Sunday, January 15, 2012

ကရင်ပြည်နယ်တွင် မြန်မာ့အကြီးဆုံး ရွှေကြောတွေ့ရှိ


အမေရိကန်ဂြိုလ်တု Landsat 7 ၏ အကူအညီဖြင့် မြန်မာပြည်၏ အကြီးဆုံးရွှေကြောကြီးကို ရှာဖွေတွေ့ရှိခဲ့ကြောင်း မြန်မာ့ဘူမိဗေဒပညာရှင်တစ်ဦးဖြစ်သူ အငြိမ်းစားပါမောက္ခ ဦးစိုးသိန်းက ယမာန်နေ့ စနေနေ့တွင် ပြောကြားခဲ့ပါသည်။ တွေ့ရှိသည့်နေရာသည်၊ မြန်မာပြည်အရှေ့ပိုင်း ကရင်ပြည်နယ်၊ ဖါပွန်၊ လှိုင်းဘွဲနှင့် ဖါးအံမြို့နယ် အနောက်ဖက် နေရာ တ၀ိုက်တွင် တည်ရှိကြောင်း သိရပါသည်။

အရင်က အသေအချာမသိရသေးသော်လည်း အခုမှတိကျသည့် နေရာကိုရှာ ဖွေတွေရှိ့ပြီးဖြစ်ကြောင်း ဦးစိုးသိန်းကဆိုပါသည်။ တန်ချိန် ထောင်ပေါင်းစွာ ရှိပြီး ၊နှစ်ပေါင်းများစွာ ထုတ်ယူနိုင်ောကာင်း လည်းဆိုပါသည်။ သတ္ထုတွင်းဌါနအဆိုအရ မြန်မာပြည်တွင် လက်ရှိရွှေတွင်းပေါင်း ၂၂ ခုရှိကြောင်း သိရပါသည်။

http://www.phophtaw.org/burmese/index.php/news/short-news/1013-2012-01-15-02-41-08.html

0 comments:

Post a Comment