Thursday, October 29, 2009

နအဖ ၏ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိစ္စ ကရင်ငြိမ်းချမ်းရေးကောင်စီ လက်မခံ


အောက်တိုဘာ ၂၉ရက်။ နန်းထူးစံ (ကေအိုင်စီ)

နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေးအတွက် နအဖ စစ်အစိုးရ၏ ကမ်းလှမ်းချက်ကို လက်ခံမည်မဟုတ်ကြောင်း ကေအဲန်ယူ/ ကေအဲန်အယ်လ်အေ-ငြိမ်းချမ်းရေးကောင်စီအဖွဲ့က အောက်တိုဘာ (၂၀)ရက်နေ့တွင် ကြေညာချက်တစောင် ထုတ်ပြန်လိုက်သည်။

နအဖ ဗိုလ်ချုပ်ရဲမြင့်နှင့် ဗိုလ်ချုပ်ခင်ဇော်တို့ ဦးစီးသော အထက်တန်းအရာရှိ (၂၀)ဦးတို့သည် ဗိုလ်မှူးချုပ်စောဌေးမောင် ခေါင်းဆောင် သော ကေအဲန်ယူ/ကေအဲန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့ကို တပ်အသွင်ပြောင်းရေးကိစ္စ လက်ခံရန်အတွက် ကရင်ပြည် နယ်၊ ဖားအံမြို့တွင် အောက်တိုဘာ ၁ရက်နေ့က လာရောက်တွေ့ဆုံကာ ကမ်းလှမ်းခဲ့သည်ကို လက်မခံနိုင်ကြောင်း ထိုကြေညာချက် တွင် ဖော်ပြထားသည်။

ငြိမ်းချမ်းရေးကောင်စီအနေဖြင့် ထိုသို့ နအဖ၏ ကမ်းလှမ်းချက်ကို လက်မခံနိုင်ခြင်းမှာ ကရင်လူထုအနေဖြင့် ကရင်တပ်ဖွဲ့ဝင်များကို မြန်မာတပ်များ၏ သြဇာခံအဖြစ် မလိုလားသည်ကတကြောင်း၊ တိုင်းရင်းသား အခွင့်အရေးများကို ဝါးမျိုရေးဟု အဓိပ္ပါယ်ဆောင်သည့် ထိုဒီမိုကရေစီ ကျင့်သုံးမှု အခန်းကဏ္ဍများကို အယုံအကြည် မရှိသည်ကတကြောင်းနှင့် စစ်တပ်အုပ်ထိန်းမှုသည် မပြီးဆုံးနိုင်သည့် ရှုတ်ထွေးမှု ပဋိပက္ခများဖြစ်လာနိုင်ပြီး ၂၀၁၀ ဒီမိုကရက်တစ်လုပ်ငန်းစဉ်ကို အဟန့်အတားဖြစ်စေနိုင်သည်ဟု ၎င်းတို့အနေဖြင့် ယုံ ကြည်ထားသည့်အတွက်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

ဗိုလ်ချုပ်ရဲမြင့်၏ ထိုကမ်းလှမ်းချက်ကို လက်ခံလိုက်မည်ဆိုပါက ကရင်ပြည်နယ်အတွင်း အကြမ်းဖက်မှုများ၊ အချင်းချင်း သတ်ဖြတ်မှု များ ပို၍ ဖြစ်ပွားလာမည်ဖြစ်ပြီး ဒီကေဘီအေတပ်ဖွဲ့သည် နအဖ၏ အဆိုပြုချက်ကို သဘောတူလက်ခံလိုက်ပြီးနောက် နယ်ခြား စောင့်တပ် အသွင်ပြောင်းရေး အစီအစဉ်အောက်တွင် ကရင်ပြည်သူလူထုများအပေါ် အကြမ်းဖက်မှုများ၊ စစ်ပွဲများ ပိုမိုကျင့်သုံးလာရာ ယခုလက်ရှိ ကရင်ပြည်နယ် တပ်မဟာ ၁၊ ၂၊ ၃နှင့် ၅နယ်မြေအတွင်း သတ်ဖြတ်ခံရသည့် ကရင်လူထုများမှာ သက်သေအဖြစ် ထင် ရှားလျှက်ရှိသည်ဟု ဆိုသည်။

၎င်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ ဒီကေဘီအေ အဖွဲ့ဝင်တဦးက “ဒီကေဘီအေအဖွဲ့ဟာ စစ်အစိုးရနဲ့ ပူးပေါင်းပြီး ကေအဲန်ယူကို ဆန့် ကျင်နေပေမယ့်လည်း ကျနော်တို့လုပ်တာ ကရင်လူထုတွေအတွက်ပါ။ အများကြီး မလုပ်နိုင်သော်လည်း လက်လှမ်းမီတဲ့နေရာတွေမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ကျနော်တို့ ကြိုးစားလုပ်ဆောင်နေပါတယ်။ အချင်းချင်း တိုက်ပွဲဖြစ်တာ ကျနော်လည်း မလိုလားပါဘူး”ဟု ကေ အိုင်စီကို ပြောသည်။

စစ်အစိုးရအနေဖြင့် လက်ရှိဖြစ်ပွားလျက်ရှိသော မြန်မာနိုင်ငံ၏ ပြည်တွင်းရေးပြဿနာသည် စစ်ရေးနည်းဖြင့် မဖြေရှင်းနိုင်ဘဲ အများယုံ ကြည်မှုအတိုင်း ငြိမ်းချမ်းသော တွေ့ဆုံဆွေးနွေးရေးနည်းဖြင့် အဖြေရှာရန် လိုအပ်ပေသည်ဟု ကေအဲန်ယူ/ ကေအဲန်အယ်လ်အေ ငြိမ်း ချမ်းရေးကောင်စီက စစ်အစိုးရအား တိုက်တွန်းထားသည်၊

ငြိမ်းချမ်းရေးကောင်စီ၏ ထုတ်ပြန်ချက်အပေါ် ကေအဲန်ယူ တွဲဖက်အတွင်းရေးမှူး(၂) ပဒိုစောဒေါ့လေးမူက “အဲဒီလိုမျိုးပဲ ဖြစ်သင့်ပါ တယ်။ နအဖက သူ့ရဲ့ ၂၀၁၀ ရွေးကောက်ပွဲ ဖြစ်မြောက်ဖို့အတွက် အပစ်ရပ်တဲ့ တိုင်းရင်းသားတွေကို သူတို့တပ်အောက်မှာ လိုက်သိမ်း သွင်းတာ လူတိုင်းအသိပဲ။ အခုလို ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့က နအဖရဲ့ကမ်းလှမ်းချက်ကို လက်မခံနိုင်ဘူးဆိုတာကို ကျနော်တို့ က ကြိုဆိုပေမယ့် သူတို့အပေါ် တမျိုးတဖုံ အကြပ်ကိုင် ဖိအားပေးလာနိုင်တယ်”ဟု ကေအိုင်စီကို ပြောသည်။

နအဖသည် နယ်ခြားစောင့်တပ်နှင့် ပတ်သက်၍ ပြီးခဲ့သည့်မေလက အလားတူ ကမ်းလှမ်းခဲ့ဖူးသော်လည်း ငြိမ်းချမ်းရေးကောင်စီအနေ ဖြင့် နအဖ၏ တပ်အသွင်ပြောင်းရေးအစီအစဉ်ကို လက်မခံဘဲ ကရင်အမျိုးသား ခေါင်းဆောင်ကြီး စောဘဦးကြီး၏ မူ (၄)ချက်ကို ဆုပ် ကိုင်ထားကာ ကရင်ပြည်သူများအတွက် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ဗိုလ်မှူးချုပ်စောဌေးမောင် ခေါင်းဆောင်သော ကေအဲန်ယူ/ကေအဲန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့သည် ၂၀၀၇ခုနှစ် ဖေဖော် ၀ါရီ (၁၁)ရက်နေ့က ကေအဲန်ယူမှ ခွဲထွက်ကာ နအဖ စစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူခဲ့ပြီး ဖားအံခရိုင်၊ ထို့ကော်ကိုးကျေးရွာတွင် အခြေ စိုက်လျှက်ရှိသည်။

(ဆက်ဖတ်ရန်...................)

ဗုံးခွဲသူ ဒီကေဘီအေ အရာရှိကို ဖမ်းဆီးရမိ


သတင်းနှင့်မီဒီယာ ကွန်ယက်။ ခွန်အောင်မြတ်။

ထိုင်းမြန်မာ နယ်စပ် မြ၀တီမြို့တွင် လက်ပစ်ဗုံးခွဲပြီး ထွက်ပြေးတိမ်း ရှောင်နေသည့် တိုးတက်သော ကရင်ဗုဒ္ဓဘာ သာ တပ်မတော် (ဒီကေဘီအေ) အရာရှိအား ရဲတပ်ဖွဲ့နှင့် ဒီကေဘီအေတို့က ပူးပေါင်း ဖမ်းဆီးလိုက်သည်။

ဒီကေဘီအေ အရာရှိတဦးက “၂၆ ရက်နေ့တုန်းက ပြန်ဖမ်းမိထားတယ်။ ဒီကေဘီအေနဲ့ ရဲနဲ့ ၀ိုင်းပြီး တော့ ဖမ်းတာ။ စစ်ဆေးနေတုန်းပဲ မြ၀တီမြို့ထဲမှာပဲ။” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၄ ရက် စနေနေ့၌ မြ၀တီမြို့ ရပ်ကွက်(၃)ရှိ နေအိမ်တအိမ်တွင် ဒီကေဘီအေ အရာရှိတဦးဖြစ်သည့် ဗိုလ်တင့်လွင်သည် ၎င်း၏ အဆက်အမျိုးသမီးထံသို့ သွားလည်စဉ် လက်ပစ်ဗုံးစနစ်တံဖြုတ်ရာမှ ပေါက်ကွဲမှုဖြစ် ပွားခဲ့သည်။

ဖြစ်ပွားပုံနှင့်ပတ်သက်ပြီး အမည်မဖော်လိုသူ ဒီကေဘီအေ အရာရှိတဦးက ယခုလိုပြောသည်။

“သူက ဒီကေဘီအေ (၉၀၇)ကတဲ့။ ဟိုးဝေါလေခီးမှာနေတဲ့ ကားပြင်ကားဝပ်ရှော့တယောက်ပါပဲ။ သူ က သူ့မယားငယ်အိမ်ကိုလာတယ်ဆိုပဲ။ မယားငယ်အိမ်ကိုလာပြီးတော့ သူ့လက်ပစ်ဗုံးပင်ကို ဖြုတ်ပြီး တော့ ရော်ဘာကွင်းနဲ့ ပြန်တပ်တာပေါ့။ ရော်ဘာကွင်းနဲ့ ပြန်တပ်တော့ ရော်ဘာကွင်း က ပြတ်ထွက် သွားတယ်။ ပေါက်သွားတော့ ဒီလူက ပစ်မယ့်နေရာမရှိတော့ အဲဒီ သူသွားလည်တဲ့ မြ၀တီမြို့ ထဲမှာရှိ တဲ့ တိုက်ခန်း တန်းလျားလေးတွေရှိတယ်လေ၊ အဲဒီတန်းလျားထဲမှာ သူပစ်သွားတော့ အဲဒီတန်းလျား ထဲမှာ ထိုင်နေတဲ့ လင်မယားနှစ်ယောက်က လင်ကတော့ ပွဲချင်း ပြီးသွားတယ်။ မယားကတော့ အပြင်း အထန်ဒဏ်ရာရသွားတယ်။”

ဗုံးပေါက်ကွဲပြီးနောက် ဗိုလ်တင့်လွင်က ၎င်းစီးလာသည့်ကားဖြင့် မောင်းပြေးသွားသည်။

ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူမှာ ကိုရခိုင်ခေါ် အောင်စိုး (၄၄) နှစ်ဖြစ်ပြီး ဇနီးဖြစ်သူ မအုန်းနှင့် တခြားအမျိုး သမီး တစ်ဦးတို့သည် ဒဏ်ရာပြင်းထန်စွာရရှိကာ ယခု မြ၀တီဆေးရုံတွင် ဆေးကုသမှု ခံယူနေသည်။

ယခု ဗိုလ်တင့်လွင်အား ဒီကေဘီအေက မြ၀တီရဲစခန်းသို့ လွဲအပ်ထားပြီး စစ်ဆေးမှုပြုလုပ် နေသည်ဟု ယင်းအ ရာရှိက ပြောသည်။

“လူသေတဲ့အထိဆိုတော့ ထောင်ကတော့အနည်းဆုံး (၇)နှစ်၊ ၈နှစ်လောက်ကျမယ်။ ပုဒ် ၃၂၀ လူ သတ်မှု မဟုတ်ပေမယ့်လို့ လက်နက်ကို မရိုမသေ ကိုင်တွယ်မှု၊ နောက်ပြီး တာဝန်မဲ့ လက်နက်ကိုင် တွယ်မှု ဥဒေတော့ ရှိတာပေါ့။ ဒီကေဘီအေကနေပြီးတော့ ရဲဘက်ကို အပ်ပေးလိုက်ပြီလေ။ အဲဒီကိစ္စ က။”

ယခင်က ဒီကေဘီအေ ရဲဘော်၊ အရာရှိများက မူးယစ်ပြီး သေနတ်ပစ်ဖောက်သဖြင့် သာမန်အရပ်သားများကို ထိ ခိုက်ဒဏ်ရာရှိမှု ရှိခဲ့ဖူးသော်လည်း အရေးယူမှု မရှိခဲ့ကြောင်း၊ ယခု ဖမ်းဆီးအရေးယူမှုသည် ပထမဆုံး အကြိမ်ဖြစ် ကြောင်း ၎င်းက ပြောသည်။

(ဆက်ဖတ်ရန်...................)

Tuesday, October 27, 2009

ကရင်ခေါင်းဆောင်နေရာများကို ထိုင်းအာဏာပိုင်များ ရှောင်တခင် စစ်ဆေး


အောက်တိုဘာလ ၂၇ရက်။ ကေအိုင်စီ

နအဖ စစ်အစိုးရကို တော်လှန်နေသည့် ကရင်ခေါင်းဆောင်များ နေထိုင်ခဲ့သည့် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ နေရာအ ချို့ကို ထိုင်းအာဏာပိုင်များက ယနေ့နံနက်စောစောပိုင်းတွင် ရှောင်တခင် ၀င်ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။

ထိုင်းစစ်တပ်၊ ရဲနှင့် သာမန်အ၀တ်အစားများ ၀တ်ဆင်ထားသည့် အဖွဲ့ပေါင်းစုံက အာဏာပိုင်များသည် ကေအဲန်ယူ ထိပ်ပိုင်း ခေါင်းဆောင်များ နေထိုင်ခဲ့သည့်နေအိမ်များသို့ စစ်ဆေးခွင့် စာရွက်စာတမ်းများဖြင့် လာရောက်မေးမြန်းစစ်ဆေးကာ မှတ် တမ်းဓာတ်ပုံများ ရိုက်ယူခဲ့သည်ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အမည်မဖော်လိုသူ မိသားစုဝင်တဦးက ပြောသည်။

“လာတာကတော့ အများကြီးပဲ။ အနည်းဆုံး ဆယ်ယောက်ကျော်တယ်။ မနက်အစောကြီး ၆နာရီမှာ အိမ်တံခါးကို လာခေါက် နိုးတယ်။ ပြီးတော့ အိမ်ထဲမ၀င်ဘဲ အိမ်ပေါက်ဝကနေပဲ ကျမအဖေ၊ အမေတွေကို မေးတယ်။ ဘယ်သွားလဲ။ ဘယ်နှစ်ယောက် နေလဲ စသဖြင့်ပေါ့။ နောက်ပြီး ကျမနဲ့ အိမ်ရှေ့တ၀ိုက်ကို ဓာတ်ပုံရိုက်ယူသွားတယ်”ဟု ဆိုသည်။

၎င်းတို့အနေဖြင့် ယခုလို လာရောက်မေးမြန်းရခြင်းမှာ ထိုင်းနိုင်ငံတွင်း ထိုင်းဥပဒေနှင့် ညှိစွန်းသည့် တရားမ၀င် ပစ္စည်းများ သို လှောင်သိမ်းဆည်းထားခြင်း ရှိမရှိကို လာရောက်စစ်ဆေးခြင်းဖြစ်သည်ဟု ပြောဆိုသွားကြောင်း သိရသည်။

ယင်းသို့ လာရောက်စစ်ဆေးရာတွင် များသောအားဖြင့် ကေအဲန်ယူ ခေါင်းဆောင်များ နေထိုင်နေခဲ့သည့်အိမ်များ ဖြစ်သော် လည်း မည်သည့်ကေအဲန်ယူခေါင်းဆောင် တဦးတယောက်ကိုမျှ တိုက်ရိုက်ဆုံတွေ့ခဲ့ခြင်း မရှိပေ။

ယခုလို ထိုင်းအာဏာပိုင်များ၏ ရှောင်တခင် ၀င်ရောက်စစ်ဆေးမှုမှာ ထိုင်းနိုင်ငံ အစိုးရအပေါ် မြန်မာစစ်အစိုးရ၏ ဖိအားပေးမှု တခုလည်း ဖြစ်နိုင်ကြောင်း မြန်မာအတိုက်အခံ အဖွဲ့ဝင်များနှင့် နယ်စပ်အခြေအနေ စောင့်ကြည့်လေ့လာသူများက ဝေဖန်ပြော ဆိုနေကြသည်။

ကေအဲန်ယူ တွဲဖက်အတွင်းရေးမှူး(၁) ဗိုလ်မှူးစောလှငွေက “ဒီလိုဝင်ရောက်စစ်ဆေးတာကလည်း ကျနော်သိရသလောက် နအဖရဲ့ ဖိအားပေးမှု မဖြစ်ဘူးလို့လည်း မပြောနိုင်ဘူး။ တကယ်လို့ ဥပဒေနဲ့ မညီညွှတ်တာတွေ့ရင်တော့ သူတို့အနေနဲ့ အရေး ယူသွားနိုင်တာပေါ့”ဟု ဆိုသည်။

ယခုလို ကေအဲန်ယူခေါင်းဆောင်များ နေထိုင်သည့်နေရာများကို ထိုင်းအာဏာပိုင်များ ၀င်ရောက်စစ်ဆေးမှုမှာ ကေအဲန်ယူ အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုမန်းရှာလားဖန်း လုပ်ကြံခံရသည့် ၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄)ရက်နေ့ နောက်ပိုင်းက လည်း တကြိမ် ရှိခဲ့ဘူးသည်။

ပြီးခဲ့သည့် စက်တင်ဘာလကလည်း ချင်းမိုင်အခြေစိုက် မြန်မာအဖွဲ့အစည်းများနှင့် သတင်းဌာန ရုံးအချို့ကို ထိုင်းအာဏာပိုင် များက ၀င်ရောက်ရှာဖွေသွားခဲ့သေးသည်။

(ဆက်ဖတ်ရန်...................)

