တကယ်လုပ်ကြပါ ကရင်တို.၊
သူများကိုချည်း အားမကို.ဘို.၊
ခေါင်းဆောင်အမိန်. နာခံပါ၊
ခံယူချက်မှာ ညီညွှတ်စွာ။
ငယ်မှအစ အကြီးထိ၊
တာဝန်ကျေရာ တယောက်စီ၏။
ကိုယ်စီတာဝန် သိကြပါ၊
တဦးကိုတဦး လေးစားပါ။
ဖြောင့်မတ်ခြင်းကို လက်ကိုင်ဆွဲ၊
ဟန်ပြသက်သက် မဖြစ်ဘို.ဘဲ။
လုပ်ကိုင်ပြောဆို ကြရာမှာ၊
ဖြောင့်မတ်တည်စွာ ပြုကျင့်ပါ။
တဦးအပြစ် တဦးတွေ.ရင်၊
ညင်သာဆွေးနွေး ကြစေချင်။
အားလုံးပျော်ပျော် လုပ်မယ်လေ၊
မျက်နှာမှာလည်း ပြုံးပန်းဝေ။
နောက်ဆုံးတခု ငါမှာချင်၊
ပေးဆပ်သူကို သတိရအစဉ်။
ညီညွှတ်ဘို.ရာ ကြိုးစားကြ၊
ဒါမှဒို.မျိုး မြင့်မယ်ပ။
ကဗျာ(လေ့လာသူတဦး)







0 comments:
Post a Comment