Monday, July 13, 2009

မလေးရှားကရင်အဖွဲ့(MKO)၏ ရုံးသစ်ဖွင့်ပွဲ

မလေးရှားကရင်အဖွဲ့(MKO)၏ ရုံးသစ်ဖွင့်ပွဲကို ဇူလိုင်လ ၁၂ရက်နေ့က အခမ်းအနားဖြင့် ကျင်းပပြုလုပ်ခဲ့သည်ဟု MKOမှ ပေးပို့သည့် သတင်းအရ သိရှိရသည်။











ရုံးသစ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးနေသည့် MKO ဥက္ကဌ မန်းစိန်သန်းပုံ။
မလေးရှားကရင်အဖွဲ့ကို လွန်ခဲ့သည့် ၂၀၀၅ခုနှစ်က မလေးရှားရောက်ကရင်အမျိုးသားများ၏ အခက်အခဲ များကို ကူညီဆောင်ရွက်နိုင်ရန်အတွက် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ကရင်အမျိုးသားများ၏ ယဉ်ကျေးမှုမြင့်တင်ရေးနှင့် ကရင်နေ့ထူးနေ့မြတ်အခမ်းအနားများကို လည်း နှစ်စဉ်ဦးဆောင် ကျင်းပပေးသည့် အဖွဲ့လည်း ဖြစ်သည်။

(MKO NEW)

0 comments:

Post a Comment