Monday, October 26, 2009

လူငယ်များ၏ စကားလက်ဆောင် (အောက်တိုဘာ ၂၀၀၉)


စောရေးနယာ ၂၃နှစ်
ဝါသနာ နိုင်ငံရေး
ပညာရေး အထက်တန်းလွန်ကျောင်း

ကျနော့်ဇာတိက တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ စီဂဲဒဲကျေးရွာပါ။ လက်ရှိမှာတော့ ကျနော့်တို့မိသားစု မယ်လအူးဒုက္ခသည် စခန်းမှာပဲ နေတယ်။ မောင်နှမ ၄ယောက်မှာ ကျနော်က အငယ်ဆုံး။ ပြည်တွင်းမှာ ၉တန်းအထိ ကျောင်းနေခဲ့ပေမဲ့ အစိုးရ ကျောင်းမဟုတ်ဘူး။ တောင်ငူခရိုင် တောထဲမှာဖွင့်တဲ့ ကော်သူးလေအထကကျောင်းမှာ တက်ခဲ့တယ်။ စစ်အစိုးရရဲ့ ဖိနှိပ်မှု အောက်မှာ ကျောင်းတက်ရင်း ပြေးလွှားရင်းပဲ။ ဒါပေမယ့် ပညာရေးဟာ ကျနော်တို့အတွက် အရေးကြီးတော့ ကျနော် တစက် ကလေးမှ စိတ်ဓါတ်မကျခဲ့ဘူး။ နအဖ စစ်အစိုးရတပ်လာရင် စာကောင်းကောင်း မသင်ရဘဲ မကြာခဏ ထွက်ပြေးတိမ်းရှောင်ရ တယ်။ သေဘေးက လွတ်မြောက်ဖို့ တောတောင်မှာ ထွက်ပြေးရင်း ထမင်းကို ဆားနဲ့နယ်စားခဲ့ရတဲ့ ဒုက္ခမျိုးကို ကျနော့်ဘ၀မှာ ဘယ်လိုမှ မေ့နိုင်မှာ မဟုတ်ဘူး။ ဒီလိုအခက်အခဲကြားမှ ရုန်းကန်ကြီးပြင်းခဲ့ရတဲ့ ကျနော်ဟာ မယ်လအူးစခန်းမှာ ဆယ်တန်း အောင်ခဲ့တယ်။ ကျနော်တို့နေခဲ့တဲ့ ပြည်တွင်းက ကျောင်းလေးဟာလည်း စစ်အစိုးရတပ်ကြောင့် အခုဆို မရှိတော့ဘူး။

(၁၀)တန်းအောင်ပြီးတဲ့နောက် ကျနော်က နိုင်ငံရေးစိတ်ဝင်စားတဲ့အခါကျတော့ စခန်းမှာဖွင့်တဲ့ ကရင်လူငယ်ခေါင်းဆောင်နဲ့ စီမံခန့်ခွဲမှုကျောင်း(Karen Youth Leadership and management Training Course)ကို တက်ဖို့ စိတ်ပိုင်းဖြတ်ခဲ့တယ်။ နဂို ကတည်းက စိတ်ပါ၊ မိဘတွေကလည်း သဘောတူတဲ့အခါကျတော့ အဲဒီကျောင်းမှာ ကျနော် ၂နှစ်တက်ခဲ့တယ်။ အတွေ့အကြုံ အများကြီးရတယ်။ အဲဒီ (Post Ten)ကျောင်းပြီးတော့ သူငယ်ချင်းတယောက်ရဲ့ အဆက်အသွယ်နဲ့ နိုင်ငံရေးသင်တန်းကို တက်ခွင့်ရခဲ့လို့ ကျနော် အရမ်းဝမ်းသာတယ်။ ကိုယ်သင်ထားတဲ့ပညာနဲ့ တနေ့နေ့ကျရင် ကျနော်တို့မြန်မာပြည်သူတွေအတွက် အကျိုးပြုနိုင်မယ်လို့ ယုံကြည်တယ်။ အထူးသဖြင့် ဒီသင်တန်းပြီးရင် တောင်ငူခရိုင်ဘက်ကို ပြန်ဆင်းပြီး ပြည်သူတွေကို နိုင်ငံ ရေးအမြင်နိုးကြားစေမဲ့ ပညာပေးမှုတွေလုပ်ဖို့ စိတ်အားထက်သန်တယ်။

ကျနော်နိုင်ငံဟာ မလွတ်လပ်သေးတော့ လုပ်စရာရှိတာ လုပ်သွားရမှာပဲ။ လုပ်ရင်း ငါးပိရည်နဲ့ ထမင်းစားရလည်း မမှုဘူး။ အဓိ က ကျနော်တို့ မျှော်မှန်းတဲ့ပန်းတိုင် ရောက်ဖို့ပဲ။ ရောက်မယ်လို့လည်း ယုံကြည်တယ်။ ဒီလိုလုပ်တဲ့အခါမှာ လူငယ်တွေရဲ့အင် အား အများကြီး လိုအပ်တယ်။ နောင်တချိန်မှာ လူကြီးဖြစ်လာမဲ့ လူငယ်တွေကို ကျနော်အထူးပြောချင်တာကတော့ “အောင် မြင်ကျော်ကြားတဲ့သူတွေဖြစ်ဖို့ မကြိုးစားပါနဲ့။ တန်ဖိုးရှိတဲ့လူ ဖြစ်အောင်ကြိုးစားပါလို့”တိုက်တွန်းချင်တယ်။



စောဖိုးထူး ၁၉နှစ်
ဝါသနာ နိုင်ငံရေး
ပညာရေး အထက်တန်းအောင်

ကျနော်ရဲ့ဇာတိက ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ နို့လားကျေးရွာကပါ။ မောင်နှမ (၃)ယောက်ထဲမှာ ကျနော်က အငယ်ဆုံးပါ။ ကျနော်သုံးလသားအရွယ်ကတည်းက အဖေဆုံးသွားတော့ အခုဆို အမေပဲ ရှိတော့တယ်။ အဖေမရှိတဲ့နောက် ကျနော်တို့ မိသားစုအခြေအနေက သိပ်မကောင်းတော့ဘူး။ နောက် ရွာက နယ်မြေအခြေအနေကလည်း မတည်မငြိမ်ဖြစ်လာ တဲ့အခါကျတော့ ၁၉၉၇ခုနှစ်မှာ ကျနော့် မိသားစုတစုလုံး ထိုင်း-မြန်မာနယ်စပ်က မဲခေါင်ခါးကရင်ဒုက္ခသည်စခန်းမှာ ခိုလှုံနေ ထိုင်လာခဲ့ရတယ်။

မြန်မာပြည်မှာ သူငယ်တန်းအထိပဲ ကျောင်းတက်ခဲ့ရပြီး ၆တန်းနှစ်ကစလို့ မဲခေါင်ခါးဒုက္ခသည်စခန်းက အမှတ်(၃) အထက ကျောင်းမှာ ကျောင်းတက်ခဲ့တယ်။ ၂၀၀၄ ခုနှစ်မှာ မဲခေါင်ခါးစခန်းကနေ မယ်လအူးစခန်းကိုပြောင်းတော့ အဲဒီမှာပဲ ဆယ်တန်း အောင်ခဲ့တယ်။ ဆယ်တန်းအောင်ပြီးတော့ အမျိုးသားဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးအင်အားစု(အဲန်ဒီဒီ)ကဖွင့်တဲ့ ခြောက်လ ကြာ နိုင်ငံရေးသင်တန်းတခုကို တက်ရောက်နေတယ်။ ကျနော်ငယ်ငယ်တုန်းက ဖြစ်ချင်တာတွေ အများကြီးပဲ။ အစကတော့ ဂီတသမား၊ အားကစားသမား အရမ်းဖြစ်ချင်တာ။ အရွယ်ရောက်လာတဲ့အခါကျတော့မှ ကိုယ်ဘာလုပ်သင့်တယ်ဆိုတာ ပိုမို နားလည်သဘောပေါက်လာတယ်။ ဒုက္ခသည်မှာနေရတာက တကြောင်း၊ နောက် ကိုယ့်နိုင်ငံက မအေးချမ်းတဲ့အခါကျတော့ ကိုယ်ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုပဲ လုပ်ရတာပေါ့။ နောက်ဆုံး ကိုယ့်အမျိုးသား လွတ်မြောက်ရေးအတွက် လုပ်မယ်လို့ ဆုံးဖြတ်လိုက်ပြီး နိုင်ငံရေးလုပ်ဖို့ ရည်ရွယ်ထားတော့ နိုင်ငံရေးကို ရှေ့ဆက် လေ့လာသွားမယ်။

စခန်းထဲမှာနေတုန်းက နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဘာမှမသိဘူး။ နအဖ စစ်အစိုးရ မကောင်းတဲ့အတွက် ကိုယ့်နိုင်ငံထဲမှာ နေခွင့် မရတာကို သိပေမယ့် ဘယ်လိုမကောင်းတာလဲဆိုတာတော့ မသိဘူး။ အခုလိုမျိုး သင်တန်းတက်တဲ့အခါကျတော့ တော်တော် လေး မျက်စိပွင့်၊ နားပွင့်လာတယ်။ ဖြစ်နိုင်ရင် ကျနော်ကတော့ ပြည်တွင်းမှာရှိတဲ့ ပြည်သူတွေကို နိုင်ငံရေးအသိစိတ်ဓါတ် နိုး ကြားလာစေဖို့ ပညာပေးမှုတွေ ဆောင်ရွက်ချင်တယ်။ ဖြစ်မြောက်အောင်လည်း ကြိုးစားမယ်။ ကျနော်တို့နိုင်ငံက မလွတ် မြောက်သေးဘူး။ အခုထက်ထိ စစ်အစိုးရအုပ်အုပ်ချုပ်မှုအောက်မှာပဲ နေနေရတယ်။ ဒါကြောင့် ကျနော်တို့လို လူငယ်တွေအ နေနဲ့ ကိုယ့်တိုင်းပြည်အတွက် အလုပ်လုပ်ဖို့လိုတယ်။ ဒါမှ အနာဂတ်က လှပလာမှာ။ လူငယ်တွေဟာ ဘယ်နေရာမှာပဲရောက် ရောက် ကိုယ့်လူမျိုးကို မမေ့ဖို့နဲ့ ကိုယ့်လူမျိုးအတွက် တတ်နိုင်ဘက်က ကူညီထောက်ပံ့ပေးကြစေချင်တယ်။


ကရင်သတင်းစဉ် မှကူးယူဖော်ပြသည်။

(ဆက်ဖတ်ရန်...................)

Friday, October 23, 2009

ကေအန်ယူနှင့် ဒီကေဘီအေ ပဏမအဆင့် ဆွေးနွေးပွဲပြီးစီး



ကေအန်ယူနှင့် ဒီကေဘီအေ ပဏမအဆင့် ဆွေးနွေးပွဲပြီးစီး
ထက်အောင်ကျော်

၂၃ အောက်တိုဘာ ၂၀၀၉-ဒီလ ၁၅ ရက်နေ.က ကရင်ပြည်နယ် တနေရာမှာ
ကျင်းပတဲ့ ကေအန်ယူနဲ. ဒီကေဘီအေ ဆွေးနွေးပွဲဟာ ၁၅နှစ်အတွင်း ပထမဆုံး
အကြိမ် ဖြစ်ဒါကြာင့် ပဏမအဆင့်သာ ရှိသေးပြီးနောက်ထပ် ဆွေးနွေးမူ.တွေ
အများကြီး လုပ်ဖို.လိုနေသေးတယ်လို. ဆွေးနွေးပွဲကို တက်ရောက်ခဲ့သူ ကေအန်ယူ
ဗဟိုကိုယ်စားလှယ် တဦးက ပြောပါတယ်။

လျှို.၀ှက်ဆွေးနွေးပွဲရဲ. သဘောသဘာဝအရ ဆွေးနွေးတဲ့နေရာ၊ဆွေးနွေးတဲ့
အကြောင်းအရာနဲ. တက်ရောက်မည်သူအမည် အသေးစိတ်ကို ထုတ်မပြောနိုင်သေး
သလို သူအမည်နဲ. အသံကိုလည်း ထုတ်သုံးဖို. မသင့်သေးဘူးလို. အဲဒီကေအန်ယူ
ဗဟုကိုယ်စားလှယ်က ပြောပါတယ်။

ဒါပေမဲ့ အဲဒီဆွေးနွေးပွဲအတွင်း ၂ဖက် အပစ်အခတ် ရပ်စဲရေးကိစ္စကို အလေးပေး ဆွေးနွေးခဲ့ကြောင်းနဲ. ဒီကေဘီအေဘက်က မြိုင်ကြီးငူဆရာတော်
ဦးသုဇန ကိုယ်တိုင် ဦးစီးတက်ရောက်ပြီး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးဖို. စာချုပ်စာတန်းပါ တပါတည်း ယူလာတာ တွေ.ရတယ်လို. အဲဒီကိုယ်စားလှယ်ကပြောပါတယ်။

ဒီကိစ္စအတွက် ကေအန်ယူ ဗဟိုကော်မတီမှာ ဘာမှကြိုတင် ဆွေးနွေးတာမျိုး
မလုပ်ရသေးတဲ့အတွက် တထိုင်တည်းနဲ. လက်မှတ်ထိုးဖို. မဖြစ်နိုင်သေးကြောင်း၊
နောက်တကြိမ်ဆွေးနွေးပွဲမှာ ရှေ.တဆင့် တက်နိုင်လိမ်မယ်လို. သူမျှော်လင့်ကြောင်း
ဒီကေဘီအေ နဲ.ဆွေးနွေးရေးအတွက် တာဝန်ပေးအပ်ခံထားရသူ ကေအန်ယူ ဗဟိုကိုယ်စားလှယ်က ပြောပါတယ်။
ကေအန်ယူရဲ. ကဘောထားက ဒီကေဘီအေကို သီးခြားလွတ်လပ်တဲ့ အဖွဲ. တခုအဖြစ်မြင်ချင်ပြီး စစ်အစိုးရ လက်အောက်ခံ ဖြစ်နေတာမျိုး ဆက်လက် မမြင်ချင်ဘူးလို. ပြောပါတယ်။

ပြီးခဲ့တဲ့လတွေအတွင်း ကေအန်ယူ စခန်းတွေကို ဒီကေဘီအေဘက်ကလာ
တိုက်နေတာဟာလည်း ဒီကေဘီကေ ကိုယ်တိုင်ရဲ. သဘောထားမဟုတ်ဘဲ စစ်အစိုးရရဲ. ဖိအားပေးမူ.ကြောင့် ဖြစ်တယိဆိုတာ ကေအန်ယူ ဘက်က နားလည်ထားကြောင်း အဲဒီ အရာရှိကပြောပါတယ်။

ဒီကေဘီအေ နဲ. ကေအန်ယူ ဟာ ကရင်တမျိုးသားတည်း ဖြစ်တာကြောင့်
ဆွေးနွေးပွဲတွေ ထပ်လုပ်ဖို. မျှော်လင့်ထားပေမယ့် ဆွေးနွေးပွဲ ပြီးပြီးချင်း သတင်းပေါက်
ကြားသွားတဲ့အတွက် နအဖ ဘက်က ဒီကေဘီအေ အပေါ်ဖိအားပေးမူ.တွေ တိုးလာနေလို. စိုးရိမ်နေရတယ်လို.လည်း အမည်မဖော်လို.တဲ့ ကေအန်ယူ ဗဟိုကော်မတီဝင် တဦးကပြောပါတယ်။


ဒီမိုကရက်တစ် မြန်မာ့အသံမှကူးယူဖော်ပြသည်။

(ဆက်ဖတ်ရန်...................)

အှ်လာအေဃှူ့ဖိုဝ်-စည်းလုံးညီညွတ်စွာ နေထိုင်ပါ



အှ်လာအေဃှူ့ဖိုဝ်-စည်းလုံးညီညွတ်စွာ နေထိုင်ပါ
(၁)အဲမိက်....
-ဖႜုံယှင်ဖေါဟ် ထိုင့်ဖူၟ၀ဲါယိုဝ်္ဘါသင့်ခါ့၊္ဘါယွာ မောဝ့်ဆြီ၊ လယ်ကယ်၊တြာခုင်ၟ ထိုင့်ဖူၟ၀ဲါလ၀့် အဲလောဟ်သာ သုင်းသာလင်ဖ်ုလိုဝ်း......။
ပိုး၊စကော ကရင်ညီအစ်ကိုမောင်နှမတွေဟာ ဗုဒ္ဒဘာသာ၊ ခရစ်ယာန်ဘာသာ၊ မော့ဆရီဘာသာ၊ လယ်ကယ်ဘာသာ၊ တရာခုံဘာသာ....
ညီအစ်ကိုတွေပဲမို့...စိတ်တူကိုယ်တူ ချစ်ခင်ကြပါ....။

-တြူ့မုင်ၟ္ဘျာ မွဲာဖႜုံဆ်ုဃှီ့လာ ...ကိုဝ်ဟှာဍေ ပ်ုမု္ဘး ၀ီကုံၟ.....သာသီ့အှ်ဝယ် ခါန်ဆူၟလါင့်လ၀့် ခွဲါက႟င် လ်ုဖႜုံးယိုဝ်....။
ရိုးရာအမွေအနှစ်တွေဟာ ကရင်တို့ရဲ့ ချစ်စရာ ယဉ်ကျေးမှုတွေပါ....အားလုံးပဲ ထိန်းသိမ်းစောင့်ရှောက်ရပါမယ်...ဇွဲကပင်တောင်ဟာ တို့ရဲ့ သက်သေအမှတ်အသား(ပြည်နယ်ကျက်သရေဆောင်)တောင်မြတ်တစ်ခုပါ....။

-ဆ်ုဆိုင်လီဟှယ့် ဏင်္ဘႜင်သီးမ လ်ုလယ်လိုဝ်း.....ဖႜုံယှင်ဖေါဟ် ထိုင့်ဖူၟ၀ဲါယိုဝ် လု္ဘးကါင်ဖါ....ဟှုင်ၟခိုင့်လာ္ဘေ့လါင့် ခွဲါ့က႟င် လ်ုဖႜုံးယိုဝ်.....။
လေကြီးမုန်တိုင်းကျရောက်သော်လည်း ဘယ်တော့မှ မတုန်မလှုပ်ပါ....ကရင်ညီအစ်ကိုမောင်နှမတွေလည်းပဲ ဇွဲကပင်တောင်လို တည်တံ့ခိုင်မြဲပါစေ....။

