Thursday, September 3, 2009

ဒီကေဘီအေ ၉၉၉ တပ်များ ထိုင်းရွာကို လုယက်တိုက်ခိုက်



မယ်သရေ့ရွာအနီး နို့ဖဒို့အိမ်စုကို ဒီကေဘီအေ ၉၉၉ တပ်တွေက ၂၀၀၉ သြဂုတ်လ ၃၁ ရက်နေ့ ည ၉ နာရီအချိန်မှာ လာရောက် လုယက် တိုက်ခိုက်ခဲ့ကြပါတယ်။

အခင်းဖြစ်ပွားတဲ့နေရာဟာ ထိုင်းနိုင်ငံ မဲဆောက်မြို့မြောက်ဘက် တာ့ဆောင်ရန်မြို့နယ် မယ် သရေ့ရွာအနီး နို့ဖဒို့အိမ်စုကို ဝင်ရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်ပါတယ်။ ရွာသားတွေအားလုံး ထွက်ပြေး လွတ်မြောက်ခဲ့ပေမဲ့ ရွာထဲမှာကျန်ခဲ့တဲ့ အိမ်တွေက ရွာသားများမွေးမြူထားတဲ့ ကြက်များနှင့် ရွာ သားတွေရဲ့ ဘတ်ငွေ ၉၀၀၀ ကို မွှေနှောက်ယူဆောင်သွားခဲ့ပါတယ်။

ဒီနေ့မှာတော့ ထိုင်းစစ်တပ်မှ ထိုနို့ဖဒို့အိမ်စုနေရာကို လုံခြုံရေးအတွက် သွားရောက်နေရာယူထား ပြီးဖြစ်တယ်လို့ သိရပါတယ်။

အခုအခင်းဖြစ်ပွားတဲ့ အနီးပတ်ဝန်းကျင်မှာ ပြီးခဲ့တဲ့ဇွန်လက နအဖနဲ့ ဒီကေဘီအေ ပူးပေါင်းစစ်ဆင်ရေးကြောင့် ထွက်ပြေးတိမ်း ရှောင်လာတဲ့ ရွာသားတွေ နေထိုင်နေတဲ့ နေရာဖြစ်ပါတယ်။ ထွက်ပြေးတိမ်းရှောင်လာတဲ့ ရွာသားတွေကို မြန်မာပြည်နေရပ်ရင်းတွေမှာ ပြန်နေဖို့ ဒီကေဘီအေ ၉၉၉ မှ ဗိုလ်ဖိုးကလိအဖွဲ့က လာရောက်စည်းရုံးခေါ်ဆောင်တာ ပြီးခဲ့တဲ့ သြဂုတ်လထဲမှာတင် ၃ ကြိမ်ရှိခဲ့ပါတယ်။

ထိုင်းရွာသားတွေကလည်း အခုလို ဒီကေဘီအေမှ ထိုင်းနိုင်ငံထဲကို မကြာခဏ ဝင်ရောက်ပစ်ခတ်မှုတွေရှိနေတဲ့အတွက် သူတို့ရွာတွေ လုံခြုံရေးအတွက် အထူးပဲစိုးရိမ်နေကြပါတယ်။ မယ်သရေ့ရွာပတ်ဝင်းကျင်မှာရှိနေတဲ့ မြန်မာဒုက္ခသည်တွေကို မြန်မာနယ်စပ်နဲ့နီးပြီး လုံခြုံရေး စိတ်မချရတဲ့အတွက် မယ်လဒုက္ခသည်စခန်းကို ပြောင်းရွှေ့နေထိုင်ရေးအတွက် ထိုင်းအာဏာပိုင်တွေက စီစဉ်နေကြောင်း ကရင်သတင်းစဉ် က သြဂုတ်လ ၂၅ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

နေ့သစ်မီဒီယာ မှကူးယူဖော်ပြသည်။

0 comments:

Post a Comment