Monday, January 9, 2012

ကရင်ပြည်နယ်က ဘုရား​ပွဲမှာ ဗုံး​ကွဲ လူ​သေဆုံး​မှုရှိ

ကရင်ပြည်နယ် ကြာအင်း​ဆိပ်ကြီး​မြို့​နယ် အနန်း​ကွင်း​ကျေး​ရွာ ဘုရား​ပွဲမှာ ဗုံး​ကွဲလို့​ လူ ၄ ဦး​ ​သေဆုံး​ပြီး​ ၃၀ ​ကျော် ဒဏ်ရာရပါတယ်။

ဇန်နဝါရီ ၇ ရက် ညသန်း​ခေါင်မှာ ​ပေါက်ကွဲခဲ့​တာလို့​ ဘုရား​ပွဲကို ​ရောက်ခဲ့​တဲ့​ အနန်း​ကွင်း​ရွာသူတဦး​က “၇ ရက်​နေ့​က ဘုရား​ပွဲစတယ်။ ဘုရား​ပွဲစတဲ့​ညမှာပဲ ညသန်း​ခေါင်​လောက်မှာ ဗုံး​ပေါက်မှု ဖြစ်တာ။ ​နေ​နေရင်း​နဲ့​ ဒီလိုအသံ ​ဝေါခနဲဆိုပြီး​ အသံအကျယ်ကြီး​ ​ပေါက်ကွဲသွား​တာ။ ကျမတို့​ အဲဒီနား​မှာပဲ ကျမကို မထိလို့​ အရမ်း​ ကံ​ကောင်း​သွား​တယ်။ လူက​တော့​ ၃ ဦး​ ပွဲချင်း​ပြီး​ ​သေတယ်။ ​နောက်တဦး​က ​ဆေး​ရုံမှာ ဆုံး​သွား​ပါတယ်။ ​ဆေး​ရုံမှာ ​သေဆုံး​သွား​တဲ့​သူက အသက် ၁၂ အရွယ်က​လေး​ ဖြစ်ပါတယ်။ ဒဏ်ရာရသူက​တော့​ ၃၀ ​ကျော်တယ်။ ၃၀ ဘယ်​လောက်လဲ​တော့​ အတိအကျ မသိဘူး​။ ဒဏ်ရာရ လူနာ​တွေကို​တော့​ အဲဒီညတွင်း​ချင်း​ပဲ ​မော်လမြိုင်​ဆေး​ရုံကို ပို့​ပါတယ်။”

မော်လမြိုင်​ဆေး​ရုံကို ​မေး​မြန်း​ရာ တာဝန်ကျဆရာမက “​ယောကျာ်း​လေး​ ၃ ​ယောက်၊​ မိန်း​ခ​လေး​ ၄ ​ယောက်ပါ။ လူနာ​တွေက​တော့​ ပြင်ပလူနာဌာန​ပေါ့​။ လူနာကို အရေးကြီးရင် ကြီးသလို အ​ဆောင်​တွေ ခွဲ​ပေး​ပြီး​ တင်လိုက်ရတယ်။ အရိုး​ဆောင်ရယ်၊​ က​လေး​ခွဲစိတ်​ဆောင်၊​ အမျိုး​သမီး​ ခွဲစိတ်​ဆောင်တို့​ အဲလို ပြန်တင်​ပေး​လိုက်ရတယ်။”

ဆေး​ရုံကို ၇ ဦး​ ​ရောက်သွား​ပြီး​ ကျန် ဒဏ်ရာရသူတချို့​က ရွာ​ဆေး​ခန်း​မှာပဲ ​ဆေး​ကုသမှု ခံယူတယ်လို့​ ​ကေအန်ယူ တပ်မဟာ ၆ က တာဝန်ရှိသူ ​စောထဲ​နေက ဒီဗွီဘီကို ​ပြောပါတယ်။

ဒီဗုံး​ကွဲမှုမှာ ဘယ်သူက ဘာရည်ရွယ်ချက်နဲ့​ ​ဖောက်ခွဲတယ်ဆိုတာ မသိရ​သေး​ပါဘူး​။ ဒဏ်ရာသူ​တွေ အများ​စုဟာ အနန်း​ကွင်း​ရွာနား​က ရွာသား​တွေ ဖြစ်တယ်လို့​ ​ဒေသခံ​တွေက ​ပြောဆိုပြီး​ ဒီတရား​ခံမ​ပေါ်တဲ့​ ​ပေါက်ကွဲမှု​ကြောင့်​ စိုး​ရိမ် ထိတ်လန့်​နေကြပါတယ်။

ကရင်အမျိုး​သား​အစည်း​အရုံး​ (​ကေအန်ယူ) ဒု-ဥက္ကဋ္ဌ ပဒို​ဒေး​ဗစ်သာက​ပေါ က​တော့​ ​ကေအန်ယူက ဒီ​ပေါက်ကွဲမှုနဲ့​ မပတ်သက်ဘူး​လို့​ ​ပြောပါတယ်၊

“ကျ​နော်တို့​ အ​နေနဲ့​တော့​ စိတ်မ​ကောင်း​ဘူး​။ အခုလို ကြား​သိရတာ။ ဒါ​ကေအန်ယူ အလုပ်​တော့​မဟုတ်ဘူး​။ ကျ​နော်တို့​ကလည်း​ ငြိမ်း​ချမ်း​ရေး​၊​ အတွက်ကို ကြိုး​စား​နေတာ​ပေါ့​။ အခုက အပစ်အခတ် ရပ်စဲ​ရေး​ပေါ့​။ အဲဒီအတွက် ကြိုး​စား​နေတယ်။ ဒါက ကျ​နော်တို့​လုပ်တာ မဟုတ်ဘူး​။ ဒါကို ဖျက်ချင်တဲ့​အုပ်စု​တော့​ ရှိမယ်လို့​ ထင်တယ်​လေ။ အဲလိုဗုံး​ပေါက်ကွဲမှု​တွေ ဘာ​တွေလုပ်တာ။ ​ကေအန်ယူက​တော့​ မဟုတ်တာ ​သေချာပါတယ်။”

ကရင်အမျိုး​သား​ အစည်း​အရုံး​ဟာ လာမယ့်​ ၁၂ ရက်​နေ့​ ကျရင် အစိုး​ရ ကိုယ်စား​လှယ်​တွေနဲ့​ ဘား​အံမြို့​မှာ အပစ်ခတ်ရပ်စဲ​ရေး​ သွား​ရောက် ​ဆွေး​နွေး​ဖို့​ ရှိ​နေပါတယ်။

0 comments:

Post a Comment