တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ဦးဆောင်သော ကရင်အမျိုးသား ညီလာခံ တရပ်ကို လာမည့် ဧပြီလ (၁) ရက်နေ့တွင် ကရင်ပြည်နယ် မြ၀တီမြို့နယ်၊ ဆုံဆည်းမြိုင် DKBA ဌာနချုပ်၌ ကျင်းပရန် ရှိသည်ဟုပြောခွင့်ရ သူက ဆိုပါသည်။
ယင်းညီလာခံသို့ DKBA အပေါ် စိတ်ဝင်စားသော၊ ရဟန်းရှင်များ၊ ကရင့်နိုင်ငံရေး ပါတီများ၊ KNU နှင့် DKBA တပ်မှူးများ၊ ဒေါနတောင် အရှေ့ခြမ်းနှင့် အနောက်ခြမ်းက ပြည်သူ့ ကိုယ်စားလှယ်များကို ဖိတ်ကြားထားပါသည်။ DKBA ကိုစိတ်ဝင်စားသော တသီးပုဂ္ဂလများကလည်း ဦးဂုံအောင် (0881512580) ကို ဆက်သွယ်ပြီး၊ တက်ရောက်နိုင်ပါသည်။
“ဒီလိုပါ ဒီကေဘီအေကို စိတ်ဝင်စားတယ်ဆိုရင်တော့ လှည်းနေလှေအောင်း မြင်းစောင်း မကျန်ဖိတ်ချင်ပါတယ်။ ကျနော်တို့က အင်းအား တထောင်လောက် ဖိတ်ကြားတဲ့အထဲက ကိုယ်စားလှယ် တရာကျော်နဲ့ အစည်းအဝေးကျင်းပနိုင် အောင် စီစဉ်ထားပါတယ်။ ဘယ်နှစ်ရက်လောက် ကျင်းပမယ်ဆိုတာကိုတော့ မသတ်မှတ်ရသေးဘူး။ အခြေအနေအရ ဖြစ် မှာပါ။ KNU ခေါင်းဆောင် တချို့ကိုလည်း ကျနော်ဖိတ်ကြားမှာပါ”ဟု ပြောခွင့်ရသူက ဗိုလ်မှူးထွန်းထွန်းက ဆိုပါသည်။
DSC02380ဤညီလာခံသို့ ကိုယ်စားလှယ်ပေါင်း (100 – 150)ကြား တက်ရောက်နိုင်မည်ဟု DKBA က ခန့်မှန်းထားပါသည်။ ကျင်းပရ ခြင်းရည်ရွယ်ချက်မှာ- DKBA ၏ အနာဂတ်နှင့် ပါတ်သက်ပြီး မည်သည့်လမ်းစဉ် သဘောထားမျိုးနှင့် ရှေ့ဆက်သွားရမည့် ကိစ္စကိုဆွေးနွေးရန် ဖြစ်ပါသည်။ ရှိရင်းစွဲ ရည်ရွယ်ချက်လမ်းစဉ်များမှာမူ-
ဒီမိုကရေစီ စနစ်ကို အခြေခံသော (က) တန်းတူညီမျှရှိရေး၊ (ခ) ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး၊ တရားဥပဒေစိုးမိုးရေး၊ အချက် များပါဝင်ပြီး၊ စစ်ရေးအရ ကရင့်ပြည်သူ့ တပ်မတော် တည်ဆောက်ရေးဖြစ်ပါသည်။
DKBA သည်၊ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲနိုင်ရန်အတွက် ၄င်းတို့၏ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် နာမည်အစား ကလို့ထူးဘော ကရင်အဖွဲ့အစည်း (Klohhtoobor Karen Organization ) ပုံစံဖြင့် ပြန်လည် ဖွဲ့စည်းလိုပါသည်။
DKBA သည် လက်ရှိအနေအထား အတိုင်း ရှေ့ဆက်ရန် မဖြစ်နိုင်တော့သည့် အတွက် ပြောင်းလဲပြင်ဆင်ဖွဲ့စည်းရန် လိုအပ် နေပေသည်။ ဤသို့ကြောင့် ဖြစ်ပေါ်လာသော အဖွဲ့အစည်းသစ်၏ နိုင်ငံရေး၊ စစ်ရေး ၊ စည်းရုံးရေး မူသစ်များ ချမှတ်ရခြင်း ဖြစ်ပေသည်။
