Friday, August 12, 2011

၆၁ နှစ်​မြောက် ကရင်အာဇာနည်​နေ့​အခမ်း​အနား​ ကျင်း​ပ


ဒီ​နေ့​ကျ​ရောက်တဲ့​ ၆၁ နှစ်​မြောက် ကရင်အာဇာနည်​နေ့​ကို ကရင်အမျိုး​သား​အစည်း​အရုံး​ရဲ့​ တပ်မဟာ ၆ တပ်ရင်း​ ၂၀၁ တည်ရှိရာ နယ်​မြေမှာ ကျင်း​ပခဲ့​ပါတယ်။

အခုနှစ် ကျင်း​ပတဲ့​ ကရင်အာဇာနည်​နေ့​ အခမ်း​အနား​နဲ့​ ပတ်သက်ပြီး​ ​ကေအန်ယူ ​ကေအန်အယ်လ်​အေ ဗဟိုအထူး​တပ်ဖွဲ့​က ဗိုလ်မူး​ကြီး​ နာဒါး​မြက အခုလို ရှင်း​ပြပါတယ်။

“ဒီ​နေ့​က​တော့​ လူထုလည်း​ အများ​ကြီး​လာတယ်၊​ မျိုး​ဆက်သစ်​တွေလည်း​ လာတယ်။ ဒီမျိုး​ဆက်သစ်အတွက်က​တော့​ ကျ​နော်တို့​ ​တော်လှန်​ရေး​ မ​အောင်မြင်သမျှ ဆက်ပြီး​တော့​ လုပ်ရမယ်။ တူတူချီတက်ပြီး​တော့​ အား​လုံး​ကြိုး​စား​ပြီး​တော့​ ​အောင်မြင်မှု ရှိ​အောင် ကျ​နော်တို့​ လုပ်ရမယ်။”

ဒီအခမ်း​အနား​ကို ကရင်အမျိုး​သား​အစည်း​အရုံး​ ​ကေအန်ယူ ​ခေါင်း​ဆောင်​တွေနဲ့​ အတူ ​ကေအန်ယူနဲ့​ ပြန်လည်ပူး​ပေါင်း​လာတဲ့​ ဒီ​ကေဘီ​အေအဖွဲ့​ဝင်​တွေ၊​ ​ဒေသခံ ရွာသား​တွေလည်း​ တက်​ရောက်ခဲ့​ပြီး​ စစ်​ရေး​ပြအခမ်း​အနား​နဲ့​အတူ အာဇာနည်​ကျောက်တိုင်ကို ပန်း​ခွေချတဲ့​ အခမ်း​အနား​တွေကို ကျင်း​ပခဲ့​ပါတယ်။

ကရင်အာဇာနည်​နေ့​ကို ကရင်အမျိုး​သား​ခေါင်း​ဆောင်ကြီး​ ​စောဘဦး​ ကျဆုံး​တဲ့​ ဩဂုတ်လ ၁၂ ရက်​နေ့​ကို သတ်မှတ်ထား​တာဖြစ်ပြီး​ ကရင်ပြည်နယ်တွင်း​ရှိ ​ကေအန်ယူ တပ်စခန်း​အသီး​သီး​မှာ နှစ်စဉ်နှစ်တိုင်း​ ကရင်အာဇာနည်​နေ့​ကို ကျင်း​ပပါတယ်။

http://burmese.dvb.no/archives/14123

0 comments:

Post a Comment