(၂) နာန်သိင်းလး္ဘင်...
-လ်ုဝီ.ဍးအိုဝ်...ထီ့ဆေမေံယွာ... မောဝ်ဂိုရီးယး ဆာလ၀်ဆိုဝ်....ဖႜုံဖေါဟ်ဟှယ့်လင်... ဟှယ့်လင်ခင့်ထီ့ လ်ုကောဝ်္ဘီၟပႜင်(ပြင်) ...ဆ်ုခါ်ခႜုဂ်ဏေ၀်ၟ...သာမဲသာဖႜိင်..၀ီးလာဝါထိုဝ်း.....။
ဟိုး..ရှေးတုန်းက ထီ့ဆေမေ့ယွာ လို့ခေါ်တဲ့ မွန်ဂိုရီးယားမှာ ရှေးလူကြီးသူမများအမှာစကား ရှိခဲ့တယ်...၊ ကရင်လူမျိုးတွေဟာ ဂုံဘီသဲကန္တာရမှတစ်ဆင့် မြစ်ချေင်းတွေကို ဖြတ်ကျော်ဆင်းသက်လာတဲ့အခါ မိုးချုပ်သွားစေခဲ့တယ်..။(့တောကြီးမက်မည်းဖြစ်တဲ့အတွက်ကြောင့်) လိပ်ပြာလွင့်မတတ် ထိန့်လန့်ခဲ့ရတယ်....။

-ဏင်လ၀့်ဟှယ့်ကိုဝ်၊ ခႜုံးဆာင်းဟှယ့်ကိုဝ်၊ ကျာမင်ဟှယ့်ကို ....ထိုင့်ဖူၟ၀ဲါလ၀့်...အှ်အေကုံၟ...၊ ဆိုဒ်လ်ုဃှါင်းဃှံင် သဲုးလ်ုဃှါင်းဃှံင် ပ်ုဏယ်အင်းလု္ဘုင်း...
(လူတွေကို ဖမ်းစားတတ်တဲ့)နောင်လော့၊ ခလုံးဆိုင်း၊ ကျာမောင်စတာတွေကို လာခေါ်နေကြသော်လည်း ညီအစ်ကိုတွေ စုစုစည်းစည်းနေကြပါ...၊
သွေးချင်းမတူတဲ့ လူတွေကိုလည်း လွယ်လွယ်နဲ့ မယုံကြည်ကြပါနဲ့..(ယုံကြည်လို့မရပါ)...။

-ဖႜုံယှင်ဖေါဟ် ထိုင့်ဖူၟ၀ဲါယိုဝ် လု္ဘးကါင်ဖါ...အဲလောဟ်သာ အှ်လာအေဃှူ့ဖိုဝ်....။
ပိုး၊စကောကရင်ညီအစ်ကိုတွေပဲ (လုံးဝ)မခွဲခြားဘဲ ချစ်ချစ်ခင်ခင် စည်းလုံးညီညွတ်စွာ နေထိုင်နိုင်ကြပါစေ....။

မှတ်ချက်..။နောင်လော့တို့ ခႜုံးဆာင်းတို့ နေရာမှာ ကရင်ရိုးရာ နတ်ပွဲတွေ သက်ဆိုင်တဲ့ အခေါ်အဝေါ်တွေ ဖြစ်ပါတယ်..။ မြန်မာလိုဆိုရင် သစ်ပင်စောင့်နတ်၊ တောစောင့်နတ်၊သင်္ချီုင်းစောင့်နတ်စတာတွေပါပဲ..။


ဘာသာပြန်-စောအောင်ဟိန်းမူ.ယံ့င်ဖါန်

(ဆက်ဖတ်ရန်...................)

Thursday, October 22, 2009

ကေအန်ယူနှင့် ဒီကေဘီအေ သဘောတူညီမှု မရရှိ



ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) နှင့် တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) တို့ မကြာခင်က နှစ်ဖက်အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူလက်မှတ်ရေးထိုးမည့်ကိစ္စမှာ သဘောတူညီချက်မရရှိဘဲ ပြီးဆုံးသွားသည်။

ယခုလ (၁၅) ရက်နေ့က ဒီကေဘီအေ နာယကဆရာတော် ဦးသုဇန၊ ဒီကေဘီအေ ကလို့ထူးဘောဒေသ ဒု-ဗျူဟာမှူး စောမောသို၊ ဗိုလ်ငွေတင်တို့သည် ကေအန်ယူနှင့် နှစ်ဖက်အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးရန် ကေအန်ယူခေါင်းဆောင်များနှင့် နယ်စပ်တွင် လာရောက်တွေ့ဆုံဆွေးနွေးခဲ့သည်။

ကေအန်ယူဘက်မှ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး၊ တပ်မဟာ (၇) မှူး ဗိုလ်မှူးချုပ်ဂျော်နီ၊ ဘားအံခရိုင်ဥက္ကဋ္ဌ ပဒိုအောင်မော်အေးနှင့် ကေအန်ယူဗဟိုမှ ဒီကေဘီအေရေးရာအတွင်းရေးမှူး မန်းငြိမ်းမောင်တို့က ၎င်းတို့အား လက်ခံတွေ့ဆုံခဲ့သည်။

ဆွေးနွေးပွဲတွင် မြိုင်ကြီးငူဆရာတော် ဦးသုဇနက နှစ်ဖက်အပစ်အခတ်ရပ်စဲရေးအတွက် ၎င်းတို့ပြင်ဆင်လာသည့်စာချုပ်ကိုပါ တပါတည်းယူဆောင်လာခဲ့သည်။

၎င်းစာချုပ်တွင် နှစ်ဖက်အဖွဲ့အစည်းများအချင်းချင်း တိုက်ခိုက်လာခဲ့သည့် (၁၅) နှစ်တာကာလအတွင်း ကရင်အမျိုးသားများ သေကျေပျက်စီး အတိဒုက္ခရောက်ခဲ့ကြကြောင်း၊ ဤပုံစံမျိုးဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရန်မှာ မမြင်နိုင်သောအရာဖြစ်သည့်အတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် အပစ်အခတ်ရပ်စဲရေးကိစ္စကို စာချုပ်ချုပ်ဆိုရခြင်းဖြစ်သည်ဟု ပါရှိသည်။

အပစ်အခတ်ရပ်စဲရေးဆိုင်ရာကိစ္စနှင့်ပတ်သက်၍ ကေအန်ယူက ဒီကေဘီအေ နာယကဆရာတော်ထံသို့ ယခုလ (၁၆) ရက်နေ့က အကြောင်းကြားစာ ပေးပို့ခဲ့သည်။

၎င်းစာတွင် ဆရာတော်၏စာပါ တင်ပြလာချက်အပေါ် ကေအန်ယူ၏ဆန္ဒသဘောထားကို အပြန်အလှန်ဆွေးနွေးချိန် မရရှိသဖြင့် လက်မှတ်ရေးထိုးခြင်း မပြုလုပ်နိုင်သေးကြောင်း၊ စာပါအချက်များအရ ဒေသဖွံ့ဖြိုးတိုးတက်ရေးအဆင့်သာ ကေအန်ယူက လှုပ်ရှားဆောင်ရွက်ခြင်းမျိုးမဟုတ်ဘဲ ကရင်တမျိုးသားလုံးအေးချမ်းပြီး တန်းတူအခွင့်အရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေးအတွက်ဖြစ်သည်ဟု ပါရှိသည်။

နှစ်ဖက်အပစ်အခတ်ရပ်စဲလိုက်ရုံဖြင့် တမျိုးသားလုံး၏ရပိုင်ခွင့် အခွင့်အရေးများ ရရှိပြီး ငြိမ်းချမ်းသွားမည်မဟုတ်ကြောင်း၊ ဆရာတော်၏ ဒေသခံသွေးချင်းများအပေါ် ထားရှိသော မေတ္တာစေတနာထက် ကရင်တမျိုးသားလုံးအပေါ် စာနာပြီး ယခုထက် ပိုမိုပြီး လုပ်ဆောင်သွားနိုင်ရန် မေတ္တာရပ်ခံပါကြောင်း၊ ဆရာတော်နှင့်သားတပည့်များ ဖြစ်သည့် ဒီကေဘီအေ-ဒီကေဘီအို အာဏာပိုင်ခေါင်းဆောင်များနှင့် ကေအန်ယူအဖွဲ့ ထပ်မံတွေ့ဆုံဆွေးနွေးနိုင်ရန် အလေးအနက်တိုက်တွန်းလိုပါသည်ဟု ပါရှိသည်။

ဆွေးနွေးပွဲနှင့်ပတ်သက်၍ ကေအန်ယူမှ ပဒိုမန်းငြိမ်းမောင်က “ဒီကေဘီအေဟာ နအဖရဲ့ သြဇာခံနွံထဲမှာ နစ်နေတာကို ကျနော်တို့က ဆွဲတင်နေတာဖြစ်တယ်။ သူ့သမိုင်းဟာ သူလိုက်လာမှာလား၊ မလာဘူးလား ဆိုတဲ့အပေါ်မှာ မူတည်တယ်။ အမျိုးသားစည်းလုံးညီညွတ်ရေးကို တကယ်လိုချင်တယ်ဆိုရင် နအဖသြဇာခံထဲက ရုန်းထွက်ဖို့လိုတယ်။ အဲဒီနွံထဲက ရုန်းထွက်နိုင်မှ သူတို့ကိုယ်ပေါ်မှာရှိတဲ့ အညစ်အကြေးတွေကို ဆေးကြောနိုင်မှ အမျိုးသားထုအတွင်းမှာ သိက္ခာရှိရှိနဲ့ သူပြန်ရပ်တည်နိုင်မယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

မြိုင်ကြီးငူဆရာတော် ဦးသုဇန ဦးဆောင်သည့်အဖွဲ့သည် ၁၉၉၄ ခုနှစ်နှောင်းပိုင်းက ကေအန်ယူမှခွဲထွက်ပြီး မြန်မာစစ်အစိုးရ၏ ကျောထောက်နောက်ခံဖြင့် ဒီကေဘီအေအဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ပြီး ၎င်းတို့အဖွဲ့သည် ယခုလကုန်ပိုင်းတွင် ဒီကေဘီအေတပ်ကို ဖျက်သိမ်း၍ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် နအဖ၏အစီအမံကို လက်ခံထားသည်။

ခေတ်ပြိုင်မှကူးယူဖော်ပြသည်။

(ဆက်ဖတ်ရန်...................)

Wednesday, October 21, 2009

KNU နှင့် DKBA ပေါင်းစည်းရန် မလွယ်ကူသေးဟု KNU ပြောကြား



နယူးဒေလီ (မဇ္စျိမ)။ ။ ကရင်အမျိုးသား အစည်းအရုံး KNU နှင့် ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် DKBA အကြား ပေါင်းစည်းရန် မလွယ်ကူသေးကြောင်း KNU ခေါင်းဆောင်က ပြောဆိုသည်။

ထိုင်း-မြန်မာနယ်စပ်တွင် KNU-KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ် မူးတူးဆေးဖိုးနှင့် DKBA မှ မြိုင်ကြီးငူဆရာတော် ဦးသုဇနအကြား ယခုလ ၁၉ ရက်တွင် အပစ်ရပ်ရေးနှင့် ပေါင်းစည်းရေး ဆွေးနွေးပွဲတခု ကျင်းပခဲ့ကြောင်း သတင်းများ ပေါ်ထွက်ခဲ့ပြီးနောက် KNU အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်က ယခုလို ပြောဆိုခြင်း ဖြစ်သည်။

“လောလောဆယ် KNU နဲ့ DKBA ပေါင်းစည်းဖို့ဆိုတာ မလွယ်ပါဘူး။ တဖြည်းဖြည်းတော့ စည်းရုံးသွားမှာပါ။ အခုဆို သူတို့အထဲက လူတော်တော်များများလည်း နအဖ လုပ်ရပ်တွေကို သဘောပေါက်လာပြီ” ဟု KNU အထွေထွေ အတွင်းရေးမှူး နော်စီပိုးရာစိန်က ပြောဆိုသော်လည်း၊ လျှို့ဝှက်ဆွေးနွေးပွဲ ကိစ္စကိုမူ အတည်မပြုနိုင်သေးကြောင်း ပြောသည်။

အကယ်၍ နှစ်ဖက်တွေ့ဆုံဖြစ်ခဲ့ပါကလည်း KNU ၏ သဘောထား ရပ်တည်ချက်ကြောင့်သာ ဖြစ်မည်ဟု သူက ဆက်ပြောသည်။

KNU သည် DKBA အပေါ် ယခင်ကတည်းက သတ်မှတ်ခဲ့သည့် ခြွင်းချက် ၃ ချက်နှင့်အညီ စည်းရုံးသွားမည် ဖြစ်သည်။

“နအဖ ခိုင်းသလို မလုပ်ရဘူး၊ လူထုကို မဆန့်ကျင်ရဘူး၊ မူးယစ်ဆေးဝါးနဲ့ မပတ်သက်ရဘူး။ DKBA ခွဲထွက်ကတည်းက အဲဒါတွေက သတ်မှတ်ထားတယ်” ဟု KNU အထွေထွေ အတွင်းရေးမှူးက ပြောသည်။

“DKBA က Border Guard (နယ်ခြားစောင့်တပ်) လုပ်နေတယ်။ KNU စခန်းတွေကို နအဖ ဖိအားအမိန့်နဲ့ တိုက်တာတွေ ရှိတယ်။ အထဲမှာကလည်း သဘောထားတွေက ကွဲလွဲနေပါပြီ။ နအဖ လုပ်ရပ်တွေ တဖြည်းဖြည်း သိလာကြပြီ” ဟု သူက ဆက်ပြောသည်။

ပြီးခဲ့သည့် ဇွန်လမှ စတင်ကာ DKBA တပ်သား ၁၀ ဦးခန့်သည် KNU ထံ ပြန်လည် ဝင်ရောက်လာခဲ့သည်။

DKBA သည် KNU အဖွဲ့မှ ၁၉၉၅ ခုနှစ်တွင် ခွဲထွက်၍ စစ်အစိုးရနှင့် အပစ်ရပ်ခဲ့ပြီး၊ ထိုင်း-မြန်မာနယ်စပ်ရှိ သစ်လုပ်ငန်း အပါအဝင် အခြားစီးပွားရေး လုပ်ငန်းတချို့ကို လွတ်လပ်စွာ လုပ်ကိုင်ခွင့် ရရှိခဲ့သည်။

DKBA သည် စစ်အစိုးရက အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အနေဖြင့် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် အဆိုပြုခဲ့သည့်အပေါ် ဒီမိုကရေစီသစ် တပ်မတော် - ကချင် NDA (K) ကဲ့သို့ပင် လက်ခံပြီးဖြစ်သည်။ ကျန်ရှိသည့် အပစ်ရပ် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ၊ ဝ တပ်မတော်၊ ကိုးကန့် တပ်ဖွဲ့နှင့် အခြား အဖွဲ့များက ငြင်းဆန်နေဆဲ ဖြစ်သည်။

KNU နှင့် DKBA အကြား အပစ်အခတ် ရပ်စွဲပြီး၊ ငြိမ်းချမ်းရေး တည်ဆောက်သွားရန် DKBA မှ မြိုင်ကြီးငူဆရာတော် ဦးသုဇနက နှစ်ဖက်လုံးကို မေတ္တာရပ်ခံသည့် စာတစောင်ကို ပြီးခဲ့သည့်လ နောက်ဆုံးပတ်အတွင်းက ဖြန့်ဝေခဲ့သည်။

(ဆက်ဖတ်ရန်...................)

ဖာပွန်ဒေသခံ တောင်ယာများ ဖျက်ဆီးခံရ



အောက်တိုဘာလ ၂၁ရက်။ နန်းထူးစံ (ကေအိုင်စီ)

ယခုရာသီချိန်တွင် တောင်သူများ စပါးရိတ်သိမ်းချိန်ဖြစ်သော်လည်း ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) ထိန်ချုပ်နယ်မြေ ဖာပွန်ဒေသတွင် ဝင်ရောက်လှုပ်ရှားနေသော နအဖတပ်များက ယခုရက်ပိုင်းအတွင်း ဒေသခံ ရွာသူရွာသားများ၏ တောင်ယာများကို လိုက်လှန်ဖျက်ဆီးခဲ့ရာ တောင်ယာ (၅)ခင်း ပျက်ဆီးသွားသည်ဟု ဒေသခံများ၏ သတင်းပေးချက်အရ သိရသည်။

အောက်တိုဘာ ၁၄ရက်နေ့မှစ၍ ဖာပွန်ခရိုင်၊ လူသောမြို့နယ်၊ ခေးပူကျေးနယ်ရှိ ဘောလေးဒဲကျေးရွာအတွင်း ဝင်ရောက်လှုပ်ရှားနေသော နအဖ တပ်များက ဒေသခံရွာသူရွာသားများ၏ တောင်ယာခင်းများကို လိုက်ဖျက်ဆီးခြင်းဖြစ်သည်ဟု ဖာပွန်နယ်ခံ စောကလယ်ဒို့က ကေအိုင်စီကို ယခုလို ပြောသည်။

“ဒီတပ်ဖွဲ့တွေဟာ မုံးမြို့နယ်မှနေပြီးတော့ လူသောမြို့နယ်ထဲမှာ ဝင်လာတာ။ နအဖ ဘယ်တပ်ရင်းလဲဆိုတာ ကျနော်လည်း အတိအကျမသိ သေးဘူး။ အဲဒီမှာ ရောက်လာတော့ ရွာသူရွာသားတွေ လုပ်ကိုင်စားသောက်ကြတဲ့ နေရာတွေကို လိုက်ဖျက်ဆီးတာ။ အဲဒီမှာ အများအားဖြင့် တောင်ယာတွေကိုပဲ လုပ်ကြတာကိုး။ တောင်ယာထဲက စပါးပင်တွေ သေကျေပျက်ဆီးအောင် သစ်ကိုင်း၊ ဝါးချောင်းတုတ်တွေနဲ့ ရိုက်ချိုးပစ်တာ။ အခုလည်း လုပ်ဆောင်နေတုန်းပဲ” ဟု ပြောသည်။

အဆိုပါ ဘောလေးဒဲဒေသတွင် စုစည်းနေထိုင်ကြသည့် ရွာသူရွာသား (၆၀၀)ခန့်သည် ၁၉၉၇ ခုနှစ်က နအဖတပ်များ ဖာပွန်ဒေသအတွင်းမှာ စတင်ဝင်ရောက်ချိန်မှစ၍ အိုးမဲ့အိမ်မဲ့အဖြစ် ရွှေ့ပြောင်းနေထိုင် လုပ်ကိုင်စားသောက်ကြသည့် ရွာပုန်းရွာရှောင်များဖြစ်ကြပြီး ယခုတဖန် နအဖတပ်များ ထပ်မံဝင်ရောက် လှုပ်ရှားလာသည့်အတွက် အခြားနေရာသစ်တခုအတွင်းသို့ ပြောင်းရွှေ့နေထိုင်ကြရကာ အလုပ်အကိုင်များကို ချန်ထားခဲ့ရသည်ဟု ထိုဒေသခံက ဆိုသည်။

နအဖ တပ်များသည် ၎င်းတို့ ဝင်ရောက်လှုပ်ရှားခဲ့သော ဒေသများတွင်ရှိ ဒေသခံများ၏ အိုးအိမ်းများ၊ စပါးကျီများ၊ ခြံ၊ တောင်ယာများအား မီးရှို့ဖျက်ဆီးသည့် လုပ်ရပ်များကို ရာသီအလိုက် နှစ်စဉ် လုပ်ဆောင်နေခြင်းကြောင့် ထွက်ပြေးပုန်းရှောင်နေကြရသော ရွာသူရွာသားအတွက် စားသုံးရန် ဆန်စပါး မလုံလောက်သည့် ပြသနာများနှင့် ကြုံတွေ့နေရသည်ဟု ဒေသခံများက ပြောဆိုနေကြသည်။

ဖာပွန်ခရိုင်ရှိ လူသောမြို့နယ်တွင် ၂၀၀၆ခုနှစ်မှစ၍ ၂၀၀၈ ခုနှစ်အထိ နအဖ တပ်များ၏ စစ်ရေးလှုပ်ရှားမှုကြောင့် အိုးအိမ်များကို စွန့်ခွာပြီး ရွှေ့ပြောင်းပုန်းရှောင်နေထိုင်ကြရသည့် ရွာသူရွာသားပေါင်း (၅,၀၀၀)ရှိပြီး ရွာသူရွာသားများ၏ လယ်ယာခင်းပေါင်း(၂၀၀)နှင့် တောင်ယာခင်းပေါင်း (၅၀၀)ကိုလည်း အဆိုပါ နအဖ တပ်များက မီးရှို့ဖျက်ဆီးခဲ့သည်ဟု ကေအဲန်ယူ၊ လူသောမြို့နယ်၏ မှတ်တမ်းများအရ သိရှိရသည်။

(ဆက်ဖတ်ရန်...................)