ကရင့်လူမျိုးများ နိုင်ငံရေးအရ တသံထဲဖြစ်ပေါ်ရေးအတွက် လူမျိုးတွင်း တပ်ပေါင်းစုများ (သို့မဟုတ်) စည်းရုံးရေးကော်မီတီ တရပ်ရပ် ရှိလာရေးကိုလည်း DKBA က မျှော်လင့်နေပါသည်။
သို့မှသာ ပကတိဖြစ်ပေါ်နေသော အခြေအနေမှ ကရင်တမျိုးသားလုံး သွေးစည်းညီညွတ်ရေး၊ ကရင်အချင်းချင်း လက်နက်ကိုင် ပဋ္ဋိပက္ခရှောင်ကျဉ်ရေး၊ ကရင့်ကံကြမ္မာ ကရင် ဖန်တီးနိုင်ရေးအတွက် မြန်မာ့နိုင်ငံရေးပြသနာများကို ၀ိုင်းဝန်ဖြေရှင်း ရာတွင် ထိရောက် လိမ့်မည်ဟု DKBA က ယုံကြည်ပါသည်။
ထာဝရတည်စေ ကော်သူးလေး
2750 Karen New Years In Korea
ကရင်ဘလော့ဂ်များ
အှ်လာအေဃှူ့ ๏ိုဝ်
ကရင်ဝက်ဆိုဒ်များ
Friday, March 30, 2012
ကရင့်အမျိုးသား ညီလာခံတရပ် ကျင်းပရန် DKBA ဖိတ်ခေါ်ခြင်း
Subscribe to:
Post Comments (Atom)
စောဘဦးကြီးမူလေးရပ်
ကရင်နေ.ထူးနေ.ရက်များ
နအဖ တို.ပြောသောစကား
စိတ်ဝင်စားသောဆိုဒ်များ
သတင်းဝက်ဆိုဒ်များ
Category
- ကရင်သတင်း (1)
- ၀မ်းနည်းကြောင်းသ၀ဏ်လွှာ (1)
- ၂၇၄၉ကရင်နှစ်သစ်ကူးနေ. (1)
- IDP(karen internally Displace People) (1)
- ကဗျာ (5)
- ကရင်ပြည်နယ်နေ. (1)
- ကရင့်ယဉ်ကျေးမူ.ှနှင့်ဓလေ့များ (2)
- ကရင့်ရိုးရာ (4)
- ကရင်သတင်း (534)
- ကရင့်သတင်း (285)
- ကရင့်သမိုင်း (6)
- ကရင်သီချင်း (2)
- ကရင့်အမျိုးသားအာဇာနည်နေ့ (1)
- ကရင်နှစ်သစ်ကူး (3)
- ကရင်နှစ်သစ်ကူးနေ. (4)
- ကရင်နှစ်သစ်ကူးနေ. သ၀ဏ်လွှာ (1)
- ကာတွန်း (1)
- ဆက်သွယ်မေးမြန်းခန်း (1)
- ဆုတောင်း (2)
- ထုတ်ပြန်ကြေငြာချက် (6)
- ဓာတ်ပုံ (9)
- ဖိတ်စာ (5)
- ဖိတ်ကြားလွှာ (2)
- ဗွီဒီယို (61)
- ဗွီဒီယို (11)
- ပြည်ပရောက် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် (1)
- မိန်.ခွန်း (2)
- လူငယ်များ၏ စကားလက်ဆောင် (1)
- လူမူရေး (1)
- သ၀ဏ်လွှာ (4)
- သတင်း (2)
- သတင်းအာဘော် (2)
- သဘောထား (1)
- အမြင်သဘောထား (1)
- အာဇာနည်တို.စကား (1)
- ဆောင်းပါး (3)
- တောင်ကိုရီးယားနိုင်ငံ ကရင်ချည်ဖြူဖွဲ.မင်္ဂလာဓာတ်ပုံများ (1)
- ပေးစာ (2)
- ကြော်ငြာ (7)
- ကြော်ငြာချက် (3)






0 comments:
Post a Comment