Tuesday, January 26, 2010

နိုင်ငံတကာရောက် ကရင်အမျိုးသားများသို့ 

နိုင်ငံတကာရောက် ကရင်အမျိုးသားများ စစ်ဘေးဒဏ်သင့်နေသော ကျနော်တို့ အမျိုးသားများကို တတ်နိုင်သလောက်ကူညီကြပါ။

၂၀၁၀ ဇန်ဝါရီလ လဆန်းပိုင်းအတွင်းတွင် နအဖ ဗမာစစ်တပ်များ ကျနော်တို့ ကရင်လူမျိုးများအပေါ် လူမဆန်တဲ့ ညှင်းပမ်းနိုပ်စက်မှုများ သတ်ဖြတ်မှုများ ရွာမီးရှို့ မှုများဆက်တိုက်ပြုလုပ်လျက်ရှိနေသည်ကို သတင်းမီဒီယာများတွင် ဖေါ်ပြထားပြီးဖြစ်သည်။ ယခုကျနော်တို့ သောသီခိုဆီသို့ ရောက်ရှိလာသော စာသည် ၁၇၊ ၀၁၊ ၂၀၁၀ တွင် ညောင်လေးပင်ခရိုင်၌ နအဖ စကခ(၁၀) မှသတ်သွားသော စောမြကော်ထူး ၄၇နှစ် ၏ကျန်ရစ်သူမိသားစု ဇနီးနှင့် ကလေး ၆ ဦးမှ ကလေးငယ်နှစ်ဦး၏ ပုံလည်းပါဝင်ပါသည်။ ၁၉၊ ၀၁၊ ၂၀၁၀ တွင်လည်း စောအီမူး ၄၀ နှစ်အားလည်းသတ်သွားပါသည်။ ဇနီးနော်စေးလာဝါးကလေး ၅ ဦးနှင့်အတူ ကျန်ရစ်ပါသည်။ ရွာရှိ အိမ် ၁၁ လုံးအား နအဖ ဗမာစစ်တပ်မှ မီးရှို့ ပစ်ပါသည်။
ကျန်ရစ်သူမိသားစုများနှင့် ဒုက္ခရောက်နေသော ကျနော်တို့ သွေးရင်းညီကိုယ်များကို ကို ကူညီလိုလျှင် စာပါလိပ်စာများဖြင့် ဆက်သွယ်ကူညီကြပါ။


Publication4[1].story -

သောသီခိုဘလော့ဂ်မှကူးယူဖော်ပြသည်။

0 comments:

Post a Comment