Friday, July 31, 2009

ဒီကေဘီအေအဖွဲ့မှ အတင်းအဓမ္မ တပ်သားသစ်များ ကောက်ခံလျက်ရှိ



ဒီကေဘီအေမှ နယ်စပ်ရဲလုပ်ရန် သဘောတူထားပြီး နအဖမှ လိုအပ်သော အင်အားထပ်ဖြည့်ဖို့ ညွှန်ကြားတာကြောင့် ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ် အတွင်းရှိ ကျေးရွာများတွင် ၂၀၀၉ ခုနှစ် ဇွန်လပိုင်းက ဒီကေဘီအေအဖွဲ့မှ အတင်းအဓမ္မ တပ်သားသစ်များ ကောက်ခံလျက်ရှိပါ တယ်။

နဘူးမြို့နယ်ရှိ ကျေးရွာများကို တပ်သားသစ် ၃၀၀ ကောက်ခံထားပြီး ကျေးနယ် တနယ်ကို ၇ ဦး ကနေ ၁၀ ဦးအထိ သတ်မှတ်ထားပြီး မပေးနိုင်ရင် တဦးအတွက် လေးသောင်းကနေ ၂ သိန်း ထိတောင်းပါတယ်။ တပ်သားသစ် များကို ၃ နှစ်အမှုထမ်းရမယ်လို့ သတ်မှတ်ထားပါတယ်။

ငွေမပေးနိုင်တဲ့အိမ်တွေကို ပစ္စည်းတွေသိမ်းတယ်။ သူကြီးတွေကိုဖမ်းပြီး တောင်းထားတဲ့ ငွေနဲ့ရွေးခိုင်းတယ်။

နဘူးမြို့နယ်အတွင်းရှိ နောင်တပွဲကျေးနယ်၊ ထီးကလေးကျေးနယ်၊ နောင်ကိုင်းကျေးနယ်၊ ထီးပိုစံကျေးနယ်၊ သကြားချောင်းကျေး နယ်၊ အင်းရှည်ကျေးနယ်တွေကိုအစည်းအဝေးခေါ်ပြီး ဒီကေဘီအေ ၉၉၉ မှ အရာရှိများဖြစ်တဲ့ ဗိုလ်မြခိုင် နဲ့ ဗိုလ်ဂတုံးတို့က အခုလို တပ်သားသစ်တွေ ကောက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီ ကျေးရွာတွေအတွက် ကာကွယ်ဖို့ဖြစ်တယ်လို့ အကြောင်းပြပါတယ်။

၂၀၀၈ ခုနှစ်တုန်းကလည်း တပ်သားသစ်ကောက်ခံခဲ့ပါသေးတယ်၊ အဲဒီတုန်းက တနယ်ကို နှစ်ဦး တောင်းတယ်။

(နေ.သစ် ၀က်ဆိုဒ်မှ ကူးယူဖော်ပြသည်။)

0 comments:

Post a Comment