Tuesday, July 21, 2009

knu-dkba news by Karen United

ညနေစာ စားနေသာ KNLA စစ်သားများ










KNU ထဲသို့ပြန်လာနေသော DKBA စစ်သားတွေကို လက်ခံသင့် မသင့် ဆိုတဲဆွေ့းနွေးချက် နှင့်ပတ်သက်ပြီး ကျွှန်တော်ကိုပါဝင်ဆွးနွေးခွင့်ပြုပါခင်ဗျား။၁၉၄၉ တတိယအကြိမ် ဂျနီဗာအစည်းအဝေးကြီးမှပြဌာန်းချက်တခုကို တင်ပြချင်ပါတယ်။Third Geneva Convention 1949Articles 13 to 16 states that prisoners of war must be treated humanely without any adverse discrimination and that their medical needs must be met.၁၉၄၉ ဂျနီဗာပြဌာန်းချက် အခန်း၁၃ မှ ၁၆ ထိတွင် စစ်သုံ့ပန်း နှင့်ပတ်ပြီးဖေါ်ပြထားပါ တယ်။“ စစ်သုံ့ပန်းများကို လူဆန်စွာထားရှိ ပြီး အဆင့်အတန်းခွဲခြားမူမရှိဘဲ လိုအပ်တဲ့ဆေးဝါးကုသမူကိုလုံလောက်စွာပေးရပါမည်။”
လက်နှက်ကိုင်တပ်ဖွဲ့တိုင်းသည် သူတို့လိုက်နာရမည့် စစ်ဥပဒေ၊ ကျင့်ဝတ်ချက် (Military code of conduct) အစရှိသဖြင့် နိုင်ငံတကာမှာပြဌာန်းထားပါတယ်။ KNU အနေဖြင့်တချိန်က ခလေးစစ်သားရှိခဲ့တာ ကလွဲပြီး အဆိုပါ ပြဌာန်းထားသော နိုင်ငံ တကာဥပဒေကို လိုက်နာခဲ့လို့ အကြမ်းဖက်သာင်းကျန်းသူစာရင်းမှာ ထည့်သွင်းခြင်းမခံရတာဖြစ်တယ်။စစ်ပွဲအတွင်းဖမ်းမိတဲ့ စစ်သုံ့ပန်းတွေကိုတောင် ကျွေးမွေးခြင်း၊
ဆေးဝါးကုသပေးခြင်း၊လုပ်ပေးနေရမှတော့ စိတ်သဘောထားပြောင်းပြီး ပြန်လာပူးပေါင်းတဲ့ ညီအကို DKBA တွေကိုဘယ်လိုညင်းပယ် လို့ရမလဲ။
ဒီလိုပြန်လာတဲ့ ရဲဘော်တွေထဲမှာယုံလို့ရတဲ့သူရှိသလို ယုံလို့မရတဲ့ သူလဲရှိနိုင်ပါတယ်။ ဒါဟာ လက်နှက်ကိုင်တပ်ဖွဲ့တိုင်းသိနေတဲ့အချက် ဖြစ်ပြီး ဘယ်လိုကိုင်တွယ်ရမည်ဆိုတာကို နားလည်ကြပါတယ်။ကရင်လက်နက်ကိုင်သမိုင်းကို ပြန်ကြည့်ရင် ကရင်အမျိုးသားများဟာ ၁၉၁၄ မှာစခဲ့တဲ့ ပထမကမ္ဘာစစ်ကတည်းကစပြီး အတွေ့အကြုံ ရှိခဲ့လို့ တော်လှန်ရေးကိုနှစ် ၆၀ ကျော်ထိန်း ထားနိုင်ခြင်း ဖြစ်တယ်။
နအဖ ရဲ့ စစ်တက္ကသိုလ် မှာလည်းလက်ရှိတော်လှန်ရေး အင်အားစု များတွင် KNU ဟာ တိုက်ရည်ခိုက်ရည်ရှိတဲ့အင်အားအကြီးဆုံးအဖွဲ့လို့သုံးသပ်ထားပါတယ်။ ရန်ကုန်မြို့နှင့်ဧရာဝတီတိုင်းထိ စစ်ရေးကစားနိုင်တဲ့တစ်ခုတည်းသောအဖွဲ့လည်း ဖြစ်ပါ တယ်။ DKBA တွေ KNU ဆီပြန်လာခြင်းဟာ ကရင်တော်လှန်ရေးအတွက် အကျိုးရှိသလို ဆိုးကျိုးမဖြစ် အောင်ကြိုတင်ကာကွယ်နိုင်မည့် နည်းလမ်းတွေ ပြင်ဆင်ထားမည်ဆိုတာယုံကြည်ပါတယ်။
သို့သော်လည်း ဤ ကိစ္စအတွက် ပူပင်နေသော ညီအစ်ကိုများကိုလည်းကျွှန်တော်နားလည်ပါတယ်။ ဒီလို ပူပင်ခြင်းဟာလည်း ကရင့်တော်လှန်ရေးကို ချစ်ခင်လေးစားလို့ဖြစ်ပေါ်လာတဲ့ ခံစားချက်တစ်ခုဖြစ်ပါတယ်။ ကရင့်တော်လှန်ရေးကို မြတ်နိုးသူတိုင်းဟာ တိုက်ပွဲဝင်နေတဲ့ ကျွှန်တော်တို့ ရဲ့ ခေါင်းဆောင် နှင့်ရဲဘော်တွေကိုချစ်ခင်ေလးစားခြင်းလို့ယုံကြည်မိပါတယ်။