Tuesday, October 20, 2009

အိုးအိမ်ထပ်မံစွန့်ခွာသူ ကရင်ရွာသား ၂၅၀ကျော် ရိက္ခာအခက်အခဲ ဖြစ်နေ


အောက်တိုဘာလ ၂၀ရက်။ နန်းထူးစံ (ကေအိုင်စီ)

ကရင်ပြည်နယ်မြောက်ပိုင်းရှိ ဖာပွန်ဒေသတွင် ယခုလဆန်းပိုင်းက အိုးအိမ်များကို စွန့်ခွာပြီး တောထဲသို့ ထွက်ပြေးပုန်းရှောင် နေကြရသည့် ရွာသူရွာသား ၂၅၀ကျော်မှာ လက်ရှိအချိန်တွင် ၀မ်းရေးအတွက် ရိက္ခာအခက်အခဲများ ဖြစ်လာရသည်ဟု ထိုဒေ သမှလာသည့် သတင်းအရ သိရသည်။

အဆိုပါ ရွာသူရွာသားများသည် ဘူးသိုမြို့နယ်၊ မယ်မွဲကျေးနယ်ရှိ ခလယ့်ဆီ့ခို၊ ဟောသူးပူနှင့် လယ့်ခလော့ကျေးရွာများမှ ရွာ သူရွာသားများဖြစ်ကြပြီး ထိုဒေသတွင် လှုပ်ရှားနေသည့် ဒီကေဘီအေ (၆၆၆)တပ်ဖွဲ့၊ ကဆောဝါးတပ်ရင်းနှင့် လုံခြုံရေးတပ်ရင်း မှ မောင်ချစ်၊ တင်ဝင်းနှင့် အဖွဲ့သားများ၏ အမျိုးမျိုးသော ခြိမ်းခြောက်ခိုင်းစေခြင်းများကို မခံနိုင်၍ တောထဲရှိ ရွာပုန်းရွာရှောင် များ နေထိုင်ရာ ဒေသအတွင်းသို့ အောက်တိုဘာ (၆)ရက်နေ့က ရွာလုံးကျွတ် ထွက်ပြေးရောက်ရှိလာခြင်းဖြစ်သည်။

ထိုသို့ ထွက်ပြေးလာရာတွင် စားစရာများ၊ ဆန်စပါးများကို လုံလုံလောက်လောက် မသယ်ယူနိုင်သည့်အတွက် လက်ရှိအချိန် တွင် စားသုံးရန် အခက်အခဲများ ကြုံလာရခြင်းဖြစ်သည်ဟု ဖာပွန်ဒေသခံတဦးက ပြောသည်။

တောတောင်ထဲတွင် ရိက္ခာများခက်ခက်ခဲခဲ ရုန်းကန်သယ်ဆောင်နေကြသည့် ဖာပွန်ဒေသခံတချို့

တောတောင်ထဲတွင် ရိက္ခာများခက်ခက်ခဲခဲ ရုန်းကန်သယ်ဆောင်နေကြသည့် ဖာပွန်ဒေသခံတချို့
“ဒီကေဘီအေတွေက အခု လှုပ်ရှားနေတုန်းပဲ။ ကျနော် သိရသလောက် ရွာက ထွက်ပြီးတော့ တောထဲရောက်လာတဲ့ ရွာ သားတွေအားလုံး ၂၅၆ယောက် ရှိတယ်။ အိမ်ခြေက ၃၈လုံးပေါ့နော်။ သူတို့ထွက်လာကတည်းက စားစရာ ဆန်စပါးတွေ အလုံ အလောက် မသယ်နိုင်ဘူးလေ။ ရွာမှာ ပြန်ယူစားဖို့ကလည်း မရဲတာကတကြောင်း၊ ဒီကေဘီအေတွေ ယူစားပြီး ကုန်သွားတာ ကတကြောင်းကြောင့် အခု စားစရာ အခက်အခဲ အတော်လေးကို ကြုံနေရတယ်”ဟု အဆိုပါနယ်ခံက ကေအိုင်စီကို ပြော သည်။

ထို့အပြင် ၎င်းက “အခု လှုပ်ရှားနေတဲ့ ဒီကေဘီအေတပ်တွေက ရွာသူရွာသားတွေကို အမျိုးမျိုး ခြိမ်းခြောက်ပြီးတော့ ခိုင်း တယ်။ သူတို့အလုပ်တွေ အကုန်လုံးကို ရွာသားတွေ သွားလုပ်ပေးရတယ်။ ဒါ့အပြင် ရွာတွေရဲ့ ဘေးပတ်ဝန်းကျင်တွေမှာ မိုင်း တွေ ထောင်ထားကြတယ်။ အဲဒါကြောင့် ရွာမှာမနေရဲကြတော့လို့ ထွက်လာတာဖြစ်တယ်”ဟု ဆက်လက် ပြောဆိုသွားသည်။

ဖာပွန်ခရိုင်တွင် ၁၉၉၇ ခုနှစ်က နအဖတပ်များ ၀င်ရောက်လှုပ်ရှားစဉ်ကတည်းက ဒေသခံလူထု အများအပြား အိုးမဲ့အိမ်မဲ့အ ဖြစ် ရွှေ့ပြောင်းနေထိုင်ကာ လုပ်ကိုင်စားသောက်ရသည့်အတွက် စားနပ်ရိက္ခာ မလောက်ငှသည့် ပြသနာများ ရင်ဆိုင်ခဲ့ရ သည်။ ထို့အပြင် နအဖတပ်က ယခင်နှစ်များထက် တပ်အင်အားများ ပိုမိုချထားလာကာ စစ်ရေးပိုမိုလှုပ်ရှားလာသည်နှင့်အမျှ ပြောင်းရွှေ့နေထိုင်ရသည့် ရွာသူရွာသား အရေအတွက်မှာ ပိုမိုများပြားလာပြီး စားနပ်ရိက္ခာ မလုံလောက်သည့်ပြသနာ တနှစ် ထက်တနှစ် ဆိုးရွားလာရခြင်းဖြစ်သည်။

ယခု ၂၀၀၉ခုနှစ်တွင် နအဖတပ်များအပြင် ဒီကေဘီအေတပ်များပါ အဆိုပါဒေသအတွင်း ၀င်ရောက်လှုပ်ရှားလာခဲ့ရာ ဒေသခံ ရွာသူရွာသားများကို နှိပ်စက်ညှင်းပမ်း သတ်ပစ်သည်အထိ လုပ်ဆောင်လာခဲ့သဖြင့် လက်ရှိအချိန်တွင် ဖာပွန်ခရိုင် ဘူးသိုနှင့် လူသောမြို့နယ်တွင် ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်တွင်းကရင်ဒုက္ခသည်ပေါင်း ၇၀၀၀ကျော်ရှိသည်ဟု သိရသည်။

(ဆက်ဖတ်ရန်...................)

ဒီကေဘီအေ နှင့် ကေအဲန်ယူတပ်ဖွဲ့ တွေ.ဆုံဆွေးနွေး

ဒီမိုကရက်တစ် မြန်မာအသံမှကူးယူဖော်ပြသည်။(D.V.B)


(ဆက်ဖတ်ရန်...................)

Friday, October 16, 2009

ကရင့်တော်လှန်ရေး ဂုဏ်ပြုသီချင်း ဒီဗီဒီ ထွက်ပြီ

ကရင်အမျိုးသားတို့၏ ရပိုင်ခွင့်အတွက် တိုက်ပွဲဝင်လာ ခဲ့သည်မှာ နှစ် ၆၀ ပြည့်မြောက်ပြီးဖြစ်သည့် ကရင့် တော်လှန်ရေးအား ဂုဏ်ပြုစပ်ဆိုထားသည့် သီချင်းခွေ ထွက်ရှိပါပြီ။

စကော၊ ပိုး၊ ဗမာ ဘာသာတို့ဖြင့် နားဆင်ရမည့် “သင့်အတွက် နှစ် (၆၀)” ဟု အမည် ပေးထားသည့် ၎င်း ခွေကို နာမည်ကြီး အဆိုရှင်များ ပါဝင်သီဆို ထားသည်။


မ့ဿ္အဲဢ္ဒိးပွ႔ၯ ဆဲးက်ိး ပွၯသ့ဢ္တဖဢ္အံၯတက့ဿ္
ေအၟ႓းသါဏွ္ ကႜဳ္ဟွး ဆု္လု္ဖးသီး အွ္ဏွ္ဆၚ
ကရင့်တော်လှန်ရေးအား ဂုဏ်ပြုလိုပါက …၀ယ်ယူအားပေးလိုလျှင် ဆက်သွယ်ရန်
Saw Say Say 084 494 1027
Saw Wai Htoo 087 211 0769
Saw Ahr Ku 087 844 1703
တို့ထံသို့ ဆက်သွယ်စုံစမ်း ၀ယ်ယူအားပေး နိုင်ပါကြောင်း … သီချင်းနားထောင်ရန်ဒီမှာနှိပ်ပါ(Click Here)

(ဆက်ဖတ်ရန်...................)

Thursday, October 15, 2009

ရင်ဆိုင်တိုက်ပွဲကြောင့် ဒီကေဘီအေ ၄ဦး သေဆုံး



အောက်တိုဘာလ ၁၅ရက်။ စောသိန်းမြင့်(ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ ပိုင်ကျုံမြိ့နယ်ရှိ ကေအဲန်ယူ တပ်မဟာ (၇)နယ်မြေတွင် ကရင်အမျိုးသား လွတ် မြောက်ရေးတပ်မ တော်(ကေအဲန်အယ်လ်အေ)နှင့် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ)တပ်ဖွဲ့တို့ကြား ယမန် နေ့က ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲတခု ဖြစ်ပွားခဲ့ရာ ဒီကေဘီအေဘက်က တပ်သား (၄)ဦး ကျဆုံးခဲ့သည်ဟု သတင်းရရှိသည်။

ယမန်နေ့ မနက်အစောပိုင်းတွင် ဒီကေဘီအေ (၉၉၉)တပ်မဟာ လုံခြုံရေးတပ်ဖွဲ့တပ်ခွဲ(၂)ခွဲနှင့် (၉၉၉)တပ်ရင်း (၄)မှ တပ်ဖွဲ့ ၀င်တို့ပူးပေါင်းပြီး စုစုပေါင်းတပ်အင်အား(၆၀)ခန့်သည် နယ်မြေရှင်းလင်းရန်အတွက် ကေအဲန်အယ်လ်အေတပ်ဖွဲ့များ၏ တည် ရှိရာနေရာများကို လိုက်လံရှာဖွေခဲ့ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ကေအဲန်အယ်လ်အေ တပ်ရင်း(၂၂) ဒုတပ်ရင်းမှူး ဗိုလ်မှူးစောဒီ့ကွယ်က ယခုလို ပြောသည်။

သူက “မနေ့မနက် (၄)နာရီမှာ တပ်ခွဲမှူး ဗိုလ်ကြီးမောင်လှသိန်း၊ ငြိမ်းအောင် ဦးစီးတဲ့ ဒီကေဘီအေ (၉၉၉) တပ်မဟာ လုံခြုံ ရေးတပ်ဖွဲ့ရယ်၊ ချားကလယ် ဦးစီးတဲ့ (၉၉၉) တပ်ရင်း(၄)က တပ်ဖွဲ့ရယ်ဟာ ကျနော်တို့ဘက်က တပ်ခွဲမှူး ဗိုလ်ကြီးပေါလူ ဦး ဆောင်တဲ့ တပ်ရင်း (၂၂)တပ်ဖွဲ့နဲ့ ပနွယ်ပူမှာ တိုက်ပွဲဖြစ်ခဲ့တယ်။ (၉၉၉)တပ်မဟာ လုံခြုံရေးတပ်ဖွဲ့က (၄)ယောက်သေတယ်။ ကျနော်တို့ဘက်ကတော့ ကြိုစောင့်ပြီးပစ်တဲ့အတွက် တယောက်မှ မထိဘူး”ဟု ပြောသည်။

မိနစ်(၂၀)ကြာ အပြန်အလှန် ပစ်ခတ်ခဲ့ကြသည့် အဆိုပါရင်ဆိုင်တိုက်ပွဲတွင် ဒီကေဘီအေတပ်ဖွဲ့မှ အကျအဆုံးများ ရှိခဲ့ကြ သော်လည်း နှစ်ဖက်တပ်ဖွဲ့များက လက်နက်ခဲယမ်း တစုံတခုမှ သိမ်းဆည်းရမိခြင်းမရှိဟု ဗိုလ်မှူးစောဒီ့ကွယ်က ပြောသည်။

ထိုတိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ၎င်းဒီကေဘီအေပူးပေါင်းတပ်ဖွဲ့သည် မဲ့လာအားခီး၊ မဲ့လာအားထာ့၊ ကပေါ်လေး စသည့် ကျေးရွာ များသို့် ပြန်လည်ဝင်ရောက်လာပြီး ရွာသားများ၏ ကြက်၊ ၀က်များကို ပိုင်ရှင်များအား တစုံတရာ အသိပေး အကြောင်းကြား ခြင်းမရှိဘဲ အကြောင်းမဲ့ ပစ်သတ်ယူစားခဲ့သည်ဟု သိရသည်။

၎င်းတိုက်ပွဲဖြစ်ပွားရာ ဒေသသည် ပြီးခဲ့သည့် ဇွန်လတုန်းက နအဖ စစ်တပ်နှင့် ဒီကေဘီအေ တပ်မဟာ သုံးခု ပူးပေါင်းကာ ကေအဲန်ယူကို ထိုးစစ်ဆင်ခဲ့ရာနယ်မြေများဖြစ်ပြီး ထိုးစစ်ကြောင့် ဒေသခံကရင်ပြည်သူ ၄,၀၀၀ကျော် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်းမြို့ နယ်သို့ ထွက်ပြေးခိုလှုံခဲ့ကြရသည်။ု

တချိန်တည်းတွင် ယနေ့မနက် ၈း၁၀နာရီနှင့် ၁၀း၃၀နာရီအချိန်တွင် ဒီကေဘီအေ (၉၉၉) တပ်ရင်း (၄)မှ တပ်ဖွဲ့ဝင်များသည် မဲ့ လာအားထာ့ ကျေးရွာတွင် မြေမြှုပ်မိုင်းများကို လိုက်လံရှင်းလင်းရာမှ နှစ်ဦး ထပ်မံ ထိခိုက်ဒဏ်ရာရရှိသည်ဟု သိရှိရသည်။

ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေတွင် အောက်တိုဘာလလယ်အထိ ကေအဲန်အယ်လ်အေနှင့် ဒီကေဘီအေတို့ကြား ပြောက် ကျားတိုက်ပွဲ ၅ကြိမ်၊ ရင်ဆိုင်တိုက်ပွဲ ၁ကြိမ်ဖြစ်ပွားခဲ့ရာ ဒီကေဘီအေဘက်က ၅ဦးသေဆုံး၍ ၁၅ဦးထိခိုက်ဒဏ်ရာရပြီး ကေ အဲန်ယူဘက်က ထိခိုက်သေဆုံးမှု မရှိကြောင်း ကေအဲန်ယူတပ်မဟာ (၇)ဌာနချုပ်၏ မှတ်တမ်းအရ သိရသည်။

(ဆက်ဖတ်ရန်...................)

