မြန်မာအစိုးရနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းကမှ ငြိမ်းချမ်းရေး သဘောတူညီမှု ရထားတဲ့ ကေအန်ယူ / ကေအန်အယ်လ်အေ ငြိမ်းချမ်းရေး ကောင်စီအဖွဲ့ဟာ ဒီကနေ့ ညနေပိုင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို သူရဲ့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။
ငြိမ်းချမ်ရေးကောင်စီ ဥက္ကဋ္ဌ စောဌေးမောင်နဲ့အတူ အဖွဲ့ဝင် ၁၄ ဦး လိုက်ပါသွားပြီး ဒေသဖွံ့ဖြိုးရေးကိစ္စတွေနဲ့ တိုင်းရင်းသားအရေး ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
တွေ့ဆုံအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ စောဌေးမောင်တို့ နှစ်ဖက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဦးခွန်သာမြင့်က ပြောပါတယ်။
“ဗိုလ်ချုပ်ကြီးစောဌေးမောင် ဦးဆောင်ပြီးတော့ပေါ့၊ ဗိုလ်မှူးချုပ် ဒေါက်တာတင်မသီဆိုတာ ပါတယ်။ နောက် ဗိုလ်မှူးကြီး ၂ ယောက်ပါတယ်။ ဗိုလ်မှူး ၃ ယောက်ပါတယ်။ နောက် တခြား အမျိုးသမီးတွေလည်း ပါပါတယ်။ ကား ၂ စီးနဲ့ လာတာပေါ့လေ၊ ၁၄ယောက်။ အဲဒါနဲ့ အစ်မနဲ့ ပြောကြပါတယ်။ သတင်းစာရှင်းလင်းပွဲလေး လုပ်ပါတယ်။ ဗိုလ်ချုပ်ကြီး စောဌေးမောင်ကတော့ ကရင်လို ပြောတယ်ပေါ့။ ဒေါက်တာတင်မသီက ဘာသာပြန်ပါတယ်။ အစ်မကလည်း ခဏပြောပါတယ်။”
ကေအန်ယူ၊ ကေအန်အယ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ နေ့မှာ အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပြီး ကရင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ပဏာမ သဘောတူညီချက် လက်မှတ် ရေးထိုးခဲ့ပါတယ်။
ဒါဟာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နေအိမ်အကျယ်ချူပ်ကျနေရာမှ လွတ်မြောက်အပြီးမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေထဲက ကေအန်ယူ/ကေအန်အယ်အေ ငြိမ်းချမ်းရေးကောင်စီကို ပထမဦးဆုံး တွေ့ဆုံခဲ့တာလည်း ဖြစ်ပါတယ်။
ဒြပ်မဲ့ပုံတူ
10 years ago
0 comments:
Post a Comment