
January 12, 2011
ဒီကေဘီအေတပ်ဖွဲ့မှ ထိုင်းရွာသားတဦးကို ပြန်ပေးဆွဲပြီး ဘတ်သုံးသိန်းတောင်းတယ်ဆိုတဲ့ သတင်းတပုဒ်ကို ဘန် ကောက်ပို့စ် အွန်လိုင်းမှာ ဇန်နဝါရီလ ၁၂ ရက်နေ့ ဒီကနေ့မှာ ဖေါ်ပြထားတာတွေရှိရပြီး အဲဒီသတင်းကိုပဲ လွတ်လပ်တဲ့ အာရှအသံ အာအက်ဖ်အေ မြန်မာပိုင်းကလည်း ဒီမနက်မှာ ထပ်မံကိုးကားပြီး ရေဒီမှာ တင်ဆက်သွားခဲ့ပါတယ်။
ဒီကေဘီအေ ကို ပြန်ပေးဆွဲငွေတောင်တယ်ဆိုတဲ့ သတင်းဖေါ်ပြချက်နဲ့ ပတ်သက်ပြီး ဒီအေဘီအေ တပ်မဟာ ၅ မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ဆန်းအောင် က အခုလို တုံ့ပြန်ပြောဆိုပါတယ် ….
“ဒီလိုမျိုးသတင်းထွက်လာတာဟာ ကျနော်တို့ကို ရည်ရွယ်ချက်ရှိရှိနဲ့ တခုခုဖြစ်စေချင်တဲ့ သဘောထားတွေ တွေ့ရတယ်၊ နောက်ပြီးတော့ ဒီငွေသုံးသိန်းလောက်နဲ့ ကျနော်တို့ လုပ်နေတဲ့ နိုင်ငံရေးသိက္ခာ ပွန်းပဲအောင်ဘယ်တော့မှ မလုပ်ဘူး။ အခု ပြန်ပေးဆွဲမှုဖြစ်တဲ့ နေရာမှာလဲ ကျနော်တို့တပ်တွေ အဖွဲ့ဝင်တွေ မရှိကြပါဘူး။ ကျနော်တို့ စုံးစမ်းကြား သိရသဘောက်ကတော့ သူတို့ ထိုင်းလူမျိုးချင်း ဖြစ်တဲ့ပြဿနာကို ကျနော်တို့ အဖွဲ့နာမည် ယူသုံးလိုက်တာလို့ ကြားရ တယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး ကျနော်တို့ ဘက်က လုံးဝမဟုတ်ဘူး ပြောချင်ပါတယ်။ ဒီသတင်းကို ဖေါ်ပြတဲ့ သ တင်းဌာန နဲ့ သတင်းရေးတဲ့ သူကိုပါ ဖုန်းနဲ့ကော အီးမေးနဲ့ပါ ဆက်သွယ်ပြီး ပြောပြထားပါတယ်”
၁၅ နှစ်ကျော်ကြာ နအဖနဲ့ အပစ်အခတ်ရပ်ထားရာက မြန်မာနိုင်ငံရဲ့ ၂၀၁၀ ရွေးကောက်ပွဲလုပ်တဲ့နေမှာပဲ နအဖ နဲ့ ဗိုလ်နှုတ်ခမ်းမွှေး ဦးဆောင်တဲ့ ဒီကေဘီအေ တပ်ဖွဲ့ဝင်တွေဟာ တိုက်ပွဲတွေ ပြည်လည်ဖြစ်ပွားခဲ့ပါတယ်။ အဲဒီအချိန်က စလို့ ဒီကေဘီအေ ဗိုလ်နှုတ်ခမ်းမွှေးကို ဆုငွေထုတ်ဖမ်းခိုင်းတာတွေ၊ ထိုင်းဘက်က သူ့ကို မဖမ်းပေးရင် မဲဆောက် မြ ဝတီ ကုန်သွယ်ရေးဂိတ် ပြန်မဖွင့်ပေးဘူးဆိုတာတွေ စတဲ့ အတည်ပြုလို့မရတဲ့ သတင်းတွေလည်း မကြာခဏ ထွက် ပေါ်လျက်ရှိပါတယ်။
ဒီကေဘီအေက ထိုင်းတယောက်ကို ဓားစာခံဖမ်းထား
ဇန်န၀ါရီ ၁၂၊ ၂၀၁၁ (ဘန်ကောက်ပို့စ်)
