Thursday, June 17, 2010

ဒေါ်အောင်ဆန်းစုကြည် ၏ ၆၅ နှစ်မြောက် မွေးနေ့ဆုတောင်းပွဲ

ဖိတ်ကြားအပ်ပါသည်... ကိုရီးယားရှိ မြန်မာနိုင်ငံသားများ ခင်ဗျာ-

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ ၆၅ နှစ်မြောက် မွေးနေ့ဆုတောင်းပွဲ အခမ်းအနားကို မြန်မာတိုင်းရင်းသား ညီအကိုမောင်နှမများ စုပေါင်း၍ ကျင်းပမည် ဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် ထားရှိသည့် မိမိတို့၏ လေးစား ချစ်ခင်မြတ်နိုးမှုကို ထုတ်ဖော်ပြသနိုင်ရန်နှင့် မတရား ဖမ်းဆီး ချုပ်နှောင်ခံထားရခြင်းမှ အမြန်ဆုံး လွတ်မြောက်၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာလျက် ပြည်သူလူထု အကျိုးစီးပွားအတွက် စွမ်းစွမ်းတမံ ထမ်းဆောင်နိုင်စေရန်အလို့ငှာ စုပေါင်း၍ ဆုတောင်း မေတ္တာပို့သကြမည် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ မြန်မာနိုင်ငံသားများ မပျက်မကွက် ပူးပေါင်း ပါဝင် ဆောင်ရွက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

နေ့ရက် = ၂၀၁၀ ဇွန် ၂၀, တနင်္ဂနွေနေ့
အချိန် = နေ့လယ် ၂ မှ ညနေ ၅ နာရီအထိ
နေရာ = ပူချွန်း နိုင်ငံခြားသား အလုပ်သမားရိပ်သာ
ဆက်သွယ်ရန် = 032 656 6932 begin_of_the_skype_highlighting 032 656 6932 end_of_the_skype_highlighting begin_of_the_skype_highlighting 032 656 6932 end_of_the_skype_highlighting begin_of_the_skype_highlighting 032 656 6932 end_of_the_skype_highlighting , 010 8894 4770 , 011 9386 7153

ဒေါ်အောင်ဆန်းစုကြည် ၆၅ နှစ်မြောက် မွေးနေ့ပွဲ ကျင်းပရေးကော်မတီ

အစီအစဉ် အကျဉ်းကို အောက်တွင် ဆက်လက် ဖတ်ရှုပါ။

၁) ဇွန်လ ၁၉ , စနေနေ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့တွင် ဗူဖျောင်းမြို့ မြန်မာ့ဗုဒ္ဓသာသနာပြုကျောင်းတော်၌ မွေးနေ့ကုသိုလ်အဖြစ် သံဃာတော်များအား အရုဏ်ဆွမ်း, နေ့ဆွမ်း ဆက်ကပ်လှူဒါန်းပါမည်။

၂) ဇွန်လ ၂၀ , တနင်္ဂနွေနေ့ ဆုတောင်းပွဲ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံလေးစားကြသော ကိုရီးယား နိုင်ငံရေးနှင့် လူမှုအသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်များ အပါအ၀င် မြန်မာနိုင်ငံသားများက စုပေါင်း မေတ္တာပို့သ ကြပါမည်။

၃) ဒေါ်အောင်ဆန်းစုကြည်အား မြန်မာနိုင်ငံသား အားလုံးက မိမိတို့၏ ခေါင်းဆောင်အဖြစ် အသိအမှတ်ပြု ထောက်ခံနေဆဲ ဖြစ်ကြောင်းကို ဖော်ပြသည့် အစီအစဉ်များဖြင့် အခမ်းအနားကို ကျင်းပသွားမည်။

၎) ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းနှင့် အတွေးအခေါ်များကို နားဆင်ခံယူခြင်းနှင့် အမြန်ဆုံး လွတ်မြောက်ရေး တောင်းဆိုရင်ဖွင့်ခြင်း အစီအစဉ်များ ပါဝင်မည် ဖြစ်ပါသည်။

Pamphlet for DASSK 65th Birthday

ပါဝင်ဆောင်ရွက်ကြမည့် အဖွဲ့အစည်းများမှာ -

၁။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွတ်မြောက်နယ်မြေ (ကိုရီးယားဌာနခွဲ)
၂။ မြန်မာအသင်း (ကိုရီးယား)
၃။ ဘားမားအက်ရှင် (ကိုရီးယား)
၎။ ကရင်လူငယ်အစည်းအရုံး (ကိုရီးယားဌာနခွဲ)
၅။ ထောင်စုပြတင်းဂျာနယ်
၆။ ကင်ပိုလူငယ်များ အဖွဲ့
၇။ မြန်မာနိုင်ငံ အမျိုးသားလှုပ်ရှားမှု မြှင့်တင်ရေး ကော်မတီ (ကိုရီးယား)
၈။ မြန်မာကလေးသူငယ် ပညာရေးထောက်ပံ့မှု အစီအစဉ်
၉။ ညီညွတ်သော မြန်မာတိုင်းရင်းသားများ အစည်းအရုံး (ကိုရီးယား)
၁၀။ မှော်ဝန်းသားများအဖွဲ့
၁၁။ ဂွမ်ဂျူး မြန်မာလူမှုရေးအသင်း
၁၂။ တသီးပုဂ္ဂလ မြန်မာနိုင်ငံသားများ
၁၃။ အန်ဆန်း-ရှီဝါ မြန်မာလူငယ်များ အသင်း


0 comments:

Post a Comment