Monday, July 20, 2009

ညီညွှတ်သောတိုင်းရင်းသားများအစည်းအရုံး (ကိုရီးယား)



တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံတိုင်းရင်းသားညီအစ်ကိုများမှယနေ့၂၀၀၉၊ဇူလိုင်၊၁၂၇က်တွင်
ညီညွှတ်သောတိုင်းရင်းသားများအစည်းအရုံး(ကိုရီးယား)ကို ရခိုင်၊ကရင်၊မွန်၊ရှမ်း၊ချင်းတို့ဖြင့်စတင်ဖွဲ့
စည်းကြောင်းသိရပါသည်။

ထိုအဖွဲ့အစည်းသည် အမျိုးသားရေးကိုဦးတည်ပြီး ကိုရီးယားနိုင်ငံရောက်မြန်မာတိုင်းရင်းသားလူမျိုးစု
များအချင်းချင်း အပြန်အလှန်လေးစား ချစ်ကြည်ရင်းနှီးမှုရရှိလာစေရန်။.


တိုင်းရင်းသားအချင်းချင်းကြုံတွေ့ နေရသည့်အခက်အခဲများအား အတူတကွနားလည်မှုရှိစွာဖြေရှင်း
သွားနိုင်ရန်။

တိုင်းရင်းသားများအချင်းချင်းစည်းလုံးညီညွတ်မှုကိုအခြေခံပြီး ပိုမိုလှပသည့် လူ့ ဘောင်စံနစ်တခုအား ရှာဖွေဖော်ထုတ်ကျိုးပမ်းသွားနိုင်ရန်အစရှိသောရည်ရွယ်ချက်များဖြင့်ဖွဲ့ စည်းခဲ့ကြောင်းသိရှိရပါသည်။

သို့ ဖြစ်ပါ၍ ကိုရီးယားနိုင်ငံရောက်မြန်မာပြည်ဖွားတိုင်းရင်းသားများအနေဖြင့်လိုအပ်သောနေရာ
အခန်းဏ္ဍများတွင်ပူးပေါင်းပါဝင်ဆောင်ရွက်စေလိုကြောင်းသိရပါသည်။

စည်းလုံးညီညွတ်မှုထက်လှသောပန်းဆိုသည်မှာမရှိပါ.အလှဆုံးပန်းတပွင့်အားရွေးချယ်ပန်ဆင်ရန်
တိုင်းရင်းသားအားလုံးတာဝန်ရှိကြောင်းနိုးဆော်သတင်းပေးအပ်ပါသည်။


အလုပ်အမှုဆောင်အဖွဲ့
ညီညွတ်သောတိုင်းရင်းသားများအစည်းအရုံး(ကိုရီးယား)
United Myanmar Ethnic Organization(Korea)

0 comments:

Post a Comment