တာ့ခ်။ ။ ဒီကေဘီအေက မြန်မာနယ်ထဲမှာ ထိုင်းအမျိုးသားတဦးကို ဓားစာခံဖမ်းထားပြီး ဘတ်ငွေ ၃ သိန်းတောင်း တယ်လို့ ရဲက ပြောပါတယ်။ ခရိုင်ယန်ဆတ်လို့ သာသိတဲ့ လူတဦးကို တာ့ခ်ပြည်နယ်၊ အုန်းဖန်ခရိုင်ရဲ့တဖက်ကမ်းမှာ ပြန်ပေးဆွဲထားတယ်လို့ သူတို့က ပြောပါတယ်။ ခရိုင်ယန်ဆတ်ဟာ အုန်းဖန်ခရိုင်၊ မိုခရို တိုက်နယ်က ထာ့ပါပူး ရွာသား တဦးဖြစ်ပါတယ်။ မစ္စတာ ခရိုင်ယန်ဆတ်ဟာ တနေ့က ဒီကေဘီအေ အဖွဲ့တဖွဲ့နဲ့ ဘဏ္ဍာရေးကိစ္စတွေ ညှိနှိုင်းဖို့ နယ်စပ်ကို ဖြတ်ကျော်ပြီး မြန်မာပြည်ထဲကို ၀င်သွားပါတယ်။ ဒါပေမဲ့ ဒီကေဘီအေနဲ့ သဘောတူညီချက်မရတာကြောင့် ဒီကေဘီအေက သူ့ကို ဓားစာခံအဖြစ်ဖမ်းထားပြီး ဘတ်ငွေ ၃ သိန်းနဲ့ပြန်ရွေးဖို့ တောင်းတာဖြစ်တယ်လို့ ရဲက ပြောပါ တယ်။ ခရိုင်ယန်ဆတ်က ဒီငွေကို ပေးခဲ့တယ်လို့ ဒီကေဘီအေက ထုတ်ဖော်ပြောဆိုပါတယ်။
တာ့ခ်အုပ်ချုပ်ရေးမှူး ဆမတ်လွိုင်ဖက ခရိုင်ယန်ဆတ်ကိစ္စအတွက် ဒီကေဘီအေနဲ့ဆက်သွယ်ဖို့ အုန်းဖန်ခရိုင်မှူးချာ ၀င်ဆတ်ကို လွှတ်ထားပါတယ်။ မဲဆောက်ခရိုင် အထူးတပ်ဖွဲ့၊ တပ်ရင်း (၄) က မဟ၀မ်တိုက်နယ်၊ မယ့်ခွန်ကင်ရွာ တဖက်မှာရှိတဲ့ မနောက်ကျွန်းအနီး ဒီကေဘီအေနဲ့ မြန်မာစစ်တပ်အကြား လက်နက်ကိုင် ထိပ်တိုက်တွေ့နေတာကို တနေ့က စောင့်ကြည့်နေပါတယ်။ ထိုင်းမြေပေါ်မှာ K-81 လက်ပစ်ဗုံးသီးတွေ ကျရောက် ပေါက်ကွဲခဲ့တယ်လို့ အထူး တပ်ဖွဲ့သတင်းရပ်ကွက်က ဆိုပါတယ်။ ပေါက်ကွဲတဲ့ကျည်ဖူးတွေဟာ ထိုင်းနိုင်ငံထဲကို ပစ်ခဲ့တာ မဟုတ်ဘူး။ ဆိုတဲ့ မြန် မာစစ်တပ်ဆီက အာမခံချက်ကို တောင်းဆိုထားတဲ့မှတ်တမ်းကို ထိုင်းမြန်မာနယ်စပ်ကော်မတီရဲ့ ထိုင်းအဖွဲ့ဝင်တွေက မြ၀တီမှာရှိတဲ့ မြန်မာဖက်က ကော်မတီဝင်တွေကို ပေးပို့ခဲ့ပါတယ်။ ဒီကေဘီအေ စစ်သွေကြွတွေက မြန်မာစစ်သား တ ဖွဲ့ကို ၀ိုင်းထားတယ်။ မြန်မာစစ်သားတွေ အများအပြားသေကြေ၊ ဒဏ်ရာရတယ်လို့ သတင်းရပ်ကွက်က ဆိုပါတယ်။
http://www.bangkokpost.com/news/asia/215604/karen-rebels-hold-thai-man-hostage
http://www.naytthit.net/?p=6475
ဒြပ်မဲ့ပုံတူ
11 years ago






0 comments:
Post a Comment