Monday, November 7, 2011

နအဖနှင့် ဒီကေဘီအေ အောက်ခြေ တပ်များ ဆွေးနွေး


နိုဝင်ဘာ (၆) ရက်နေ့ သည်၊ ဗိုလ်မှူးချုပ် စောလားဖွယ် ဦးဆောင်သော ဒီကေဘီအေ တပ်ဖွဲ့ နှင့် နအဖတို့  အပစ်အခတ် ရပ်စဲ ရေးနေ့ အဖြစ် သတ်မှတ် ထားသဖြင့် တပ်နေရာ ချထားရေးအတွက် ဒီကေဘီအေ ဒုဦးစီးချုပ် ဗိုလ်မှူးကြီး မိုရှေးနှင့် အဖွဲ့သည် ယနေ့ မနက် (၈) နာရီတွင်၊ မြ၀တီမြို့ နယ် တောင်ဖက်ရှိ သေ့ဘောဘိုး စစ်ဗျူဟာ စခန်း၌ တပ်မ(၂၂)မှ နည်းဗျူဟာ (၁) မှူး နှင့်တွေ့ ဆုံဆွေးနွေးခဲ့ပါသည်။ ယင်းတွေ့ ဆုံပွဲတွင် အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရေးအတွက် နှစ်ဖက်တပ်များ တွေ့ ဆုံရန် အပါဝင် ဆုံစည်းမြိုင် ကျေးရွာရှိ တောင်နီ တံတား ထိပ်မှ ဒီကေဘီအေ စခန်းဟောင်းများကို ပြုပြင်ခြင်းနှင့် ဒေသ ဖွံ့ ဖြိုး ရေးနှင့် ပါတ်သက်သော လုပ်ငန်းများကို ဆွေးနွေးပါသည်။

“ ဝေါလေကိုမြို့ နယ်ခွဲအဖြစ် သူတို့ သတ်မှတ်ထားတယ်လေ၊ အဲဒီအတွက် လမ်းတံတားနဲ့ စာသင်ကျောင်းတွေကို ဘယ်လိုပူးတွဲလုပ်ဆောင်မလဲ ဆိုတာကို ဆွေးနွေးကြပါတယ်။ ပြီးတော့ အောက်ခြေတပ်အချင်းချင်း မနေ့ ကတွေ့ ဆုံခိုင်းပါတယ်။ အဲဒါ တပ်မ(၂၂) က နည်းဗျူဟာ(၁) လက်အောက်ခံ ခမရ(၂၀၄) ဗိုလ်မှူးသက်နိုင်ထူးနဲ့ တွေ့ ပါတယ်။ အပြန် အလှန် ယုံကြည်မှုတည်ဆောက် ရေးပေါ့၊ လူထုကိုလည်း မြင်စေချင်တယ်လေ၊ တကယ်အပစ်အခတ် ရပ်သွားပြီးဆိုတာကို ဒါပါဘဲ။” ဟု ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစန်းအောင်က ဆိုပါသည်။

အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရေး၊ တပ်စခန်းနေရာချထားရေး၊ ဒေသဖွံ့ ဖြိုးရေးတို့ သည်၊ နှစ်ဖက်သဘောတူထားသည့် အချက်များဖြစ်ပါသည်။ ဝေါလေမြို့ နယ်ခွဲ အသစ်သည်၊ အမှတ်(၁၉) အုပ်စုဟု ခေါ်တွင်သော ဝေါလေပတ်ဝန်းကျင် ကျေးရွာ(၁၉)ရွာကို ခေါ်ပါသည်။ ဤနေရာထဲ၌ ဆုံဆည်းမြိုင်ကျေးရွာအနီးရှိ တောင်နီတံတား အနီးတွင် ဒီကေဘီအေ ရုံးကို ထားရှိမည်ဖြစ်သည်။

ဤတွေ့ ဆုံဆွေးနွေးပွဲကို ဒီကေဘီအေ ဒုဦးစီးချုပ် ဗိုလ်မှူးကြီး မိုရှေးအပါဝင် ဗိုလ်မှူးမောင်လေး၊ ဗိုလ်မှူးစိန်ဝင်း၊ ဗိုလ်မှူးပိဒါးတို့ လည်း တက်ရောက်ခဲ့ပါသည်။ နအဖတို့ သည်၊ အပစ်အခတ် ရပ်စဲရေးနဲ့  ဒီကေဘီအေ၏ စစ်ရေးလှုပ်ရှား၊ ထိမ်းချုပ်ပြီးမြ၀တီ ၊ကော့ကရိတ် ကားလမ်းသစ်ဖေါက်လုပ်ရေး၊ အမိန့် မနာခံတော့သည့် ၄င်းတို့ ၏ တပ်ဖွဲ့ များအား မွမ်းမံရေးအတွက် အချိန်ရရှိသွားမည်ဖြစ်ပါသည်။

http://www.phophtaw.org/burmese/index.php/news/local-news/778-2011-11-07-14-56-24.html

0 comments:

Post a Comment