အဲဒီအတွက် ပါဝင်ေဆွးနွေးကြတဲ့ညီအစ်ကိုများအားလုံးကို လေးစား၊ကျေးဇူးအထူးတင်ရှိပါတယ်။တဖက်ကကြည့်ရင်လည်း ပဋိပခများကိုအဆုံးသပ်ဖို့အရေးကြီးပါတယ်။ ဒီပဋိပခတွေကိုဘယ်လိုအဆုံးသပ်နိုင်မလဲဆိုတာ ဦးစားပေးစဉ်းစားဖို့လိုပါတယ်။“Revenge will never end the conflict” ကလဲ့စားချေခြင်းဟာ ပဋိပခများကို ဘယ်တော့မှအဆုံးမသပ်နိုင်ပါဘူး။ လိုအပ်ချက်တွေထဲမှတစ်ခုက ခွင့်လွှတ်ခြင်းဖြစ်ပါတယ်။
တဖက်ကပြန်ကြည့်ရင်လည်း ခွင့်လွှတ်ခြင်းကို အခွင့်ကောင်းယူပြီး ကို့ကိုယ်အနိုင်မပိုင်းနိုင်အောင်ကာကွယ်တတ်ရပါမယ်။ ဒီအတွက် နှစ်ပေါင်းများစွာ အတွေ့အကြုံရှိခဲ့တဲ့ KNU ခေါင်းဆောင်တွေကို အထင်သေးလို့မရပါဘူး။
DKBA တွေမကပါဘူး နအဖ စစ်တပ်မှထွက်ပြေးလာတဲ့ စစ်သားတွေတောင် KNU ဖက်ကလက်ခံပြီး ကောင်းမွန်စွာကျွေးမွေးစောင့်ရှောက်နေတာကျွှန်တော်ကိုယ်တိုင်တွေ့ခဲ့ပါတယ်။အဲဒီအတွက်လည်းထပ်မံပူပင်စရာမလိုပါဘူး။သူတို့ကို လုံခြုံတဲ့နေရာမှာ သီးခြားထားပြီး သင့်တော်တဲ့အစီအစဉ် နဲ့ လုံခြုံတဲနေ့ရာကိုထပ်ပို့ပြီး သူတို့ဘ၀ကို သူတို့ဘာသာ ကျောင်းပါစေ။
တချို့ဆိုရင်လည်း တတိယနိုင်ငံကို ပို့နိုင်ခဲ့ပါတယ်။ ဒီလိုလုပ်နိုင်ခြင်းဖြင့်KNU ရဲ့သိက္ခာကို အထောက်အကူပြုပြီး နအဖ ကို အထိနာစေပါတယ်။ KNU ဒေသတွင်နအဖစစ်တပ်ရဲ့ ထိခိုက်၊ကျဆုံး နှင့် ထွက်ပြေးတဲ့စာရင်းဟာ တစ်လကို တပ်ရင်း (၂) ရင်းနီးပါးရှိပါတယ်။
အခု နအဖဟာ သူ့ဇာတ်သူမနိုင်တော့တဲခြေအနေရောက်နေပါတယ်။တနည်းအားဖြင့်“ နအဖ အခက်တိုင်းရင်းသားများအချက်ကို ” မိတ်ဆွေများ ဦးစားပေးကိုင်တွယ်ကစားသင့်ပါတယ်။ အဲဒါကြောင့် ညီအကိုများအနေဖြင့် ကို့နည်းကိုဟန် နဲ့ DKBA တွေကိုဆက်သွယ်စည်းရုံးပြီး မိခင် KNU ဆီကို ပြန်လာနိုင်အောင် ဆက်သွယ်စည်းရုံးသင့်ပါတယ်။
တဖက်မှာလည်း ကျွှန်တော်တို့အတွက် တိုက်ပွဲဝင်နေတဲ့ KNLA ရဲဘော်တွေကို ကူညီအားပေးသင့်ပါတယ်။ သူတို့ဟာ ဆင်းရဲချို့တဲ့စွာ လစာမရှိဘဲနဲ့ ကျွှန်တော်တို့အတွက်တိုက်ပွဲဝင်နေတာဖြစ်တယ်။ အလျှင်းသင့်လို့ အမျိုးသားတော်လှန်ရေးကို ဘယ်လိုကူညီနိုင်တာ ပြောချင်ပါတယ်။
ပြည်ပရောက်ကရင်အမျိုးသားများနေဖြင့် ဒီတော်လှန်ရေးကို ကိုယ်တိုင်မပါဝင်ပေမဲ့လည်း“ ပညာအား၊ ဓနအား ” ဖြင့်ပါဝင် ကူညီမယ်ဆိုရင် တော်လှန်ရေးဟာ ဒီထက်များစွာ အင်အားကြီးလာမှာဖြစ်တယ်။ ပြည်ပရောက်ကရင်များအနေဖြင့် တလတာနေထိုင်မူ့ကိုပြန်ကြည့်ရင် ကိုကာကိုလာ၊ အချိုရည်၊ ကော်ဖီ၊လ္ဘက်ရည် သောက်သုံးတာ ပျမ်းမျှတလကို၁၀ ခွက်/ဗူးကနေ ၂၀ ခွက်/ဗူး ထိရှိပါတယ်။ အဲဒါတွေကို မသုံးဘဲ KNLA ရဲဘော်တွေဆီလှုရင်ဘယ်လောက်ထိရောက်မလဲ။ ကိုကာကိုလာအချိုရည် ဗူး ၂၀ ရဲ့တန်ဖိုးဟာ KNUရဲဘော်တစ်ဦး၏ တလစာရိက္ခာနဲ့ညီမျှပါတယ်။ ရဲဘော်တစ်ဦး၏ ခြေခံတစ်လစာရိက္ခာ ကိုတင်ပြပါရစေ။

