Thursday, February 17, 2011

ဒေါနမြေမှ ဟစ်ကြွေးသံ (သို့) ဖလူးတိုက်ပွဲ

အခုထွက်ရှိတဲ့ ဒေါနမြေမှ ဟစ်ကြွေးသံ (သို့) ဖလူးတိုက်ပွဲခွေဟာ
(၂)နာရီကျော်စာ ရှိပါတယ်။အခု တင်ပေးတဲ့ ဖလူးတိုက်ပွဲရုပ်သံက
(၁၆)မိနစ်စာသာရှိတဲ့နမူနာပြကွက်သာဖြစ်ပါတယ်။ဒီအခွေထဲမှာပါတဲ့
တိုက်ပွဲတွေဟာ တကယ်ဖြစ်ရပ်မှန်တွေပေါ့ တန်းတူညီမျှအခွင့်ရေးအတွက်
လူအခွင့်ရေးဆုံးရှုံးမူ.တွေ ဒီမိုကရေစီတွေရရှိမယ့် စစ်မှန်တဲ့ ဖယ်ဒရယ်
ပြည်ထောင်စု ပေါ်ပေါက်ရေး ပြည်ထောင်စုသား တိုင်းရင်းသား
ညီအစ်ကိုတွေအားလုံးရဲ.ကိုယ်စား ကျရာနေရာ တာဝန်ကနေ ပေးဆပ်နေတဲ့
တိုက်ပွဲဝင်ရဲဘော်သူရဲကောင်းအပေါင်းရဲ.သမိုင်းမှတ်တမ်းဆိုလျှင်လည်း
မှားမယ်မထင်ပါဘူး။

မိတ်ဆွေတို.သာ ဒီတိုက်ပွဲအခွေကိုရရင်
ရင်ဘက်ထဲကနေကြည့်လိုက်ပါ သူတို.ဘာကြောင့်ပေးဆပ်လဲဆိုဒါကို
မိတ်ဆွေတို.နှလုံးသားက နားလည်ခံစားပေးဆပ်တက်လာမှာပါ
ဒီတိုက်ပွဲခွေကို လိုချင်တယ်ဆိုရင် ကြော်ငြာထားတဲ့လိပ်စာအတိုင်းမှာယူနိုင်သလို
ကိုရီးယားရောက်ညီအစ်ကို မောင်နှမများကလဲ ကျတော်
ဆုတောင်း ၀၁၀ ၆၂၈၄ ၃၈၀၄ထံတွင် ဆက်သွယ်မှာယူကြည့်ရှု.နိုင်ပါကြောင်း။

မတရားမှုကို တွန်းလှန်တဲ့ ဝေါ်လေ၊ဖလူးတိုက်ပွဲမှာ
ပင်ပန်းဆင်းရဲစွာ ပါဝင်ဆင်နွှဲခဲ့ကြတဲ့ ကရင့်အမျိုးသားသူရဲကောင်းများနဲ့
ကျောင်းသားတပ်မတော်အားလုံးကို ဂုဏ်ပြုအပ်ပါတယ်။

0 comments:

Post a Comment