Tuesday, December 15, 2009

(ဆစ်ဒနီ)ကရင့်သက္ကရာဇ် ၂၇၄၉ခုနှစ်နှစ်သစ်ကူးပွဲတော်ကို ကျင်းပပြီးစီးခြင်း

စောကျော်ခွိ
၁၃.၁၂.၀၉

အစဉ်အလာကြီးမြတ်သော ကရင်တမျိုးသားလုံး၏ဂုဏ်ထူးဝိသေသကိုဖေါ်ဆောင်သော ကရင်နှစ်သစ်ကူးကို သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့၌ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် အောင်မြင်စွားကျင်းပပြီးစီးခဲ့သည်။ နှစ်သစ်ကူးအခမ်းအနားကို Granville Town Hall တွင်မနက် (၁၁) နာရီမှ ညနေ (၅)နာရီအထိ စည်ကားသိုက်မြိုက်စွာစုပေါင်းကျင်းပခဲ့ပါသည်။

နိုင်ငံခြားသံတမ်များ၊ လွတ်တော်အမတ်များ၊ ဒုက္ခသည်များဆိုင်ရာ ကိုယ်စားလှယ်များ၊ လယ်ယာစိုက်ပျိုရေးမှ ကျောင်းဆရာ၊ ဆရာမများ၊ မဟာမိတ်မှ (NLDLA) ၊JACDB ၊ ABCD၊ ABSDFကိုယ်စားလှယ်များ၊Burma campaign ကိုယ်စားလှယ်များ စုံလင်စွာ တက်ရောက်ခဲ့ကြပါသည်။ ပျမ်းမျှ လူဦးရေ (၅၀၀)ကျော်မျှတက်ရောက်ခဲ့ကြသည်ဟု သိရပါသည်။




ပွဲစဉ်ကို အပိုင်းသုံးပိုင်း ပိုင်ခြားထားပြီး ပထမပိုင်းကို ကရင်နှစ်သစ်ကူးပွဲတော် နာယက ဒေါက်တာဂျိုးမှကရင်တို့၏ရိုးရာဓလေ့ အသုံးအဆောင်များအကြောင်းနှင့် နှစ်သစ်ကူးအကြောင်းအရာများကို အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် အုန်းနို့ခေါက်ဆွဲနှင့်ကျွေးမွေးဧည့်ခဲ့ကြပါသည်။ ထိုအခမ်းအနားပွဲတော်သို့ ဗစ်တိုးရီးယားပြည်နယ် မဲလ်ဘမ်းမြို့မှ ကရင်ဒုံးယိမ်းအဖွဲ့(၂)ဖွဲ့ကလည်းလာရောက်အားဖြည့် ပါဝင်ကပြခဲ့ကြပါသည်။

“သြစတြေးလျနိုင်ငံဟာ ၁၉၅၁ ဂျီနီဗာကွန်ဗန်းရှင်းမှာပါဝင်လက်မှတ်ထိုးပြီးတော့ ဒုက္ခသည်ဆိုင်ရာပြသနာတွေကိုကုလသမဂ္ဂနဲ့ ပါဝင်ကူညီဖြေရှင်းမယ်ဆိုပြီးဂတိအာမခံတွေထားခဲ့တဲ့နိုင်ငံတစ်ခုဖြစ်တယ်။သူ့ဂတိအတိုင်းလဲ ဒုက္ခသည်တွေကိုကူညီထောက်ပံ့ခြင်း နေရာချထားခြင်းများကိုလုပ်ဆောက်နေပါတယ်။”

