Thursday, August 4, 2011

ကရင့်အာဇာနည်နေ့အတွင်း နယ်စပ်လုံခြုံရေး သတိထားရန် ကရခ ညွှန်ကြား

သြဂုတ်လ ၄ရက်။ စောသိန်းမြင့် (ကေအိုင်စီ)


(ကရင့်အမျိုးသားအာဇာနည် စောဘဦးကြီး)

သြဂုတ်လ ၁၂ရက်နေ့၊ ကရင်အမျိုးသားအာဇာနည်နေ့တွင် နယ်စပ်ဒေသရှိ တပ်စခန်းများအား ကေအဲန်ယူတပ်ဖွဲ့မှ အ လစ်ငိုက် ၀င်ရောက်တိုက်ခိုက်လာနိုင်သဖြင့် သတိထားကြရန် ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်(ကရခ)က ယခုလ ၂ရက်နေ့တွင် ညွှန်ကြား လိုက်သည်ဟု စစ်ဖက်ဆိုင်ရာသတင်းများအရ သိရသည်။

တနင်္သာရီတိုင်းရှိ နယ်စပ်အထောက်အကူပြုတပ်စခန်းများကို ယခုလ သြဂုတ်လ ၂ရက်နေ့မှစ၍ ၂၄နာရီလုံး တပ်နေရာ အသင့်ယူ ခြင်း၊ တ၀က်အိပ် တ၀က်နိုးစနစ် ကျင့်သုံးခြင်းနှင့် ဆက်သွယ်မှုလုံးဝ မပြတ်တောက်စေရေး တာဝန်ရှိသူအဆင့်ဆင့်မှ လက် အောက်ခံ တပ်ဖွဲ့ဝင်များအား စနစ်တကျ နေရာယူ ဆောင်ရွက်သွားကြရန် ညွှန်ကြားလိုက်ခြင်းဖြစ်သည်။

ထိုဒေသရှိ စစ်တပ်နှင့်နီးစပ်သူတဦးက “နယ်စပ်မှာရှိတဲ့ တပ်စခန်းအားလုံးကို ညွှန်ကြားတာပါ။ ဒါကလည်း ဒီနှစ်မှစပြီး ညွှန်ကြား တာ မဟုတ်ပါဘူး။ ဒီ ကရင့်အာဇာနည်နေ့ကျရောက်တဲ့ ခါတိုင်းနှစ်တွေလည်း ညွှန်ကြားတာပဲ။”ဟု ကေအိုင်စီကို ပြောသည်။

၎င်းကိစ္စနှင့်ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) တွဲဘက်အတွင်းရေးမှူး(၁) ဗိုလ်မှူးစောလှငွေက “သူတို့လူ တွေ မကြာခဏ တိုက်ခိုက်ခံရတဲ့အပေါ်မှာ ဒီလိုမျိုး နေ့ကြီးရက်ကြီး ရောက်လာရင် ထပ်ပြီး တိုက်ခိုက်ခံရမှာစိုးရိမ်လို့ သူတို့တပ် တွေ အမြဲတမ်း သတိဝိရိယရှိဖို့ Alert (သတိပေး)တဲ့ သဘောပါဘဲ။ ဒါပေမယ့်လို့ ကျနော်တို့ ကေအဲန်ယူအနေနဲ့က ဒါမျိုး နေ့ကြီး ရက်ကြီးတွေမှာ တခါမှ တိုက်ပွဲဆင်နွှဲတာ မရှိခဲ့ပါဘူး။”ဟု ပြောသည်။

(ကရင့်အမျိုးသားအာဇာနည် စောဘဦးကြီး)
ကရင့်အမျိုးသားခေါင်းဆောင် စောဘဦးကြီး၊ ဗိုလ်ချုပ်စိုင်းကေနှင့် တပ်မှူးတပ်သားအချို့သည် ကရင်ပြည်နယ် ကော့ကရိတ်မြို့ နယ်၊ ထို့ကော်ကိုးကျေးရွာ (ယခု ဗိုလ်ချုပ်ထင်မောင် ဦးစီးသည့် ကရင်ငြိမ်းချမ်းရေးကောင်စီ အခြေစိုက်)တွင် မဆလတပ်များ၏ ၀ိုင်းဝန်းတိုက်ခိုက်မှုကို ခုခံရင်း ကျဆုံးသွားခဲ့သည့် ၁၉၅၀ခုနှစ်၊ သြဂုတ်လ ၁၂ရက်နေ့ကို ကရင့်အမျိုးသားအာဇာနည်နေ့အဖြစ် သတ်မှတ်လာခဲ့ကြသည်။

ယခုနှစ် သြဂုတ်လ ၁၂ရက်နေ့သည် ၆၁နှစ်မြောက် ကရင့်အာဇာနည်နေ့ဖြစ်ပြီး ထိုနေ့တွင် ကေအဲန်ယူ ထိန်းချုပ်ရာနယ်မြေများ တွင် ကျင်းပရန်ရှိသလို ပြည်ပရောက် ကရင်လူမျိုးများကလည်း ၎င်းတို့ ရောက်ရှိသည့်နိုင်ငံများ၌ ကျင်းပရန် စီစဉ်လေ့ရှိသည်ဟု သိရသည်။

http://www.kicnews.org/?p=6791

0 comments:

Post a Comment