Monday, January 3, 2011

ကရင်သက္ကရာဇ်၂၇၅၀ ပြည့်နှစ်ကိုရီးယားနိုင်ငံတွင် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကျင်းပ




တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော် ဂါဆန် KOREA MIGRANTS CENTER အလုပ်သမားစင်တာ ခန်းမ၌ ကရင်လူငယ်အစည်းအရုံး(ကိုရီးယားဌာနခွဲ)မှ ကြီးမှူး၍ ၂၇၅၀ ခုနှစ် ပြာသိုလဆန်း(၁)ရက်နေ. ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် အခမ်းအနား တခုကို ၂၀၁၁ ခုနှစ်၊ဇန်န၀ါရီလ (၂) ရက်နေ့၊ နံနက် ၁နာရီမှ နေ့လည် ၅နာရီအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ တောင်ကိုရီးယားနိုင်ငံတွင် ရောက်ရှိနေကြသော ကရင်အမျိုးသားများ၊ မြန်မာနိုင်ငံမှ တိုင်းရင်းသားညီအကိုမောင်နှမများနှင့် မြန်မာအရေး လှုပ်ရှားမူ.အဖွဲ.အစည်းများနှင့်အတူ တောင်ကိုရီးယားလူမျိုးများ အပါအ၀င်တက်ရောက်ခဲ့ပါသည်။

အခမ်းအနားမှူးအဖြစ် မန်းကက်နက်မိုးနှင့်နော်ဖောခူသေးတို.ကဆောင်ရွက်ခဲ.ပါသည်။ အခမ်းအနား အစီစဉ်ကို ကရင်အမျိုးသားအလံတော်အားသယ်ဆောင်ခြင်း၊ကရင်အမျိုးသားအလံအားအလေးပြုခြင်း၊ ကျဆုံးသွားတဲ့ ကရင်အာဇာနည်ဆောင်ဆောင်များအား အလေးပြုခြင်းဖြင့် အခမ်းအနားမှူးကို စတင်ဖွင့်လှစ်ပြီး ပထမဦးစွာ ကရင်လူငယ်အစည်းအရုံး(ကိုရီးယားဌာနခွဲ) ဥက္ကဌစောလှိုင်မျိုးသိမ်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

အဖွင့်အမှာစကား ပြောကြားရာ၌ ဥက္ကဌ စောလှိုင်မျိုးသိမ်းမှ ကရင်လူမျိုးများ၏ မြန်မာနိုင်ငံတွင် ပြန့်နှံ့နေထိုင်ပုံနှင့် မိမိတို့ ကရင်အမျိုးသားများ အနေဖြင့် ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ မတိမ်ကော၊မပပျောက်စေရန် ရောက်ရာအရပ်၌ မိမိလူမျိုးများ၏ ထိန်းသိမ်းသင့်သော ယဉ်ကျေးမှုများနှင့် သမိုင်းပေးတာဝန်ကို ထိန်းသိမ်းစောက်ရှောက်သွားရန်လိုအပ်ကြောင်းပြောကြားသွားခဲ့ပါသည်။
ဆက်လက်ပြီးကရင်အမျိုးသားနှစ်သစ်ကူးနေ. တရားဝင်ဖြစ်ပေါ်လာသည့် နောက်ခံသမိုင်းကြောင်းကို ကရင်လူငယ်အစည်းအရုံး(ကိုရီးယားဌာနခွဲ) ဥက္ကဌ ဦးစောလှိုင်မျိုးသိမ်းက ပြောကြားရှင်းပြခဲ့ပါသည်။

ဖိတ်ကြားထားသောအမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်လွတ်မြောက်နယ်မြေ(ကိုရီးယားဌာနခွဲ)၊မြန်မာအရေးလှုပ်ရှားမူ.(ကိုရီးယား)၊ အမျိုးသားမြင့်တင်ရေးလှုပ်ရှားမူ.ကော်မတီ ၊မြန်မာအသင်း(ကိုးရီးယား) ၊ ကဗျာဆရာ မွန်ချမ်းဂီလ်တို.က ကရင်အမျိုးသားနှစ်သစ်ကူးနေ.အား ဂုဏ်ပြုသ၀ဏ်လွှာဖတ်ကြား ပေးအပ်ခဲ့ကြပါသည်။

အခမ်းအနားတွင်တက်ရောက်လာသော ပရိတ်သတ်များအား ကရင်ရိုးရာယဉ်ကျေးမှု အကများ ဖြစ်သည့် ကရင်ဒုံးယိမ်းအက ကပြခြင်း ကရင်ရိုးရာ သီချင်းများကို အုပ်စုအလိုက်နှင့် တယောက်ချင်း သီဆိုဖြေဖျော်ခြင်းတို့ကို ကြားအစီစဉ်များတွင် ထည့်သွင်း ဧည့်ခံဖြေဖျော်ခဲ့ပါသည်။ထိုနောက် တက်ရောက်လာသော ပရိတ်သတ်များအား ကံစမ်းမဲများဖောက်ပေးခဲ့ပါသည်။

အခမ်းအနားနောက်ဆုံးပိုင်းတွင် ကရင်လူငယ်အစည်းရုံး(ကို၇ီးယားဌာနခွဲ)မှ အတွင်းရေးမှူး မန်းကက်နက်မိုးက တက်ရောက်လာသော ဧည့်ပရိတ်သတ်များအား ကျေးဇူးတင်စကားနှင့် အပိတ်အမှာစကား ပြောကြားပြီး အခမ်းအနားကို အဆုံးသတ်ခဲ့ပါသည်။တက်ရောက်လာသော ဧည့်ပရိတ်သတ်များနှင့် ကရင်ညီအကို၊မောင်နှမများက ချစ်ခင်ရင်နှီးစွာ ကရင်လူမျိုးများ၏ အသဲစွဲဟင်းဖြစ်သော တာလပေါဟင်းများနှင့်အတူ အရသာရှိသော တခြားဟင်းလျှာများနှင့် ပျော်ရွှင်စွာစားသောက်သုံးဆောင်ပြီး ၂၇၅၀ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပါသည်။

0 comments:

Post a Comment