Sunday, August 22, 2010

တောင်ကိုရီးယားနိုင်ငံတွင် ကရင်ရိုးရာချည်ဖြူဖွဲ.မင်္ဂလာကျင်းပ

သတင်း-ဓာတ်ပုံ-ဆုတောင်း
















၂၂ရက်၈လ၂၀၁၀(တနင်္ဂနွေနေ.)မနက်၁၀ နာရီခွဲတွင် တောင်ကိုရီးယားနိုင်ငံတွင်
ပထမဆုံးအကြိမ် ကရင်ရိုးရာချည်ဖြူဖွဲ.မင်္ဂလာပွဲတော်ကို ကရင်လူငယ်အစည်းအရုံး
(ကိုရီးယားဌာနခွဲ)မှမြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်ကြီးတွင် ကြီးမှူးကျင်းပကြသည်။မနက်ပိုင်းတွင်
ရဟန်းသံဃာတော်များကို အာရုံဆွမ်းများနှင့် နေ.ဆွမ်းများဆပ်ကပ်လှူဒါန်းခဲ့ပါသည်။

ပြီးနောက် ပထမဦးစွာ ကရင်အမျိုးသားအလံတော်ကို အလေးပြုပြီး ကရင်အမျိုးသားတေးသီချင်းကိုသီဆိုပြီး
ကွယ်လွန်သွားကြသော ကရင်ဘိုးဘေးများနှင့် ကရင်အမျိုးသားအာဇာနည်
များကိုဝတ်ပြုဆုတောင်းကြပါသည်။ထိုနောက် ကရင်အမျိုးသားချည်ဖြူဖွဲ.မင်္ဂလာ သမိုင်းကြောင်းကို ကရင်လူငယ်အစည်းအရုံး(ကိုရီးယားဌာနခွဲ)ှဥက္ကဌ ဦးစောလှိုင်မျိုးသိမ်းမှ ရှင်းလင်းပြောကြားပြီးကရင်ရိုးရာချည်ဖြူဖွဲ.ပြုလုပ်ခြင်းများကိုကရင်လူမျိုးများနှင့်အတူ တက်ရောက်လာကြသောတိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့်အတူ ကိုရီးယားလူမျိုးများကပါ ကရင်ရိုးရာချည်ဖြူဖွဲ.မင်္ဂလာပွဲတော်ကို စိတ်ဝင်တစား လေ့လာပြီး ချည်ဖြူဖွဲ.ခြင်းကို ပါဝင်ဆင်နွဲခဲ့ပါသည်။

ထိုနောက်ကရင်လူငယ်အစည်းအရုံး(ကိုရီးယားဌာနခွဲ)မှ အတွင်းရေးမှူး စကက်နက်မိုးမှ
တက်ရောက်လာကြသော ဧည့်ပရိတ်သတ်များနှင့် ကျေးဇူးတင်ရှိရန်ရှိနေကြသောသူများကိုကျေးဇူးစကား အထူးပြောကြားပြီး အခန်းအနားကို မနက်(၁၁)နာရီ အချိန်တွင်ပြီးဆုံးပြီးတက်ရောက်လာကြသော
ဧည့်ပရိတ်သတ်များကို ပုဇွန်ဟင်း၊ငါးသားလောက်ဟင်းများနှင့်အတူကရင်ရိုးရာအစားအစာဖြစ်သော
တာလပေါဟင်းများဖြင့်ဧည့်ခံကျွေးမွေးပြီးနေ.လည်၂နာရီအချိန်ထိစည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment