Wednesday, July 22, 2009

အရေးကြီးပြီ သွေးနီးကြစို့ 

ဒီလဆန်း 8.7.09 ရက်နေ့မှစ၍ ယနေ့ထိ ( D.K.B.A ) အဖွဲ့ဝင်များသော်၎င်း ၊
( K.P F)အဖွဲ့ဝင်များသော်၎င်းကရင်အမျိုးသားကံကြမ္မာ ၊ ကရင်အမျိုးသား
အရေးတွင် အမြင်မှန်ရရှိလာပြီး အဖွဲ့လိုက်သော်၎င်း ၊တစ်ဦးခြင်း တစ်ယောက်ခြင်းသော်၎င်း အဆက်မပြတ်ပဲတဖွဲဖွဲမိခင် ( K.N.U ) အစည်းအရုံးနှင့် ပြန်လာပူးပေါင်းကြတာကိုတွေ့ရပါတယ်။









တပ်ကြပ်ကြီး စောတင်အေး
15.7.09 ရက်နေ့တွင် ( D.K.B.A - 999 ) အထူးတပ်ရင်းမှ တ.က.က စောတင်အေး အသက် ( 25 )နှစ်သည်
မိခင် ( K.N.U ) ထံသို့ ပြန်လာပါတယ် ။ ဘာ့ကြောင့်ပြန်လာရသလဲလို့ မေးတဲ့အခါမှာ သူကပြောတယ် “ ကျနော်တွေ့
ရ မြင်ရသမျှတွေဟာ မတရားမှုတွေ ၊ မမှန်ကန်မှုတွေပဲတွေ့နေရပါတယ် ။ တပ်သားသစ်ကောက်တာတွေ ၊ ပေါ်တာဖမ်း
တာတွေဟာ ကျနော်တို့ကရင်အမျိုးသားလူထုတွေ တစ်ကယ့်ကိုဒုက္ခရောက်တာ တွေ့ရပါတယ် ။ ကလေးအသက်
( 15 ) နှစ်အရွယ်မှစပြီးကောက်တယ် ။ မိဘတွေ ကြိုက်ကြိုက် ၊ မကြိုက်ကြိုက် နားမလည်ဘူး ၊ အကုန်ဆွဲသွားတာပဲ ။
တစ်ချို့ငွေကြေးတတ်နိုင်တဲ့မိဘတွေ ပိုက်ဆံပေးပြီးမှပြန်ခေါ်လို့ရတယ်။