Wednesday, October 14, 2009

ဒီကေဘီအေ တပ်ခွဲမှူးတဦးနှင့် အပေါင်းပါ(၁၀)ဦး ကေအဲန်ယူနှင့် လာရောက်ပူးပေါင်း



အောက်တိုဘာ ၁၄ရက်။ နန်းထူးစံ (ကေအိုင်စီ)

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(ဒီကေဘီအေ) တပ်မဟာ ၉၉၉ မှ တပ်ခွဲမှူးတဦး အပါအ၀င် အဖွဲ့ဝင်(၁၀) ဦးတို့သည် ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေရှိ ကေအဲန်အယ်လ်အေတပ်ဖွဲ့ထံသို့ ယမန်နေ့က လာရောက်ပူးပေါင်းခဲ့ကြောင်း သိရှိ ရသည်။

ဒီကေဘီအေ တပ်မဟာ ၉၉၉၊ တပ်ရင်း(၅)မှ တပ်ခွဲ(၄)မှူး ဗိုလ်ကြီးစောဆာ့ဖော ဦးဆောင်သည့် အဆိုပါအဖွဲ့သည် လက်နက်များ နှင့်အတူ ၎င်းတို့ ဝင်ရောက်သိမ်းယူထားသည့် ကေအဲန်ယူ၊ တပ်မဟာ(၇)ဌာနချုပ်နေရာ မဲ့တရီမှနေ၍ ကေအဲန်အယ်လ်အေ တပ် ရင်း(၁၀၁)နှင့် ဆက်သွယ်ပြီး ဝင်ရောက်ပူးပေါင်းလာခြင်းဖြစ်သည်။

ကေအဲန်ယူနယ်မြေအတွင်း ရောက်ရှိလာသည့် အဆိုပါအဖွဲ့မှာ ဗိုလ်ကြီး စောဆာ့ဖော (၂၉)နှစ် အပါအ၀င် ဒုဗိုလ်စောညာ့၊ ဒုဗိုလ် စောဆာ့ဟဲ၊ တပ်ကြပ်ကြီး စောအယ်ဆူး၊ စောလားထူး၊ စောမင်းကို၊ စောလှထွန်း၊ စောဒီးယုံ၊ စောသန်းအောင်နှင့် စောသန်းလှတို့ ဖြစ်ကြပြီး ပါလာသည့် လက်နက်ပစ္စည်းများမှာ AR ၅လက်၊ AK ၂လက်၊ M-79 ၁လက်၊ ကာဘိုင် ၁လက်၊ RPG ၂လက်၊ 9-MM ၁လက်၊ စကားပြောစက် ၂လုံးနှင့် အီကွင့်မစ် ၁၀ချပ်တို့ဖြစ်သည်။

ဒီကေဘီအေ တပ်ဖွဲ့ကို အသွင်ပြောင်းပြီး နအဖ စစ်တပ်၏အုပ်ချုပ်မှုအောက်တွင် ထားရှိရေးကိစ္စနှင့် ယခုနှစ် နွေရာသီတွင် ကေ အဲန်ယူအား ရှင်းလင်းရေးဟူသည့် နအဖ၏ အစီအစဉ်များအောက်တွင် ကရင်အချင်းချင်း မတိုက်ချင်သည့်အတွက် ယခုလို ကေ အဲန်ယူနှင့် ပြန်လာလက်တွဲပူးပေါင်းခြင်းဖြစ်သည်ဟု ဒုဗိုလ်စောညာ့က ကေအိုင်စီကို ယနေ့ ပြောဆိုသွားသည်။

သူက “လွန်ခဲ့တဲ့ ၈လပိုင်း (၁၆)ရက်နေ့က ဒီကေဘီအေ အထက်ခေါင်းဆောင်တွေနှင့် နအဖ ခေါင်းဆောင်တွေ အစည်းအဝေး လုပ်တယ်။ အဲဒီအစည်းအဝေးမှာ ဒီကေဘီအေက စစ်သားအင်အားဖြည့်မယ်။ ဒီနွေရောက်လာရင် ကေအဲန်ယူတွေကို အကုန်လုံး ရှင်းထုတ်မယ်။ နအဖတွေက အဲဒီအတွက် ပံ့ပိုးကူညီမယ်လို့ ကျနော်တို့သိရတယ်။ ကျနော်တို့ကလည်း ကရင်အချင်းချင်း မတိုက် ချင်ဘူးလေ။ ဒါကြောင့် ကျနော်တို့ ထွက်လာတာဖြစ်တယ်”ဟု ပြောသည်။
အောက်တိုဘာလ ၁၃ရက်နေ့က ကေအဲန်ယူထံ လာရောက်ပူးပေါင်းသည့် ဒီကေဘီအေ တပ်ဖွဲ့ဝင် ၁၀ဦး

အောက်တိုဘာလ ၁၃ရက်နေ့က ကေအဲန်ယူထံ လာရောက်ပူးပေါင်းသည့် ဒီကေဘီအေ တပ်ဖွဲ့ဝင် ၁၀ဦး

ကေအဲန်ယူ နယ်မြေအတွင်း ရောက်ရှိလာသည့် အဆိုပါအဖွဲ့သည် ယခင်က ကေအဲန်အယ်လ်အေ တပ်ရင်း(၁၀၁)တွင် အမှုထမ်း ဟောင်းများဖြစ်ပြီး လွန်ခဲ့သည့် ၂၀၀၇ ခုနှစ်က ဒီကေဘီအေတပ်ဖွဲ့မှ ၎င်းတို့တပ်ဖွဲ့အား ထိုးစစ်ဆင်လာစဉ် အကြပ်ကိုင် ဖိအားပေးမှု အမျိုးမျိုးနှင့် ရင်ဆိုင်ခဲ့ရကာ မလွဲသာမရှောင်သာ ဒီကေဘီအေနှင့် သွားရောက်ပူးပေါင်းခဲ့ခြင်းဖြစ်သည်ဟု ဗိုလ်ကြီးစောဆာ့ဖော ပြောသည်။

ဒီကေဘီအေအတွင်းသို့ ပူးပေါင်းလုပ်ဆောင်ရသည့် နှစ်အတောအတွင်း ပြည်သူလူထုအပေါ် ၎င်းတို့၏ စစ်သားသစ်စုဆောင်းခြင်း၊ လုပ်အားခိုင်းစေခြင်း၊ ငွေကောက်ခံခြင်းအပြင် အထက်အရာရှိများမှ အောက်ခြေသာမန်ရဲဘော်အပေါ် ဖိအားပေး ခိုင်းစားခြင်းများ ကို စိတ်မကောင်းဖြစ်မိသည်ဟု စောဆာ့ဖောက သူ၏ တပ်တွင်းအတွေ့အကြုံများအား ကေအိုင်စီကို ဖွင့်ဟပြောဆိုသည်။

“ကျနော် ရောက်ရှိတဲ့ အတောအတွင်း သူတို့ခိုင်းသမျှကို လုပ်ပေးရတယ်။ ရှေ့တန်းထွက်ရတယ်။ ရဲဘော်တွေ မိသားစု နာမကျန်း ဖြစ်တာ၊ မိန်းမ မီးဖွားတာတောင်မှ ပြန်ခွင့်မရှိအောင် ခိုင်းတယ်။ ယောက်ျားက ရှေ့တန်းချည်းပဲ ထွက်နေတော့ အိမ်က မိသားစု၊ စားဝတ်နေရေး၊ ကလေးပညာရေး၊ ကျန်းမာရေးတွေမှာ အခက်အခဲတွေ အများကြီး ရှိလာတယ်။ နောက်ဆုံး ကျနော်တို့ကို ရှေ့ တန်းသွားရမယ်လို တိတိကျကျ မပြောဘဲ ဘာမသိညာမသိနဲ့ တပ်မဟာ (၇)နယ်မြေမှာ ရောက်လာတာပါပဲ”ဟု ၎င်းက ပြောသည်။

ထို့အပြင် သူက “ကေအဲန်ယူ တပ်မဟာ (၇)ဌာနချုပ်မှာ ရောက်လာတော့ ဒီကေဘီအေ ရဲဘော်တွေ အများကြီး ထိခိုက်ဒဏ်ရာရခဲ့ တယ်။ အများအားဖြင့် မိုင်းနဲ့ထိတာပေါ့။ အယောက်(၃၀၀)လောက် ဒဏ်ရာရတာ။ သေဆုံးတာမပါဘူး။ အခု မကြာခဏ မိုင်းထိ တာပဲ။ ထိခိုက်ဒဏ်ရာရသူတွေကို အထက်လူကြီးတွေက စောင့်ရှောက်လိုစိတ် သိပ်မရှိဘူး။ အသုံးမဝင်တော့ဘူး ဆိုတဲ့သဘော ပေါ့။ အဲဒီအပေါ်မှာ ဒဏ်ရာရတဲ့ရဲဘော်လေးတွေရော၊ မရတာရော အရမ်းစိတ်ထိခိုက်တယ်။ စိတ်ဓါတ်ကျတယ်။ ကျနော်လည်း စိတ်မကောင်းဖြစ်မိတယ်”ဟု ပြောဆိုသွားသည်။

လွန်ခဲ့သည့် ဇွန်လက ဒီကေဘီအေ တပ်မဟာ (၉၉၉)၊ (၅၅၅)၊ (၃၃၃)တပ်ဖွဲ့များက နအဖ၏ ဖိအားပေးမှုကြောင့် ကေအဲန်ယူ တပ် မဟာ(၇) ကေအဲန်အယ်လ်အေ တပ်ရင်းနေရာအချို့ကို ဝင်ရောက်တိုက်ယူ သိမ်းပိုက်စဉ် ၎င်းတို့၏ တပ်သား(၃၀၀)ခန့် ထိခိုက် သေဆုံးမှုရှိခဲ့ကြောင်း ကေအဲန်ယူ၊ တပ်မဟာ(၇)၏ စစ်ရေးမှတ်တမ်းများအရ သိရသည်။

အဆိုပါ ထိုးစစ်ပြီးနောက် ဒီကေဘီအေ တပ်ဖွဲ့များအတွင်း သဘောထားအမျိုးမျိုး ထွက်ပေါ်လာပြီး ၎င်းတို့တပ်ဖွဲ့ဝင်အချို့က ထိုင်း နိုင်ငံအတွင်းသို့ ထွက်ပြေးတိမ်းရှောင်သွားသူများရှိသလို တချို့မှာလည်း ကေအဲန်ယူနှင့် ပြန်လာပူးပေါင်းကြရာ ဇွန်လ ထိုးစစ်ပြီး ချိန်မှစ၍ ကေအဲန်ယူထံ ဝင်ရောက်လာသည့် ဒီကေဘီအေ တပ်ဖွဲ့ဝင် (၄၅)ဦးရှိပြီဟု သိရသည်။

ကေအဲန်ယူနှင့် ပြန်လာပူးပေါင်းသည့် ဒီကေဘီအေတပ်သားများအနက် နောက်ဆုံးအုပ်စုအဖြစ် ရောက်ရှိလာသည့် စောဆာ့ဖော ဦးဆောင်သောအဖွဲ့က စစ်အစိုးရ ပြုတ်သွားသည်အထိ မိခင်အဖွဲ့အစည်း ကေအဲန်ယူနှင့်အတူ ပြန်လည်တော်လှန်တိုက်ပွဲဝင်သွား မည်ဟု ဆိုသည်။

(ဆက်ဖတ်ရန်...................)

ဒီကေဘီအေတပ်ဖွဲ့မှ ပေါ်တာအဖြစ် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူ စောအအေး ၂၀နှစ်၏ ရင်ဖွင့်ပြောဆိုချက်

Submitted by Karen Information Center on October 14, 2009


ကျနော် ရွှေကုက္ကိုမှာ ပွဲသွားပြီးအပြန် လမ်းမှာ ဒီကေဘီအေတပ်က ပေါ်တာလိုက်ရမယ်ဆိုပြီး ဖမ်းခေါ်သွားတယ်။ ကျနော် ပေါ်တာပါသွားချိန်က ကျနော့်မိန်းမဟာ ကလေးငယ်တဖက်နဲ့ မွေး ခါနီး ကိုယ်ဝန်နဲ့ ကျန်ခဲ့တယ်။

ကျနော်တို့လိုက်ရတဲ့ ဒီကေဘီအေတပ်က ဘာတပ်လဲတော့ ကျနော်မသိဘူး။ ဒါပေမဲ့ စစ်သားတွေနဲ့ ကျနော်တို့ အတူတူပဲ သွားရတယ်။ ပေါ်တာတွေ လည်း အများကြီးနဲ့ စစ်သားအများကြီးပဲဆိုတော့ လူတန်းကြီးက အရှည်ကြီးပဲ သွားကြတယ်။ ဘယ်လောက်ရှိလဲတော့ ကျနော် မခန့်မှန်းတတ်ဘူး။ ပေါ်တာထဲမှာ များသောအားဖြင့် ကလေး တွေက နည်းပါတယ်။ အသက် ၃၀၊ ၄၀ အရွယ်တွေက ပိုများတယ်။ ပေါ်တာထဲမှာ တချို့က လည်း သေနတ်တွေ၊ ကျည်ဆံတွေထမ်းရတာရှိသလို ကျနော်ကတော့ ထမင်းအိုးတွေ ထမ်းရ တယ်။ သိပ်တော့ မလေးပါဘူး။ ဒီကေဘီအေတွေက ကျနော်တို့ကို အထမ်းသမားအဖြစ် ခေါ် သွားပြီးတော့ သူတို့သွားမဲ့နေရာရောက်ပေမဲ့လည်း ကျနော်တို့ပေါ်တာတွေကို ပြန်လွှတ်မပေး ဘူး။ ကျနော်ဆို ပေါ်တာပါသွားပြီးနောက်ပိုင်း အဖေ ဆုံးသွားတယ်။ ဒါကို တောင်းပြန်တယ်။ ခွင့်မပေးဘူး။ နောက်တော့ ကျနော့်မိန်းမ ကလေးမွေးတာကြားတယ်။ ဒါလည်း မပေးပြန်ဘူး။ ကျနော်တို့က စစ်သားမှမဟုတ်တာ။

အထမ်းပစ္စည်းတွေ လာထမ်းပို့ပြီးပြီပဲ။ ဒါ လည်း မပေးပြန်ဘဲ လူချိန်းမှ ပြန်လို့ရမယ်ပြောတယ်။ တခါမှလည်း လူချိန်းတာ မတွေ့ရဘူး။ ပေါ်တာအဖြစ် ပါလာတဲ့ အခြားလူတွေလည်း တငေးငေး၊ တငိုင်ငိုင်နဲ့ပဲ။ တယောက်နဲ့တ ယောက်လည်း ကိုယ့်ခံစားချက်တွေကို ပြောဆိုကြတာ မရှိဘူး။ သူ့အတွေးနဲ့သူ၊ ကိုယ့်အတွေး နဲ့ ကိုယ်ပဲ။ ကျနော်လည်း မိန်းမနဲ့ ကလေးတွေကို စိတ်ပူတာကြောင့် အရဲစွန့်ပြီး ထွက်ပြေး လာတာ။

(ဆက်ဖတ်ရန်...................)

ကရင်ပြဿနာအားမြိုင်ကြီးငူဆရာတော် ဦးဆောင်ဖြေရှင်းပေးရန် KNU မှစာရေးပေးပို့။

ကရင်ပြဿနာအားမြိုင်ကြီးငူဆရာတော် ဦးဆောင်ဖြေရှင်းပေးရန် KNU မှစာရေးပေးပို့။

ကောင်းဝါ(အောက်တိုဘာ-၁၃)။ ။ မိဘပြည်သူတို့၏ဘဝ ငြိမ်းချမ်းသာယာမှုကို ဖော်ဆောင်ရာတွင် ဆရာတော်မှ ဆန္ဒပြုခြင်းထက် ဦးဆောင်မှုအခဏ်းမှ ပါဝင်ဆောင်ရွက်သင့်ကြောင်း ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာ ခရိုင်ဥက္ကဌ စောရွှေမောင်းက မြိုင်ကြီးငူဆရာတော်ဘဒ္ဒန္တသုဇနထံ ယခုလ ၃ ရက်နေ့စွဲဖြင့်ရေးသားပေးပို့ခဲ့သည့် မိတ္တူစာတစ်စောင် လက်ခံရရှိခဲ့သည်။

KNU,DKBA နှစ်ဖက်တပ်ဖွဲ့တို့သည် ဖြစ်ပေါ်ခဲ့သောအတိတ်မှ ဆိုးကျိုးများကို သင်ခန်းစာယူကြ၍ သင်ပုန်းချေကြ ကာ လာမည့်ကရင်နှစ်သစ်ကူးမတိုင်မီ နှစ်ဖက်ပြေလည်သည်အထိ ညှိနှိုင်းဖြေရှင်းသွားကြရန် စက်တင်ဘာလ၂၉ ရက်နေ့က မြိုင်ကြီးငူဆရာတော်ဘဒ္ဒန္တသုဇန ထုတ်ပြန်ခဲ့သော ပန်ကြားချက်ထွက်ပေါ်လာပြီးနောက် KNU မှတရားဝင်ထုတ်ပြန်ချက်ဟု သိရသည်။

အတိတ်မှဆိုးကျိုးကို သင်္ခန်းစာယူအပြန်အလှန်သင်ပုန်းချေ၊ သီးခံခွင့်လွှတ်ကြကာ မတူညီတာတွေကို တူညီမှုရ လာသည်အထိ တွေ့ဆုံညှိနှိုင်းကာ ပြဿနာ၏ အဖြေရှာဖွေသည့်နည်းလမ်းကို အစဉ်လက်ခံနေကြောင်း စောရွှေ မောင်း၏ ပေးစာတွင်ရေးသားဖေါ်ပြထားပါသည်။



KNU မှမြိုင်ကြီးငူဆရာတော်ထံ ရေးသားပေးပို့သောစာ

“ဒီစာကတပ်မဟာ ၆ ရဲ့အမြင်ဆိုပေမယ့် KNU ဗဟိုရဲ့အမြင်လည်းဖြစ်ပါတယ်” ဟု ဒူးပလာယာခရိုင် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗဒိုစောထဲနေနှင့် တွေ့ဆုံမေးမြန်းချက်တစ်ရပ်တွင် ပြောကြားခဲ့ပါသည်။

ဗဒိုစောထဲနေက “အခုအချိန်ထိ ကျနော်တို့နဲ့ ဒီကေဘီအေတပ်ဖွဲ့တွေ ထိပ်တိုက်မဖြစ်ကြအောင်ရှောင်ရှား နေကြပါတယ်၊ ဒါပေမဲ့ နအဖတပ်ကိုတော့ ပြောက်ကျားနည်းနဲ့ချေမှုန်းနေတာ သူတို့အတော်လေး အထိနာခဲ့တယ်” ဟု ဆက်လက်ပြောကြားပါသည်။

ဒီကေဘီအေထိပ်ပိုင်းခေါင်းဆောင်များ နယ်ခြားစောင့်တပ်ဖွဲ့ပြောင်းလဲရေးကို နအဖထံကတိပေးထားပြီးဖြစ်သည်။ KNU နှင့် DKBA နှစ်ဖက်အပစ်အခတ်ရပ်စဲလုပ်နိုင်ရန်မှာ နအဖလက်မခံနိုင်သောလုပ်ရပ်ဖြစ်နေသဖြင့် မလွယ်ကူ သောကိစ္စရပ်တစ်ခု ဖြစ်နေသည်ဟု အကဲခတ်များက သုံးသပ်နေကြသည်။

Kaowaoမှကူးယူဖော်ပြသည်။

(ဆက်ဖတ်ရန်...................)

