ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ခြေစိုက် အစိုးရတပ် ခမရ ၃၅၇ တပ်က ကော့ကရိတ်မြို့နယ် သဒ္ဒါကုန်း အနီးမှာရှိတဲ့ ဒီကေဘီအေ ကလိုထူးဝါးတပ်ကို သွားရောက်ထိုးစစ်ဆင်တဲ့အတွက် မနေ့ နေ့ခင်းပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
နာရီဝက်လောက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှု အတိအကျ မသိရသေးဘူးလို့ ဒီကေဘီအေ ကလိုထူးဝါးတပ်ကဗိုလ်ကြီး စောသရီးတူးက ပြောပါတယ်။
“သဒ္ဒါကုန်းအပေါ်က ဗိုလ်ကျော်သက်အဖွဲ့ကနေ အခြေပြုတဲ့ နေရာမှာ ခမရ ၃၅၇ က လာကင်းလှည့်တဲ့အချိန်မှာ ကျနော်တို့နဲ့ပစ်ခတ်မှုဖြစ်တယ်။ နအဖဘက် ထိခိုက်မှုတော့ စုံစမ်းဆဲပဲ။ ကျနော်တို့ဘက်မှာတော့ ထိခိုက်မှုမရှိဘူး။ တိုက်ပွဲက ၂၅ မိနစ်လောက်ကြာတယ်။”
အောက်တိုဘာလ ၂၁ ရက်နေ့ ညပိုင်းကလည်း မြဝတီမြို့နယ် တောင်နီနဲ့ သုံးအိမ်းစုရွာကြားမှာလည်း တိုက်ခိုက်မှု တခုဖြစ်ပွားခဲ့ပါတယ်။
ကရင်ပူးပေါင်းတပ်ဖွဲ့တွေက သူတို့နယ်မြေအတွင်းလှုပ်ရှားလာတဲ့ အစိုးရတပ် ခမရ ၂၀၅ တပ်ရင်းကို ဆွဲမိုင်းနဲ့တိုက်ခိုက်ခဲ့တဲ့အတွက် အစိုးရတပ်က ၁၁ ဦးကျဆုံးပြီး ၄ ဦးဒဏ်ရာရ ရှိခဲ့တယ်လို့လည်း ဗိုလ်ကြီးစောသရီးတူးက ပြောပါတယ်။
ဒြပ်မဲ့ပုံတူ
11 years ago






0 comments:
Post a Comment