Wednesday, December 29, 2010

နအဖ ဗိုလ်မှူးချုပ် ဇော်မင်းနှင့် မြ၀တီမြို့  အာဏာရူးလက်ပါးစေများ လိမ်ညာဝါဒဖြန့့်စာရွက်များ ဝေငှနေ။

နအဖ သန်းရွှေရဲ့  ညွှန်ကြားချက်နဲ့  ကရင်ပြည်နယ် အေးချမ်း သာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဌ ဗိုလ်မှူးချုပ် ဇော်မင်းနှင့် မြ၀တီမြို့  အာဏာရူးလက်ပါးစေများဟာ အောက်ဖေါ်ပြပါ လိမ်ညာဝါဒဖြန့် စာရွက်များကို မြ၀တီမြို့ အတွင်းရှိ ကားဂိတ်များနဲ့  နေရာအနှံ့ မှာ လိုက်လံ ဝေငှနေပါတယ်။ အဆိုပါ နအဖ၀ါဒဖြန့်  စာရွက်များအတွင်းမှာ ကရင်ပြည်သူလူထုနဲ့  အာဏာရှင်ဆန့် ကျင်ရေး တော်လှန်ရေးတိုက်ပွဲဝင် ဗိုလ်နှုတ်ခမ်းမွှေး (ခ) ဗိုလ်စောလားဘွယ်တို့ အကြား သွေးခွဲလုပ်ကြံရေးသားထားတဲ့ အချက်တွေ ပါရှိပါတယ်။









အာဏာရူးကြီး သန်းရွှေ ဦးဆောင်တဲ့ နအဖတွေဟာ ပြည်သူလူထုအကြား တိုင်းရင်းသားတွေအကြား သွေးစည်းညီညွတ်မှုကို အမျိုးမျိုးသော ကောက်ကျစ်ယုတ်မာလှည့်ဖြားသော နည်းလမ်းများနဲ့  သွေးခွဲဖျက်ဆီးနေပါတယ်။

ပြည်သူပြည်သားအချင်းချင်း တိုင်းရင်းသားများအချင်းချင်းကြားမှာ သပ်လျှိုဖြိုခွဲပြီး ပဋိပက္ခဖြစ်ပွားအောင် သွေးထွက်သံယိုဖြစ်အောင် သံသယအမုန်းပွားမှုတွေ ဖြစ်အောင် ယခုလို သွေးခွဲမှုတွေကို လုပ်ဆောင်နေတာကို ပြည်သူတွေအနေနဲ့  တိုင်းရင်းသားပြည်သူတွေအနေနဲ့  အထူးသတိထားကြဖို့  လိုပါတယ်။

(နအဖ၀ါဒဖြန့် စာရွက်များအား သိသာစေရန် ပေးပို့ လာသော မြေသြဇာအဖွဲ့ မှ ကျော်ကျော်အား ကျေးဇူးတင်ရှိပါသည်)။

0 comments:

Post a Comment