2011-01-05
တနင်္သာရီတိုင်း ရေးမြို့အခြေစိုက် ခမရ (၅၈၆) က တပ်သား ဝင်းရန်နိုင်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းက ဗိုလ်မှူးချုပ် စောလားပွယ် ဦးစီးတဲ့ ဒီကေဘီအေ တပ်မဟာ ၅ ထံ လက်နက်ချ ခဲ့တယ်လို့ သိရပါတယ်။
တိုင်းရင်းသား ဒေသတခုတွင် တိုက်ကင်းလှည့်နေသော စစ်အစိုးရ တပ်ဖွဲ့တခု ဖြစ်ပါသည်။
စကခ (၁၉) လက်အောက်ခံ ခမရ (၅၈၆) အခြေစိုက်တပ်ရင်းမှာ အောက်ခြေတပ်သားတွေဟာ နည်းမျိုးစုံနဲ့ ဖိနှိပ်ခံရတယ်လို့ သိရပြီး၊ နေ့စဉ် တပ်ရင်း စီးပွားရေး အုတ်ဖုတ်တာကို လုပ်ကြရသလို၊ စားနပ် ရိက္ခာပိုင်းလည်း ခက်ခဲနေတယ်လို့ သိရပါတယ်
တပ်သား ဝင်းရန်နိုင်ဟာ ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ် နှစ်ကုန်ပိုင်းက ကရင်ပြည်နယ် ဖာပွန်စစ်ဆင်ရေးမှာ ပါခဲ့ပြီးနောက်ပိုင်း ဒီကေဘီအေနဲ့ တိုက်ပွဲတွေ ဖြစ်နေတဲ့ ဒေသတဝိုက်က ကွေတာအို စခန်းမှာ တာဝန်ကျခဲ့ပါတယ်။ သူတို့ တာဝန်ကျတဲ့ စခန်း တောင်ကုန်းမှာ သီတင်းပတ်များစွာ ရိက္ခာ ပြတ်တောက်နေတဲ့အတွက် ခံနိုင်ရည် မရှိတော့ပဲ ထွက်ပြေးလာတာလို့ သူကပြောပါတယ်။
ရှေ့တန်း စခန်းကုန်းမှာလည်း ထွက်ပြေးချင်တဲ့ အောက်ခြေတပ်သားတွေ များနေတယ်လို့ တပ်သား ဝင်းရန်နိုင်က ပြောပါတယ်။
http://www.rfa.org/burmese/news/army_trooper_deserted_to_karen_side-01052011121610.html
ဒြပ်မဲ့ပုံတူ
11 years ago
0 comments:
Post a Comment