Thursday, January 6, 2011

ကရင်ပြည်နယ် ကနဲလေး နှင့် ဝေါ်လေဒေသ တွင်တိုက်ပွဲများ ဆက်လက်ဖြစ်ပွား

January 6, 2011

အောင်မြင် ၊ကရင်ပြည်နယ် မြ၀တီမြို့အနီးရှိ ကနဲလေးနှင့် ဝေါ်လေဒေသအတွင်းတွင်
တိုက်ပွဲများဆက်လက် ဖြစ်ပွားနေကြောင်းFNG မှသတင်းရရှိသည်။ နယ်ခြားစောင့်အသွင်
ပြောင်းရေးနှင့် ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံသော ဗိုလ်မှုးချုပ်စောလားပွယ်ဦးဆောင်
သော DKBA တပ်များနှင့် နအဖများတိုက်ပွဲဖြစ်ပွားမများနေ့စဉ်ဖြစ်ပွားနေသည်။ ထိုတိုက်ပွဲကို
ကေအင်ယူတပ်များနှင့် ကျောင်းသားတပ်မတော် ပါပူးပေါင်းတိုက်ပွဲဝင် လျက်ရှိသည်။ ကရင်ပြည်နယ်အတွင်းနေရာ ဒေသ အချို့ တွင် နအဖတပ်အားခြုံခိုတိုက်ခိုက်ခြင်း၊ယှဉ်ပြိုင်
တိုက်ခိုက်ခြင်းများကြောင့် နအဖတပ်မှ အရာရှိ၊အကြပ်၊စစ်သည်များ အထိနာလျက်ရှိကြောင်း
သတင်းများရရှိသည်။

နအဖရဲဘော်များမှာ စစ်ရေးစွမ်းရည် မပြည့်ဝမှုအပြင် ရိက္ခာပြတ်လတ်မှု အခက်အခဲများကြောင့်
DKBA တပ်များထံ လက်နက်ချခြင်း၊အဖမ်းခံခြင်းတို့ဖြစ်ပွားနေသည်။ ဒီဇင်ဘာ ၅ရက်နေ့မှစတင်ပြီး နအဖတပ်အင်အားများစွာ ကနဲလေးနှင့် ဝေါ်လေဒေသသို့ ထိုးစစ်ဆင်နိုင်ရန် အင်အားဖြည့်တင်းခဲ့သည်။ ထိုစစ်ကြောင်းနှင့်အတူ ဘားအံ့ထောင်၊တောင်ကလေးထောင်၊ မော်လမြိုင်ထောင် တို့မှ ရာဇ၀တ်အကျဉ်းသား ရာနှင့်ချီပြီးခေါ်ဆောင်လာကြောင်း ဒေသခံများကပြောပြပါသည်။ ထိုအကျဉ်းသားများကို ကျည်၊ရိက္ခာနှင့် လူသားမိုင်းရှင်းကရိယာအဖြစ် ခေါ်ဆောင်လာကြောင်းသိရှိရသည်။

ယနေ့မနက်ပိုင်းတွင် DKBA နှင့် နအဖတပ်များရင်ဆိုင်တပ်ပွဲဖြစ်ပွားရာ နအဖစစ်သည် ၂ဦးကျဆုံးကြောင်းသတင်းရရှိသည်။ နအဖ ဘက်မှ ဗိုလ်မှုးချုပ်စောလားပွယ် အား ငြိမ်းချမ်းရေး
အတွက် ဒီဇင်ဘာ၇ ရက်နေ့တွင်ဆွေးနွေးဖို့ကမ်းလှမ်းချက်များ သတင်းများထွက်ပေါ်လာသောကြောင့် ဗိုလ်မှုးချုပ်စောလားပွယ်အားဆက်သွယ်မေးမြန်းကြည့်ရာ အောက်ပါအတိုင်း သူရဲ့သဘောထား
ကိုပြောပြခဲ့သည်။

နအဖ ဘက်မှ ငြိမ်းချမ်းရေးဆွေးနွေးမယ်ဆိုတဲ့ သတင်းကို ကြားနေပေမယ့် “ နအဖတပ်ဖက်ကနေ ယ္ခုအချိန်ထိတရားဝင်ဆက်သွယ်ပြောကြားချက်များမရှိသေးကြောင်း၊ သူ့အနေနဲ့ကတော့ တဦးတည်း ဒါမှမဟုတ် တဖွဲ့တည်းအတွက် ဆွေးနွေးဖို့အစီအစဉ်မရှိကြောင်း၊ ကရင်တမျိုးသားလုံးအရေးနဲ့ တတိုင်းပြည်လုံးဒိမိုကရေစီအရေးတွက်ဘဲ ဆွေးနွေးဖို့အစီအစဉ်ရှိကြောင်း” ပြောကြားခဲ့ပါသည်။

သူက ဆက်လက်ပြီး နအဖစစ်တပ်မှ ရဲဘော်များအထိနာကျဆုံးမှုများပြားနေခြင်း၊ ရိက္ခာပြတ်လပ်မှုကြောင့် ရဲဘော်များတပ်မှထွက်ပြေးမှုများများလာခြင်းတို့ကြောင့် သတင်းလွှင့်တာဖြစ်နိုင်ကြောင်း ဗိုလ်မှုးချုပ်စောလားပွယ်က သူ့ရဲအမြင်ကိုပြောဆိုခဲ့သည်။

http://freedomnewsgroup.com/2011/01/06/%E1%80%80%E1%80%9B%E1%80%84%E1%80%B9%E1%80%BB%E1%80%95%E1%80%8A%E1%80%B9%E1%80%94%E1%80%9A%E1%80%B9-%E1%80%80%E1%80%94%E1%80%B2%E1%80%B1%E1%80%9C%E1%80%B8-%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7/#more-15174

0 comments:

Post a Comment