Friday, December 18, 2009

ရန်ကုန်မြို.ခြောက်ထပ်ကြီးဘုရားရှိ ပြည်နယ်ကျက်သရေ ကရင်ဘုန်းကြီးကျောင်းတွင် လည်း ကရင်နှစ်သစ်ကူးနေ.ကို နှစ်စဉ် စည်းကားသိုက်မြိုက်စွာ ဆင်နွဲကျင်းပ












ရန်ကုန်မြို.ခြောက်ထပ်ကြီးဘုရားရှိ ပြည်နယ်ကျက်သရေ ကရင်ဘုန်းကြီးကျောင်းတွင် ကောင်မကလေးဒုံး ကနေကြသော ကရင်အမျိုးသမီးများ

ကရင်နှစ်သစ်ကူးပွဲတော်ကို ရန်ကုန်တမြို့လုံးတွင် ကရင် အများစု နေထိုင်ရာ အင်းစိန်မြို့နယ် အာလိန်ငါးဆင့် ဘုရားပုရ၀ုဏ် တနေရာတွင်သာ ကျင်းပလေ့ရှိသော်လည်း ၂၇၄၉ ခုနှစ် ပြာသိုလဆန်း (၁) ရက်နေ့ ရန်ကုန်မြို.ခြောက်ထပ်ကြီးဘုရားရှိ ပြည်နယ်ကျက်သရေ ကရင်ဘုန်းကြီးကျောင်းတွင် လည်း ကရင်နှစ်သစ်ကူးနေ.ကို နှစ်စဉ် စည်းကားသိုက်မြိုက်စွာ ဆင်နွဲကျင်းပကြသည်။

များစွာသော ဒုံးအဖွဲများလာရောက် ဖျော်ဖြေပြီး ထိုဒုံးအဖွဲများအနက် ကောင်မကလေးဒုံးမှာ အတူယူစရာများပင်ဖြစ်သည်။ကောင်မကလေး ဒုံးဟုဆိုလိုရခြင်းမှာ ထိုဒုံးအဖွဲတွင်ပါဝင် ကပြနေသောကြသော အမျိုးသမီးများမှာ သက်ကြီးရွယ်အိုများသာပါဝင်ပြီး အသက်ကြီးရင့်ပေမဲ့ ငယ်ရွယ်နုပျိုသော မိန်းခလေးများကဲ့သို.နောက်ဆုံးထွက်သက်ရှိသည် အထိ ကရင်အမျိုးသားယဉ်ကျေးမူ.ကို ထိန်းသိမ်းဖော်ဆောင် လက်ဆင့်ကမ်းပြီး မိမိတိုးရိုးရာ အကများကို တင်ဆက်ကပြသွားကြသည်မှာ လေးစားချီးကျုးစရာနှင့်လက်ဆင့်ကမ်း အမွေယူနိုင်အောင် ကရင်လူငယ်များကိုမီးမောင်းထိုးပြသကဲ့သို.ဖြစ်သည်ဟု ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်သို. တက်ရောက်လာသော
ကရင်အမျိုးသမီးမှ ပြောပြပါသည်။

0 comments:

Post a Comment