“ နအဖစစ်အာဏာရှင်ဟာအင်မတန်မှအင်အားကြီးမားတယ်။ နှစ်ပေါင်း(၅၀) ၊(၆၀)ကျော်ကြာသူ့ရဲ့ရက်စက် ဟုတ်မာမှုတွေဟာ အင်မတန်တွန်းလှန်ဖို့ခက်ခဲတယ်။ အခုဒီမှာရှိနေတဲ့လူတွေ နိုင်ငံတကာရဲ့ အားပေးယုံကြည်မှုတွေ၊ ကရင်လူမျိုးတွေမိမိတို့၏လူမျိုးကိုချစ်ပြီးညီညွတ်စွာနဲ့ပူပေါင်းဆောင်ရွက်ကာတူညီတဲ့လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးတို့အတွက် အားကျိုးမာန်တက်နှင့် တစ်ဦးတယောက်ခြင်းစီပါဝင်လုပ်ဆောင်မှုအပေါ်မှာ မူတည်တယ်။ဒါကြောင့် အားလုံးကို ဖိတ်ခေါ်ပါတယ်။
တရားသော ငြိမ်းချမ်းရေးတိုက်ပွဲမှာ အားလုံးပါဝင်ကြစေဖို့ တိုက်တွန်းလိုက်ပါတယ်” ဟု သြစတြေးလျ နိုင်ငံလုံးဆိုင်ရာ ကရင်အဖွဲ့အစည်း ဥက္ကဌ စောလွင်ဦးမှအခုလိုပြောဆိုခဲ့သည်။

ပွဲစဉ် ဒုတိယပိုင်းကို ယဉ်ကျေးမှုကော်မတီမှ ကရင်ဖက်ရှင်ရှိုး၊ (၁၂)လရာသီ ဒုံးယိမ်း၊ ကရင့်ရိုးရာ တစ်ကိုယ်တော် စောင်းတီးခြင်းများ၊ ကလေးငယ်များ၏ ခေတ်ပေါ်အကများ၊ ဝါးညှပ်အက၊ တောင်ယာစူးထိုးအကများ စုံလင်စွာ ကပြခဲ့ကြပါသည်။ တတိယပိုင်းတေးဂီတအစီအစဉ်တွင် ကရင်လူငယ်မောင်မယ်များ ခေတ်ပေါ် ကရင်သီချင်းများသီဆိုဖြော်ဖြေနိုင်ခဲ့ကြပါသည်။

“အခုလိုနှစ်သစ်ကူးပွဲတော်ကို စည်းစည်းလုံးလုံးနဲ့ လူမျိုးမရွေး၊ ဘာသာမခွဲခြား၊ ဂိုဏ်းဂနမထားဘဲမိမိကိုယ် မိမိ ကရင်လူမျိုးတယောက်အနေနဲ့ ပါဝင်ဆင်နွဲခွင့်ရတဲ့အတွက် အတိုင်းထက်အလွန် ဝမ်းမြောက်မိပါတယ်။ ရှေ့ဆက်လှမ်းကြမဲ့ နှစ်စဉ်နှစ်တိုင်းကိုလည်းအခုလို မွန်မြတ်တဲ့ စည်းလုံးမှု သမိုင်းမှတ်တမ်းကို ဆက်လက်လက်ဆင့်ကမ်း ထိန်းသိမ်းသွားကြဖို့ ကျနော် မျှော်လင့်ပါတယ်။ ကရင်လူမျိုးတိုင်း မိမိလူမျိုးကို ဆန္ဒအစစ်အမှန်နဲ့ချစ်တတ်ပြီး ပူးပေါင်းလုပ်ဆောင်နိုင်ကြစေချင်ပါတယ်”ဟု နှစ်သစ်ကူးအခမ်းအနားပွဲတော်သို့တက်ရောက်လာသူတစ်ဦးဖြစ်သူ စောဂျော့ရှူးဝါး(ယောရှု)က ပြောပါသည်။

ညနေ(၅)နာရီတွင် ကရင်အမျိုးသားသီချင်းပြိုင်တူသီဆိုပြီး နှစ်သစ်ကူးအခမ်းအနားကိုအောင်မြင်စွာ ရုတ်သိမ်းခဲ့ကြပါသည်။

0 comments:

Post a Comment