Tuesday, July 14, 2009

ကေပီအက်ဖ် ဒုဗိုလ်မှူးကြီး စောလေးဝါး ပြန်လွတ်လာ

Tue 14 Jul 2009, IMNA
ကေပီအက်ဖ် တပ်ရင်း (၃) မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောလေးဝါးကို ကေအန်ယူ ဖမ်းဆီးထားခြင်းမှ ပြန်လွတ်လာပြီး ယမန်နေ့ည ၈ နာရီ ခန့်တွင် ဘုရားသုံးဆူရှိ နေအိမ်ထံတို့ ပြန်လည်ရောက်ရှိလာသည်။

လွန်ခဲ့သည့် ဇူလိုင်လ (၈) ရက်နေ့က ဒုဗိုလ်မှူးကြီး စောလေးဝါးနှင့်အ ဖွဲ့သည် နေပြည်တော်မှ မြန်မာစစ်အစိုးရအာဏာပိုင်တို့နှင့် တွေ့ဆုံပြီး နောက် ဘုရားသုံးဆူသို့ အပြန်လမ်း ဇမိချောင်းမှာ ကေအန်အယ်အေ တပ်ရင်း (၁၆) လက်အောက်ခံ တပ်ခွဲ (၂) စောချပ်သယ်ထူးအဖွဲ့၏ ဖမ်း ဆီးခြင်းကို ခံလိုက်ရသည်။ တပ်ရင်း (၁၆) သည် ဒုဗိုလ်မှူးကြီး မန်းတင် လှိုင်၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင်ရှိသည်။

“မနေ့ညက ဗိုလ်စောလေးဝါးပြန်ရောက်လာတယ်၊ သူနဲ့အတူ သူ့ရဲ့ ဘီ အေတစ်ယောက်နဲ့ စီးပွားရေးသမားနှစ်ဦးလည်း ပြန် ရောက်လာတယ်” ဟု ကေပီအက်ဖ်နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

ဘုရားသုံးဆူမြို့မှလာသော အတည်မပြုနိုင်သေးသည့် သတင်း တစ်ရပ် အရ ကေအန်ယူ၏ ဖမ်းဆီးခြင်းကိုခံရသည့် ဗိုလ်စောလေးဝါးသည် မန်း တင်လှိုင်၏ ဦးလေးအရင်း ဖြစ်သောကြောင့် ယခုလို စောလေးဝါးကို ပြန်လည်လွှတ်ပေးလိုက်သည်ဟု သတင်းထွက်ပေါ်နေသည်။

ဇူလိုင်လ (၈) ရက်နေ့ညနေတွင် ဒုဗိုလ် စောချပ်သယ်ထူးတို့အဖွဲ့သည် ကေပီအက်ဖ်မှ ဒုဗိုလ်မှူးကြီး စောလေးဝါးကို ဖမ်းဆီးပြီသည့်နောက် မဲ ကသာဒေသရှိ ကေပီအက်ဖ် စက်ကယ်တပ်ကို ထပ်မံသိမ်းဆီးလိုက်သည်။

0 comments:

Post a Comment