Wednesday, March 7, 2012

နိုင်ငံတကာ ကရင်အမျိုးသား ကွန်ဖရန့်ဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲ



ကရင်အမျိုးသား အစည်းအရုံး KNU နဲ့ မြန်မာအစိုးရတို့အကြား ပြုလုပ်နေတဲ့ ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်တဲ့ နိုင်ငံတကာ ကရင်အမျိုးသား ကွန်ဖရန့်ကို ကရင်ပြည်နယ်
ဖာပွန်ခရိုင်မှာ ၄ ရက်ကြာ ပြုလုပ်ခဲ့ပြီး ကွန်ဖရန့် အပြီးမှာတော့ အဲ့ဒီ ကွန်ဖရန့်နဲ့ ပတ်သက်တဲ့ သတင်းစာ ရှင်းလင်းပွဲကို မတ်လ ၅ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ရှိတဲ့ နိုင်ငံခြား
သတင်းထောက်များ ကလပ်မှာ ပြုလုပ် ခဲ့ပါတယ်။ ဒီသတင်းစာ ရှင်းလင်းပွဲမှာ နိုင်ငံတကာ ကရင်အမျိုးသား ကွန်ဖရန့်ရဲ့ပြောရေး ဆိုခွင့် ရှိသူတွေဖြစ်တဲ့ နမ့်ဇိုယာဖန်း၊ နော်ကညောဖောနဲ့
စကက်နက်မိုးတို့က နိုင်ငံတကာ သတင်းဌာန သတင်းထောက်တွေရဲ့မေးမြန်းမှုတွေကို ဖြေကြားသွားခဲ့တယ်ဟု သိရှိရပါတယ်။

http://www.burmavjmedia.net/?p=8653

0 comments:

Post a Comment