Saturday, July 11, 2009

ဘုရားသုံးဆူအနီး ကရင်တပ်ဖွဲ့များလက်နက်ကြီးငယ်များ ဖြင့်အဝေးမှလှမ်းပစ်ခတ်ကြ


ဇူလိုင် ၁၁၊၂၀၀၉။

စံခလပူရီ(ဇူလိုင်-၁၁)။ ။ ယမန်နေ့ ဒေသစံတော်ချိန် ည ၇း၄၅ နာရီခန့်၌ ဘုရားသုံးဆူမြို့
အနောက်မြောက်ဖက် ၆ ကီလိုခန့်အကွာ KNLA တပ်ရင်း ၁၆ စခန်းငယ်တစ်ခုကို ဒီကေဘီအေ
အမှတ် ၉၀၁ တပ်ရင်း၊ ခွဲ ၁ မှစောရဲညွန့် နှင့်အဖွဲ့တို့က RPG ၂ ချက်၊M-16 ၃ ကျည်ကဒ်ခန့်
အဝေးမှလှမ်းပစ်ခဲ့ရာ ပစ်မှတ်များလွဲချော်နေသဖြင့် KNU မှပြန်လည်ပစ်ခတ်မှုများမပြုခဲ့
ကြောင်း၊ ၄င်းမြို့ပေါ်ရှိ မွန်ပြည်သစ်ပါတီရုံး အရာရှိတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်အရ
သိရသည်။

သို့သော် ယင်းကဲ့သို့ သေနတ်သံများထွက်ဖေါ်ခဲ့ပြီးနောက် ၅ မိနစ်ခန့်အကြာတွင်ဘုရားသုံးဆူ
မြို့ အနီးရှိ ဒီကေဘီအေတပ်တည်ရာ တောင်ဝိုင်းစခန်းကို KNLA တပ်ဖွဲ့မှ M-79 ဖြင့်အဝေးမှ
၂ ချက်ပစ်ခတ်ခဲ့ပြန်ရာ စခန်းပြင်ပရှိ တောစပ်တစ်နေရာတွင် ကျရောက်ပေါက်ကွဲ ခဲ့ပြန်သည်။

၎င်းပစ်ခတ်မှုများတွင် အထိအခိုက် အပျက်အစီးတစ်စုံတစ်ရာမရှိခဲ့သော်လည်း ဘုရားသုံးဆူမြို့
ပေါ်သို့ လက်နက်ကြီးများ အချိန်အခါမရွေး ကျရောက်ပေါက်ကွဲလာမည်ကို ဒေသခံများ အလွန် စိုးရိမ်နေကြရသည်ဟု မေးမြန်းချက်များအရ ကြားသိရသည်။

ဘုရားသုံးဆူမြို့ပေါ်ရှိ မြန်မာစစ်တပ် ခလရ ၃၂ တပ်ရင်းမှာ ဤဖြစ်ရပ်များအပေါ် တစ်စုံတစ်ရာ
လှုပ်ရှားမှုများ မပြသခဲ့ပေ။

စစ်အစိုးရ စကခ ၁၂၊ နဗဟ ၁ သည်လည်း ဘုရားသုံဆူမြို့ပြင်ပ ခရီးလမ်းအားဖြင့် ၁၀ မိုင်ခန့်
သာဝေးကွာသော ချောင်းဆုံရွာတွင်အခြေပြုနေပြီး ယင်း KNLA စခန်းငယ်နှင့် ၂ မိုင်ခန့်သာ
ဝေးကွာသည်။

အဆိုပါ KNLA စခန်းငယ်ကို ဒီကေဘီအေတို့ လာရောက်ပစ်ခတ်စဉ်တွင် စခန်းအတွင်း မည်သူ
တစ်ဦးတစ်ယောက်မျှမရှိကြဟု အကဲခတ်များသုံးသပ်ကြသည်။

လွန်ခဲ့သည့် ဇူလိုင်လ ၈ ရက်နေ့ ညပိုင်းတွင်လည်း ဒီကေဘီအေ ၉၀၁ တပ်ရင်းမှ စောအေဝမ်း
တို့အဖွဲ့ KNLA နေ့ကင်းချရာစခန်းတစ်ခုကို လူမရှိသောအချိန်တွင်လာရောက် ပစ်ခတ်ခဲ့
သေးသည်။

စစ်ရေးစောင့်ကြည့်လေ့လာသူများအဆိုအရ KNLA တပ်ဖွဲ့တို့သည် နေ့ပိုင်းများတွင်တစ်နေရာ
ကိုယ်ယောင်ပြ၍ ညပိုင်းတွင် အခြားတစ်နေရာသို့ ပြောင်းရွေ့နေရာယူပြီး ရန်သူအဖက်ဖက်၏
အလစ်အငိုက် မခံရလေအောင် လှုပ်ရှားနေကြဟန်တူသည်။

ဇွန်လ ၂၈ ညကလည်း ဘုရားသုံးဆူမြို့ပေါ်ရှိ ခလရ ၃၂ တပ်ရင်းရုံးပြင်ပဧည့်ရိပ်သာရှေ့၊ SB
နှင့် စရဖရုံးအနီးတို့၌ လက်ပစ်ဗုံးတစ်လုံးစီပေါက်ကွဲခဲ့သော်လည်း လက်သည်မပေါ်သေးပေ။

သုံးသပ်သူများအနေဖြင့် အဆိုပါဗုံးပေါက်ကွဲမှုမှာ ယခုရက်ပိုင်းတွင် KNU တပ်မဟာ ၆ ထံ
လက်နက်ချဘက် ပြောင်းသွားသော KPF အမှတ် ၃ တပ်ရင်းမှူး ဒု-ဗမက မန်းလေးဝါး (ခေါ်)
စောလေးဝါးအပေါ် စစ်အစိုးရဘက်တို့မှ သံသယပွားနေသည်ဟု ဒေသရှိ လက်နက်ကိုင်တပ်ဖွဲ့၊ အဖွဲ့အစည်းများကြားတွင် သတင်းပြန့်နေသည်။

0 comments:

Post a Comment