ပစ္စည်းအရေအတွက် တန်ဖိုး (ထိုင်းဘတ်ငွေ)
ဆန် ၁ယောက် ၁ ဗုံး ၂၅၀ ဘတ်
ဆား ၃ ယောက်လျှင် ၁ ကီလို ၆ ဘတ်
အချိုမှုန့် ၄ ယောက်လျှင် ၁ ကီလို ၃၉ ဘတ်
ငရုပ်သီး ၃ ယောက်လျှင် ၁ ကီလို ၆၀ ဘတ်
နေရာဒေသလိုက်ပြီး အချို့ဒေသမှာ အချိုမှုန့်အစား ငပိရရှိပါတယ်။
ပြည်ပရောက်ကရင်အမျိုးသားများ ရဲ့တစ်လစာအသေးသုံးစားရိတ်ဟာ ရဲဘော်တစ်ဦး၏ခြေခံတစ်လစာရိက္ခာထက်ပိုနိုင်ပါတယ်။ ကျွှန်တော်ခန့်မှန်းပြောရရင်ပြည်ပရောက်ကရင်အမျိုးသားများ အရေအတွက်ဟာ ငါးသောင်းခန့်ရှိနိုင်ပါတယ်။ အဲဒီထဲက ၃ပုံ ၁ပုံသောကရင်လူမျိုး၏ ၀င်ငွေ ၁% မှ ၅% ထိရဲဘော်တွေဆီလှုမယ်ဆိုရင် တော်လှန်ရေး ဟာဘယ်လောက်ခရီးပေါက်မလဲဆိုတာ တွက်ကြည့်နိုင်ပါတယ်။မိတ်ဆွေများ- ကိုကာကိုလာအချိုရည်တွေ ဘီယာတွေသောက်တိုင်း ကျွှန်တော်တို့အတွက် တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေကိုသတိရနိုင်ပါစေ………

>>>>>>>ဖူးဒို<<<<<<< ကရင်အမျိုးသားအဖွဲ.ချုပ်(ဂျပန်)မှကူးယူဖော်ပြသည်။

0 comments:

Post a Comment