နောက်တစ်ခု ပြီးခဲ့တဲ့လမှာ ( K.N.U ) တပ်မဟာ ( 7 ) ကိုသွားတိုက်တာ ကျနော့်အမြင်မှာဆိုရင် ဒါလုံးဝမတ
ရားဘူး ၊ လုံးဝမလုပ်သင့်ဘူးလို့ ကျနော်မြင်တယ် ။ ဒါဗမာခိုင်းတဲ့အလုပ်ပဲ ၊ ကျနော်ကြိုသိတယ် ဒါကြောင့်ကျနော်
မသွားဘူး ၊ ကျနော်နေမကောင်းယောင်ဆောင်တယ် ။ ဗမာက ကရင်အချင်းချင်း သွားသတ်ခိုင်းတာကျနော်မလုပ်
နိုင်ဘူး ၊နောက်တစ်ခု တိုက်ပွဲပြီးတော့ ကြိုဆိုပွဲလုပ်ဖို့ပြန်လာကြတယ် ။ လမ်းမှာ ဗိုလ်ဆန်ပြုတ် အပစ်သတ်ခံရတယ် ။
ဒီကိစ္စနဲ့ပတ်သက်လို့ တယောက်တစ်ပေါက် ပြောနေကြတယ် ။ အစကတော့ ( K.N.U ) လက်ချက်ပဲလို့ပြောကြတယ် ။
နောက်တစ်ချို့အရာရှိတွေကတော့ ဒီကိစ္စဟာစဉ်းစားစရာဖြစ်တယ် ၊ တဖက်သတ် ( K.N.U ) ကိုပဲစွတ်စွဲတာအားလုံး
မမှန်ဘူးထင်တယ် ၊ အဲဒီမှာအနီးစခန်းကတော့ ဗမာစစ်သားတွေနေတဲ့ မောဖားသူး စခန်းရှိတယ် ။ ဒါပေမဲ့ ဘာအထောက်အထားမှမရှိတော့ ဘာတစ်ခုမှအသေအချာပြောလို့မရဘူးပေါ့ ။ ဒါကသူတို့ပြောတဲ့လေသံပေါ့နော် ၊ ကျနော်ထင်တာကတော့ ဗမာစစ်သားတွေပစ်တာပဲဖြစ်မယ် ။ ဘာဖြစ်လို့လဲဆိုတော့ ဒါဏ်ရာရတဲ့ရဲဘော်တစ်ယောက်
ကပြောတယ် ၊ ဒီလှေကိုလာစောင့်ပစ်တဲ့လူတွေဟာ ရှမ်းဖက်ကမ်းကမဟုတ်ဘူး ၊ဒီဖက်ကမ်းကပဲငါတွေ့လိုက်သေးတယ် ၊ ဒါပေမဲ့ပြန်ပြစ်လို့မရဘူး ၊ ဒီလူတွေက အပေါ်စီးဖြစ်နေတယ် လို့ပြောတယ် ။ “ ဒါကျနော်ကြားခဲ့သမျှတွေပေါ့နော် ၊
ကျနော့်အနေနဲ့ပြောရရင်တော့ “ကရင်သေလေ ဗမာကြိုက်လေ ၊ ကရင်ကွဲလေ ဗမာပိုကြိုက်လေပဲ ။ ”ဒါကြောင့် ကျနော်
ဒီအလုပ်ကိုဆက်မလုပ်ချင်တော့ဘူး ၊ ဒါကြောင့် ကျနော်ထွက်ပြေးလာတာပါ” လို့ စောတင်အေး ကပြောပါတယ်။

စာရေးသူအနေနဲ့ပြောရမယ်ဆိုရင်တော့ရှင်းပါတယ် ။ ဦးနူလဲ ပြောခဲ့တာပဲ ကရင်မှန်း ကရင်သိရင်အကြောက်ရ
ဆုံးဘဲတဲ့၊အခုလဲဘဲအညတရကရင့်အမျိုးသားလေးစောတင်အေး ကလဲလွယ်လွယ်လေးနဲ့ပြောလိုက်တဲ့စကားရပ်လေး
တစ်ခုဟာ “ကရင်သေလေဗမာကြိုက်လေဘဲ၊ကရင်ကွဲလေဗမာပိုကြိုက်လေဘဲ” ဆိုတဲစကားဟာဒါတကယ်ဘဲသွေး
ထွက်အောင်မှန်တဲ့စကားဘဲ၊သွေးကစကားပြောလာတဲ့ အချိန်ရောက်လာပြီ၊ဆိုရိုးစကားရှိတယ်မဟုတ်လား။“အရေးကြီး
လျှင်သွေးနီးရမယ်တဲ့” ပြီးခဲ့တဲ့ဇွန်လမှာ န.အ.ဖ နှင့် ( D.K.B.A )တပ်တွေ( K.N.U ) တပ်မဟာ ( 7 )ကိုသွားတိုက်
တယ်၊ ပေါ်တာတွေဖမ်းတယ်၊ကရင်လူထုတွေ ရွာလုံးကျွတ်ထွက်ပြေးလာတယ်။ အဲဒီကနေစပြီးကရင် အမျိုးသားထု
တရပ်လုံးမှအမြင်သဘောထားတွေ၊ရင်ဖွင်သံတွေ၊ အကြံပေးအကြံပြုစာတွေ ကရင်အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့  ဆိုင်တဲ့အကြံပြုအမြင်သဘောထားတွေ ဖတ်ရ၊ကြားရ၊သိရ၊တွေ့ ရပါတယ်။ဒါကောင်းတဲ့လက္ခဏာတခုပေါ့ ။

