ဒီကနေ့မနက် ၈ နာရီခွဲလောက်မှာ ကရင်ပြည်နယ် မြဝတီမြို့က တရားရုံးနဲ့ ရဲစခန်းရှေ့က လက်ဘက်ရည်ဆိုင်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ ပါတယ်။
ပေါက်ကွဲမှုဖြစ်စဉ်မှာ ဘယ်သူတဦး တယောက်မှ ထိခိုက်မှုမရှိဘူးလို့လဲ သိရပြီး လက်ပစ်ဗုံးကွဲမှုမဟုတ်ပဲ ထောင်မိုင်း ဖြစ်နိုင်တယ်လို့ မြို့ခံတွေက ပြောပြလို့ သိရှိရပါတယ်။
ဒီမနက် မြဝတီမြို့က ဗုံးပေါက်ကွဲမှု အခြေအနေကို မြို့ခံတဦး ခုလို ပြောပြလာတာကတော့
“တရားရုံးနဲ့ ရဲစခန်းနားက လက်ဘက်ရည်ဆိုင်မှာကွဲတာ။ တယောက်မှထိုခိုက်မှုမရှိပါဘူး။ ညကတည်း အခြေအနေ တွေ ရုတ်ရုတ်ဖြစ်နေတာလေ ရပ်ကွက်လူကြီးတွေပေါ့ မြို့ထဲကို ဖေါက်ခွဲရေးသမားတွေ ဝင်လာတယ်ဆိုပြီး တမြို့လုံး လိုက်မွှေနေတယ်။ ခု မနက်တော့ ဗုံးပေါက်တာပဲ။ အခြေအနေတွေကတော့ မကောင်းတော့ပါဘူး လုပ်ကိုင်စား ရတာ ခက်ကုန်ပြီ ဗုံကလည်း ခဏခဏပေါက်တယ်။ နေပြည်တော်က ဆင်းလာတယ်ဆိုပြီး ပစ္စည်းတွေလည်း ခဏခဏ ဖမ်းတွေ မနေ့ကပဲ ဗမာပြည်ဆင်းမယ့် ကုန်သည်ဆီက တရားမဝင်ကုန်တွေ ဆိုပြီး ကားခြောက်စီးစာ ဖမ်းလိုက်တယ်။ ဘာတွေမှန်းမသိတော့ပါဘူး” လို့ ပြောပြသွားပါတယ်။
ပြီးခဲ့တဲ့ ၁၁ နေ့ကလည်း ကော့ကရိတ်မြို့ပတ်လည်က နေရာအတော်များများက ကြံ့ဖွံ့အစိုးရတပ်တွေ ရှိတဲ့ နေရာတွေ ကို ဒီကေဘီအေတပ်တွေ ဝင်ရောက်တိုက်ခိုက်တဲ့ဖြစ်စဉ်တွေမှာ ကြံ့ဖွံ့အစိုးရ စကခ (၁၂) လက်အောက်ခံ ခမရ ၂၃၀ က အရာရှိတဦး သေဆုံးခဲ့တယ်လို့ ကရင်သတင်းစဉ်မှာ ဖေါ်ပြထားပါတယ်။
http://www.naytthit.net/?p=12984
ဒြပ်မဲ့ပုံတူ
10 years ago
0 comments:
Post a Comment