Monday, March 8, 2010

နိုင်ငံပေါင်း(၁၀)နိုင်ငံမှ ကရင်အဖွဲ့အစည်းအသီးသီးမှ ပထမဆုံးအကြိမ် ညီညွတ်စွာဆန္ဒပြ


နိုင်ငံပေါင်း(၁၀)နိုင်ငံမှ ကရင်အဖွဲ.အစည်း အသီးသီးမှနေ၍ နိုင်ငံတကာအသိုင်း
အ၀ိုင်းအား စစ်အစိုးရမှ ကရင် အရပ်သားများကို ထပ်မံ ထိုးနှက်၊တိုက်ခိုက်နေသည့်
လုပ်ရပ်များအား အရေးယူဆောင်ရွက်ပေးရန်တောင်းဆိုလိုက်ခြင်း။

ဖော်ပြပါအကြောင်း အရာနှင့်ပတ်သတ်၍ ၂၀၁၀ခုနှစ် မတ်လ ၉ ရက်နေ. အင်္ဂါနေ.
နံနက်၁၀နာရီ ၃၀မိနစ်တွင် တောင်ကိုရီးယား နိုင်ငံဆိုလ်းမြို. ဟန်နန်းဒုန်ရှိ
မြန်မာစစ်သံရုံးရှေ.၌ ကရင်လူငယ် အစည်းအရုံး(ကိုရီးယားဌာနခွဲ)မှဦးဆောင်ပြီး
သတင်းစာရှင်းလင်းပွဲနှင့် ဆန္ဒပြမူ.အစီအစဉ်များ ပြုလုပ်ခဲ့ကြပါသည်။ထိုသတင်းစာ
ရှင်းလင်းပွဲသို. ဖိတ်ကြားထားသော သတင်းထောက်များ၊ကိုရီးယားလူမှု.
အဖွဲ.အစည်းများနှင့်အတူ အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်
(လွတ်မြောက်နယ်မြေ ကိုရီးယား)ဌာနခွဲ၊ချင်းအမျိုးသားအဖွဲ.အစည်းတို.မှ တက်ရောက်ခဲ့ကြပါသည်။

အခမ်းနားအစီအစဉ်ကို ကြွေးကြော်သံများနှင့် စတင်ခဲ့ပြီး ကရင်လူငယ်အစည်းအရုံး
ဥက္ကဌ စောလှိုင်မျိုးသိမ်း မှနိုင်ငံ(၁၀)နိုင်ငံမှ စုပေါင်းထုတ်ပြန် ကြေငြာချက်အား
ဖတ်ကြားပြီး အတွင်းရေးမှုး စကက်နက်မိုး မှယနေ.လာရောက်၍ သတင်းစာရှင်းလင်းပွဲနှင့် ဆန္ဒပြရသည့် အစီအစဉ် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်(လွတ်မြောက်နယ်မြေ ကိုရီးယား)ဌာနခွဲမှ ကိုဇော်မိုးအောင်က လက်ရှိအနေအထားကိုပြောကြားပြီး ချင်းအမျိုးသားအဖွဲ.အစည်းမှ ကိုဆလိုင်းဇမ်းလျင်ခိုင်.က ဖိနှိပ်ခံရသည့် တိုင်းရင်းသားအရေးကိုပြောကြားပြီး ရုံးအဖွဲ.မှုး စောကျော်သက်ထွန်းမှကြွေးကြော်သံများ အော်ဟစ်ပြီး
သတင်းစာရှင်းလင်းပွဲနှင့် ဆန္ဒပြမူ.အစီအစဉ်များကိုရုပ်သိမ်းခဲ့ပါသည်။

အလားတူ ကိစ္စရပ်များကို တဆင့်ထက်တဆင့်ပို၍ နအဖ စစ်အုပ်စုအား တုန့်ပြန်သည့်အစီအစဉ်များကို ပိုမိုပြင်းထန်စွာ
ပြုလုပ်လာမည့်အကြောင်း သိရှိခဲ့ရပါသည်။







0 comments:

Post a Comment