သင့်ကို အမိကရင်ပြည်နယ်က အလိုရှိသည်။
သင့်ကို အမိမြေက အလို ရှိနေပါတယ်။ ဒီကေဘီအေ ရဲ ဘော်များနဲ့ အတူ တိုက်ပွဲဝင်လိုပါ ၀၈၁-၉၇၃-၁၉၈၂ သို့ ခေါ်ပါ။ သူတို့ ကို ငွေအား၊လူအား ၊လက်နက်အား ၀ိုင်းဝန်းကူညီပေးဖို့ လိုပါတယ်။
ဘုရားသုံး ဆူ
ဘုရားသုံးဆူ အနမ်း ကွင်း ရွာ က နအဖ တပ်များ ဘုရားသုံးဆူကိုတက်လာကြောင်းသိရပါတယ်။ ဘုရားသုံးဆူကို ဒီကေဘီကေ က ဒီနေ့ နနက် ကတည်း က သိမ်းပိုက်လိုက်ပါတယ်။ ရဲစခန်း ကိုဝင်ဆီးနင်းတိုက်ခိုက်တယ်။ ရဲစခန်းများကိုသုတ်သင်လိုက်ပါတယ်။ ရဲပိုင်လက်နက်နဲ့  ငွေများကိုသိမ်းဆည်းပြီးဖြစ်ပါတယ်။ ကေအင်ယူ၊ ဒီကေဘီအေနဲ့ မွန်ပြည်သစ်ပါတီတို့  ဘုရားသုံးဆူကို သိမ်းပိုက်ပြီး ကားများဖြင့်လှည့်လည် အောင်ပွဲခံခဲ့ကြတယ်။ ဒေသခံလူထုက အားပေးကူညီကြတယ်။ နအဖ စွမ်းအားရှင်နဲ့ ကြံ့ဖွတ်များကို သုတ်သင်နိင်ခဲ့ပြီ။ ပြည်သူစစ်များထံမှာလက်နက်များကို သိမ်းပိုက်ခဲ့ပါတယ်။ မွန်ပြည်သစ်ပါတီက ဒီကေဘီအေများ ကို အနီးကပ်ကူညီ ပေးလျက်ရှိပါတယ်။
ဗိုလ်ချစ်သူကို နအဖ က ဖမ်းသွားပြီ ။
နေလည် ၃ နာရီခန့် က ဂျပန်မှာ ပြန်လာတဲ့ ဗိုလ်ချစ်သူကို နအဖ က ဖမ်းသွားပြီလို့ သိရပါတယ်။ သူက စစ်မတိုက်ခြင်တော့ပါ။ စောဘဦးကြီး မူ ၄ ချက်ကို ကားပါမစ်နဲ့ လှဲစား လိုက်တဲ့အတွက် ကျန်တဲ့ဒီကေဘီအေရဲဘော်များ က သူကို အမြင်မကြည်ကြ တာကြာပြီးဖြစ်ပါတယ်။
http://komoethee.blogspot.com
ဒြပ်မဲ့ပုံတူ
11 years ago






0 comments:
Post a Comment