Sunday, April 8, 2012

KNU ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ


KNU ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ဧပြီ ၈ ရက် နံနက် ၁၀ နာရီခွဲ ၀န်းကျင်မှ မွန်းလွဲ ၁၂ နာရီခွဲ ၀န်းကျင် အထိ ဒေါ်အောင် ဆန်းစုကြည်၏ နေအိမ်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ငြိမ်းချမ်းရေးအတွက် အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရပါသည်။ KNU ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့သည်၊ ဧပြီလ ၇ ရက် နံနက်ပိုင်းတွင်လည်း သမ္မတ ဦးသိန်းစိန်နှင့် နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

KNU သည်၊ (၅)ရက်နေ့ တွင် ကရင်ပြည်နယ် ဖါးအံမြို့၌ အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးခဲ့ပါသည်။ ဧပြီ (၄) ရက်နေ့တွင် ထိုင်းနိုင်ငံ မဲဆောက်၌ စတင် ထွက်ခွာလာခဲ့ပြီး (၆) ရက်နေ့တွင် ဦးအောင်မင်း ခေါင်းဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့ နှင့် ရန်ကုန်မြို့၌ ဆွေးနွေးခဲ့ပါသည်။

http://www.phophtaw.org/burmese/index.php/news/short-news/1392-knu-----.html

0 comments:

Post a Comment