Monday, July 20, 2009

အာဇာနည်နေ့အခမ်းအနား(ကိုရီးယား)



တောင်ကိုရီးယားနိုင်ငံတွင် ၆၂နှစ်အာဇာနည်နေ့အခမ်းအနားကိုNLD(LA)KOREA ရုံးခန်းတွင်ပြုလုပ်ကြောင်း သိရပါသည်။ မနက်ပိုင်းတွင် မြန်မာဒီမိုကရေစီအရေးကို အစဉ်တစိုက်အားပေးနေသော ဆောင်ဂွမ်စာဆရာ တော် လင်(မ်)ရောင်တမ် ကိုဖိတ်ကြားပြီးကိုရီးယားဒေသစံတော်ချိန်မနက်၆း၀၀နာရီတွင် အာဇာနည် ခေါင်း ဆောင်များကို ရည်စူးပြီးအာရုံဆွမ်းကပ်ခဲ့ကြောင်းသိရပါသည်။

ကိုရီးယားနိုင်ငံဒေသစံတော်ချိန် မနက် ၁၀နာရီမှ၁၂နာရီအထိ အာဇာနည်နေ့ အခမ်းအနားကိုအမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ကိုရီးယားဌာနခွဲတွင် ချင်းတိုင်းရင်းသားအဖွဲ့အစည်း(CNC-Korea)၊ ကရင်လူငယ်အစည်းအရုံး(KYO-Korea Branch)ပုးပေါင်းပြီးပြုလုပ်ခဲ့သည်။


ထိုအခမ်းအနားကို NLD(LA)တွဲဘက်အတွင်းရေးမှူး ဦးဇော်မိုးအောင်က ဦးဆောင်ပြီး အဖွင့်စကားကို အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ကိုရီးယားဌာနခွဲ ဥက္ကဌမှအာဇာနည်နေ့အကြောင်းကို အကျယ် တဝန်းရှင်းပြပြီး၊NCGUBမှထုတ်ပြန်ချက်ကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ကိုရီးယားဌာန ခွဲ တွဲဘက်ရုံးအဖွဲ့မှူးဦးဇော်ထက်မှNCGUBမှထုတ်ပြန်ချက်ကိုဖတ်ကြားပါသည်။

ထို့နောက် ကရင်လူငယ်အစည်းအရုံး အတွင်းရေးမှူး ဦးစောကက်နက်မိုး၊ချင်းတိုင်းရင်းသားအဖွဲ့အစည်း(CNC-Korea)မှ ဥက္ကဌ ပူထန်ခတ်ဖုန်းတို့မှတက်ရောက် ပြောကြားခဲ့သလို၊ထိုအခမ်းအနားသို့တက်ရောက်လာသော သူများအသီးသီးမှ ဆွေးနွေးကြပြီး ကျဆုံးသွားသောအာဇာနည်ခေါင်းဆောင်များကို အောက်မေ့သတိရသော အားဖြင့် မနက် ၁၀း၃၇ ဥသြေကို ၂မိနစ်ခန့်ဆွဲကာ ညိမ်သက်စွာဖြင့် ဂါရဝပြုခဲ့ကြကြောင်းသတင်းရရှိပါသည်။

အဆိုပါအခမ်းအနားကို နေ့လည်၁၂နာရီတွင် အောင်မြင်စွာပြီးဆုံးခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ် မြောက်နယ်မြေ)ကိုရီးယားဌာနခွဲမှ နေ့လည်စာဖြင့် တည်းခင်းကျွေးမွေးခဲ့ကြောင်းသိရပါသည်။

0 comments:

Post a Comment