ကရင်ငြိမ်းချမ်းရေးအဖွဲ့အချင်းချင်း ပြဿနာဖြစ်ပွား




တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) အဖွဲ့က ကရင်အမျိုးသားအလံတော်နှင့် အလံတိုင်ကို ရိုက်ချိုးဖျက်ဆီးပြီး မြစ်ထဲမြောလိုက်သဖြင့် ကရင်ငြိမ်းချမ်းရေးအဖွဲ့များကြားတွင် အခြေအနေတင်းမာလျက်ရှိသည်။

ပြီးခဲ့သည့်တနင်္ဂနွေနေ့ နံနက်ပိုင်းက မြ၀တီမြို့မှ (၂) မိုင်အကွာ မဲ့ထော့တလေးကမ်းနားရှိ ကေအန်ယူ/ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့၏ လုံခြုံရေးဂိတ်ကို ဒီကေဘီအေတပ်ရင်း (၉၀၇) မှ ဗိုလ်ရှိန်ဦးဆောင်သည့်အဖွဲ့က ၀င်ရောက်စီးနင်းပြီး တပ်ဖွဲ့ဝင် (၁၃) ဦးကို ဖမ်းဆီးကာ အဖွဲ့ဆိုင်းဘုတ်နှင့်အလံတိုင် (၂) ခုကို ရိုက်ချိုးဖျက်ဆီးပြီး သောင်ရင်းမြစ်တွင်း ပစ်ချလိုက်ခြင်းဖြစ်သည်။

တပ်ခွဲမှူး ဗိုလ်ရှိန်က “ဒါ မင်းတို့နေရာ မဟုတ်ဘူး ငါတို့နေရာ၊ မင်းတို့မပြန်ရင် မင်းတို့ကိုပစ်ဖို့ အမိန့်ရထားပြီးပြီ” ဟုဆိုကာ ဂိတ်ကို ၀င်ရောက်သိမ်းယူခြင်းဖြစ်ကြောင်း မျက်မြင်တဦးက ပြောသည်။

နောက်ပိုင်းတွင် ဖမ်းထားသူများကို ပြန်လွှတ်ပေးကာ ငြိမ်းချမ်းရေးကောင်စီအဖွဲ့ဝင်များကို စခန်းမှထွက်ခွာသွားစေပြီး ယင်းနေရာတွင် ဒီကေဘီကေအဖွဲ့က စခန်းထိုင်ပြီး လုံခြုံရေးယူလိုက်သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ငြိမ်းချမ်းရေးကောင်စီမှ ဗဟိုအဆင့်ခေါင်းဆောင်တဦးဖြစ်သူ ဗိုလ်ချုပ် ယဉ်နုက ဒီကေဘီအေ နာယကဆရာတော် ဦးသုဇနထံသို့ အကြောင်းကြားစာ ပေးပို့ကန့်ကွက်မည်ဟု ပြောသည်။

၎င်းက “ဒီလုံခြုံရေးဂိတ်ကို သူတို့နဲ့ညှိနှိုင်းပြီးမှ သဘောတူပြီး လုပ်ခဲ့ကြတာဖြစ်တယ်၊ ဒီလိုလုပ်တာ လက်မခံနိုင်ဘူး။ ဒီကိစ္စ ဖြေရှင်းရမယ်” ဟု ပြောသည်။

ကရင်ဘုန်းတော်ကြီးတပါးက “ဗမာနဲ့ငြိမ်းချမ်းရေးယူတဲ့ ကရင်အဖွဲ့အချင်းချင်းတောင် ဝေစုမတည့်ဘဲ ကြီးနိုင်ငယ်ညှဉ်း သခင်အားရကျွန်ပါးဝဆိုတော့ အစွယ်လိုသူကတော့ လက်ခုပ်တီးပြီး အားပေးမှာသေချာတယ်။ ကိုယ့်အမျိုးသားအလံတောင် ပြန်ဖျက်ဆီးတဲ့အဆင့်ဆိုတော့ အနေအထားက အတော့်ကိုစိုးရိမ်နေရပြီ်” ဟု မိန့်ကြားသည်။

ငြိမ်းချမ်းရေးကောင်စီမှ ဒီကေဘီအေ ဗဟိုသို့ ကန့်ကွက်လွှာပေးပို့ရာတွင် ကရင့်အမျိုးသားအလံတော်ဖျက်ဆီးခံရမှုနှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူကို ထိရောက်စွာအရေးယူပေးရန် ပါရှိသည်ဟု ရုံးအဖွဲ့ဝင်တဦးက ပြောသည်။

အခင်းဖြစ်ပွားစဉ် ဂိတ်ဝင်းထဲရှိ အရပ်သားတဦးဖြစ်သူ ဦးလှလေးကို ဒီကေဘီအေတပ်ဖွဲ့ဝင်များက အကြောင်းမဲ့ သေနတ်ဒင်များဖြင့် ၀ိုင်းထောင်းခဲ့ကြသဖြင့် ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်ဟု ဆွေမျိုးတော်စပ်သူတဦးက ပြောသည်။

ယင်းဒေသအခြေစိုက် ဒီကေဘီအေ ကလို့ထူးဘောမှ ဒု-ဗျူဟာမှူး ဗိုလ်မောသိုသည် အခင်းဖြစ်ပွားသည့်နေရာသို့ ရောက်ရှိလာသော်လည်း တစုံတရာဖြေရှင်းမှုမလုပ်ဘဲ ငြိမ်းချမ်းရေးကောင်စီအဖွဲ့ဝင်များကို လေချိုသွေး၍ အဆိုပါဂိတ်မှထွက်သွားစေခဲ့သည်ဟု အဖွဲ့ဝင်တဦးက ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) မှ ခွဲထွက်ပြီးနောက် ဒီကေဘီအေသည် ၁၉၉၄ ခုနှစ်နှောင်းပိုင်းတွင်လည်းကောင်း၊ ကေအန်ယူ/ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီသည် ၂၀၀၇ ခုနှစ်တွင်လည်းကောင်း မြန်မာစစ်အစိုးရနှင့် ပူးပေါင်းခဲ့သည်။

(ဆက်ဖတ်ရန်...................)

Tuesday, October 13, 2009

ဒီကေဘီအေတပ်ဖွဲ့မှ ကလေးစစ်သားနှင့် ပေါ်တာ (၄)ဦး ထွက်ပြေးလွတ်မြောက်


အောက်တိုဘာလ ၁၃ရက်။ စောသိန်းမြင့်(ကေအိုင်စီ)
ကေအဲန်ယူ တပ်မဟာ (၇)နယ်မြေတွင် လှုပ်ရှားနေသော တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေ ဘီအေ)တပ်ဖွဲ့မှ ကလေးစစ်သားနှင့် ပေါ်တာ စုစုပေါင်း(၄)ဦး ထိုင်းနိုင်ငံ နယ်စပ်တနေရာသို့ ထွက်ပြေးလာကြောင်းသိရသည်။ယခုလ ၉ရက်နေ့တွင် ထွက်ပြေးရောက်ရှိလာသည့် ဒီကေဘီအေတပ်ဖွဲ့မှ ကလေးစစ်သားနှင့် ပေါ်တာများသည် အသက် ၁၄ နှစ်နှင့် ၁၇နှစ်တို့ကြားတွင်ရှိပြီး ၎င်းတို့သည် ဒီကေဘီအေတပ်ဖွဲ့၏ အတင်းအဓမ္မ ခေါ်ဆောင်ခြင်း ခံရသောသူများဖြစ်သည်ဟု ၎င်းတို့ကိုယ်တိုင် ပြောပြချက်များအရ သိရသည်။


ယင်းသို့ ထွက်ပြေးလွတ်မြောက်လာသူ အသက်မပြည့်သေးသော ကလေးစစ်သားနှစ်ဦးမှာ ဒီကေဘီအေတွင် လုပ်သက် သုံး နှစ်ကျော်ရှိသူ စောဖါးကလိုဒို့ ၁၄နှစ်နှင့် လုပ်သက် တနှစ်ခွဲရှိ စောချင်းလုံ ၁၇နှစ်တို့ဖြစ်ကြပြီး ပေါ်တာနှစ်ဦးမှာ စောအကျော် ၁၇နှစ်နှင့် စောအအေး ၂၀နှစ်တို့ဖြစ်သည်။ဒီကေဘီအေတပ်ဖွဲ့ထဲတွင် အသက်မပြည့်သေးသော ကလေးစစ်သားနှင့် ပေါ်တာများကို ငယ်သူနှိပ်စက်စနစ်ဖြင့်လည်း ကောင်း၊ အမျိုးမျိုးခြိမ်းခြောက်မှုများဖြင့်လည်းကောင်း အနိုင်ကျင့်မှုများရှိကြောင်း ထွက်ပြေးလွတ်မြောက်လာသူများက ပြော သည်။


ဒီကေဘီအေ တပ်မဟာ (၉၉၉) တပ်ရင်း(၅)တွင် စစ်သားလုပ်ခဲ့ရသူ စောချင်းလုံက “ကျနော်တို့ သွားခေါ်တုန်းကတော့ တနှစ်ကျော်ပဲ ၀င်လုပ်ရမယ်။ အခုတော့ ကျနော်တို့ကို တသက်လုံး ဒီကေဘီအေလုပ်ခိုင်းမယ်လို့ ပြောတယ်။ ချောင်း (သောင် ရင်းမြစ်)ကိုကူးရင် ပစ်သတ်ခွင့်ရှိတယ်။ ညအချိန် ထွက်ပြေးတာတွေ့ရင် ပစ်သတ်၊ နေ့လယ်ပိုင်းမှာလည်း တွေ့ရင်ပစ်သတ်၊ အမိန့်လို့ ပြောတယ်။ ထွက်ပြေးလို့ ပထမတခါ ပြန်မိရင် ရိုက်ပြီးတော့ အပြစ်ပေးတယ်။ နောက်တခါ ထွက်ပြေးလို့ ပြန်မိရင် သတ်ပစ်တာ ကျနော့် မျက်စိနဲ့ တပ်အပ်မြင်ခဲ့ရတယ်”ဟု ကေအိုင်စီကို ယနေ့ ပြောဆိုသည်။သူက ဆက်လက်၍ “တပ်ထဲမှာဆို ကိုယ့်မျက်နှာကို နည်းနည်းလေးမှ မထောက်တော့ဘဲ ခွေးလိုဝက်လို၊ ကျွဲလိုပဲ ခိုင်းပြီး တော့ စိတ်မထင်ရင် ရိုက်တယ်။ စာနာစိတ်လုံးဝမရှိဘူး။ တောင်တက်ခိုင်းရင်လည်း လူသစ်၊ လူဟောင်း မခွဲဘူး၊ အတင်း မောင်းတယ်။ ကျနော်တို့လို ကလေးတွေဆို ကျင်းတူး၊ ထမင်းချက် တနေကုန် တချက်မှ မနားရဘူး။ စားစရာဆိုလည်း ဘာမှ မရှိဘူး။ ဟိုအနွယ်၊ ဒီအညွှန့် လိုက်ရှာပြီးတော့ ခူးစားနေရတယ်။ သားငါးဆို နှစ်လ သုံးလမှ တခါ စားရတယ်။ ကျနော် တော် တော် စိတ်ကုန်သွားတယ်”ဟု ဆိုသည်။

၎င်းတို့အထဲတွင် အသက် ၁၄နှစ်အရွယ်ရှိ စောဖားကလိုဒိုသည် ဆယ်နှစ်သားအရွယ်ကပင် ဒီကေဘီအေတပ်ဖွဲ့၏ စစ်သားစု ဆောင်းခြင်းကိုခံရပြီး မ၀င်နိုင်ပါက ပေးဆောင်ရန် ကျပ်ငွေနှစ်သောင်း မရှိသည့်အတွက် ဒီကေဘီအေစစ်တပ်တွင် ၃နှစ်ကျော် တိုင်တိုင် စစ်သားအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရခြင်းဖြစ်သည်ဟု ယခုလို ပြောသည်။စောဖားကလိုဒိုက “ကျနော်တို့ မောင်နှမ လေးယောက်မှာ ကျနော်က အငယ်ဆုံး။ အမေက မုဆိုးမ။ ညီအကိုနှစ်ယောက် ရှိ ပေမဲ့ အကိုက အိမ်ထောင်နဲ့ဆိုတော့ စစ်သားလုပ်ဖို့ ကျနော့်ကိုပဲ ခေါ်တယ်။ မ၀င်နိုင်တဲ့သူတွေကို ငွေနှစ်သောင်း တောင်းတော့ အမေက မပေးနိုင်ဘူး လေ။ ဒါကြောင့် ဒီကေဘီအေ စစ်သားဖြစ်လာရတာ။ တပ်ထဲမှာလည်း ကျနော့်ထက်ငယ်တဲ့သူတွေ တောင် ရှိသေးတယ်”ဟု ပြောပြသည်။

ဒီကေဘီအေတပ်သည် နအဖ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်ရင်းတရင်းလျှင် အင်အား ၃၂၆ဦး သတ်မှတ် ထားသည့်အတွက် လျာထားသည့်အတိုင်း ပြည့်မီရန် ယခုလို အသက်မပြည့်သူများကိုပါ လိုက်လံကောက်ခံ စုဆောင်းနေ ခြင်းဖြစ်သည်။သို့သော် ၎င်းတို့တပ်ထဲတွင် ကျန်းမာရေးချို့တဲ့သူများကို အနည်းအကျဉ်းသာ ပြုစုစောင့်ရှောက်သလို အထမ်းသမားပေါ်တာ များကို မထမ်းနိုင်ပါက ကန်ကျောက်ရိုက်နှက်မှုများ မကြာခဏ ကြုံခဲ့ရသည်ဟု အဆိုပါ အသက်မပြည့်သေးသည့် ကလေးစစ် သားနှင့် ပေါ်တာများက ထုတ်ဖော်ပြောဆိုခဲ့သည်။

(ဆက်ဖတ်ရန်...................)

Saturday, October 10, 2009

ကရင်လူငယ်တို့ ရဲ့ သမိုင်းပေးတာဝန်



လူကြီးနေရာနှင့် တာဝန်များကို ပခုံးပြောင်း ယူသွားရမည့် ယနေ့ ကရင်လူငယ် တို့သည် တာဝန်ကျေသော ရှေ့ဆောင်ကောင်း ဖြစ်လာဘို့ အရေးကြီး လှပေသည်။ ခေတ်လူငယ် ပီပြင်ရေးနှင့် တိုးတက်အသွင်ဆောင်သော လူငယ်များအဖြစ် မိမိတို့၏ အမျိုးသားရေးကို ရှုဒေါင့်စုံမှ ဝေဖန်သုံးသပ် အဖြေရှာနိုင်ရမည့် အရေးမှာ မလုပ်မဖြစ်သော အခြေခံအကျဆုံး သမိုင်းပေး တာဝန်တရပ်ပင် ဖြစ်လေသည်။

