Sunday, October 4, 2009

(၁၁)ကြိမ်မြောက် တိလောကမုနိ ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပ


သီတင်းကျွတ်လပြည့်(၃.၁၀.၂၀၀၉)ရက်နေ.တွင် ကိုရီးယားနိုင်ငံ ဂယောင်းဂီပြည်နယ် ပူချွန်းမြို့(Bucheon of Gyeonggi Province) ဆော့ဂွမ်ဆာဘုန်းကြီးကျောင်း (Seokwangsa)တွင်မြန်မာအသင်း (ကိုရီးယား) က ဦးဆောင်၍ ၁၁ ကြိမ်မြောက် တိလောကမုနိ ဗုဒ္ဓပူဇနိယပွဲတော်ကို နေ့လည် ၁၂ နာရီမှ ညနေ ၄ နာရီထိ ကျင်းပခဲ့ကြပြီး
ပွဲတော်ကို ကိုရီးယားနိုင်ငံတွင်ရောက်ရှိနေသော မြန်မာလူမျိုး၊တိုင်းရင်းသားပေါင်းစုံနှင့် အဖွဲ့အစည်း အသီးသီးတို့ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း၊ပွဲတော်တွင်မြန်မာရိုးရာ အစားအစာများကို နိဗ္ဗာန်ဈေး ခေါ် စတုဒီသာမဏ္ဍပ်များဖြင့် အလျှံပယ်တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြခြင်းအတူ ကရင်လူငယ်အစည်းရုံး(ကိုရီးယားဌာနခွဲ)မှလဲ ရန်ပုံငွေအဖြစ် ကရင်လူငယ်အစည်းအရုံး(ကိုရီးယားဌာနခွဲ)မှ ထုတ်သောအကျီင်္များကိုရောင်းချပြီး၊ပရိတ်သတ်များကို ရိန်းဘိုးတီးဝိုင်း ၊ မျိုးချစ်မောင်ဒိုးဝိုင်း နှင့် ကာရာအိုကေ ဝါသနာရှင်များက ရသစုံ အနုပညာပုံစံများဖြင့် သီဆို ဖျော်ဖြေခဲ့ကြကြောင်း၊ပွဲတော်၏
နောက်ဆုံးအစီအစဉ်အဖြစ် ကံစမ်းမဲအစီအစဉ်ဖြင့် ပိတ်သိမ်းခဲ့လိုက်သည်။

0 comments:

Post a Comment