ထိုထက်မက ( K.N.U ) တပ်မဟာ(6)နယ်မြေ အတွင်းရှိ န.အ.ဖ နဲ့ ငြိမ်းချမ်းရေးယူထားတဲ့ (K.P.F) ၊ (D.K.B.A ) အဖွဲ့ တွေလဲ သူတိုယူထားတဲ့ ငြိမ်းချမ်းရေးဟာစစ်မှန်တဲ့ငြိမ်းချမ်း ရေးမဟုတ်ဘူး။ကရင်အမျိုးသား
အချင်းချင်း ပြန် လည်သတ်ခိုင်းတဲ့ငြိမ်းချမ်းရေးဘဲဖြစ်တယ်ဆိုတာသူတို့ရှင်းရှင်းလင်းလင်းသိလာကြတဲ့အတွက်ကြောင့် မျိုးချစ်ပီပီလက်နက် အပြည့်အစုံနဲ့ လူအင်အား(80)ကျော်မိခင်( K.N.U )ထံသို့ အချိန်မှီပြန်လာပူးပေါင်ကြပြီးဖြစ်ပါတယ်၊
အရေးကြီးပြီ ၊ သွေးနီးရတော့မယ်ဆိုတာ သူတိုသိပြီးပြန်လာကြပါတယ်၊ အဲ့ဒီအတွက် ချီးကျူးဂုဏ်ယူပါတယ်။












ကျောကျောအယ်(၁၆)နှစ်(၀ဲပုံ) ၊ ဖါးယယ်ယော်(၁၉)နှစ်(ယာပုံ)

ဤပုံသည်(19.7.09)ရက်နေ့ တွင်(D.K.B.A-999)အထူးတပ်ရင်းမှ ထွက်ပြေးလာတဲ့(D.K.B.A)စစ်သားနှစ်
ယောက်ဖြစ်ပါတယ်၊ ဖားယယ်ယော် (19)နှစ်နဲ့ ကျောကျောအယ် (16)နှစ်တို့ဖြစ်ပါတယ်။ “မောင်လေးတို့ဘာ့ ကြောင့်
ထွက်ပြေးလာရတာလဲလို့” မေးတော့ “ကျနော်တို့စစ်သားမလုပ်ချင်ဘူး၊အသက်လည်းငယ်သေးတယ်၊ဒါပေမဲ့
( D.K.B.A )စစ်သားတွေကအတင်းဘဲလာခေါ်သွားတော့လိုက်သွားရတယ်၊ကိုယ့်ကရင်အချင်းချင်းဘဲပြန်ပစ်ကြရမှာ
ကိုမလုပ်ချင်ဘူးဒါကြောင့်ထွက်ပြေးလာတာဖြစ်ပါတယ်။”

အဲ့ဒီတော့ဒီလူငယ်လေးနှစ်ယောက်ပြောသွားတာလဲ ရိုးရိုးလေးဘဲ “ကိုယ့်ကရင်အချင်းချင်းဘဲ ပြန်ပစ်ရမှာကိုမ
လုပ်ချင်လို့ ထွက်ပြေးလာတာဖြစ်တယ်” တဲ့ ဆိုတော့ စာရေးသူအနေနဲ့ပြောချင်တာကတော့ “ကရင်အမျိုးသားများအ
ချင်းချင်းပြန်လည်သင့်မြတ်ဘို့ အရေးကြီးသောအချိန်ရောက်ပြီ” “သွေးနီးကြပါစို့ ” လို့ အသိပေး တိုက်တွန်းနှိုးးဆော်
လိုက်ပါတယ်။

ကရင်အမျိုးသားများအရေးကြီးပြီသွေးနီးကြပါစို့ 

ကရင်အမျိုးသားများစည်းလုံးညီညွတ်ကြပါစို့

နန်းဖေါင်ခလိန်း
K.Y.O
ဒေါနမြေ

0 comments:

Post a Comment