ကျဉ်းမြောင်းသောအမြင်၊ တဘက်စွန်းကျ တရားသေ၀ါဒ၊ လက်တွေ့မဆန်သော သဘောတရားရေးနှင့် ခေတ်နောက်ပြန်ဆွဲ ၀ါဒသြဇာ လောင်းရိပ်အောက်များမှ ရုန်းထွက်၍ အမျိုးသားထု တရပ်လုံး၏ အကျိုးတရားနှင့် တောင်းဆိုချက်များတို့ကို အဖြေရှာ ဖော်ဆောင်နိုင် ရပေမည်။ ခေတ်က မတောင်းဆိုတော့သည့် တွေးခေါ်ခံယူမှုများကို ပယ်ရှားတော်လှန် ၀ံ့ကြရပါမည်။ အသစ်အသစ်သော သဘောတရားရေး ခံယူချက်နှင့် လက်တွေ့ကျင့်သုံးရေးသည် ယနေ့ ကရင်လူငယ်များ၏ တာဝန်ပင် ဖြစ်တော့သည်။
အနာဂတ်ရေးဆိုသည်မှာ
အဟောင်းအဟောင်းတို့ ချုပ်ငြိမ်း၍ အသစ်အသစ်တို့ ဖြစ်ပေါ်လာရမြဲ ဖြစ်ပေသည်။ ဤသို့ဆိုလျှင် လူသားတို့ အသက်ရှင် ရပ်တည်လိုမှု၌ မည်သည့် အဓိပ္ပါယ်မျိုးဖြင့် ရည်ရွယ်ချက် ထားရှိကြလေသနည်း။ အနာဂတ်မျှော်မှန်းချက် သည်ပင်လျှင် တခုတည်းသော တူညီသည့် လူသားတိုင်း၊ လူမျိုးတိုင်း၊ နိုင်ငံတိုင်း၏ ခံယူယုံကြည်ချက်ပင် ဖြစ်ပေသည်။
ဤသို့ဆိုလျှင် ကရင်အမျိုးသားစု တရပ်အနေဖြင့် အနာဂတ်မျှော်မှန်းချက် အမှန်ရှိနေရပေမည်။ အနာဂတ် မျှော်မှန်းချက် ဆိုသည်မှာ စိတ်ကူးရသော မျှော်လင့်မှု ထားရှိသကဲ့သို့ အမျိုးမဟုတ်ပေ။ တိကျသော ယုံကြည်ချက် ခံယူချက် အပြည့်ဖြင့် လက်တွေ့ဖော်ဆောင် ယူရသောအရေး ဖြစ်ပေသည်။ ထိုမျှော်မှန်းချက်ကား မည်သို့နည်း - အကျဉ်းချုံး၍ ဖော်ပြရသော် ကရင်လူမျိုး တရပ်အနေဖြင့် အများနည်းတူ လူမှုဒုက္ခ ဆင်းရဲခြင်း အပေါင်းမှ ကင်းငြိမ်းပြီး ဘက်စုံဖွံ့ဖြိုး တိုးတက်မှုဖြင့် အစဉ် ရပ်တည်နိုင်ရေးသည် ကရင့်အမျိုးသားရေး၏ အနာဂတ် မျှော်မှန်းချက်ပင် ဖြစ်ပေသည်။
ဖော်ဆောင်ရေး၏အခြေ
အတိတ်ကို အခြေခံ၊ ပစ္စုပ္ပန်ကို အကြောင်းပြု အနာဂတ်ကို ရှေ့ရှု ဟူသော ကာလသုံးပါး၏ အကြောင်းနှင့် ယှက်နွယ်မှု သဘောတရားနှင့် ကင်းကွာသော လုပ်ငန်းများသည် အောင်မြင်မှုရရန် အလားအလာ နည်းပါးပေလိမ့်မည်။ ထို့ကြောင့်လည်း အနာဂတ် အမျိုးသားရေး ဖန်တည်း ဖော်ဆောင်ကြရမည့် ယနေ့ ကရင်လူငယ်မျိုးဆက်အား တည်ဆဲဘ၀နှင့် အတိတ်ကာလ ကရင့်သမိုင်းဖြစ်စဉ် အဆင့်ဆင့်ကို ကွင်းဆက်ပြုကာ ဝေဖန်သုံးသပ်မှု ရပေတာ့မည်။ အရှိကို အရှိအတိုင်း ယထာဘူတကျကျ ဝေဖန်ဆန်းစစ်မှုကို ရှုဒေါင့်စုံမှ ပြုသွားရေးသည် အဓိကအခြေခံပင် ဖြစ်ပေသည်။
ဆိုလိုသည်မှာ ကရင်အမျိုးသားတို့၏ အတိတ်ကာလ သမိုင်းကြောင်း၏ ဆိုးမွေကောင်းမွေများကို ကွဲကွဲပြားပြား မရှုမမြင် မဆန်းစစ်ထုတ်နိုင်လျှင် ရှေ့ဆက် ခရီးစဉ်သည်လည်း ဖြောင့်ဖြူးနိုင်မည် မဟုတ်ပေ။ ရေရာပြတ်သားမှု မရှိလှသည့် အတိတ်သမိုင်း ကရင့်ဖြစ်စဉ်ဘ၀နှင့် တွေးခေါ်ခံယူမှုများကို ခေတ်နှင့်ယှဉ်ကာ ပြောင်းလဲသင့်သည်များကို ပြောင်းလဲ၍ တော်လှန်သင့်သည်များကို တော်လှန်ပယ်ရှား ပစ်နိုင်မှ တန်ကာကျမည် ထင်၏။ ထိုသို့သော ဝေဖန်ရေးနှင့် မိမိကိုယ် ဝေဖန်ရေးတို့ကို အခြေခံကာ ကရင့်အမျိုးသားရေး၏ အနာဂတ်ခရီးကို မည်သည့် ရှေ့ဆောင် လမ်းညွန်မှု ခံယူကျင့်သုံးသင့်ကြောင်းနှင့် မည်သည့် အသွင်သဏ္ဍာန် လုပ်နည်းလုပ်ဟန်များ ဖွင့်ဖော်ဆောင်ရမည်ကို အဖြေရှာရေးသည် အဓိကကျသော လုပ်ငန်းဖြစ်လေသည်။
ရှေ့ဆောင်လမ်းညွှန်မှု
ကရင်အမျိုးသားတို့၏ အတိတ်ဖြစ်စဉ် အကျဉ်းကို အခြေခံအကျဆုံးသော ကရင်အမျိုးသား ဘ၀ဓလေ့နှင့် ဗီဇတို့မှစ၍ သုံးသပ်ပါမှ လုံလောက်မည် ဖြစ်သည်။ ရိုးသားသည်၊ ဖြောင့်မတ်သည်။ စိတ်ထားဖြူသည်၊ ရောင့်ရဲလွယ်သည်၊ အေးဆေးစွာ နေထိုင်လိုသည်၊ အများစု ကရင်တို့သည် ထိုဗီဇ ဓလေ့ကို အမြတ်တနိုး လက်ခံ ကျင့်သုံးလာခဲ့သည်ဟု အကြမ်းဖျဉ်း ယေဘူယျ အဆိုပြုလာခဲ့သည်။ သို့သော် ထိုဗီဇဓလေ့သည် အားလုံးအတွက် ကောင်းသောအကျိုးကို ပြုခဲ့ပါ၏လော … ဆိုသော် … … မပြုနိုင်ခဲ့ပါ ဟုသာ ဆိုရပေမည်။ ဆိုးကျိုးဘက်သို့ တွန်းပို့သည့် အချက်များစွာ ရှိခဲ့သည်မှာ သံသယပွားစရာ မရှိပေ။
ခေတ်သည် ပြောင်းလဲနေ၏။ ပတ်ဝန်းကျင်လည်း ပြောင်းလဲနေပါ၏။ ၎င်းတို့ကို လျစ်လျူရှု၍ မဖြစ်ပါ။ ဆန့်ကျင်ဘက်တရားသည် အချိန်နေရာတိုင်း ပေါ်နေမြဲ ဖြစ်သည်။
ဥပမာအားဖြင့် - ရိုးသားမှု လွန်ကဲက နုံအရာ ရောက်သွားနိုင်၏။ ရိုးသားမှု ရှိခြင်းကြောင့် ပါးနပ်လည်ဝယ်ခြင်း၊ ကောက်ကျစ်ခြင်း တို့က ချယ်လှယ်ခွင့် ပေါ်လာရ၏။ ရောင့်ရဲလွယ်မှုကို လောဘကြီးခြင်း ဆန္ဒကြီးခြင်းတို့က အမြတ်ထုတ် သွေးစုတ်ချယ်လှယ်လာ၏။ အားနည်းသူကို အားကြီးသူက အနိုင်ကျင့် ချောက်လှန့် ဖိနှိပ်၏။ ဤသည်တို့မှာ ထီးထီး ရပ်တည်၍ မရသော ပတ်ဝန်းကျင်နှင့် ဖြစ်လာသည့် လူသားတိုင်း၊ လူမျိုးတိုင်း၊ နိုင်ငံတိုင်း ကြုံတွေ့ရတတ်သည့် ဖြစ်စဉ် သဘာဝပင် ဖြစ်ပေသည်။ သို့ဖြစ်ခြင်းကြောင့် ကရင့်ဗီဇ ဓလေ့နှင့် ခေတ်အခြေအနေသည် စပ်ဟပ်ဆီလျှော်လျှက် ရှိမရှိ ဝေဖန်မှု ပြုရပေမည်။
ခေတ်နှင့်ယှဉ်သော ကရင့်ဗီဇ မွေးထုတ်ရေး၊ အတွေးအမြင်သစ် ခံယူကျင့်သုံးရေးဆိုသော သမိုင်းပေး တာဝန်ကို သိမြင်နားလည် လာသော် မည်သည့်လမ်းညွှန်းမှု ရှေ့ဆောင်မှု လိုအပ်ပါသနည်း။ အတွေးအမြင်သစ် သဘောတရားတရပ်သည် ကရင်အမျိုးသားထု တရပ်လုံး၏ လိုအပ်ချက် အပေါ် လုံးဝ အခြေခံရမည် ဖြစ်ပြီး ကရင်အမျိုးသားရေးအသိ ဖြင့်သာလျှင် ရှေ့ဆောင်လမ်းညွှန်မှု အဖြစ် ခံယူထားရမည် ဖြစ်ပေသည်။ ထိုအတွေးအမြင်သစ် သဘောတရား (၀ါ) အမျိုးသားရေးအသိ၏ ရှေ့ဆောင်မှုအတိုင်း တမြင်တသဘောတည်း ခံယူကျင့်သုံးရေးသည် မျက်မှောက် ကရင့်လူငယ်ထု၏ သမိုင်းပေးတာဝန်သာ ဖြစ်ပေသည်။
ထိုအမြင်သစ် သဘောတရားရေး (၀ါ) အမျိုးသားရေးအသိကား အဘယ်နည်း။ အမျိုးသား ရေးရာသည် ကျယ်ပြန့်လွန်း လှသဖြင့် လူမျိုးစု တစု၏ အခြေခံတရားဖြင့် အကျဉ်းသာ ဖော်ပြရသော် - ကရင်အမျိုးသားထု၏ မျိုးရိုးဗီဇ ယုံကြည်ကိုးကွယ်မှု ဘာသာစကားနှင့် စာပေ၊ ယဉ်ကျေးမှု ထုံးဓလေ့နှင့် နေထိုင်ရာ နယ်မြေဒေသ - စသည်တို့ကို အခြေခံလျက်ရှိနေပါသည်။
တော်လှန်ဝံ့ရမည်
မျိုးရိုးဗီဇနှင့် ပတ်သက်၍ ယနေ့လူငယ်တို့သည် ခေတ်နှင့်လျှော်ညီစွာ ခံယူကျင့်သုံးရပေမည်။ နေရာတိုင်း လုပ်ငန်းတိုင်း ရိုးအ နေကြရမည့်အခါ မဟုတ်တော့၊ အနှိမ်ခံ အချယ်လှယ်ခံ ဘ၀မျိုးဖြင့် တင်းတိမ်ရောင့်ရဲရမည့် ခေတ်ကာလ မဟုတ်တော့ပါ။ ပြောသမျှ ယုံ ဆိုသမျှ ဟုတ်ကဲ့ ရမည့် အချိန်လည်း မဟုတ်တော့ပါပေ။ တောကြီးမျက်မည်းတွင် ထီးထီးရပ်၍ အေးဆေးစွာ နေလိုမှု ဘ၀မျိုးကိုလည်း တော်လှန်စွန့်လွှတ် ရပါမည်။ ပတ်ဝန်းကျင်နှင့် မကင်းနိုင်သည်မို့ လိုက်လျှော ညီထွေစွာ နေထိုင်ကျင့်ကြံတတ်ဘို့ လိုအပ်လှပါသည်။
နောက်တချက်မှာ ကရင်အမျိုးသားရေးကို ဆန်းစစ်ကြည့်လျှင် မြန်မာနိုင်ငံတွင်းသို့ အစောဆုံးရောက်ရှိခဲ့သည့် လူမျိုးတစု အဖြစ် ပါဝင်ခဲ့ခြင်းနှင့် လူဦးရေးအရ ဒုတိယအများဆုံး လိုက်နေခဲ့သော်လည်း အတိတ်သမိုင်းတလျှောက်လုံး လက်တွဲရွက်ဆောင်မှု တစုတစည်းတည်း မရှိခဲ့၊ မတည်ဆောက် နိုင်ခဲ့ပါ။ စည်းလုံးမှု အင်အား မရခဲ့ခြင်းကြောင့် ခေတ်အဆက်ဆက် အချယ်လှယ်ခံ ဘ၀၌သာ ရပ်တည်နေခဲ့ ရပေသည်။
စည်းလုံးမှု အခြေကို မတည်ဆောက် နိုင်ခဲ့၍ အချယ်လှယ်ခံ ဘ၀ဖြင့် ရပ်တည်ခဲ့ရသော အခြေခံ အကြောင်းရပ်ကို စိပ်ဖြာ ဆန်းစစ်ကြည့်ပါလျှင် ကရင်တမျိုးသားလုံးတွင်း၌ -
(က) ဘာသာစကားကွဲပြားလျက် ရှိနေခြင်း။
(ခ) ယုံကြည်ကိုးကွယ်မှု မတူခြားနားလျက် ရှိခြင်း။
(ဂ) သာသာရေး အခြေခံ စာပေအင်အားစု အစိတ်စိတ် အလီလီ ပေါ်ပေါက်လာခဲ့ခြင်း။
(ဃ) နေထိုင်ရာဒေသ ပြန့်ကြဲလျက် ရှိနေခြင်း။
(င) သဘောတရားရေး၊ နိုင်ငံရေး၊ အမျိုးသားရေး အသိအမြင် အားနည်းမှေးမှိန်လျက် ရှိနေခြင်း - စသည့်တို့ကို တွေ့ရှိရပေမည်။
ဖော်ပြပါ အကြောင်းအချက် ရှိနေခြင်းကြောင့် သီးခြားလူမှု အဖွဲ့အစည်းကို ပေါ်ပေါက်စေ ခဲ့ပါသည်။ မတူညီသော အခြေခံကြောင့် လူမှုပေါင်းသင်း ဆက်ဆံရေးကို မီးလောင်ရာလေပင့် အဟန့်အတားပြု ပျက်ပြားစေခဲ့ခြင်း ဖြစ်လာတော့သည်။
အဘယ်ကြောင့်ဆိုသော် ဘာသာစကား မတူကြ၍ စကားအုပ်စုဖွဲ့ နေလာကြသည်။ ယုံကြည်ကိုးကွယ်မှု တူချင်းချင်း ဘာသာရေးအရ ပေါင်းစုံဖွဲ့စည်း နေကြ၍ လူမှုအဆောက်အုံသစ်များ ဖန်တည်းလာသည်။ ယုတ်စွအဆုံး အမျိုးတူချင်း ဖြစ်သော်လည်း ဘာသာရေး မတူမှုကြောင့် ပေါင်းသင်းလက်ထပ်မှုအထိ အဟန့်တားမှု ပြုလာသည်။ ထိုဘာသာရေးကို အခြေခံ၍ စာပေရေး ပေါ်လာပြန်ရာ ထိုဘာသာရေး အဖွဲ့အစည်းမှ တဖန် စာပေအင်အားစုအဖြစ် ထပ်ဆင့်ကွဲပြားလာ ပြန်ရသည်။ နေရာထိုင်ရာဒေသ ပြန့်ကြဲခြင်းတွင်ကား စုစည်းမှု မရနိုင်သော အခြေကို ဖန်တီး၍ အစိတ်စိတ် အမွှာမွှာ ဖြစ်စေခြင်းသည် ပတ်ဝန်းကျင်၏ စာပေရေး ယဉ်ကျေးမှုရေးအရ လွှမ်းမိုးမှုဒဏ်ကို အလိုလို လည်စင်းပေးရာ ဖြစ်လာရသည်။
ထိုထိုသော အခြေခံ မကောင်းမှု တို့ကြောင့်လည်း အတွေးအခေါ် အယူအဆရေးမှအစ ဖလှယ်ခြင်း၊ ညှိနှိုင်းခြင်း၊ ပညာပေးခြင်း၊ ခံယူခြင်း မပြုနိုင် ဖြစ်လာရာမှ အမျိုးသားရေး အသိအမြင်ပါ အားနည်း မှေးမှိန်လာစေတော့ရာ အနာဂတ် ကရင့်အရေးမှာ တွေးလေ ရင်လေးစရာပင် ဖြစ်ပေတော့သည်။
သို့သော် လူသားတို့ဆိုသည်မှာ ကြံရည်ဖန်ရည် ရှိကြသူချည်း ဖြစ်လေရာ အနာဂတ် မျှော်မှန်းချက် ရှိနေသေးသမျှ ကရင့်အမျိုးသား ရေးရာကို တောက်ပြောင်လာအောင် ဖန်တီးနိုင်သည်၊ ဖန်တီးနိုင်ရပေမည်။
ဖော်ပြခဲ့ပါ အမျိုးသားထုတွင်း သပွတ်အူ အရှုပ်အထွေး မကြေမလည်မှုများကို ရှောင်ကွင်း၍ကား ရမည်မဟုတ်ပေ။ တခုချင်း တမျှင်ချင်း ပြေမည်လား။ အတင်း ထိုးဖြတ် သွားမည်လား - အဖြေတော့ ရှာရပါမည်။
သမိုင်းပေး တာဝန်ကို ယနေ့လူငယ်တို့ ပီပီပြင်ပြင် မြင်သိခံယူ လာနိုင်ရေးအတွက် အမျိုးသားရေး အသိ မွေးကြရပါတော့မည်။ ထိုအသိ ရလာရန်မှာ အမျိုးသားထုတွင်းရှိ ကွဲပြားမှု မှန်သမျှ ပထမ နားလည်ထားရမည်။ ၀င်ရောက် လေ့လာရမည်။ တစုတဖွဲ့သော ဘာသာရေး၊ စာပေရေး၊ နယ်မြေစွဲ တည်းဟူသော အနှောင်အဖွဲ့မှ ရုန်းထွက်ကာ ကရင်အမျိုးသားအတွက် ဆန္ဒစွဲကင်းစွာဖြင့် အမျိုးသားထု၏ တောင်းဆိုချက်ကို ဖော်ထုတ်နိုင်စွမ်း ရှိရမည်။
အမျိုးသားရေးအသိ ဆိုသည်မှာ ကရင်တမျိုးသားလုံးကို အခြေခံရမည် ဆိုသည့်အချက်အား ဘယ်အခါမှ မေ့လျှော့၍ မရပါ။
ဥပမာအားဖြင့် ဘာသာရေးသည် ပုဂ္ဂိုလ်ရေး ဖြစ်သည်။ ယနေ့စာပေရေးရာ အလီလီသည် အုပ်စုအဖွဲ့အစည်းကိုသာ အခြေခံ နေပါသည်။ ဘာသာရေးကို အမျိုးသားရေး အသိကသာ ရှေ့ဆောင်မှု ပြုရပါမည်။ စာပေရေးကို အမျိုးသားရေး အသိဖြင့် တမျိုးသားလုံး အတွက် ကိုယ်စားပြုမည့် အမျိုးသားစာပေကို တက်လှမ်းဝံ့ရပါမည်။ အမျိုးသားရေးအမြင် ဖြင့်သာလျှင် နေရာမရွေး - လုပ်ငန်းမရွေး လက်တွဲရွက်ဆောင် နိုင်မည်ဖြစ်သည်။
ထို့ကြောင့် အမျိုးသားရေးဟု တခုခုကို ခံယူကျင့်သုံး တော့မည်ဆိုလျှင် အမျိုးသားထုကို ကိုယ်စားပြုနိုင်သော အမျိုးသားရေး အသိ သဘောတရားရေး လမ်းညွှန်မှုကို ကိုယ်စီခံယူကြပါ။ ကျင့်သုံးကြပါ၊ ဆင့်ပွားလမ်းညွှန်ကြပါ၊ အမျိုးသားရေးအသိဖြင့် ဘာသာကွဲ - စကားကွဲ - စာပေအကွဲများကို လက်တွဲရွက်ဆောင်မှု ပြုပါ၊ လက်တွဲရွက်ဆောင်မှု စတင်ကြပါ၊ စတင်ရန် ၀န်မလေးပါနှင့် တိုးတက်လူငယ် ပီပြင်ပါစေ၊ သမိုင်းပေးတာဝန် ကြေကြပါစေ။


မန်းဋ္ဌေးရှိန်

စ၀်ယှးဍုံလဲို့ ဘလော့ဂ်မှကူးယူဖော်ပြသည်။

(ဆက်ဖတ်ရန်...................)

