတို.ဟာ
ကျိန်စာသင့် လူမျိုးတွေပါကွယ်။
ခြောက်သွေ.ပြီ ဆိုတာနဲ.
မိစ္ဆာရာသီဟာ
ငါတို.အတွက် စပြီ။
ညီမလေးက
၇ှိုက်ကြီးတငင် ပြောရှာတယ်
နင်ဘယ်လောက်
အမိုးကို ချစ်တဲ့အကြောင်းတွေ။
မီးလောင်မြေ တစပြင်နဲ.
ပုပ်စော်နံ တောအုပ်ထဲမှာ
အမိုးနဲ. နင်ဟာ
ယင် နားနေတဲ.အ၇ိုးတွေရယ်
ရိရွဲ အရောင်လွင့်
စုပ်ပြဲနေတဲ အင်္ဂျာီစရယ်
ဦးခေါင်းခွံနဲ. အံသွားတွေဘဲ
ငါတို.အတွက်
ထားရစ်ခဲ့တယ်။
အနံတွေ ရတယ်
ဟုတ်တယ်
အနံတွေ ရနေတယ်
ငါ့တကိုယ်လုံး
နင်တို.အနံတွေဖုံးလို.ပေါ့
we are the one လား
သွားစမ်းပါ
အဆီပြန်နေတဲ့
ဝက်ပါးစပ်က အသံတွေ။
ကဲ ပြော
ခပ်ကျဉ်းကျဉ်းနဲ.
မဲမှောင် စုပ်ပြတ်တဲ.
ဘ၀တွေမှာ
လင်းလက် ငြိမ်းချမ်းဖို.အတွက်
နောက်ထပ်
အသက်ဘယ်နှစ်ချောင်းပေးရမလဲ။
သွေးသံ ရဲရဲနဲ.
အနိဋ္ဌာန်၇ုံ များများကို
ဂ၇ုဏ တရားဟာ
ဈေးနှိမ်ထားသတဲ့
မော်ခဲရေ
ဒီအချိန်ဆို
မကျေနပ် တောင်ထိပ်မှာ
မြူနှင်းတွေ ဆိုင်းနေရောပေါ့။
မိုးလွတ် လေလွတ် ဆိုပေမယ့်
ဒုက္ခ၇ာသီရဲ.လက်
မလွတ်နိုင်တဲ့ ငါတို.အမျိုးတွေ
ဒေါနမြေမှာ
သောက ဝေနေတဲ့
ငါတို.ရဲ.အမိုးတွေ
နာကျင် ကြေကွဲစရာတွေက
အများကြီးပဲကွယ်။
ဇွဲကပင် တောင်ခြေနားမှာ
ငြိမ်းချမ်းေ၇း ပန်းတွေ
ဖွေးဖွေးလှုပ်တဲ့အခါ
ဖားစည်သံ မြည်ဟီးထ
လရောင်နဲ. ဒုံးယိမ်းက
အောင်ပွဲည အခါသမယမှာ
အမိုးနဲ.နင်.လိပ်ပြာ
ငါ့လက်မှာ ချည်ပတ်လိုက်မှာပါ
အခုတော. မော်ခဲရေ
ငါတို.ဟာ
ကျိန်စာသင့်လူမျိုးတွေပါကွယ်။ ။
ကဗျာ - စကက်နက်မိုး
ဒြပ်မဲ့ပုံတူ
11 years ago
0 comments:
Post a Comment