Saturday, December 11, 2010

ကရင်သက္ကရာဇ်၂၇၅၀ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ဖိတ်ကြားခြင်း


ကိုရီးယားနိုင်ငံတွင်ရောက်ရှိနေကြသော မြန်မာတိုင်းရင်းသား ညီအကို၊မောင်နှမများ
နှင့်ကရင်အမျိုးသား ညီအစ်ကို၊မောင်နှမ များခင်ဗျာ။

ကရင်လူငယ်အစည်းအရုံး(ကိုရီးယားဌာနခွဲ)မှကြီးမှူးလျက် (၂.၁.၂၀၁၁)ခုနှစ်
တနင်္ဂနွေနေ.နေ.လည် ၁နာရီအချိန်မှ ညနေ ၄နာရီအချိန်ထိ ကရင်သက္ကရာဇ်
၂၇၅၀ခုနှစ် ကရင်အမျိုးသာနှစ်သစ်ကူးပွဲတော်ကို ဆိုးလ်မြို.
(Korea Migrants Center) အစ်မကြီး မသန်. ယ္ခုလက်ရှိအလုပ်လုပ်နေသော
KM အလုပ်သမားစင်တာ ပဉ္စမထပ်(၅လွှာ)တွင် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို
စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် ကြွရောက်အားပေးချီးမြင့်ကြပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။

အထူးအစီအစဉ်အဖြစ်။ ။ အသဲကောင်းပြီးပွဲတောင်းကြတဲ့ ကရင်လူငယ်များရဲ.
ရိုးရာလက်ဝှေ.ပွဲအပါအ၀င်

အထူးစိန်ခေါ်ပွဲအဖြစ်

စောမိုက်ကယ် - ( ပန်းတနော်) နှင့် စောလုံးပိန် - ( ရွှေလှောင်း)

တို.ရဲ. ကရင်ရိုးရာ စိန်ခေါ်ထိုးသတ်မဲ့ လက်ဝှေ.ပွဲများကို သဲထိတ်ရင်ဖိုရှု.
မြင်ရမှာဖြစ်သလို ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ပျော်ပွဲရွှင်ပွဲအဖြစ် ကွန်ပျုတာလက်တော့(computerlaptop)အပါအ၀င်, အမ်ပီသရီး(MP3),
အမ်ပီဖိုး(MP4)များကို ကံစမ်းမဲ အစီအစဉ်အဖြစ်မဲဖောက်ပေးမှာ ဖြစ်ပါတယ်။

0 comments:

Post a Comment