Thursday, October 8, 2009

ကေအဲန်ယူ တပ်မဟာ(၇)တွင် နအဖစစ်တပ်များ လှုပ်ရှားမှုရှိလာ
















အောက်တိုဘာ ၈ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

ကေအဲန်ယူတပ်မဟာ (၇)နယ်မြေ၊ ပိုင်ကျုံမြို့နယ်တွင် နအဖ စစ်တပ် တပ်မ (၂၂)လက်အောက်ခံ တပ်ရင်းမှ စစ်ကြောင်းများ သည် ယခုလ အစောပိုင်းမှစ၍ လှုပ်ရှားမှုများ စတင်လုပ်ဆောင်လာသည်ဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအဲန်အယ်လ်အေ)က ပြောသည်။ ကေအဲန်အယ်လ်အေ တပ်ရင်း (၂၂)မှ ဒုတပ်ရင်းမှူး ဗိုလ်မှူးစောဒီ့ကွယ်က“ ပြီးခဲ့တဲ့ ၄-၅ရက် အတောအတွင်းမှာ ခမရ(၂၀၈) တပ်ရင်းက စစ်ကြောင်း(၁)နဲ့ (၂) စတင်လှုပ်ရှားလာတာကို ကျနော်တို့ သတိထားမိတယ်။

ကျနော်တို့နဲ့ မနီးမဝေးမှာရှိတဲ့ ထီး တိုကော်ရွာမှာဆို ရောက်လာတာ (၃)ခါတောင် ရှိပြီ။ အရင်တုန်းက အဲဒီရွာအထိ ရောက်လေ့ရောက်ထမရှိဘူး။ စစ်ကြောင်း (၂)ကတော့ တရီဖိုးကွီးဘက်မှာ လှုပ်ရှားနေတယ်။ အခုထက်ထိတော့ သိပ်ထူးခြားတဲ့ လှုပ်ရှားမှုတွေ မတွေ့သေးဘူး”ဟု ပြော သည်။

ယခုလို ပွင့်လင်းရာသီအစတွင် နအဖ စစ်တပ်၏ စတင်လှုပ်ရှားလာမှုအပေါ် ကေအဲန်ယူ တွဲဘက်အတွင်းရေးမှူး(၁) ဗိုလ်မှူး စောလှငွေက “ပထမတချက်က အဲဒီဂွင်ကို နယ်မြေစိုးမိုးရေးအတွက် ဒီကေဘီအေတွေကို သူတို့ယုံစားလို့မရတော့လို့ တက် လာတာ ဖြစ်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီကေဘီအေက အကျအဆုံးများတော့ လူအင်အားသိပ် မရှိတော့ဘူးလေ။ နောက် တချက်က အဲဒီမှာရှိတဲ့ သူတို့အဖွဲ့အတွက် တပ်အင်အား လာဖြည့်တာလည်း ဖြစ်နိုင်တယ်။ အဲဒီနယ်မြေဟာ ပြောက်ကျား နယ်မြေဖြစ်တဲ့အတွက် ထိုးစစ်ဆင်ဖို့ကတော့ မဖြစ်နိုင်ဘူး”ဟု ပြောသည်။

၎င်းနယ်မြေသည် ပြီးခဲ့သည့် ဇွန်လတုန်းက နအဖ စစ်တပ်နှင့် ဒီကေဘီအေ တပ်မဟာ သုံးခု ပူးပေါင်းကာ ကေအဲန်ယူကို ထိုး စစ်ဆင်ခဲ့ရာနယ်မြေများဖြစ်ပြီး ထိုးစစ်ကြောင့် ဒေသခံကရင်ပြည်သူ ၄၀၀၀ကျော် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်းမြို့ နယ်သို့ ထွက်ပြေးခိုလှုံခဲ့ကြရသည်။အဆိုပါနယ်မြေကို မြန်မာစစ်တပ်နှင့် ဒီကေဘီအေပူးပေါင်းတပ်တို့ သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ဒီကေဘီအေတပ်ဖွဲ့များသာ အခြေချ လှုပ်ရှားလျှက်ရှိရာ ယခုလို ဖားအံမြို့တွင် အခြေစိုက်သည့် တပ်မ(၂၂)လက်အောက်ခံတပ်ရင်းမှ စစ်ကြောင်းများ စတင် လှုပ်ရှားလာခြင်းသည် ရည်ရွယ်ချက်တခုခုကြောင့် လှုပ်ရှားလာခြင်းဖြစ်နိုင်ကြောင်း ကေအဲန်ယူ ဖားအံခရိုင်၊ ပိုင်ကျုံမြို့ နယ် ဥက္ကဌ ပဒိုစောဘာတီဖိုးက ပြောသည်။

ကေအဲန်ယူ တပ်မဟာ (၇)နယ်မြေကို မြန်မာစစ်တပ်နှင့် ဒီကေဘီအေပူးပေါင်းတပ်တို့ (၅)လကြာ သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သော် လည်း ဒီကေဘီအေတပ်ဖွဲ့ဝင်များသည် ကေအဲန်အယ်လ်အေတပ်ဖွဲ့များ၏ ချုံခိုတိုက်ခိုက်မှုနှင့် မကြာခဏ ဗုံးပေါက်ကွဲမှုများ ကြောင့် ထိခိုက်ဒဏ်ရာရမှုများနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။၎င်းတပ်မဟာ(၇)နယ်မြေတွင် ဇွန်လမှ စက်တင်ဘာလကုန်အထိ ဒီကေဘီအေတပ်ဖွဲ့ဝင်များမှ ၁၁၇ဦးသေဆုံး၊ ၃၁၆ဦး ထိ ခိုက်ကာ ၂၈ဦး ကေအဲန်ယူထံသို့ လာရောက်ပူးပေါင်းပြီး မြန်မာစစ်တပ်ဘက်မှ ၁၈ဦးသေဆုံး၊ ၂၈ဦး ထိခိုက်ဒဏ်ရာရရှိ ကြောင်း ကေအဲန်ယူ တပ်မဟာ(၇)ဌာနချုပ်၏ မှတ်တမ်းများအရ သိရသည်။

ဒီကေဘီအေ တပ်ဖွဲ့ဝင်များသည် ၎င်းအခြေအနေများနှင့် ရင်ဆိုင်နေရသဖြင့် ထိုင်းရွာသားများက ကေအဲန်အယ်လ်အေ တပ် ဖွဲ့ဝင်များနှင့် အဆက်အသွယ်လုပ်သည်ဟု သတ်မှတ်ကာ ပြီးခဲ့သည့် အောက်တိုဘာလ ၂ရက်နေ့တွင် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ကူးလာပြီး ဆွဲမိုင်းများ လာရောက်ထောင်ထားခဲ့သည်ဟု ထိုင်းရွာသားများ၏ ပြောပြချက်အရ သိရသည်။

ကေအဲန်ယူတပ်မဟာ (၇)နယ်မြေတွင် ဒီကေဘီအေ တပ်မဟာ (၅၅၅)၊ (၉၉၉) လက်အောက်ခံတပ်ရင်းများနှင့် ကေအဲန်ယူ တပ်မဟာ(၇)လက်အောက်ခံတပ်ရင်းများက လှုပ်ရှားလျှက်ရှိပြီး နအဖစစ်တပ်များက ယခုလ အစောပိုင်းမှ စတင်လှုပ်ရှားလာ ခြင်းဖြစ်သည်။

(ဆက်ဖတ်ရန်...................)

Wednesday, October 7, 2009

တိုင်းရင်းသားလူမျိုးများကောင်စီ ထုတ်ပြန်ချက် ကေအန်ယူ ကန့်ကွက်

တိုင်းရင်းသားအဖွဲ့များကို လာမည့် ၂၀၁၀ ရွေးကောက်ပွဲဝင်ရန်အတွက် တိုင်းရင်းသားလူမျိုးများကောင်စီ (အီးအန်စီ) က ထုတ်ပြန်သည့် တိုက်တွန်းချက်သည် အဖွဲ့၏သဘောထားမဟုတ်ဘဲ လူတစု၏သဘောထားသာဖြစ်သည်ဟု ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) က ပြောသည်။

ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခြင်းဖြင့် အနာဂတ်မြန်မာ့နိုင်ငံရေးတွင် တိုင်းရင်းသားများပါဝင်ရန် တိုက်တွန်းထားသည့်စာကို အီးအန်စီအဖွဲ့က အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်ဝက်ဘ်ထံ ယခင်လ (၂၈) ရက်တွင် ပေးပို့ခဲ့ခြင်းနှင့်ပတ်သက်၍ ကေအန်ယူ ဒု-ဥက္ကဋ္ဌ ပဒိုဒေးဗစ်သာကပေါ်က ပြောကြားခြင်းဖြစ်သည်။

၎င်းက “ဒီစာကို ကေအန်ယူက ကန့်ကွက်တယ်၊ ကေအန်ယူလိုင်းနဲ့လည်း ဆန့်ကျင်တယ်၊ ဒီစာထုတ်တာ အီးအန်စီအဖွဲ့ရဲ့ သဘောထားမဟုတ်ဘူး၊ လူတဦး၊ နှစ်ဦးရဲ့သဘောထားပဲဖြစ်တယ်။ အန်ဂျီအိုတွေက လုပ်ခိုင်းတဲ့အတိုင်း လုပ်တဲ့လူအချို့ ရှိတယ်။ အီးအန်စီကို စဖွဲ့တာ နိုင်ငံရေးအဖွဲ့အစည်းအနေနဲ့ ဖွဲ့တာမဟုတ်ဘူး၊ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး ပေါ်ထွန်းရေးနဲ့ တိုင်းရင်းသားအားလုံး စုစည်းတဲ့ဆုံရပ်ဖြစ်ဖို့အတွက် ဖွဲ့ခဲ့တာ” ဟု ပြောသည်။

ပြည်ပရောက် တိုင်းရင်းသားခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသည့် အီးအန်စီအဖွဲ့တွင် ကရင်ပြည်နယ်ကိုယ်စားလှယ်ဟု ခံယူထားသူများသာပါရှိပြီး ကေအန်ယူအနေဖြင့် ပါဝင်ခြင်းမရှိသည့်အတွက် ယခုဖြစ်ရပ်နှင့်ပတ်သက်၍ တစုံတရာ ဂယက်ရိုက်ခတ်မှု မရှိနိုင်ဟုလည်း ၎င်းကပြောကြားသည်။

အီးအန်စီအဖွဲ့၏ အကြံပေးအဖွဲ့ဝင်တဦးဖြစ်သည့် ဦးခွန်မားကိုဘန်းက “ဒီစာနဲ့ပတ်သက်ပြီး အဖွဲ့က တာဝန်ရှိသူအဆင့်ဆင့်ကို မေးကြည့်တော့ ဘယ်သူမှမသိကြဘူး။ ဖွဲ့စည်းပုံမှာက သဘာပတိအဖွဲ့ဟာ နိုင်ငံရေးဦးဆောင်မှုမှာတာဝန်ရှိပြီး အထွေထွေအတွင်းရေးမှူးအဖွဲ့ဟာ နေ့စဉ်လုပ်ငန်းတာဝန် လုပ်ဆောင်ဖို့ဖြစ်တယ်။ ဒီလို အထွေထွေအတွင်းရေးမှူး လက်မှတ်ထိုးပေးတဲ့စာကို အဖွဲ့ရဲ့သဘောထားစာလို့ သတ်မှတ်လို့မရဘူး။ အီးအန်စီဥက္ကဋ္ဌ ခူးထဲဘူးဖဲကလည်း ဒီစာနဲ့ပတ်သက်ပြီး သူဘာမှမသိရဘူးလို့ ပြောပါတယ်” ဟု ပြောသည်။

အဆိုပါစာသည် အဖွဲ့၏သဘောထား အမှန်မဟုတ်ကြောင်း သိရှိရန်နှင့် ယင်းပြဿနာကိုဖြေရှင်းရန် လာမည့် (၃) လပတ် အစည်းအဝေးတွင် အကျေအလည်ဆွေးနွေးမည်ဟု အီးအန်စီ ဥက္ကဋ္ဌ ခူးထဲဘူးဖဲက ပြောသည်။

အီးအန်စီသည် နအဖ၏ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို လုံးဝလက်မခံကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲကိုလည်း လက်မခံကြောင်း၊ သို့ရာတွင် ၀င်ရောက်အရွေးခံမည့် တိုင်းရင်းသားအဖွဲ့များ၊ ပုဂ္ဂိုလ်များနှင့် ဆန္ဒမဲပေးမည့်ပြည်သူလူထုကို ဆန့်ကျင်တိုက်ခိုက်သွားမည်မဟုတ်ကြောင်း သဘောထားချမှတ်ထားသည်ဟုလည်း ပြောသည်။

(ဆက်ဖတ်ရန်...................)

Tuesday, October 6, 2009

မြန်မာစစ်ကြောင်းများနှင့်အတူ ဒီကေဘီအေတပ်ဖွဲ့ဝင်များပါဝင်လှုပ်ရှားသွားရန် ရတခမှညွှန်ကြား

ကောင်းဝါ(အောက်တိုဘာ-၆) ။ ။ နအဖမြန်မာစစ်ကြောင်းတစ်ကြောင်းတွင် ဒီကေဘီအေတပ်ဖွဲ့ဝင် ၁၀ဦး အင်အားဖြည့်လှုပ်ရှားသွားရန်












ဘုရားသုံးဆူ- သြံဖူဇရပ်ကားလမ်းမပေါ်ရှိ ဒီကေဘီအေဂိတ်မှူး

တစ်ဦးအရှေ့တောင်တိုင်းစစ်ဌာနချုပ်(ရတခ)မှ ညွှန်ကြားထားကြောင်း ဘုရားသုံးးဆူဒေသ ရှိ အမည်မဖေါ်လိုသူ ဒီကေဘီအေအရာရှိတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

အဆိုပါညွှန်ကြားချက်မှာ ယခုရက်သတ္တပတ်အတွင်း ဘုရားသုံးဆူ - သံဖြူဇရပ်ကားလမ်းမပေါ်ရှိ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်းရွာသို့ ပြောင်းရွေ့အခြေစိုက်ခဲ့သော ရတခရှေ့တန်းဗျူဟာ ၃ မှထပ်ဆင့် ညွှန်ကြားခဲ့သည်ဟု ဆိုပါသည်။

သို့သော် ဒီကေဘီအေအနေဖြင့် ၄င်းညွှန်ကြားချက်အား လက်ခံ၊ မခံကို ယတိပြတ်မဆုံးဖြတ်ရသေးဟု သိရသည်။
နအဖတပ်ရင်းတစ်ရင်း၌ ရှေ့တန်းသို့သွားရောက် လှုပ်ရှားနိုင်သော တိုက်ခိုက်ရေးအင်အားမှာ ပျမ်းမျှအားဖြင့် တပ်ရင်းမှူးနှင့် အခြားအရရှိများအပါအဝင် စစ်သည် ၁၂၀ ခန့်သာရှိတော့ကြောင်း စစ်ရေးအကဲခတ်များက သုံးသပ် ပြသည်။

တပ်ရင်းတစ်ရင်းတွင် တပ်ရင်းမှူးဦးစီးသောစစ်ကြောင်း(၁)နှင့် ဒုရင်းမှူးဦးစီးသောစစ်ကြောင်း(၂)ဟူ၍ စစ်ကြောင်း ၂ ကြောင်း လှုပ်ရှားနေသည်ကို သိရှိရသည်။

oct09-6.php
ဘုရားသုံးဆူ- သြံဖူဇရပ်ကားလမ်းမပေါ်ရှိ ဒီကေဘီအေဂိတ်မှူးတစ်ဦး
မြန်မာ့တပ်မတော်စတင်ဖွဲ့စည်းခဲ့စဉ်က တပ်ရင်းတစ်ရင်းရှိ စစ်သည်များအင်အား ၇၇၀ ဦးရှိခဲ့ရာမှ နောက်ပိုင်း၌ ၅၅၀ ခန်သာရှိလာသည်ဟု စစ်ရေးလေ့လာသူများက ပြောဆိုကြသည်။ ယခုတွင် တပ်ရင်းတစ်ရင်း၌ ဒုက္ခိတများ အပါအဝင် အင်အား ၁၅၀ ခန့်သာရှိတော့သည်ဟု တပ်မတော်မိသားစု အသိုင်းအဝိုင်းများတွင် ပြောဆိုနေကြသည်။

KNU တို့အား ထိုးစစ်ဆင်ခဲ့သော တိုက်ပွဲများအတွင်း ဒီကေဘီအေတပ်ဖွဲ့များကိုသာ ရှေ့မှတိုက်ခိုက်စေပြီး နအဖစစ် ကြာင်းများက နောက်မှရံပေးထားခဲ့သည်ကို KNU တပ်မဟာ ၇ ထိုးစစ်များတွင် တွေ့မြင်ခဲ့ရသည်။

နောက်ပိုင်း၌ နအဖညွှန်ကြားမှုဖြင့် တပ်မဟာ ၆ ကိုထိုးစစ်ဆင်ခဲ့ရာတွင် ဒီကေဘီအေတပ်ဖွဲ့ဝင်များနှင့် KNU တို့အတွင်း တိုက်ပွဲများဖြစ်ပေါ်ခဲ့သည်ကို မတွေ့ရှိရသေးပေ။ နောက်မှလိုက်ပါ ရံပေးထားသော နအဖစစ်ကြောင်း များသာ KNU တို့၏ ပြောက်ကျားတိုက်ခိုက်မှုကို မကြာခဏခံခဲ့ရသဖြင့် ကျဆုံးဒဏ်ရာအများအပြား ကြုံတွေ့နေခဲ့ ရသည်။

KNU တပ်မဟာ(၆) ဒေသဖြစ်သော ဘုရားသုံးဆူ- သံဖြူဇရပ်ကားလမ်းမတလျှောက်၌ နအဖတို့မကြာခဏ တိုက်ခိုက်ခံနေရသည်။ ဒီကေဘီအေတပ်ဖွဲ့ဝင်အချို့ နအဖစစ်ကြောင်းများလှုပ်ရှားနေမှုကို KNU ထံသို့ လှို့ဝှက် သတင်းပေးနေသည်ဟု မယုံသင်္ကာဖြစ်နေသော်လည်း ခိုင်မာသော သက်သေအချက်အလက်များ မပြနိုင်သဖြင့် မည်သို့မှမပြောဆိုနိုင်သေးပေ။

DKBA နှင့် KNU အောက်ခြေတပ်ဖွဲဝင်များ လှိုဝှက်တွေ့ဆုံမှုများ ပြုလုပ်နေကြသည်ဟု သတင်းများထွက်ပေါ် နေသည်။

လွန်ခဲ့သော စက်တင်ဘာလ ၂၉ ရက်နေ့တွင် ဒီကေဘီအေနာယက ဦးသုဇနက DKBA နှင့် KNU နှစ်ဖက်တပ်ဖွဲ့တို့ လာမည့်ကရင်နှစ်သစ်ကူးမတိုင်မီ(ဒီဇင်ဘာလ - ၁၆) တွင် အပစ်အခတ်ရပ်စဲကြရန် ပန်ကြားချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

(ဆက်ဖတ်ရန်...................)

Sunday, October 4, 2009

(၁၁)ကြိမ်မြောက် တိလောကမုနိ ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပ


သီတင်းကျွတ်လပြည့်(၃.၁၀.၂၀၀၉)ရက်နေ.တွင် ကိုရီးယားနိုင်ငံ ဂယောင်းဂီပြည်နယ် ပူချွန်းမြို့(Bucheon of Gyeonggi Province) ဆော့ဂွမ်ဆာဘုန်းကြီးကျောင်း (Seokwangsa)တွင်မြန်မာအသင်း (ကိုရီးယား) က ဦးဆောင်၍ ၁၁ ကြိမ်မြောက် တိလောကမုနိ ဗုဒ္ဓပူဇနိယပွဲတော်ကို နေ့လည် ၁၂ နာရီမှ ညနေ ၄ နာရီထိ ကျင်းပခဲ့ကြပြီး
ပွဲတော်ကို ကိုရီးယားနိုင်ငံတွင်ရောက်ရှိနေသော မြန်မာလူမျိုး၊တိုင်းရင်းသားပေါင်းစုံနှင့် အဖွဲ့အစည်း အသီးသီးတို့ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း၊ပွဲတော်တွင်မြန်မာရိုးရာ အစားအစာများကို နိဗ္ဗာန်ဈေး ခေါ် စတုဒီသာမဏ္ဍပ်များဖြင့် အလျှံပယ်တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြခြင်းအတူ ကရင်လူငယ်အစည်းရုံး(ကိုရီးယားဌာနခွဲ)မှလဲ ရန်ပုံငွေအဖြစ် ကရင်လူငယ်အစည်းအရုံး(ကိုရီးယားဌာနခွဲ)မှ ထုတ်သောအကျီင်္များကိုရောင်းချပြီး၊ပရိတ်သတ်များကို ရိန်းဘိုးတီးဝိုင်း ၊ မျိုးချစ်မောင်ဒိုးဝိုင်း နှင့် ကာရာအိုကေ ဝါသနာရှင်များက ရသစုံ အနုပညာပုံစံများဖြင့် သီဆို ဖျော်ဖြေခဲ့ကြကြောင်း၊ပွဲတော်၏
နောက်ဆုံးအစီအစဉ်အဖြစ် ကံစမ်းမဲအစီအစဉ်ဖြင့် ပိတ်သိမ်းခဲ့လိုက်သည်။

(ဆက်ဖတ်ရန်...................)